Showing posts with label သတင်းများ-တိုင်းရေးပြည်ရေး. Show all posts
Showing posts with label သတင်းများ-တိုင်းရေးပြည်ရေး. Show all posts
ဧရာဝတီတိုင်း၊ တိုင်း(၉) မှ အကျင့်ပျက်ဝန်ထမ်းအားတိုင်ကြားခြင်း
            ဧရာဝတီတိုင်း(၉)မြန်မာ့မီးရထားပို့ဆောင်ရေးမန်နေဂျာ ဦးအေးမောင်သည် ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း အတွင်းရှိ မီးရထားဘူတာဝင်များ၊ မြေများတွင် ဆိုင်ခန်းများဆောက်လုပ်၍ ငှားရမ်းခြင်းများ ကိုလုပ်ကိုင်နေပါသည်။ ၄င်းသည် လက်ရှိမီးရထားတိုင်းရုံးတည်ရှိရာ ဟင်္သာတမီးရထားဝင်း ရှိ မြေများကိုငှားရမ်း ဘူတာရုံဧရိယာအတွင်းရှိ စားသောက်ဆိုင်ကိုလည်း လွန်ခဲ့သော (၈)နှစ်ခန့်ကတည်းက ကြိုက်ဈေးနှင့်ငှားရမ်းခဲ့ပါသည်။. ၄င်းငွေများကိုလည်း ကိုယ်ကျိုးအတွက်သုံးစွဲနေပါသည်။ ယခုနှစ်(၂၀၁၃-၂၀၁၄)ခုနှစ်တွင် အများ၏တောင်းဆိုချက်အရ တင်ဒါခေါ်ပြီးရောင်း ချခဲ့ရာ တစ်နှစ်အတွက် (၃၆)သိန်း ရရှိခဲ့ပါသည်။ ကျန်ခဲ့သော (၈)နှစ်ခန့်က ငှားရမ်းခရရှိသည့် ငွေများသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အတွက် မည်မျှဆုံးရှူံးခဲ့သည်ကိုခန့်မှန်းကြည့်နိုင်ပါသည်။
            သို့ပါ၍ အဆိုပါအကျင့်ပျက် တိုင်းပို့ဆောင်ရေးမန်နေဂျာအားအရေးယူဆောင်ရွက်ပေးသင့်ပါကြောင့် အင်တာနက်မှ သတင်းပေးပို့အပ်ပါသည်။
Read More
သံဃာများထောက်ခံထားသည့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မကြာမီ လွှတ်တော်တင်မည်
ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိရေးဟုဆိုကာ
ရေးဆွဲနေသည့် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တစ်နိုင်ငံလုံးက သံဃာတော် အပါး ၁၅၀၀ကျော် တက်ရောက်သည့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင် ဆရာတော် များ တွေ့ဆုံ ညှိနှိုင်းပွဲက ထောက်ခံလိုက်ပြီး ဥပဒေပြဋ္ဌာန်းရန် မကြာမီ လွှတ်တော်တင်မည်ဖြစ်ကြောင်း ယင်းပွဲ၏ သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြားသည်။
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဥာဏိဿရ တက်ရောက်ခဲ့သည့် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်း တိုက်တွင် ဇွန်လ၂၇ရက်နေ့က ပြုလုပ်သည့် ယင်းအခမ်းအနားအပြီးတွင် မျိုးစောင့်ဥပဒေကို ထောက်ခံသည့်အချက် အပါအဝင် အချက်ငါးချက် ပါဝင်သည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက် ငါးချက်အနက် ကျန်လေးချက်မှာ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့တို့အား အမျိုးဘာသာ သာသနာအရေးကိစ္စများကို ကူညီရေး၊ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်ရေး အတွက် ပဋိပက္ခများ ထပ်မဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ရေး၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေးနှင့် တိုင်းမ်မဂ္ဂဇင်း ၏ ဖော်ပြချက်ကို ကန့်ကွက်ကြောင်းတို့ဖြစ်သည်
အမျိုးသမီး အခွင့်အရေးများကို ချိုးဖောက်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေ သည့် အဆိုပါ မျိုးစောင့်ဥပဒေကို အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဥပဒေ ပညာရှင်များနှင့် နောက်ဆုံးအဆင့် ပြင်ဆင်ပြီး ပြည်သူလူထု၊ သံဃာထု ထောက်ခံမှုဖြင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အထက်ပါ တွေ့ဆုံညှိနှိုင်းပွဲ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မပီယက မိန့်ကြား သည်။
မြန်မာနိုင်ငံရှိ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာတို့တွင် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် ဥပဒေအသီးသီး ပြဋ္ဌာန်းထားကြောင်း၊ ယင်းဘာသာတို့တွင် အခြားဘာသာဝင်များနှင့် လက်ထပ်ခွင့်မပြုကြောင်း၊ လက်ထပ်လိုပါက ၎င်းတို့ ဘာသာများသို့ ကူးပြောင်းပြီးမှသာ လက်ထပ်ခွင့်ရှိပြီး ဗုဒ္ဓဘာသာတွင် ယင်းကဲ့သို့ ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်း မျိုးစောင့်ဥပဒေကြမ်း ထွက်ပေါ်ရန် ရေးဆွဲနေသည့် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်က ပြောကြား သည်။
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ
အထူး ထိမ်းမြားခြင်းနှင့် အမွေဆက်ခံမှု အက်ဥပဒေသည်လည်း ဗုဒ္ဓဘာသာ
မဟုတ်သည့် အခြားဘာသာဝင်များက ၎င်း၏ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ
မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်နိုင်သည့် ဥပဒေဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြား ဘာသာဝင် များ လက်ထပ်ရန် ဘာသာပြောင်းနေရကြောင်း မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး စာတမ်းတွင် ဖော်ပြထားသည်။
လက်ရှိအခြေအနေအရ နိုင်ငံတွင် ခေတ်နှင့်လျော်ညီရန်ပြင်ဆင်ရမည့် ဥပဒေ ၃၀၀ ကျော်ခန့်ရှိပြီး လယ်ယာမြေ ဥပဒေကို အရေးတကြီး ပြင်ဆင်ရန် လိုအပ် လျက်ရှိကြောင်း၊ လက်ထပ် ထိမ်းမြားခြင်းနှင့် ကွာရှင်းခြင်းဥပဒေအရ အမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးလျက်ရှိသောကြောင့် ထိုဥပဒေကို သာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ထောက် ခံ ဆွေးနွေးခြင်း၊ ကန့်ကွက်ခြင်းတို့မှာ မိမိ တစ်ဦး တစ်ယောက်တည်းနှင့် ဆုံးဖြတ်ခွင့်မရနိုင်ဘဲ ပါတီ၏ သဘောထားများလည်း လိုအပ်ကြောင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေး မစိုးရိမ်ကျောင်းတိုက် သံဃာတော် တစ်ပါးဖြစ်သူ အရှင်ဝီရသူပုံကို မျက်နှာဖုံးတင်၍ 'ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသောအခါ' ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကိုဖော်ပြခဲ့သည့် ယခုနှစ် ဇူလိုင်လ ၁ရက်နေ့တွင် ထွက်ရှိသည့် TIME မဂ္ဂဇင်းကို ကန့်ကွက် ရှုတ်ချကြောင်း ဒေါက်တာအရှင်ဥာဏိဿရ မိန့်ကြားခဲ့ပြီး တက်ရောက် လာသည့် သံဃာတော်များကလည်း ကန့်ကွက်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်နှင့် ပတ်သက်၍ သံဃာတော်များက သည်းခံ၊ ခွင့်လွှတ်ရန် မေတ္တာရပ်ခံခဲ့ပြီး မဟုတ်မမှန်သည့် အကြောင်းကို မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းရန်၊ ဟုတ်မှန်ပါက ဟုတ်မှန်ကြောင်း ဝန်ခံရန် လိုအပ်ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။
"မွတ်ဆလင်၊ ခရစ်ယာန်၊ TIME ဘာပြောပြော သည်းခံ ခွင့်လွှတ်ကြပါ။ သည်းခံခွင့်လွှတ်ခြင်းက ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဗုဒ္ဓရဲ့ သားတပည့် သံဃာတော်များအနေနဲ့ သည်းခံတော်မူကြပါ။ ခွင့်လွှတ်တော်မှုကြပါ" ဟု ဆရာတော်က အဆိုပါ အခမ်းအနားတွင် အကြိမ်ကြိမ် မိန့်ကြားခဲ့သည်။
ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ဘာသာ၊ ငြိမ်းချမ်းရေးကို လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို တိုင်းမဂ္ဂဇင်းက 'ဗုဒ္ဓဘာသာ သွေးဆူနေ ကြပြီ' ဟု ဖော်ပြခဲ့ကြောင်း ဒေါက်တာ အရှင်ဥာဏိဿရက ထပ်မံ မိန့်ကြားခဲ့ သည်။
ရန်ကုန်၊ ဇွန် ၂၇
Read More
လယ်ယာမြေဧကအချို့အားကျူးကျော်၍ ငါးပုံဆန်စက်အဆောက်အဦးဆောက်လုပ်လည်ပတ်နေခြင်းအားထပ်မံသတင်းပေးပို့ခြင်း
Read More
မဖြစ်မနေ ပြဋ္ဌာန်းရမည့် ဥပဒေတစ်ရပ်
(၁)
" အသျှင်ဘုရား၊ မြတ်စွာဘုရားရဟန်းပြုစဉ်က အကျွန်ုပ်အား အတိုင်းမသိသော ဆင်းရဲဒုက္ခ ဖြစ်ရပါ၏။ နန္ဒမင်းသား ရဟန်းပြုသည်ရှိသော်ထို့အတူပင် ဆင်းရဲဒုက္ခ ဖြစ်ရပါ၏။ ရာဟုလာ ရဟန်းပြုရာ၌ကား လွန်ကဲသော ဆင်းရဲဒုက္ခ ဖြစ်ရပါ၏။အသျှင်ဘုရား သား၌ ချစ်ခြင်းသည် အရေပါးကို ဖောက်ထွင်း၍ အရေထူကို၊ အရေထူမှ အသားကို၊ အသားမှအကြောကို၊ အကြောမှ အရိုးကို ဖောက်ထွင်း၍ ရိုးတွင်းခြင်ဆီသို့ ထိအောင် တည်ပါ၏။ အသျှင်ကောင်းတို့သည်အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်း ပြုမပေးပါရန် တောင်းပန်ပါသည် အသျှင်ဘုရား။"
       ဒီစကားကိုလျှောက်ထားလာသူကတော့ မြတ်ဗုဒ္ဓရဲ့ ဖခမည်းတော် သုဒ္ဓေါဒနမဟာရာဇာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာဘုရားဖြစ်ပြီးနောက် ပထမဆုံးအကြိမ် မွေးရပ်ဌာနေ ကပိလ၀တ်ပြည်ကို ကြွပြီး တရားပြတော့ ဖခင်ကြီးနဲ့မိထွေးတော်တို့ တရားထူး တရားမြတ်တွေ ရခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ မြတ်ဗုဒ္ဓဟာ ညီတော်နန္ဒမင်းသားကိုရဟန်းပြုပေးခဲ့တယ်။ သားတော်ရာဟုလာကိုလည်း ရှင်သာမဏေပြုပေးခဲ့ပါတယ်။ ညီတော်နဲ့ သားတော်ကိုသာသနာ့ဘောင်ထဲ ခေါ်သွင်းလိုက်တဲ့ကိစ္စမှာ ဖခမည်းတော်ကြီးကို အကြောင်းကြား အသိပေးတာမျိုးခွင့်ပြုချက်ယူတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။
       သုဒ္ဓေါဒနမဟာရာဇာကြီးဟာတရားရပြီး တရားသိပြီး ဖြစ်ပေမဲ့ သူ့ကို ဘာမှ အသိပေးအကြောင်းကြားတာလည်း မရှိ၊ သူ့ဆီကခွင့်ပြုချက်လည်း မယူဘဲနဲ့ သားတော်နဲ့ မြေးတော်ကို သင်္ကန်းဝတ်ပေးလိုက်တဲ့ အပေါ်မှာတော့သဘောမကျပါဘူး။ သားတော်နဲ့ မြေးတော်ကို သူမျှော်မှန်းထားတာက သူ့ရဲ့ ထီးနန်းအရိုက်အရာကိုဆက်ခံဖို့ပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက နှစ်ယောက်လုံးကို သာသနာ့အမွေခံခိုင်းလိုက်တော့ သူ့ရင်ထဲကမျှော်မှန်းချက် ရွှေတောင်ကြီး ၀ုန်းကနဲ ပြိုကျသလို ဖြစ်သွားပြီး မခံစားနိုင်အောင် ဖြစ်သွားရပါတယ်။ဒါကြောင့်လည်း စာပိုဒ်ရဲ့ အစက စကားလုံးတွေနဲ့ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။
       တရားပိုင်ရှင်ဖြစ်တဲ့ မြတ်ဗုဒ္ဓဟာ တရားဓမ္မရဲ့ တန်းဖိုးကို အသိဆုံးပါ။ ဒါပေမဲ့ လောကကြောင်းအရ သားသမီးအပေါ်မှာထားရှိတဲ့ မိခင်ဖခင်တွေရဲ့ ချစ်ခြင်းမေတ္တာကိုတော့ အသိအမှတ်ပြုတော်မူပါတယ်။ ဓမ္မကြောင်းအရဘယ်အရာနဲ့မှ မလဲနိုင်အောင် တန်းဖိုးရှိတဲ့ အလုပ် ဖြစ်နေပေမယ့်လည်း လောကကြောင်းအရ မိဘတွေစိတ်မချမ်းမသာ ဖြစ်သွားမှာကိုတော့ မြတ်ဗုဒ္ဓက မလိုလားပါဘူး။ အခုလို သိက္ခာပုဒ်ပညတ်ပြီးမိဘတွေဘက်က အကာအကွယ်ပေးခဲ့ပါတယ်။
       "ရဟန်းတို့၊အမိအဖတို့ ခွင့်မပြုသော သားကို ရှင်ရဟန်း ပြုမပေးရ၊ ရှင်ရဟန်းပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏"တဲ့။
       ရှင်ရဟန်းပြုတယ်ဆိုတာကောင်းတဲ့အလုပ်ပါ။ ကောင်းတဲ့အလုပ်ကို လုပ်တာတောင်မှ မိဘရဲ့ ခွင့်ပြုချက် မရဘဲ မလုပ်နိုင်ပါဘူး။မိဘခွင့်ပြုမှ- ဆိုတဲ့ ထုံးတစ်ခု ဖြစ်လာအောင် မြတ်ဗုဒ္ဓ ချမှတ်တော်မူခဲ့ပါတယ်။ ဒါဟာမိဘတွေရဲ့ မျက်လုံးအိမ်ထဲက ထွက်ကျလာမယ့် မျက်ရည်စကို  ကြိုတင်ဖယ်ရှားထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။
(၂)
       ကိုယ်တို့အနားကရပ်ကွက်တစ်ခုမှာ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးတစ်ယောက်ဟာ ဘာသာခြား လူမျိုးခြား မူဆလင်ကုလားနောက်ကိုလိုက်သွားပါတယ်။ မိန်းကလေးရဲ့ မိဘတွေက သဘောမတူပါဘူး။ ရှက်လည်း ရှက်၊ ဒေါသလည်းထွက်နဲ့ခွဲဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် သမီးကိုယ်တိုင်က ကုလားဘက်မှာဆိုတော့ ပြန်ခွဲလို့ မရပါဘူး။မရတော့ ကုလားကို တရားစွဲပါတယ်။ မိန်းကလေးက အသက်မပြည့်သေးဘူး ဆိုပြီး စွဲတာပါ။ တကယ်တော့အသက်က ပြည့်ရုံမကလို ကျော်တောင်နေပါပြီ။ ရှက်စိတ်တွေ ဒေါသစိတ်တွေနဲ့ မွှန်ထွန်ပြီး လုပ်မိလုပ်ရာလုပ်ထည့်လိုက်တာပါ။
       မူဆလင်ကုလားကအသိုင်းအ၀ိုင်းရှိတယ်။ ငွေရှိတယ်လေ။ ဒီတော့ ပြန်တရားစွဲပါတယ်။ အသရေဖျက်မှုတဲ့။ နောက်ဆုံးတော့မိန်းကလေးရဲ့ ဖခင် ထောင်နန်းစံသွားရပါတယ်။ သမီးလည်းဆုံး ထောင်လည်းကျနဲ့ မြွေပါးလည်းဆုံးသားလည်းဆုံးပြီး လူလုံးမလှ အပူလုံးကြွရတဲ့ ဘ၀ကို ဆိုက်ရောက်သွားခဲ့ရပါတယ်။ ဒါဟာ နမူနာလေးတစ်ခုပါ။ဒါမျိုးတွေက များမှများ။
       ဒါမျိုးတွေဘာကြောင့် ဖြစ်နေရတာလဲ။ အဖြေက ရှင်းပါတယ်။ ဗုဒ္ဓဘာသာဝင်မိဘတွေဘက်ကို ကာကွယ်ပေးမည့် ဥပဒေမရှိလို့ပါ။ ဗုဒ္ဓကိုယ်တော်တိုင် ပညတ်ထားခဲ့တဲ့ ၀ိနည်းဥပဒေထုံး၊ "မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်" ဆိုတဲ့ မိဘ၀တ်တရား ထုံးတွေရှိနေပါလျက်သားနဲ့ အဲဒီထုံးတွေကို ဥပဒေအဖြစ်ရောက်အောင် မပို့ဆောင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။
(၃)
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာသာခြားလူမျိုးခြား မူဆလင်ကုလားများရဲ့ အိမ်ထောင်ရေးအရ ၀ါးမြိုနေမှုအောက်မှာ ဥပဒေအကာအကွယ် မဲ့ပြီးဘာမှ မပြောနိုင် မဆိုနိုင်နဲ့ ဒီအတိုင်း ကြည့်နေခဲ့ရတာကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကအောက်ပါကဗျာကလေးနဲ့ သတိပေးခဲ့ဖူးပါတယ်။
သမီးရယ် အပါချူ၊ ဘာသာယူ လူအဆွဲ၊
သူကြိုက်လို့ သူယူ၊ မဆိုင်သူဝင်မကပ်နဲ့၊
လွပ်လပ်ဆိုပဲ။
သားလေးကွဲ့ အပါချူ၊ ဘာသာယူလူအဆွဲ၊
ဘာဘာညာ ၀င်မစွက်နဲ့၊
လွတ်လပ်ဆိုပဲ။
မြန်တိုင်းရဲ့ ပြည်ဇမ္ဗူ၊အလှူကဖြင့် စံချိန်ချိုး၊
မျိုးဘာသာ အလှူရှိ၊ ယူလှည့်ကြဗျိုး။
(၄)
ဥပဒေအကာအကွယ် မရှိလို့ မိဘဆွေမျိုးသားချင်းတွေ၊ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းတွေ တအုံနွေးနွေးနဲ့ စိတ်မချမ်းမသာ ဖြစ်နေရတယ်။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ လွယ်ပါတယ်။ ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးလိုက်ဖို့ပါဘဲ။ ဒီဥပဒေကို "မြန်မာဗုဒ္ဓဘာသာဝင်များ၏လက်ထက်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ" လို့ အမည်ပေးမယ်။ ဒီထက်သင့်တော်တဲ့ အမည်လည်း ပေးလို့ရပါတယ်။
ဒီဥပဒေရဲ့ ကျောရိုး အနှစ်သာရက၁။ အရွယ်ရောက်ပြီးသော မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ဟိန္ဒူဘာသာဝင်များနှင့် လွတ်လပ်စွာ အိမ်ထောင်ပြုခွင့် ရှိသည်။ ၂။ မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးသည်အစ္စလာမ်ဘာသာဝင်များနှင့် အိမ်ထောင်ပြုမည်ဆိုပါက မြန်မာဗုဒ္ဓဘာသာဝင်၏ နှစ်ဖက်အဖိုးအဖွား၊မိဘ၊ ညီအကိုမောင်နှစ်မများ အပါအ၀င် ဆွေမျိုးတော်စပ်သူ အားလုံး၏ သဘောတူခွင့်ပြုချက်အရသာအိမ်ထောင်ပြုခွင့်ရှိသည်။ ၃။ မြန်မာဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့၏ အိမ်ထောင်ပြုခြင်းကိုမြန်မာဗုဒ္ဓဘာသာဝင်၏ အဖိုးအဖွား၊ မိဘ၊ ညီအကိုမောင်နှစ်မများအပါအ၀င် ဆွေမျိုးတော်စပ်သူများအနက်တစ်ဦးဦးက သဘောမတူပါက သဘောမတူကြောင်း ဥပဒေနှင့်အညီ ဆုံးဖြတ်ပေးစေလိုကြောင်း တရားရုံးသို့ဦးတိုက် လျှောက်ထားနိုင်သည်။ ၄။ ယင်းသို့လျှောက်ထားလာပါက မြန်မာဗုဒ္ဓဘာသာဝင်နှင့် အိမ်ထောင်ပြုခဲ့သည့်အစ္စလာမ်ဘာသာဝင်အား ထောင်ဒဏ် ( )နှစ်နှင့် ငွေဒဏ်(    ) တို့ကို ၃-ရက်အတွင်း အပြီးအပြတ် ချမှတ်ရမည့်အပြင်အယူခံလျှောက်ထားခွင့်လည်း လုံးဝ မရှိစေရ။  ၅။အခြားဥပဒေပြဋ္ဌာန်းချက်များ၌ မည်သို့ပင် ဆိုထားစေကာမူ မြန်မာဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအိမ်ထောင်ပြုရာ၌မူ ဤဥပဒေအရသာ စီရင်ဆုံးဖြတ်ရမည်။
အဲဒီအချက်ငါးချက်ကို ကျောရိုးအဖြစ်ထားပြီးဥပဒေတစ်ရပ် မဖြစ်မနေ ပြဋ္ဌာန်းပေးဖို့ လုပ်ကြရပါ့မယ်။ ဒီဥပဒေကြောင့် အစ္စလာမ်ဘာသာဝင်တွေကိုခွဲခြားဆက်ဆံတယ် ဆိုတဲ့ ဝေဖန်မှုမျိုးတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။ ဒီဝေဖန်ချက်တွေကိုဖြေရှင်းဖို့အတွက် အစ္စလာမ်ဘာသာမှာ သူတို့ ဘာသာတူအချင်းချင်းပဲ အိမ်ထောင်ပြုဖို့ ဆိုထားတယ်။ဒါကြောင့် အစ္စလာမ်တရားတော်အတိုင်း နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဒီဥပဒေက ဘာမှ ထိခိုက်စရာမရှိဘူး ဆိုပြီး ဖြေရှင်းပေးရုံပါဘဲ။
ကိုရမ်ကျမ်းမှာ ခုလို ဆိုပါတယ်။
၂း ၂၂၁။   (အို-"အီမာန်" ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသော "မုအ်မင်န်" အပေါင်းတို့) အလ္လာဟ် အရှင်မြတ်နှင့်ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ်သော မိန်းမများသည် "အီမာန်" ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှကာလပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည် ထိမ်းမြားမင်္ဂလာ မပြုကြကုန်လင့်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော မိန်းမတစ်ဦးသည် အသင်တို့အဖို့အကယ်၍ နှစ်သက်စရာ ဖြစ်ငြားသော်လည်း "အီမာန်" ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော ကျွန်မိန်းမတစ်ဦးသည်(အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော) ထိုမိန်းမထက် မုချ သာ၍ ကောင်း၏။ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော ယောက်ျားများသည်"အီမာန်" ယုံကြည်ခြင်းသဒ္ဓါတရား မထားရှိကြသမျှ ကာလပတ်လုံး ထိုသူများနှင့် (မုစ်လင်မ်အမျိုးသမီးများကို) ထိမ်းမြား၍ မပေးကြကုန်လင့်။
       မူဆလင်ကုလားတွေအနေနဲ့ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကို ရရင် သူတို့ဘာသာထဲ အတင်းအဓမ္မ ၀င်ခိုင်းနေတာဟာ သူတို့ တရားတော်နဲ့ကိုက်ညီအောင်၊ အီမာန် ဖြစ်သွားအောင် လုပ်နေခြင်း ဖြစ်ပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုမပေးနိုင်တာဟာ သူတို့ တရားနဲ့ မကိုက်ညီမှာကို စိုးရိမ်နေလို့ပါ။ ကိုရမ်ကျမ်းလာအတိုင်းသေဆိုသေ ရှင်ဆိုရှင် ဖြစ်နေတဲ့သူတွေကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးနည်းကတော့ အထက်ကပြောခဲ့တဲ့ ဥပဒေ ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါတယ်။
(၅)
ဒီဥပဒေကြောင့် ရလာမည့် အကျိုးအမြတ်တွေကတော့-
၁။ မြန်မာဗုဒ္ဓဘာသာဝင် ၉၉.၉ရာခိုင်နှုန်းရဲ့ စိုးရိမ်စိတ်တွေကို လျော့ချပေးနိုင်လိမ့်မယ်။ ၂။ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေ ပျက်စီးဆုံးရှုံးမှုတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးရာ ရောက်လိမ့်မယ်။
မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ မကျေမနပ် ဖြစ်နေရတဲ့ အရင်းခံအကြောင်းတရားတွေထဲမှာ အိမ်ထောင်ရေးနည်းနဲ့မြန်မာမိန်းကလေးကို မူဆလင်ဇာတ်သွင်းတာဟာ အဓိကအကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ကိုရမ်ကျမ်းရဲ့လောင်းရိပ်အောက်ကို ရောက်သွားပြီး ဖြစ်လို့ အရင်ကလို မိဘနဲ့ သားသမီးအကြား မြန်မာ့ယဉ်ကျေးမှုအရဆက်ဆံလို့ မရတော့ပါဘူး။ မိဘက သားသမီးကို ချစ်လျက်နဲ့ ခွာလိုက်ရ၊ နောက်ကွယ်ကျမှ သမီးမိုက်အတွက်မျက်ရည်ကျရတာတွေဟာ များများလာပါတယ်။ ဒီလို သတင်းမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကိုအကြီးအကျယ် ရိုက်ခတ်ပါတယ်။ အကူအညီပေးချင်တာတောင် ဥပဒေ မရှိတဲ့အတွက် အကူအညီပေးလို့ မရတဲ့အတွက်စိတ်ထဲမှာ တနုံ့နုံ့ ခံစားကြရပါတယ်။
ဥပဒေကြောင်းအရ ထွက်ပေါက်မရှိတဲ့အတွက်ပိတ်မိနေတဲ့ ဒေါသစိတ်တွေဟာ မိတ္ထီလာလိုမျိုး ပြဿနာပေါ်လာတဲ့အခါ ဥပဒေမဲ့ လုပ်ရပ်တွေအဖြစ်နဲ့အကန့်အသန့်မဲ့ ပေါ်ထွက်လာပါတော့တယ်။ မကြာမီရက်အတွင်းကပဲ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်မူဆလင်ကုလားနဲ့ မင်္ဂလာဆောင်ဖို့ လုပ်ပါတယ်။ ခန်းမမှာ လုပ်ဖို့ စီစဉ်ထားတာပါ။ အဲဒီအစီအစဉ်ကိုအုံးနဲ့ကျင်းနဲ့ ၀ိုင်းပြီး ဆော်ပလော်တီးကြမယ့်၊ ဆွမ်းကြီးလောင်းကြမယ့် အင်အားစုကလည်းရှိနေပါတယ်။ ဒါကို ကြိုတင်သိလိုက်ရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခန်းမပိုင်ရှင်ကို အဲဒီမင်္ဂလာပွဲလက်မခံဖို့၊လက်ခံလိုက်ရင် ရမယ့် ခန်းမကြေးက ဘယ်လောက်မှ မရှိဘူး။ အဆောက်အအုံတစ်ခုလုံး ကုန်သွားလိမ့်မယ်ဆိုပြီး သွားပြောပြပါတယ်။ ဒါနဲ့ အဒီမှာ လုပ်မယ့် မင်္ဂလာပွဲအစီအစဉ် ပျက်သွားပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးကိုယ်တိုင် လာပြောပြလို့ သိရတာပါ။ အကယ်၍ ဥပဒေသာ ရှိခဲ့ရင် အဲဒါမျိုးတွေဖြစ်လာစရာ အကြောင်းမရှိပါဘူး။
(၆)
အထက်က ပြောခဲ့တဲ့ ဥပဒေကိုဘယ်သူတွေက ရေးဆွဲပေးမှာလဲ။ ဒီနေရာမှာ ဥပဒေကြမ်းကို ရေးဆွဲဖို့ဆိုတာ လွှတ်တော်ကသာ လုပ်နိုင်တာမဟုတ်ပါဘူး။ လွှတ်တော်ပြင်ပက ပြည်သူတွေ၊ ဥပဒေပညာရှင်တွေ လုပ်နိုင်ကြပါတယ်။ တကယ်တန်းဒီဥပဒေကြမ်းကို အတည်ပြုဖို့အတွက်သာ လွှတ်တော်မှာ တာဝန်ရှိတာပါ။
မေတ္တာရပ်ခံချင်တာက ဗုဒ္ဓဘာသာဝင်ဖြစ်ကြတဲ့ဥပဒေပညာရှင်များက ဥပဒေကြမ်းတစ်ခု အမြန်ဆုံး ရေးသားပြုစုကြစေချင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ဥပဒေကြမ်းအပေါ်မှာ အားလုံး ၀ိုင်းပြီး ဆွေးနွေးကြမယ်၊ လိုအပ်ချက်ကို ဖြည့်စွက်ပေးကြမယ်ဆိုရင်မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်စိတ်ကို လျော့ချပေးနိုင်မယ့်၊ တိုင်းပြည်အတွက် အဓိကရုဏ်းတွေကိုတားဆီးပေးနိုင်မယ့် ခိုင်မာတဲ့ ဥပဒေတစ်ရပ် ပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
Read More
"မွတ်စလင်တွေကို ဘန်ကောက်ပို့ စ် အယ်ဒီတာအာဘော်က တွယ်လိုက်ပြီ"
ဘင်္ဂလီ( ရိုဟင်ဂျာ)ကို ဘန်ကောက်
ပို့ စ် အင်ဒီတာအာဘော်ကရေးသား
ထားတာကိုဖော်ပြလိုက်ပါတယ်။
Turkey would rather avoid questions when asked about the government's
harsh treatment of its critics and Kurdish political activists.,
ရိုဟင်ဂျာပြဿနာကို မွတ်စလင်ကမ္ဘာမှာ ပို၍ အာရုံစူးစိုက်မှုရလာစေရန် ရည်
ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြိး Ahmet Davutoglu ကို ရခိုင်ဒေသကို စေလွှတ်
ခဲ့သော တူရကီနိုင်ငံဟာ ကဒ်လူမျိုး နိုင်ငံရေးလှုပ်ရှားသူများအပေါ် ပြင်းပြင်း
ထန်ထန် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းလာလျင် အမြဲ ရှောင်ရှားလေ့
ရှိပါတယ်။
Indonesia dissembles when asked about discrimination against its
Christian minority.
ရိုဟင်ဂျာ ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို တိုက်
တွန်းနေတယ့် အင်ဒိုနီးရှားအစိုးရဟာ သူ့ နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်
ဘာသာဝင်အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတယ့်အကြောင်းနဲ့ ပတ်သက်ပြီး
မေးလာခဲ့ရင် အမြဲဖုံးကွယ် လိမ်ညာလေ့ ရှိပါတယ်။
Saudi Arabia would rather not talk about women's rights at home
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ethnic cleansing လူမျိုးတုန်းသတ်ဖြတ်ခံနေရပါပြီ
လို့ အော်ခဲ့သော ဆော်ဒီအာရေဗျဟာ သူ့ တိုင်းပြည်မှာ အမျိုးသမီးအခွင့်အရေး
အကြောင်းကိုပြောဆိုလေ့မရှိပါဖူး။
while Iran continues to speak out against intervention in Syria
despite mass killings by the Assad regime.
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် "genocide"သတ်ခံနေရပါတယ် ၊
နိုင်ငံတကာ နှင့်ကုလသမဂ္ဂတပ်များ စေလွှတ်ပြီး ကြားဝင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်
လို့ တောင်းဆိုခဲ့တယ့် အီရန်အစိုးရဟာ အာဏာရှင် ဆီးရီယားသမ္မတအာဆတ်
အတိုက်အခံသူပုန်အမြောက်အမြားကိုသတ်ဖြတ်နေခြင်းအပေါ် ကုလသမဂ္ဂမှ
ကြားဝင်ထိန်းသိမ်းပေးဖို့ ကိုတော့ အမြဲကန့် ကွက်နေပါတယ်။
But all these countries agree that the Muslim Rohingya deserve basic
human rights and better treatment from the Myanmar authorities.
ဒါပေမယ့် အဲဒီနိုင်ငံတွေအားလုံးဟာ မွတ်စလင် ရိုဟင်ဂျာတွေဟာ အခြေခံ
လူ့ အခွင့်အရေးတွေ ရသင့်တယ်၊ မြန်မာအစိုးရက သူတို့ ကို ပိုပြီး
ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်လို့ တညီတညာထဲ
သဘောတူနေကြပါတယ်။
သတင်းအပြည့်အစုံမှာ ...
West, Islam can unite over Rohingya cause
Thomas Donilon, the US president's national security adviser, said
that Barack Obama was to raise concerns over the plight of Muslim
Rohingya in Rakhine state during his meetings with Myanmar President
Thein Sein and opposition leader Aung San Suu Kyi. Doing so could be
critical not only to resolving the conflict in Rakhine state, but it
could also have great implications for relations between Islam and the
West.
Published: 20/11/2012 at 12:00 AM
Writer: Fuadi Pitsuwan
In the latest clashes last month, sectarian violence between the
Buddhist majority and Muslim minority in Myanmar's westernmost state
claimed 89 lives, according to official reports. While much of the
world sees the situation as "merely" a clash between Buddhists and
Muslims, it is much more complex.
At the heart of the conflict is the Rohingya's lack of protection from
the state because they are not considered Myanmar citizens, despite
having lived in the country for several generations. Buddhist Rakhines
view the Rohingya with suspicion, as illegal immigrants from
Bangladesh who refuse to speak the Burmese language and embrace the
local culture.
To be fair, many who claim to be Rohingya are illegal immigrants and
it is extremely difficult to determine who are real Rohingya and who
are illegal settlers from Bangladesh.
Muslim countries are very interested in seeing better treatment of the
Rohingya by the Myanmar authorities who are accused by international
human rights organisations of favouring the Buddhists in the conflict.
Turkey's first lady Emine Erdogan and Foreign Minister Ahmet Davutoglu
visited Rakhine state in August, which led to widespread international
media coverage of the conflict and jolted the Islamic world into
paying attention.
Jusuf Kalla, former vice-president of Indonesia and current chairman
of the Indonesian Red Cross, made it a personal crusade and led
Indonesia's efforts to try and persuade the Myanmar government to find
a peaceful settlement to the Rohingya issue. Saudi Arabia has called
the conflict "ethnic cleansing" against the Muslim Rohingya and King
Abdullah reportedly ordered $50 million in aid to be sent to the
Rohingya community. Iran also spoke out against the treatment of the
Rohingya and called on all Muslim countries and international
organisations to take swift actions to stop the "genocide" in Rakhine
state.
The Organisation of Islamic Cooperation (OIC), a bloc of 57 Muslim
countries, sent a high-level delegation to Myanmar and has continued
to be vocal on the issue. According to its secretary-general, the OIC
sent a letter to the White House encouraging President Obama to raise
the Rohingya issue with Myanmar's leaders during his trip to the
country, the first ever visit by a sitting US president.
This solidarity within the Islamic world is unprecedented. Muslim
nations are speaking with one voice and that voice favours the
protection of human rights.
While some of these countries may be using the issue to deflect
attention from their own flawed human rights policies, the plight of
the Rohingya has created a common position among these Muslim
countries. More importantly, these interests coincide with values
traditionally espoused by the Western world.
It is imperative that the White House recognise this opportunity
resulting from this shared interest. The US may equivocate when
questions related to the Arab-Israeli conflict arise.
Turkey would rather avoid questions when asked about the government's
harsh treatment of its critics and Kurdish political activists.
Indonesia dissembles when asked about discrimination against its
Christian minority. Saudi Arabia would rather not talk about women's
rights at home, while Iran continues to speak out against intervention
in Syria despite mass killings by the Assad regime. But all these
countries agree that the Muslim Rohingya deserve basic human rights
and better treatment from the Myanmar authorities.
US concern for the plight of the Muslim Rohingya will demonstrate that
it is not in conflict with the Islamic world. The US can use this
opportunity to work with Muslim countries to promote tolerance and
respect for human rights in Rakhine state.
In his speech at Yangon University yesterday Mr Obama urged an end to
the sectarian unrest saying that there was no excuse for violence
against innocent people.
But the president should go further and develop the emerging shared
values evident in the world's response to this conflict. (Of course,
he must do so delicately without making the Buddhists feel like
scapegoats.)
Islam and the West can find common ground in Rakhine state. It could
well be that the road to reconciliation between Islam and the West
will pass through this abject region in the westernmost part of
Myanmar.
Fuadi Pitsuwan is is a non-resident WSD-Handa Fellow at Pacific Forum
CSIS in Honolulu, Hawaii, and a Belfer IGA Student Fellow at Harvard
University's Kennedy School of Government. The article originally
Link : http://m.bangkokpost.com/opinion/322093 Read More
 ရခိုင်အရေးတွင် ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း နယ်စပ်မှ ခိုးဝင်မှုများကို မရပ်တန့်နိုင်လျင် ပြဿနာအဆုံးသတ်မည် မဟုတ်သလို ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်သည့် ကိစ္စဖြစ်သည်ဟု သုံးသပ်
အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NDTV
သတင်းဌာနနှင့် အင်တာဗျူးတွင် ရခိုင်အရေး၌ ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့်
ပတ်သက်ပြီး ရှင်းလင်းဖြေကြားသွားခဲ့သည်။
ရိုဟင်ဂျာများဘက်မှ ရပ်တည်မပေးခဲ့ဟု ဝေဖန်ခဲ့မှုများနှင့် ပတ်သက်ပြီး
မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး
''အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။
ဒါကြောင့် ကျွန်မအနေနဲ့ ဘယ်ဘက်ကမှ မရပ်တာကို လိုလားပါတယ်။ ပြန်လည်
ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်လိုတာကြောင့်လည်း ပါပါတယ်'' ဟု
ဖြေကြားခဲ့သည်။
''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ
ရှိနေတယ်မဟုတ်လား။ ဒါကိုကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက
မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေကလည်း ပြောမယ် ဒီလူတွေက
ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့်
နယ်ခြားပြဿနာဟု အများစုက ထင်မြင်နေကြသော်လည်း တစ်ကယ်တမ်းတွင်
ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ခဲ့သည်။
''ဒါဟာ ကြီးကျယ်တဲ့ နိုင်ငံတကာနဲ့ ဆိုင်တဲ့အဖြစ်ဆိုးပါ။ ဒါကြောင့်
ကျွန်မက အစိုးရမှာ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မူဝါဒ ရှိရမယ်လို့
ပြောတာပေါ့။ ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ
အကျုံးဝင်တဲ့သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့
ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ'' ဟု ဒေါ်အောင်ဆန်းစုကြည် က
ပြောကြားခဲ့သည်။
''အခုက အဲဒီဥပေဒအရ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ပြီး ဘယ်လိုလူတွေက
ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလာတဲ့ လူတွေဖြစ်မလဲဆိုတာ အငြင်းပွားနေကြတာပါ။
အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့
ပြဿနာတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာမှာ
နိုင်ငံတစ်နိုင်ငံတည်း ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့
နှစ်နိုင်ငံ ရှိပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ
မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံလုံးမှာ
တာဝန်ရှိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက
လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။ အားလုံးထဲမှာ ပထမဆုံးလုပ်ရမှာက
တရားဥပဒေစိုးမိုးမှု အတည်တကျ ဖြစ်အောင်ပါ။ အကြမ်းဖက်မှုတွေ နောက်ထပ်
ထပ်မဖြစ်အောင် လုပ်ရမယ်။ ဒါက လိုအပ်တဲ့ လုံခြုံရေး ထားရှိရမယ်ဆိုတဲ့
သဘောပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Ref:NDTV, DailyTimes, Times of India Read More
သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့သည်
ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ နိုဝင်ဘာလ ၁၆ ရက်က
ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး ရန်ကုန်မြို့၌ မည်သည့်နေ့ရက်နှင့် မည်သည့်နေရာတွင်
တွေ့ဆုံသွားမည်ဆိုသည်ကို ၎င်းက ဖြေကြားခြင်း မရှိခဲ့သော်လည်း အဆိုပါ
ခေါင်းဆောင်နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင်
နိုဝင်ဘာလ ၁၉ ရက်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရက်အိုဘားမားသည်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး
လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၁၆ ရက်က
သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ
တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ
ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော
ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်တွင် လာရောက်ပြီး
သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင်
ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက်
ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ ရက်တွင် အမေရိကန်နိုင်ငံမှ
တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁
ရက်တွင် တာဝန်ရှိသူ ၉ ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ ရက်တွင်
အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ ၁၃ ရက်တွင် C17 လေယာဉ်
၃ စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း
သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)တွင်
သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယား
နိုင်ငံသို့ ရောက်ရှိပြီး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည်
ဖြစ်ကာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပြီး အမေရိကန်
သမ္မတ ဘားရတ် အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် ထိုသို့
တွေ့ဆုံပြီးသည်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်သွားကာ (၂၁)
ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့
တက်ရောက်မည်ဟု အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက နိုဝင်ဘာလ
၁၆ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်ရှိ Sofitel
ဟိုတယ်၌ Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀
ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင်
ခရီးသွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံး
မိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း စက်တင်ဘာလ တွင်
အမေရိကန်သို့သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ
အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံ
ခရီးစဉ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည်
နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့
ပြီးဖြစ်သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ်
မတ်လကစတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့်စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊
ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော
အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့ဆိုင်းငံ့မှုများ
ပြုလုပ် နေကြသည်။
အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်
ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့်
ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ သည်။
အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
Link : http://www.first-11.com/index.php?option=com_content&view=article&id=16417:2012-11-16-10-57-10&catid=42:2009-11-10-07-36-59&Itemid=112 Read More
ရခိုင်ပြည်အရေးအခင်း ဘေးသင့်သံဃာတော်များသို့ ဘေးဧရိယာဆရာတော်များက န၀ကမ္မလှူဒါန်း
ရခိုင်ပြည်နယ်အရေးအခင်းများအတွင်း ဘေးသင့်သံဃာတော်များအတွက်
န၀ကမ္မအလှူတော်ကို ဆန်ဖရန်ဘေးဧရိယာရှိ ဆရာတော်များစုပေါင်း
ပြုလုပ်ခဲ့သည်။ ဆရာတော်များ၏ စုပေါင်းန၀ကမ္မ အလှူတော်ငွေ အမေရိကန်ဒေါ်လာ
၃၁၀၀ကို နယူးဝပ်မြို့ အလိုတော်ပြည့် ဗောဓိသုခဓမ္မရိပ်သာကျောင်းတွင်
သီတင်းသုံး လျက်ရှိသော အလိုတော်ပြည့်ဆရာတော်ကြီးထံသို့ ဟေးဝဒ်မြို့၊
မုဒိတာရွှေကျောင်းဆရာတော် အရှင်ဥာဏိကာဘိဝံသက နိုဝင်ဘာ ၁၂ က
ကိုယ်စားသွားရောက် လှူဒါန်းခဲ့သည်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို ဗေးဧရိယာရှိသံဃာတော်များက
စုပေါင်းလှူဒါန်းသော နဝကမ္မအလှူတော်စာရင်းမှာ …
ဆရာတော်များ ဓမ္မာနန္ဒဝိဟာရ
ဟာ့မွန်းဗေးမြိုံ ဒေါ်လာ ၇၀၀
ဆရာတော်များ မေတ္တာနန္ဒဝိဟာရ ဖရီးမောင့်မြို့
ဒေါ်လာ ၅၀၀
ဆရာတော်နှင့်တပည့်များ တထာဂတရိပ်သာ ဆန်ဟိုဆေးမြို့
ဒေါ်လာ ၅၀၀
ဆရာတော်များ တောင်ပုလုကမ္ဘာအေး ဘော်ဒါခရိမြို့
ဒေါ်လာ ၃၀၀
ဆရာတော် ရတနာဥာဏ်ရောင် ဒေလီစီးတီးမြို့
ဒေါ်လာ ၂၀၀
ဆရာတော် မုဒိတာရွှေကျောင်း ဟေးဝပ်မြို့
ဒေါ်လာ ၃၀၀
ဆရာတော်များ ဓမ္မအေးရိပ်
ဥက္ကလံမြို့ ဒေါ်လာ ၄၀၀
ဆရာတော်များ ကုသလကာရီကျောင်း ဖရီးမောင့်မြို့
ဒေါ်လာ ၂၀၀
စုစုပေါင်း ဒေါ်လာ ၃၁၀၀
ဦးဝဏ္ဏိတ အလိုတော်ပြည့်ကျောင်း နယူးဝပ်ကလည်း ဒေါ်လာ ၃၀၀
ဖြည့်စွက်လှူဒါန်းသဖြင့် စုစုပေါင်း ဒေါ်လာ ၃၄၀၀
လှူဒါန်းနိုင်ခဲ့ပါသည်။ Read More
လက်တွဲခေါ်ယူ ဖေးမကူ - ဘုန်းသျှံ (လန်ဒန်ဝိဟာရ)၊
၁၁.၁၁.၂၀၁၂- တနင်္ဂနွေနေ့ နံနက်က လှုပ်ခတ်သွားတဲ့ ပြင်အား ၆-ဒသမ-၈၊ ရှိ
သဘာဝကပ်ဆိုး ငလျင်ဒဏ်ကြောင့် ဧရာဝတီ မြစ်ဘေးရှိ မလားကျေးရွာကလေး
ဆိုးဆိုးရွားရွား ခံလိုက်ရပါတယ်။
ထိုရွာငယ်ကလေးဟာ ဧရာဝတီမြစ်မကြီး၏ အနောက်ဘက်ကမ်းမှာ အိမ်ခြေ
(၁၆၀)ကျော်ရှိ၍ လူဦးရေ (၆၆၈) နေထိုင်လျှက် လယ်ယာလုပ်ကိုင်သူ၊
စဥ့်အိုးစဥ့်ခွက် လုပ်ကိုင်သူ၊ အရောင်းအဝယ် လုပ်ကိုင်သူတို့နှင့်
အတော်အတန် စည်ကားခေတ်မှီသော ရွာငယ်လို့ ဆိုရပါမယ်။ ဘာသာတရားကိုလည်း
လေးစားကြ၍ ခေတ်ပညာတတ် ပေါများသော ရွာလည်း ဖြစ်ပါတယ်။ သာသနာဘက်မှာ
ကြည့်မည်ဆိုလျှင်လည်း ရဟန်း သံဃာတော်များ၊ ရှင်သာမဏေများ၊ ဘုရားပွဲ၊
ကျောင်းပွဲ၊ ရှင်ပြုမင်္ဂလာ ပွဲများနှင့် အထူးတလည် စည်ကားသော ရွာကလေး
ဖြစ်ပါတယ်။
သက်တော် (၆၁) သိက္ခာတော် (၄၁) ရှိသော အင်္ဂလန်နိုင်ငံ လန်ဒန်မြို့
လန်ဒန်ဝိဟာရကျောင်းမှာ သာသနာပြု နေတော်မူသော၊ မုဒုံမြို့ မြို့မ
မဟာစည်သာသနာ့ရိပ်သာကြီး၏ ပဓာန နာယက၊ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ
ဗဟိုဋ္ဌာနချုပ်နှင့် အပြည်ပြည်ဆိုင်ရာ မဟာစည်သာသနာ့ ရိပ်သာများ၏
နာယကလည်းဖြစ်သော မုဒုံဆရာတော် ဘဒ္ဒ န္တ ကုသလာနန္ဒ မဟာထေရ်- မွေးဖွားရာဇာတိ
ချက်မြှုတ် ရွာလည်း ဖြစ်ပါတယ်။ ဆရာတော် ငယ်ရွယ်စဉ်မှာ စာပေသင် ရှင်သမဏေ
ပြုခဲ့သည်မှာလည်း ထိုရွာကလေးပဲ ဖြစ်ပါတယ်။ ရွေဘို-မန္တလေး
မြို့ကြီးများမှာ လောကုတ္တရာ စာပေသင်၍ အသက်နှစ်ဆယ် ပြည့်သောအခါ
မြင့်မြတ်သော ရဟန်းဘောင် တက်ခဲ့သည်မှာလည်း ထိုရွာငယ်ကလေးရှိ ရွာဦးကျောင်း
ခန္ဓသိမ်တော် မှာပဲ ဖြစ်ပါတယ်။
ဆရာတော်၏ ကျောင်းသားငယ်ဘဝက ကျော်တက်ကျော်ဆင်း ထင်သလို ပြေးလွှားဆော့ကစား
ပြုလုပ်ခဲ့တဲ့ ကျောင်းအဝင်မုဒ်ဦးနှင့် ဆရာတော် ရဟန်းဖြစ်ခဲ့ရသော
ရှေးဟောင်း သိမ်တော်မြတ်တို့ ယခုတော့ မြေခလို့ သွားခဲ့ပါပြီ။ ငယ်ရွယ်စဉ်က
တူတူပုန်း ကစားခဲ့၊ ငရဲကြီးမှာမကြောက် မသိနားမလည်၊ နောက်ကွယ်မှာ
ပုန်းခိုရာ ပြုခဲ့တဲ့ ရုပ်ပွားဆင်းတုတော်များ သီတင်းသုံးရာ သမိုင်းဝင်
ဘုရားတိုက်မှာလဲ ထို့အတူ ပြိုကျလို့ ကျောင်းဆောင် အချို့မှာလည်း ကွဲအက်
ပျက်စီးသွားခဲ့ရပါပြီ။
ကျေးရွာမုလတန်းကျောင်းနှင့် ကျေးရွာတွင်းရှိ အုတ်နှင့်ပြုလုပ်ထားသော
လူနေအိမ် တိုက်ခြောက်လုံး၊ ပျဉ်ထောင်အိမ် (၁၁)လုံးကလည်း လုံးဝ မြေပြင်မှာ
အိပ်စက် အနားယူသွားပါပြီ။ မြေသားမှာလည်း ကွဲအက်-ကြောင်းကြီးတွေနဲ့
ပျက်စီးသွားလို့ ရွာမှာအဆန်းတကျယ် ဖြစ်လို့နေပါပြီ။ ဧရာဝတီ မြစ်ရေကလဲ
မောက်တက်လာပြီး ရွာကို ကျော်လို့ လယ်ယာ စိုက်ခင်းများကို ရေလွှမ်း
ဖျက်ဆီး၊ ရေတက်လာလျှင် ကာဆီးပြီးထားတဲ့ တာရိုးကြီးတွေကိုပါ ပျက်စီးအောင်
လုပ်သွားခဲ့ပါပြီ။
အသက်ရွယ် (၈၀)ကျော် အဘိုးအဘွားများ ပြောပြချက်အရ ဒီလို အဖြစ်အပျက်မျိုး
လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀) ကျော်လောက်မှာ ပုဂံငလျင်လှုပ်ချိန်က တစ်ကြိမ်
ကြုံခဲ့ရဘူးတယ်၊ အဲဒီအချိန်တုန်းက အသံတွေပေးပြီး တုန်ခါတယ်၊ ဒီထက်လည်း
ပြင်းထန်တယ်၊ တိုက်တာ အဆောက်အဦးတွေ သိပ်မရှိသေးလို့ အပျက်အစီး
ကြီးကြီးမားမား မရှိဘူး။ လူနေအိမ်တွေတော့ အားလုံးနီးပါး ပြားပြီး
ပျက်စီးသွားတယ်။ အခုလည်း အိမ်တွေပျက်စီးမှု ပိုများတယ်၊ မြေလွှာ
အက်ကြောင်းကြီးတွေလည်း ပိုကြီးတယ်၊ ဒါဟာ ဒုတိယဒုက္ခပဲလို့ ငြီးတွား
ပြောဆို ကုန်ကြပါပြီ။
နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန် ငလျင်ကြီး
လှုပ်ခတ်ပြီးသည့် နောက်ပိုင်းမှာ နေ့လည် (၂)နာရီခွဲတစ်ကြိမ်၊ ညနေ (၅)နာရီ
မိနစ်(၂၀)မှာ တစ်ကြိမ် အင်အား ရစ်ခ်ျတာစကေး- ၅ ဒသမ ၈-ရှိတဲ့ နောက်ဆက်တွဲ
ငလျင်များ ထပ်မံလှုပ်ခတ် သွားခဲ့တာကြောင့် စိုးရမ်စိတ်ဖြင့် လူတွေအားလုံး
ဘောလုံးကွင်းထဲမှာ တဲထိုးနေကြရတဲ့ အဖြစ် ရောက်သွားပါပြီ။
အဆိုးဝါးဆုံးမှာတော့ တည်ဆောက်ဆဲ ဧရာဝတီ၏ အလှတရားတစ်ခု၊ ဒေသ၏တန်ဖိုး၊
မြန်မာနိုင်ငံအတွက် သမိုင်းဝင် ဖြစ်လာမည့် ကျေးရွာထိပ်က အောင်ဇေယျ
မြစ်ကူးတံတားကြီး ပျက်စီးသွားခဲ့ပါပြီ။ အလှမ်းဝေးလှတဲ့ မန္တလေးမြို့၊
မိုးကုတ်မြို့တို့ကို လွယ်ကူ ချောမွေ့စွာ သွားလာနိုင်တော့မည်ဟု
တစ်နယ်လုံးရှိ ပြည်သူလူထုများက မျှော်လင့်ထားခဲ့ကြ၊ နှစ်များစွာက
ဖြစ်လာလျှင် ကောင်းမှာလို့ တောင့်တခဲ့တဲ့ အောင်ဇေယျ။ ယခုတော့ အများပြည်သူ
မျှော်လင့်ချက်တွေ ပျက်သုန်းလို့ တစ်နယ်လုံး ငိုကျွေးရတဲ့ အဖြစ်ကို
ရောက်ခဲ့ရပါပြီ။
ပြောပါရစေ… သဘာဝ ကပ်ဆိုးဟူသည် မခေါ်ပဲ လာတတ်သော်လည်း မနှင်ပဲတော့
ပြန်လိမ့်မည် မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကျွနုပ်တို့၏
အမိမြန်မာနိုင်ငံမှာ သစ်တောတွေ ပြုန်းတီး၊ သဘာဝ သယံဇာတတွေ
ဖျက်ဆီးနေကြလို့ပါပဲ။ မြန်မာနိုင်ငံ၏ အရှေ့မြောက်နှင့်
အနောက်မြောက်ပိုင်းမှာ ထူထပ်လှတဲ့ တောဆိုးသစ်ပင်တွေ ရှိပါတယ်၊ နိုင်ငံ၏
အရှေ့ဘက်ခြမ်း၊ အရှေ့တောင်ဘက်နှင့် အနောက်တောင် အရပ်တွေမှာလည်း
ထို့အတူပါပဲ၊ ကမ္ဘာက အသိအမှတ် ပြုရလောက်အောင်ကို သဘာဝ တောတောင်တွေ
ပေါများလှပါတယ်။ ယခုတော့ တရားမဝင်ရော- တရားဝင်ရော ထင်သလို ခုတ်လှဲကြ၊
အစားထိုး စိုက်ပျိုးဖို့ကိုလည်း မရည်ရွယ်၊ လည်သူတွေသာစားလို့
မြေယာပါမကျန် လှန်လိုလှန် မှောက်လိုမှောက် လုပ်လာခဲ့ကြတာ နှစ်ပေါင်း
ငါးဆယ်ကျော်လာခဲ့ပြီ မဟုတ်လား၊
တောတောင်တွေ ပျက်သုန်းကုန်ပါပြီ၊ ဧရာဝတီ- ချင်းတွင်း မြစ်ရေတွေလည်း
နောက်ခဲ့ကြပါပြီ။ ဧရာဝတီ- ချင်းတွင်းကို အမှီပြုလို့
အသက်မွေးခဲ့သူတွေလည်း လူမသိ သူမသိ မျက်ရည်သုတ်လို့ ငိုကျွေးခဲ့ရတဲ့
ရက်တွေ များခဲ့ကြပါပြီ။ အရင်းစစ်တော့ အမြစ်က ဆိုတဲ့အတိုင်း အုပ်ချုပ်သူ
လူတန်းစားတစ်ရပ်၏ အမျှော်အမြင်နည်းမှု၊ ဉာဏ်မဲ့မှု၊ ညှာတာ ထောက်ထား
ကိုယ်ချင်းစာစိတ် ကင်းမဲ့မှု၊ အတ္တကြီး ကိုယ်ကျိုး ရှာမှု တွေကြောင့်ပဲလို့
ဆိုလိုက်ချင်ပါတယ်။
သဘာဝကပ်ဆိုးတွေ ဒို့မြေမှာ နောင်မလာရအောင် မကျရောက်အောင် လုပ်ဖို့က
ပြည်သူတွေ အသိပညာရှိဖို့ လိုပါပြီ၊ ကိုယ့်မြေ ကိုယ့်ရေကို ချစ်တတ်ဖို့
လိုပါပြီ၊ ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေလို့ ပါးစပ်က ဆိုနေရုံမျှ
ပြီးသွားမည့် အချိန်အခါ မဟုတ်တော့ပါဘူး။ သစ်တစ်ပင်ခုတ်
သုံးပင်ပြန်စိုက်ရမည် ဆိုတာကိုလည်း စိတ်ထဲမှာ စွဲထားဖို့ လိုသလို လက်တွေ့
ကျင့်သုံးကြဖို့ လိုပါပြီ။ အုပ်ချုပ်သူမှစ- အုပ်ချုပ်ခံ လူတန်းစားနှင့်
နိုင်ငံ ဝန်ထမ်းများပါမကျန် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက်
ကိုယ့်တာသူ့တာ မခွဲထားပဲ တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲလို့
ဆောင်ရွက်ကြပါမှ ဖြစ်တော့မှာပါ။
ကမ္ဘာမှာ သဘာဝ တရားဆိုးတွေက နိုင်ငံပေါင်းစုံကို မြင်သာအောင် သိအောင်
ပြောလာကြ ပြလာကြပါပြီ။ ကမ္ဘာကြီး ပျက်စီးဖောက်ပြန်အောင် လုပ်နေတာလည်း
ကမ္ဘာပေါ်နေကြတဲ့ ကျွန်ုပ်တို့၊ ကောင်းအောင် စောင့်ရှောက် ရမည်မှာလည်း
ကျွန်ုပ်တို့ပါပဲ ဆိုတာ ဘာသာတရား အဆုံးအမနဲ့ ပြောရလျှင် အားလုံးအတွက်
"အပ္ပမာဒေန သမ္မာဒေထ" လို့ ဆိုလိုက်ပါရစေတော့။
သတ္တဝါ မှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ…
၁၂. ၁၁. ၂၀၁၂။
အသိပေး နိုးဆော်ပါသည်…..
မုဒုံဆရာတော်၏ ဇာတိ မလားကျေးရွာနှင့် ဘုရားကျောင်းကန်များ
ပြုပြင်တည်ဆောက် နိုင်ရန်- အလှူငွေခေါ်ခေါ်၊ ကူညီငွေ ပြောပြော မိမိသဘော
ဆန္ဒအတိုင်း လှူလိုက ကူညီလိုက အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်ရန်။
သို့မဟုတ်- ဆရာတော်၏ ဘဏ်အကောင့်တွင် ထည့်သွင်းပေး ကြပါရန်။
မုဒုံဆရာတော်= ဖုန်း = 075 3333 6448/ 0044 – 75 3333 6448/
Email- venmudon50@gmail.com
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့။
လက်ကမ်း မျှဝေပေးကြပါရန် မေတ္တာရပ်ပါသည်။ မလားကျေးရွာ၏ ပျက်စီးမှု
အခြေအနေများ…. မလားကျေးရွာမှ သီးခြားဓာတ်ပုံများ မရောက်သေးပါ၊ Read More
သမတကြီး သိစေလို (မိုးမခပေးစာ) ပြည်သူတဦး
ယခုအခါ နိုင်ငံတော်အစိုးရမှ (GSM 2.75 G) မိုဘိုင်းများအား
မြို့နယ်နှင့် ကျေးရွာများတွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၏ အကူ
အညီကိုရယူကာ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချရောင်းချရာတွင်
အမှန်တကယ်သုံးစွဲမည့် ကျေးလက်နေပြည်သူများ၏လက်ဝယ်သို့
သက်သက်သာသာနှုန်းထားဖြင့်ရောက်ရှိစေရန်အတွက် မလိုလားအပ်သော
ငွေကျေးကောက်ခံမှုများ မပြုလုပ်ရန်၊ သတ်မှတ်နှုန်းထားမှအပ
အပိုငွေကျေးကောက်ခံမှုမရှိစေရန်ညွှန်ကြားထားကြောင်း သိရှိရသည်။
ညွှန်ကြားချက်တွင် စစ်ဆေးတွေ့ရှိပါကလည်း ထိရောက်စွာ အရေး
ယူမည်ဟုပါရှိကြောင်းလည်း သိရှိရပါတယ်။
ညွှန်ကြားချက်ကို အတိအကျထုတ်ထားသော်လည်း တကယ်လက်တွေ့တွင်
အိတ်ချိန်းဝန်ထမ်းများမှ ငွေကျေးကောက်ခံမှုများရှိနေသည်ဟု သိရပါတယ်။
သမ္မတကြီးမှ ဆင်းရဲမှုပပျောက်စေရေးဟုပြောကြားနေသော်လည်း
အောက်ခြေ၀န်ထမ်းများမှလိုက်နာမှုမရှိဘဲ အကျင့်ပျက်ခြ စားနေဆဲဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေတောင်၊ ပန်းတောင်း
ကြိ့ပင်ကောက်မြို့နယ်တို့တွင် လျှောက်လွှာခဆိုပြီး ကျပ် ၁၀၀၀ နှင့်
အုတ်ဖိုမြို့နယ်တို့ တွင် ကျပ် ၁၅၀၀ တို့ကို ကောက်ခံလျှက်ရှိကြောင်း
သိရပါတယ်။ ထို့အပြင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များသို့
ဆက်သွယ်ရေးလုပ်ငန်း များမှ အများပြည်သူနှင့်သက်ဆိုင်သည့်
လုပ်ငန်းများမှာသုံးစွဲရန်အတွက် လစဉ်ထုတ်ပေးနေတဲ့ ဒီဇယ်ဆီများကိုလည်း
ကိုယ်ကျိုးအတွက် သုံးစွဲနေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ယခုလို နိုင်ငံတော်သမတကြီးနှင့် တာဝန်ရှိသူများက
ပြုပြင်ပြောင်းလဲနိုင်ရန်ကြိုးစားနေသော်လည်း အောက်ခြေအာဏာပိုင်တို့ရဲ့
အကျင့် ပျက် ခြစားနေမှုများကို သိမြင်စေရန်အတွက်
ဖော်ထုတ်တင်ပြလိုက်ရပါတယ်။ Read More
တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့
ဖမ်းဆီး ခေါ်ဆောင်သွားသော
တပ်သား (၃) ဦး ကိစ္စနှင့်
ပတ်သက်ပြီး မြန်မာ နယ်စပ်
လုံခြုံရေး တပ်ဖွဲ့ နစကမှ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့ ယမန်နေ့က ဒုတိယ
အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။
ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က
လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။
နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ
ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ
ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော
မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု
ဖေါ်ပြထားကြောင်း ပြောဆိုသည်။
မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ
တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံတင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀)
အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။
မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က တပ်သား
(၃) ဦးကို ဘင်္ဂလာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သို့
အတွက် အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို
ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲထိ ၀င်ရောက်
ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော
လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ်
အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့် နယ်စပ်နေ
ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန Read More
တောင်ကုတ်တက္ကသိုလ်ကိစ္စ ရခိုင်ကျောင်းသားသမဂ္ဂ တောင်းဆိုချက်အပေါ် ဒေသခံကျောင်းသားမိဘများ နှင့် ရခိုင်လူမှုကွန်ယက်အချို့ဝေဖန် (ကိုခိုင်(ရူပဗေဒ))
ရခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ယာယီ)မှဦးဆောင်ပြုလုပ်သည့် အောက်တိုဘာ ၂၄
ရက်နေ့ဆန္ဒပြ တောင်းဆိုချက်များအနက် တောင်ကုတ်တက္ကသိုလ်အား
စီးပွားရေးတက္ကသိုလ်အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် တောင်းဆို ခဲ့ခြင်းအပေါ်
ရခိုင်လူမှုကွန်ယက်များက ဒေသခံများ၏ဆန္ဒနှင့်ကိုက်ညီခြင်းမရှိကြောင်း
ပြောဆို လိုက်ကြောင်းသိရသည်။
စစ်တွေမြို့၌ ကျောင်းသားတစ်ထောင်ခန့်ပါဝင်သည့်ဆန္ဒပြပွဲတွင်
စစ်တွေတက္ကသိုလ်အနီးရှိဘင်္ဂါလီရွာများအား လုံခြုံရေးအရဖယ်ရှားပေးရေး၊
ကျောင်းကြိုပို့ကားများစနစ်တကျစီစဉ် ပေးရေး၊ တောင်ကုတ်တက္ကသိုလ်အား
စီးပွားရေးတက္ကသိုလ်အဖြစ်ပြောင်းလဲဖွင့်လှစ်ပေးရေး၊သင်ထောက်ကူပစ္စည်းများအလုံအလောက်
ဖြည့်ဆည်းပေးရေး နှင့် ကျောင်းဆောင်များစီစဉ်ပေးရေး
စသည်ဖြင့်တောင်ဆိုဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ယင်းတောင်ဆိုချက်များ အနက် တောင်ကုတ်တွင် ဖွင့်လှစ်တော့မည့် ၀ိဇ္ဖာ၊ သိပ္ပံ
တက္ကသိုလ် အားစီပွာရေတက္ကသိုလ် အဖြစ်ပြောင်းလဲပေးရေး တောင်ဆိုချက် အပေါ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာစံလှိုင်ကတောင်ကုတ်တက္ကသိုလ်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ
ရခိုင်ပြည်နယ်တွင်လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် ဒေသခံများနွမ်းပါး၍
အခြေခံပညာသင်ကြားပြီး အဆင့်မြင့်ပညာသင်ယူရန်အခက်အခဲရှိနေသောကြောင့်
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များမှ ရခိုင်ကျောင်းသားလူငယ်များ
တက္ကသိုလ်ပညာသင်ကြားနိုင်ကြစေရန် တောင်ကုတ်မှ နိုင်ငံတော်နှင့် ဒေသခံများ
ပူးပေါင်း ဖွင့်လှစ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။
တောင်းဆိုချက်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ယာယီ)
ပြန်ကြားရေးတာဝန်ခံ ကိုဝေယံကျော်က
ရခိုင်ပြည်တောင်ပိုင်းမြောက်ပိုင်းမကွဲပြားစေရန်ရည်ရွယ်တောင်းဆိုခဲ့ကြောင်းဆိုသည်။
တက္ကသိုလ်ဆောက်လုပ်ရေး တာဝန်ခံ ဦးကျောက်တောင် က "ကျနော်တို့
အတွက်စီးပွားရေးတက္ကသိုလ် မလိုအပ်သေးဘူး။ အဓိကလို့အပ်နေတာက၀ိဇ္ဖာ သိပ္ပံ
တက္ကသိုလ်ဖြစ်တယ်။ ဆယ်တန်းအောင်ကျောင်းသား ၁၀၀ မှာ ၆ ဦးလောက်ပဲ
စစ်တွေကိုသွာပြီး အဝေးသင် သွားတက်နိုင်တယ်။ ကျန်တဲ့ကျောင်းသားတွေဟာ
ဆင်းရဲ ကြတဲ့ အတွက် ကျောင်းမတက်ဘဲ နေကြရတယ်။ အဲ့ဒီအတွက်ကြောင့်
စစ်တွေကိုကျောင်းသွာတက်ဖို့ဆိုရင် တတ်နိုင်တဲ့ ကျောင်းသားတွေတောင်မှပဲ
သွားရေးလာရေး အခက်ခဲ့တွေအများကြီးရှိတယ်။ ဂွလိုမျိုး
မြို့ကဆိုရင်ပိုဆိုးတာပေါ့။ အဲဒါကြောင့်
ကျနော်တို့ရခိုင်ပြည်နယ်တောင်ပိုင်း မှာ အခုလက်ရှိ အနားယူသွားတဲ့
ဒုတိယသမ္မတကြီး သီဟသူရတင်အောင်မြင့်ဦးဆီမှာတင်ပြခဲ့တာပါ။အဓိကကတော့
အားလုံးအတွက်ပညာရေးဖြစ်စေ ချင်လို့ပါ" ဟုပြောသည်။
ရမ်းဗြဲ၊ကျောက်ဖြူ၊မာန်အောင်၊တောင်ကုတ်၊သံတွဲ၊ဂွ မြို့နယ်များမှ
ကျောင်းသားမိဘများကလည်း တောင်ကုတ်တက္ကသိုလ်ပေါ်ပေါက်ရေးကို အားရ၀မ်းသာ
မျှော်လင့်အားကိုးနေကြသည်ဟုကြားသိရသည်။
"ကျနော်တို့ကလေးတွေ Dayတက်နိုင်ဖို့နေနေသာသာ အဝေးသင်တောင်မလွယ်ဘူး၊ဒီဘက်က
ကလေးတွေ စစ်တွေကိုသွားရင် သွားစရိတ်၊နေစရိတ်၊စားစရိတ် နဲ့ဆိုရင်
တခေါက်ကိုအနဲဆုံး ၅သိန်းလောက်ကုန်တယ်။ဒါက အဝေးသင်စရိတ်ပဲရှိသေးတာ။
ဒီတော့မသင်နိုင်သူတွေများလာနေတယ်။ ရခိုင်တွေစာမတတ်ရင် အမျိုးသားရေး အသိ၊
အမျိုးသားရေးသတိနဲ့အနာဂတ်ကိုဘယ်လိုတည်ဆောက်ကြမလဲ။ရှုဒေါင့်တစ်ခုတည်းကိုတရားသေကိုင်စွဲ
ထားရုံနဲ့ အသိပညာဖွံ့ဖြိုးမှုကိုမထိခိုက်စေသင့်ဘူး"ဟု တောင်ကုတ်မှ
ကျောင်းသားမိဘဖြစ်သူ ဦးကျော်စိန်က ဆိုသည်။
ရခိုင်လူငယ်များကွန်ယက်(AYO)မှ ကိုကျော်စွာမြင့်ကလည်း အခုလို
ရခိုင်တမျိုးသားလုံးအရေးကြီးတဲ့အချိန်မှာ ရေရှည်သွားရမယ့်
သဘောထားကွဲလွဲမည့်ကိစ္စရပ်များကိုမတောင်းဆိုသင့်သေးကြောင်း၊
အချိန်စောနေသေး ကြောင်းပြောသည်။
ရခိုင်အမျိုးသားကွန်ယက်(ANN)ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကလည်း ဒေသဆိုင်ရာ
လူမှုဘ၀နှင့်ဆန္ဒကို အလေးထားပြီးမှ ထိုဒေသ၏ ပကတိအနေအထားနှင့်
လိုက်လျောညီထွေဖြစ်မည့် တောင်းဆိုမှုမျိုး သာဖြစ် သင့်ကြောင်းဆိုသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များကိုအခြေခံဖွဲ့စည်းထားသော
ရခိုင်လူသားချင်းစာနာမှုကွန်ယက် (AHN)၏ ပြန်ကြားရေး တာဝန်ခံ
ကိုမိုးနိုင်စိုးက "အခုလို တောင်းဆိုချက်ဟာ ရခိုင်တွေအချင်းချင်း
တောင်နှင့်မြောက်ကို
သွေးကွဲအောင်လုပ်တာနဲ့တူနေတယ်။ခွဲခြားဆက်ဆံလိုက်သလိုဖြစ်နေတယ်။ဟိုဘက်ကလူတက္ကသိုလ်အဆင့်သင်ခွင့်ရတယ်။ဒီဘက်ကသင်ခွင့်မရဘူးဆိုပြီးကွဲလွဲလာမှာ
စိုးရိမ်ရတယ်။ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်များလေ ရခိုင်လူမျိုးတွေစာတတ်လေ၊
အသိပညာမြင့်မားလေပဲ။ လူပုဂ္ဂိုလ်ရေးကိုမကြည့်ဘဲနဲ့ ရလာဒ်ကိုကြည့်
သင့်ပါတယ်။ အသိနဲ့ သတိ ကို ဥာဏ်နဲ့ယှဉ်ပြီး အမျိုးသားရေးလမ်းကြောင်း
ကိုသွားနိုင်မှ အနာဂတ် ရခိုင်တွေပိုခိုင်မြဲတဲ့သွေးစည်းညီညွတ်မှု
တည်ဆောက်နိုင်မှာဖြစ်တယ်။ အခုတောင်းဆိုချက်ဟာ အမျိုးသား
သွေးစည်းညီညွတ်မှုကိုပျက်ပြားစေ တဲ့အတွက် ကျနော်တို့ AHN အနေနဲ့ လုံးဝ
ကန့်ကွက်တယ်" ဟုပြောသည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ကျန်သောတောင်းဆိုချက်များကိုထောက်ခံကြသော်လည်း
ဘောဂဗေဒ မေဂျာယူ မည့် ကျောင်းသားရာနှုန်းအလွန်နည်းနေ၍
စီးပွားေ၇းတက္ကသိုလ်ဖွင့်ရန် ဒေသခံများကမလိုအပ်ဟု ယူဆသလို၊
ရခိုင်လူမျိုးတိုင်းပညာသင်ကြားခွင့်ကိုပိတ်ပင်သည့်လုပ်ရပ်မျိုးကို
ဆန့်ကျင်ကန့်ကွက်ကြပြီး၊ ကျောင်းသားသမဂ္ဂကိုလည်း ကျောင်းသားထုတရပ်လုံးအား
ကိုယ်စားပြုမပြုနှင့်ပတ်သက်၍ ဝေဖန်စော ကြောမှု များရှိနေသည်။
တောင်ကုတ်တက္ကသိုလ်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က
စတင်တည်ဆောက်ခဲ့ပြီး လာမည့် ဒီဇင်ဘာလအမီ ဒေသကောလိပ်အသွင်ဖြင့ှ်
စတင်ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့်၍ ပြင်းထန်စွာ အားစိုက် လုပ်ဆောင်လျက် ရှိကြောင်း
သိရှိသည်။ Read More
ရန်ကုန်မြို့၌ ညပိုင်း အချိန်များတွင်တရားဥပဒေချိုးဖောက် မှုပိုများလာ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ
ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ်
ပိုများပြားလာခြင်းနှင့်အတူ ညအချိန်တွင် ကားပြိုင်မောင်းသူများက
အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း
စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ညပိုင်းနှင့်
နံနက်အစောပိုင်းတို့တွင် ကားပြိုင်မောင်းနှင်သူများက
အုပ်စုလိုက်ရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေခြင်း၊ လူမြင်ကွင်းတွင်
လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး
ကျူးလွန်သူမှ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်များနှင့်
အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုဖြစ်စဉ်များ မကြာခဏ
ဖြစ်ပွားနေခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းနေထိုင်သည့် ပြည်သူအချို့က
မြို့တော်အတွင်း တရားဥပဒေချိုးဖောက်မှုဖြစ်စဉ်များ များပြားလာကြောင်း
သုံးသပ်ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ညပိုင်းများတွင် ကားပြိုင်မောင်းသူလူအုပ်စုမှ
ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အချို့မှာ အောက်တိုဘာလ ၂၃ ရက်
နေ့ညပိုင်းတွင် ဗဟန်းမြို့နယ် ဟာမစ်တစ်ကားမှတ်အနီးတွင်
သီချင်းဆိုနေကြသည့် နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ သန့်ရှင်းရေးဝန်ထမ်း
သုံးဦးကို ကားပြိုင်မောင်းနှင်နေသည့် ယာဉ်နှစ်စီးမှ လူတစ်စုက
ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း
ဗဟန်းမြို့နယ်ရဲစခန်းမှ သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီခွဲတွင် ဆူးလေဘုရားလမ်းနှင့်
အနော်ရထာလမ်းဆုံမီးပွိုင့်တွင် မီးနီတွင်ရပ်ထားသည့် Land Mark
ကိုယ်ပိုင်ယာဉ်နှင့် မောင်းနှင်သူကို ကားပြိုင်မောင်းနှင်နေသည့်
ကားသုံးစီးနှင့် လူအုပ်စုတစ်စုက ၀ိုင်းဝန်းထိုးကြိတ်ပြီး
သံပိုက်လုံးများဖြင့် ရိုက်ခြင်းတို့အပြင် ကားမှန်များအား
ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ
စစ်ဆေးချက်အရလည်း သိရှိရပါသည်။
ယင်းဖြစ်စဉ်မှ ရိုက်နှက်ခံရခဲ့သူ၏ ညီမဖြစ်သူက "အစ်ကိုက အလုပ်ကနေ
အိမ်ပြန်လာတယ်။ နောက်ကျနေလို့ဆိုပြီး အမြန်ပြန်လာခဲ့ရာကနေ
ကားပြိုင်မောင်းနေတဲ့ ကားတွေနဲ့ ယှဉ်မောင်းမိသလို ဖြစ်သွားတယ်။ ဒါနဲ့
သူတို့တွေက နောက်ကနေလိုက်လာခဲ့ပါတယ်။ အဲဒါနဲ့အစ်ကိုက မီးပွိုင့်မိလို့
ကားရပ်တဲ့အခါမှာ အဲဒီပြိုင်မောင်းနေတဲ့ ကားသုံးစီးပေါ်ကနေ လူငါးယောက်က
ဆင်းလာပြီးတော့ အစ်ကို့ကို သံပိုက်လုံးတွေနဲ့ရိုက်တယ်။ ပြီးတော့လည်း
ကားကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုး ကိုယ်လုပ်တိုင်းရတယ်ဆိုတဲ့
အထင်မျိုးတွေက တရားဥပဒေစိုးမိုးမှုတွေကို ပျက်ပြားစေပါတယ်" ဟု
ပြန်လည်ပြောပြခဲ့သည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ကမာရွတ်မြို့နယ်
အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် မောင်းနှင်နေသည့် မတ်တူး
အစိမ်းရောင်ယာဉ်ကို အမည်မသိ အနက်ရောင်စတစ်ကာ ကပ်ထားသည့် ယာဉ်တစ်စီးမှ
ကားရှေ့တွင်ပိတ်ရပ်ပြီး အခြားတစ်စီးမှ အနောက်မှပိတ်ရပ်ကာ
အဆိုပါယာဉ်များပေါ်မှ အမည်မသိလူ ခုနစ်ဦးက ဆဲဆိုပြီး သံတုတ်၊
သစ်သားတုတ်များဖြင့် ကားမှန်များကို ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။ ထို့ပြင် မတ်တူးအစိမ်းရောင်ယာဉ်ပေါ် ပါလာသည့်
အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးကိုလည်း
ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း ကမာရွတ်စခန်းသို့ တိုင်ကြားချက်အရ သိရသည်။
ဒီလို ဒီမိုကရေစီအသွင်ကူးပြောင်းစကာလမှာ တချို့တွေက ကိုယ်လုပ်ချင်ရာ
လုပ်လို့ရတယ်လို့ ထင်နေကြတယ်။ တင်းကျပ်မှုတွေကနေ အဆင့်ဆင့်
လွတ်လပ်လာတဲ့အပေါ်မှာ လွတ်လပ်မှုရဲ့ အစွန်းရောက်မှုတွေ
ရှိလာတယ်လို့ထင်တယ်...
ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားသည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ
အမျိုးသားတစ်ဦးက "ကျွန်တော်က အဲဒီနေ့ နံနက်တစ်နာရီလောက်မှာ
အိပ်မပျော်လို့ အိမ်ရှေ့ဝရံတာမှာ ရပ်နေမိခဲ့ပါတယ်။ အဲဒီအချိန်မှာ
ကားသံကြားလို့ ကြည့်လိုက်တော့ ကားနှစ်စီး ထိုးရပ်လိုက်တယ်။ ပြီးတော့
ကားပေါ်က ယောက်ျားလေးတွေက သံတုတ်တွေ သစ်သားတုတ်တွေကိုင်ပြီး
ကောင်မလေးစီးလားတဲ့ ကားကိုရိုက်တယ်။ ကားတံခါးကို ဆွဲဖွင့်တဲ့အခါမှာ
ကားထဲက ကောင်မလေးက မလုပ်ပါနဲ့လို့ အော်တယ်။ ဒါပေမဲ့ ကောင်မလေးကို
အပြင်ဆွဲထုတ်ပြီး ပါးတွေ၊ နားတွေရိုက်ပြီး ဆောင့်ကန်တယ်။
ကောင်မလေးနဲ့ပါတဲ့ သူငယ်ချင်းတွေကိုပါ ဆက်ရိုက်တယ်။
ဒီလိုမျိုးဖြစ်စဉ်တွေကို ကျွန်တော်က မကြာခဏ မြင်တွေ့နေရတယ်။
ဖြစ်သွားတယ်ဆိုတာတွေကို ကြားသိနေရပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ရဲ့
အခြေအနေက ကားမောင်းပြီးသွားလာနေတဲ့ သူတွေကိုတောင် လုံခြုံရေးက
စိတ်ချလို့မရတဲ့ အခြေအနေပါ" ဟု ဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိသူတစ်ဦး
က သုံးသပ်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ ကားပြိုင်မောင်းသည့် လူအုပ်စုမှဝိုင်းဝန်းရိုက်နှက်ခဲ့သည့်
ဖြစ်စဉ်များအနက်မှ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်မှ
ကျူးလွန်သူများကိုသာ ဖမ်းဆီးစစ်ဆေးနေပြီး ကျောက်တံတားမြို့နယ်နှင့်
ကမာရွတ်မြို့တွင် ဖြစ်ပွားခဲ့သည် ဖြစ်စဉ်များမှ ကျူးလွန်ခဲ့သူများကို
နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ
ရဲစခန်းများမှ သိရပါသည်။
အဆိုပါကဲ့သို့ ဖြစ်စဉ်များအပြင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ
ထွက်ပြေးသွားသည့် ဖြစ်စဉ်များမှာလည်း မကြာခဏ ဖြစ်ပွားနေကြောင်း၊
ယင်းကဲ့သို့ ကျူးလွန်သူများကိုလည်း သက်ဆိုင်ရာမှ ဖမ်းမိရန်
စုံစမ်းနေသော်လည်း ဖမ်းမမိသေးသည့်ဖြစ်စဉ် အများအပြားရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌
ယာဉ်တိုက်မှုဖြစ်စဉ် ခုနှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ
တိုက်ပြီးထွက်ပြေးသွားသည့် အမှုပေါင်း သုံးရာနီးပါး ရှိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
ကမာရွတ်မြို့နယ် အင်လျားကန်ပေါင်တွင် အောက်တိုဘာလ ၁ ရက် နေ့ ည ၉
နာရီအချိန်က ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး
ကန်ပေါင်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ဆိုင်ဝန်ထမ်းအချို့ကို
မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်တွင်
ကျူးလွန်သူများအနက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ခြောက်ဦးကိုသာ
ဖမ်းဆီးရမိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ တွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင် ဘာလ ၁
ရက်နေ့တွင် မှော်ဘီမြို့နယ်တို့၌ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ်တစ်ခုစီ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသတ်မှုဖြစ်စဉ် ၁၂၀ ကျော်နှင့်
မူဒိမ်းမှုဖြစ်စဉ် အရေအတွက် ၁၂၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့တော်အတွင်း တရားဥပဒေစိုးမိုးမှု
ယိုယွင်းလာမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က
"အုပ်စုဖွဲ့ပဲလုပ်လုပ်၊ တစ်ဦးတည်းပဲ လုပ်လုပ် ဒီလိုရိုက်နှက်တာတွေ၊
သတ်ဖြတ်မှုတွေ ကျူးလွန်တာကတော့ ပြစ်မှုကျူးလွန်တာပါပဲ။
ပြစ်မှုကျူးလွန်တဲ့သူတွေက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်
ထိထိရောက်ရောက် အရေးယူရမှာပဲ။ ရမ်းကားသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်
ပိုပြီးထိထိရောက်ရောက် အရေးယူရမယ်။ ဒီလို ဒီမိုကရေစီအသွင် ကူးပြောင်းစ
ကာလမှာ တချို့တွေက ကိုယ်လုပ်ချင်ရာလုပ်လို့ရတယ်လို့ ထင်နေကြတယ်။
တင်းကျပ်မှုတွေကနေ အဆင့်ဆင့် လွတ်လပ်လာတဲ့အပေါ်မှာ လွတ်လပ်မှုရဲ့
အစွန်းရောက်မှုတွေ ရှိလာတယ်လို့ထင်တယ်။ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး
ခြုံငုံပြောရမယ်ဆိုရင် ပြစ်ဒဏ်နိမ့်ခြင်း၊ မြင့်ခြင်းဟာ အဂတိတရားလေးပါး
မလွတ်ကင်းတဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။
Link :http://www.first-11.com/index.php?option=com_content&view=article&id=16254:2012-11-04-03-50-09&catid=43:2009-11-10-07-39-09&Itemid=111 Read More
အမေရိကပြည်ထောင်စုရောက် ရခိုင်မိသားစုများ ရခိုင်ဒုက္ခသည်များကို မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့်  တဖွဲဖွဲ လှူဒန်းနေကြ
----------------------------------------------------------------------------
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးရာတွင် မိမိမြို့ ရွာမှာနေ
မိမိရပ်ကွက်မှာစား မိမိတို့ မိသားစုနှင့် အေးအတူ ပူအမျှ နေထိုင်ကြသော
ရခိုင်လူမျိုးတို့ မှာ တိုင်းတပါးမှ ခိုးဝင်လာသူဘင်္ဂလီကုလားများကြောင့်
နေအိမ်များ မီးရို့ 
ခံရခြင်း ၊ သတ်ဖြတ်ခံရခြင်း ၊ အိုးမဲ့ အိမ်မဲ့  လယ်မဲ ယာမဲ
့ဖြစ်ရခြင်းတို့ ကြောင့် ဒုက္ခသည်များအဖြစ် ကျရောက်သွားရသည် ။ မိမိတို
့မိဖညီအကို ဆွေမျိုးသားချင်းတို့ ၏ ဒုက္ခသည်များဘ၀မှ
နဂိုရ်မူလအခြေအနေထိရောက်အောင် အမေရိကပြည်ထောင်စုရောက်
ရခိုင်လူမျိုးမိသားစုများက ၀ိုင်းဝန်းကူညီထောက်ပံ့ရေး အစီအစဉ်များ
ပြုလုပ်တိုင်ပင်ညှိနိုင်းကြကာ ရံပုံငွေအလှူငွေများကို
စုဆောင်းကောက်ခံကြပြီးဖြစ်သည် ။
အမေရိကပြည်ထောင်စု အိုင်အိုဝါးပြည်နယ်မှ ရခိုင်အမျိုးသားရေးအသင်း တွင်
ပူးပေါင်းထည့်ဝင်သည့် မြောက်ကာရိုလိုင်းနားပြည်နယ် ၊ ဖလော်ရီဒါပြည်နယ် ၊
မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများကို လွန်ခဲ့ သည့်နေ့ က (
ဒေါ်လာ-၁ရ၀၀၀ ) ကို ပေးအပ်ခဲ့ ကြပြီး ယနေ့ တွင် အင်ဒီးယားနာပြည်နယ် မှ
မျိုးချစ်ရခိုင်မိသားစုများမှ- ( ဒေါ်လာ-ရ၂၀၀ )- အားလုံးစုစုပေါင်း
မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့် ကို ပေးပို့ လှူဒန်းခဲ
့ကြခြင်းဖြစ်သည် ။
ယခုကဲ့ သို့ လှူဒန်းခဲ့ ခြင်းနှင့်ပတ်သက်၍ အင်ဒီးယာနားပြည်နယ်မှ
လူငယ်များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု
ပြောဆိုပြီး နောင်ကိုလည်းဆက်တိုက်လှူဒန်းမည်ဖြစ်သလို
ဆေးရုံတက်ရောက်ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့်
လူကောင်းပကတိအထိ ဖြစ်လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု
ပြောဆိုသွားသည် ။ အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ နာယကကြီး
တဦးဖြစ်သူ ဦးဝင်းနိုင်ကလည်း စည်းစည်းရုံးရုံးနဲ့ ရခိုင်လူမျိုးများက
ရှိနေသည့်အတွက် အထူးပင်အားရပါကြောင်းနှင့် ဒုက္ခကျရောက်နေသော
မိဖပြည်သူများအား နောင်ကိုလည်း ဆက်လက်လှူဒန်းမည်ဖြစ်ကြောင်း ပြောဆိုခဲ
့သည် ။ ရခိုင်အမျိုးသားညီညွတ်ရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ
ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များဖြစ်ကြရသော မိဖပြည်သူ
ရဟန်းရှင်လူများအား အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးများအနေဖြင့်
မည်သည့်အချိန်မှာမှ မျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့ သို့ 
ဖြစ်သွားရသည့် ကံကြမ္မာဆိုးကို ခါးစည်းအောင် ခံစားကြရသည့်
မိဖပြည်သူများအား အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီ
ထောက်ပံ့သွားမည်ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ ရခိုင်လူမျိုး
မိသားစုများကိုလည်း အတိဒုက္ခရောက်နေသော မိဖပြည်သူရှင်လူရဟန်းများအား
လှူဒန်းလိုပါက မိမိတို့ ရခိုင် အမျိုးသားရေးအသင်းထံသို့  ဆက်သွယ်
လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ ( ၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဖြစ်ပါသည်ဟု
ပြောဆိုသွားပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် ) Read More
ဘင်္ဂလီများသည် အပ်နှံမှုမရှိ
အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလီများသည်
အပ်နှံမှုမရှိဘဲ ယင်း လက်နက်များဖြင့်ပင် တိုက်ခိုက်နေကြောင်းသိရှိရသည်။
၎-၁၁- ၂၀၁၁ နေ့ည ၆ နာရီအချိန်ခန့်တွင် စိုးဝင်း၊ ဘ-ဦးမောင်ဘချေ၊ ၂၈
နှစ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအရှေ့ဘက်ရှိ ဂင်္ဂါဂျိုင်တွင်
ကွမ်းခင်းနှင့် ဥယျာဉ်ခြံများလုပ်ကိုင်နေထိုင်စဉ် ညနေ၀င်ချိန်
တဲပြင်သို့ထွက်နေစဉ် ဘင်္ဂလီ ၂၀ ဦးခန့်လာပြီး လေးဂွ၊
ဂျင်ကလိများဖြင့်ပစ်ခတ်ခဲ့
သဖြင့် ဒူးအောက် ပိုင်းထိမှန်ကာ ဒဏ်ရာရှိခဲ့ပါသည်။
အဆိုပါ စိုးဝင်သည် ထွက်ပြေးခဲ့ခြင်းကြောင့်
လွတ်မြောက်လာခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။
ကွမ်းခြံတစ်ခုဖျက်ဆီးခံရပြီး ၊ တစ်ခြားငှက်ပျောပင်များနှင့် ဥယျာဉ်
ခြံအတွင်းရှိ စားပင်များ၊ တဲများ ကိုလည်းဖျက်ဆီးခဲ့ကြောင်းသိရသည်။
ထိုသို့ ဖျက်ဆီးသူများမှာ သရက်အုပ်ဘက်မှ ထွက်ပြေး
သွားသောဘင်္ဂလီများဖြစ်ပြီး
နဂနာဘက်တွင်ရောက်ရှိနေသူများဖြစ်နိုင်ကြောင်းသိရသည်။
ပန်းမြောင်းကျေးရွာဟောင်း ရွာသစ်ရပ်မှ ရခိုင်တစ်ဦး၏ နွားထီးကြီး ၂
ကောင်အားလည်း ဘင်္ဂလီများ ခိုးယူသွားခဲ့ကြောင်းသိရသည်။ အလားတူ
အိုးပြန်တောင်ဘက်မှ ရခိုင်တစ်ဦးက နွားထီးတစ်ကောင် ကိုလည်း စားကျက်မှ
ခိုးယူသွားခဲ့ကြောင်းသိရသည်။
အဆိုပါအမှုအား မင်းပြားရဲစခန်တွင် မနေ့ ၅ ရက်နေ့က
အမှုဖွင့်ထားကြောင်းလည်းသိရှိရပါသည်။ ယင်းအတွက်
ထိရောက်စွာအရေးယူရန်လိုအပ်နေပြီဖြစ်ပြီး
ရခိုင်များလုပ်ကိုင်စားသောက်ရန်ခက် ခဲ အောင်
တစ်ဦးချင်းတစ်ယောက်ချင်းမနေရဲအောင် တိတ်တဆိတ်
သတ်ဖြတ်ရန်ကြံစည်မှုများအပေါ် အရေးယူမှု ပြင်းပြင်းထန်ထန်
ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ပါသည်။
အစိုးရမှ ထုတ်ပြန်ထားသော ဒုတ်၊ဓါးလက်နက်များအပါအ၀င်
အခြားသောလက်နက်များကိုလည်း အပ်နှံ့ရမည်ဆိုသည့်အချက်များကို
လိုက်နာမှုမရှိသော ဘင်္ဂလီများအား အရေးယူနိုင်မှုမရှိပါက ထိုသို့
သောကိစ္စရပ်များစွာ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့်
ဥယျာဉ်ခြံများလုပ်ကိုင်စားသောက်ရန်ပင်
အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများက
စိုးရိမ်စွာပြောဆိုကြပါသည်။ Read More
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနေထိုင်သော ရခိုင်အချို့ မြန်မာပြည်ထဲသို့ ခိုလှုံမှု များရှိနေကြောင်းသိရသည်။
ဘင်္ဂလားတွင် မကြာသေးမီကဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် ရခိုင်တစ်ချို့
သည် ဝေလာတောင်၊(နယ်မြေ-၂ ) ဘက်မှ ၀င်ရောက်လာပြီး ယခုအခါတွင် မင်းခမောင်း
စံပြကျေးရွာတွင်နေထိုင်လျက်ရှိကြောင်းသိရသည်။
ယင်းသို့နေထိုင်ခြင်းမှာ ယာယီနေထိုင်ခြင်းဖြစ်သဖြင့် အစိုးရမှ
နေရာချထားပေး ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ထွက်ပြေးခိုလှုံလာသော မိသားစုမှာ ၈ စုဖြစ်ပြီး လူဦးရေ ၃၀ ကျော်ပါဝင်
ကြောင်း လည်းသိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ထွက်ပေါက်မပေးသော် လည်း
တိတ်တဆိတ်ထွက်ပြေးလာရခြင်းဖြစ်ကြောင်း၊ ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့်
ထွက်ပြေးလာခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရှိရပါသည်။
ထိုသို့ ထွက်ပြေးလာသော ရခိုင်များအား ကူညီပေးကြရန်လည်းလိုအပ်နေပြီး
နေရာချထားရေးကိုလည်း လျင်မြန်စွာပြုလုပ်သင့်ကြောင်းမောင်တော ဒေသခံ များက
သုံးသပ်ပြောဆိုကြပါသည်။ Read More
ငရဲမင်းကြီးရဲ့ဟားတိုက်သံ ( မောင်လူရေး)
သဘာဝပတ်ဝန်းကျင်ဆိုတာကို ပုံဖေါ်ကြည့်မယ်ဆိုရင် သစ်ပင်
တောတောင်ရေမြေတွေတွင်မကဘဲ အဲဒါတွေကို တည်မှီနေထိုင်ရင်းနဲ့
ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဒေသခံနေထိုင်သူတွေရဲ့ ရိုးရာယဉ်ကျေးမှု၊
သမိုင်း အထောက်အထား၊ လူမှုဘဝတွေကိုပါ တွဲကြည့်မှ ပြည့်စုံပါလိမ့်မယ်။
သဘာဝရင်းမြစ်တွေကို ထုတ်ယူ လိုက်တာနဲ့တပြိုင်နက် သူ့ကို တည်မှီနေတဲ့
ရိုးရာယဉ်ကျေးမှုတွေ၊ သမိုင်းအထောက်အထားတွေ၊ လူမှုဘဝ တွေပါ
ကပြောင်းကပြန်ဖြစ်သွားရပါတော့တယ်။ အပြန်အလှန်ပါဘဲ
အဲဒီသဘာဝပတ်ဝန်းကျင်ကို တည်မှီ နေထိုင်ရင်း အလိုလို
ထိန်းသိမ်းစောင့်ရှောက်မှုပြုနေတဲ့ ဒေသခံတွေရဲ့ လူမှုဘဝတွေ ဖရိုဖရဲ
ပြိုကွဲပြီဆိုရင်လဲ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊
သမိုင်းအထောက်အထားတွေပျောက်ဆုံးပြီး သဘာဝပတ်ဝန်းကျင်လဲ
ပျောက်သွားရပါတော့တယ်။
ကိုယ့်ရပ် ကိုယ့်ဒေသရဲ့ ကိုယ်ပိုင်ပုဂ္ဂလ ဝိသေသတွေ တည်ရှိနေရေးထက်
ကိုယ့်ဒေသကိုအရင်းပြုပြီး အခြားဒေသတခုရဲ့ဖွံ့ဖြိုးတိုးတက်ရေးက
ပိုအရေးကြီးတယ်ဆိုရင် ဒါဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ တကယ်တော့
ကိုယ့်ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ ပျောက်သွားတာဟာ
ကိုယ့်ဒေသပျောက်ဆုံးသွားတာပါဘဲ။ ကိုယ့်ရပ်ရွာပျောက်သွားတာပါဘဲ။
ကိုယ့်ဒေသပျောက်သွားတာဟာ ဒေသနေလူတွေအတွက် ဘယ်တော့မှ အမှန်တရား ဖြစ်လာမှာ
မဟုတ်ပါဘူး။ ကိုယ့်ဒေသပျောက်ဆုံး သွားရမယ်ဆိုရင်တော့ အဲဒါဟာ
ဖွံ့ဖြိုးတိုးတက် ရေးမဟုတ်၊ ဘီလူးရီသံဘဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မျိုးတွေမှာ ပျော်ရွင်မှုဆိုတာဟာ တည်ရှိနေတာသာ ဖြစ်ပါ တယ်။
ပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။ ဒါ ပထဝီရေးရာစိတ်ချမှုပါ။ ဒါ ဒေသကပေးတဲ့
ခွန်အားပါ။ နေရာပျောက်ဆုံးသွားတာဟာ ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားမှု၊ ကစဥ့်ကလျားဖြစ်မှုကိုသာ ပေးစွမ်းနိုင်ပါတယ်။ အဲဒီလို
ကိုယ်ပိုင်အမှတ်အသားမဲ့သွားသူမှာ နိုင်ငံသားဖြစ်မှုကိုလဲ အလေးထားမှာ
မဟုတ်တော့ပါဘူး။ သူ့ရဲ့ နိုင်ငံသားဖြစ်မှုကိုက မရေရာတော့တဲ့
အခြေအနေရောက်သွားတာကိုး။ နိုင်ငံတော်က သူ့ကို သူ့ဒေသကို၊
သူ့အမှတ်အသားတွေကို ဘာမှ အကာအကွယ်မပေးခဲ့ဘူးဆိုတော့လေ။
တကယ်လို့ အဲဒီ ပျောက်ကွယ်ဆုံးရှုံးသွားမှုတွေနေရာမှာ ဖြည့်စွက်ချက်တွေ၊
ပံ့ပိုးမှုတွေ၊ အစားထိုးမှုတွေမှာ ယဉ်ကျေးမှုတွေ၊ သမိုင်းတန်ဖိုးတွေ၊
လူမှုဘဝတွေ၊ ကိုယ်ပိုင်အမှတ်အသားတွေ၊ ဓလေ့တွေ ကပ်ပါမလာတော့ဘူးဆိုရင်၊
နေမကောင်းတဲ့လူတယောက် ပိုင်ဆိုင်ထားတဲ့ စားကောင်းသောက်ဖွယ်တွေသာ
ဖြစ်မှာပါဘဲ။ ဒါဟာ သူ့အတွက် ဘယ်လိုမှ မသင့်တော်တဲ့အရာတွေ၊
တန်ဖိုးမရှိတဲ့အရာတွေသာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ
ပျော်ရွင်ကျေနပ်မှုမပါဘူးဆိုရင် သူ့တန်ဖိုးကို ဘာနဲ့ ဘယ်လို တွက်မှာလဲ။
တန်ဖိုးတွက်မရတဲ့အရာတွေဟာလဲ လူ့အဆောင်အယောင်၊ အဆင်တန်ဆာ
မဖြစ်နို်င်ပါဘူး။ ဒါ့ကြောင့် လူမှုဘဝအတွက် အထောက်အကူ မဖြစ်ပါဘူး။
သစ်ပင်တပင်နဲ့ တိုက်တလုံးဟာ လူတွေကို ကျေနပ်မှုပေးစွမ်းနိုင်တာချင်း
လုံးဝမတူပါဘူး။ ဒါ့ကြောင့် တိုက်က ပိုကောင်းတယ်လို့ ပိုင်းဖြတ်ပြီး
သစ်ပင်ကို ခုတ်လှဲလိုက်တာဟာ ပိုကောင်းတဲ့လုပ်ဆောင်မှု မဖြစ်နိုင်ပါဘူး။
တိုက်ဆောက်ဖို့ နေရာလွတ်ရှာတာသာ ပိုကောင်းတဲ့စီမံလုပ်ဆောင်မှု
ဖြစ်နိုင်ပါတယ်။
လူတွေရဲ့ဝမ်းနည်းကြေကွဲမှုတွေ၊ စိုးရိမ်သောကဖြစ်နေရတာတွေနဲ့
ဖွံ့ဖြိုးရေးဆိုတာနဲ့ အလဲအထပ်လုပ်လို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုရင်
လူတွေမပျော် မရွှင်တဲ့အရာကို လူတွေအတွက်လို့ ဘယ်လိုလုပ်ပြောလို့ ရမှာလဲ။
နောက်ပြီး အသက်ရှူရတာ မကောင်းတော့ဘူး၊ သောက်ရေတွေ၊ သုံးရေတွေပျက်စီးပြီး
ရောဂါ တွေရလာမယ်ဆိုရင် အဲဒီမီးခိုးထွက်နေတဲ့၊ စွန့်ပစ်ပစ္စည်းတွေထုပ်နေတဲ့
စက်ရုံတရုံဟာ အဲဒီဒေသခံတွေ အတွက် ငရဲမင်းကြီးရဲ့လက်ဆောင်သာ
ဖြစ်ပါလိမ့်မယ်။ ဒီဆိုးကျိုးတွေကို တစက်မှ မခံစားရဘဲ အကျိုး အမြတ်တွေသာ
ရယူနေတဲ့ တခြားတနေရာက စာရွက်ကိုင်လူတန်းစားတစုကတော့ ဒေသဖွံ့ဖြိုးရေးလို့
အော်နေမှာပေါ့။ ဒါ သူတို့အတွက်ဘဲလေ။ တကယ်တော့ ဒါဟာ ဒေသခံတွေအပေါ် လူသားဘဝ၊
လူနေမှု ဘဝအပေါ်၊ လူ့မျိုးဆက်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးသာ ဖြစ်ပါတယ်။
ဥပမာ ကြေးနီစီမံကိန်းတွေဟာ ဒေသခံတွေအတွက် ဘာဆိုဘာမှ အကျိုးသက်ရောက်မှု၊
အဓိပ္ပါယ်ရှိမှု မရှိပါဘူး။ သူတို့ လုံးဝမသိတဲ့၊ သူတို့နဲ့ ဘာအဆက်အစပ်မှ
မရှိတဲ့သူတွေက ဒီဒေသနေသူတွေရဲ့တည်မှီရာကို၊ ယုံကြည်ရာကို၊
တန်ဖိုးထားမှုတွေကို၊ သမိုင်းအထောက်အထားတွေကို၊ သူတို့အကျိုးစီးပွားအတွက်
မြေလှန်ဖြိုဖျက်ပစ်နေတာပါ။
ကြေးနီစီမံကိန်း တာဝန်ခံလူကြီးဦးအောင်မင်းက စီမံကိန်းဧရိယာမှာရှိတဲ့ ရွာ
၂၆ ရွာနဲ့ ဆွေးနွေးပွဲမှာ "မင်းတို့ရွာကရေ တွေ ခွေးတောင်
မသောက်ဘူး" ထုတ်ပြောရက်ခဲ့တယ်။ အဲဒီလိုသိရက်နဲ့ အဲဒီရေတွေကို ဒေသခံတွေကို
သောက်စေတာဟာ သူတို့ပြောတဲ့ ဖွံ့ဖြိုးရေးပါဘဲ။ မစွမ်းမသန်၊
လူစဉ်မမီတဲ့ကလေးတွေ မွေးလာတာဟာ ဖွံ့ဖြိုးရေးပါဘဲ။ တနယ်လုံး
အဆိပ်သင့်နေပြီ။ တကယ်ပါ၊ ဒါဟာ ဖွံ့ဖြိုးရေးပါ။
ဒီဒေသတခုလုံးရဲ့ လူနေမှုဘဝသုဉ်းသွားမှုကို ဘာနဲ့ အစားထိုးမလဲ၊ ဘယ်လို
ကုစားမလဲ။ ကျန်းမာတဲ့လူ့အသိုက်အမြုံတခု ပျောက် ဆုံးသွားတာဟာ
ဒီဖွံ့ဖြိုးရေးစီမံကိန်းကပေးတဲ့ ဆုလာဘ်ပါ။ ဒေသခံတွေအတွက် တရားမှုဆိုတာ
ဘယ်ကရှာရ မှာလဲ။ ကိုယ့်ဒေသနဲ့ဘာမှမသက်ဆိုင်တဲ့ လူတယောက်က
ကိုယ့်ဒေသကလူသားတွေအပေါ် စီမံနေတာဟာ၊ နေရာချထားတာဟာ ဘယ်တော့မှ
သင့်တော်မှန်ကန်တယ်လို့ ဆိုမရပါဘူး။
အဲဒီလိုပါဘဲ ဒီဒေသကလူတွေရဲ့ အခွန်အထုတ်တွေစား၊ ယူနေတဲ့အစိုးရတရပ်ဟာ
ဒေသခံတွေရဲ့ အသဘာဝဘေး၊ အမနုဿဒဏ်တွေကို ဥပေက္ခာပြု၊ လုံးဝအကာအကွယ်မပေးဘဲ
သူတို့အကျိုးစီးပွားသက်သက်အတွက် ဒေသကို ဖြိုဖျက်သူတွေကို
အထောက်အကူပေးနေတာဟာ ဘယ်လိုမှ အဓိပ္ပါယ်မရှိပါဘူး။ လက်ပံတန်းတောင်ကိစ္စမှာ
မိခင်နိုင်ငံတော် အစိုးရနဲ့ သားတော် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို
ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ဒီဖြစ်စဉ်ထဲမှာ ဦးပိုင်ဟာ နိုင်ငံတော်လား၊ ပုဂ္ဂလိကကုမ္ပဏီတခုလားဆိုတာလဲ
သမတကြီးအပါအဝင် ပြည်သူနဲ့ပတ်သက်တဲ့ တာဝန်တွေယူထားတဲ့ လွှတ်တော်ကြီးကလဲ
ရှင်းရှင်းလင်းလင်း မမိန့်ဆိုပါဘူး။ ဦးပိုင်ဟာ
နိုင်ငံတော်ရဲ့ဘိုးအေကြီးလို၊ ဒါမှမဟုတ်
နိုင်ငံတော်ရဲ့အမွေစားအမွေခံသားလို လုပ်ဆောင်နေတာဟာလဲ ဘယ်လိုမှ
ခံစားလို့မရပါဘူး။
လူ့ယဉ်ကျေးမှုတခုကို သင်းကွပ်သူတွေတဖြစ်လဲ ဦးပိုင်နဲ့ ဝမ်ဘောင်ကုမ္ပဏီက
ဖွံ့ဖြိုးရေးပါဗျ၊ ဖွံ့ဖြိုးရေးပါဗျာလို့ လျှာကို ဘတ်ကြိုးစင်ပြောသော်လဲ
ကြိုက်သလောက်ပြော၊ အဲဒီပြောကြားချက်တွေဟာ ဒေသခံတွေအတွက်
ငရဲမင်းကြီးရဲ့ဟားတိုက်သံတွေသာ ဖြစ်ပါလိမ့်မယ်ခင်ဗျား။
(Photo - 2012 March, Opening Ceremony of Lat Pa Taung Mountain Project) Read More
ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့်   ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှ
င့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။
အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည်   တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရသော လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ရှိသကဲ့သို့ တရားရုံးများကလည်း ပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု ဦးကိုနီကပြောကြားသည်။
ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ "ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်"ဟု ၎င်းကပြောသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။
ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက "အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊ လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ"ဟု ပြောသည်။
သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။
"တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။ ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို ၀င်ရောက်ဖြေရှင်းပေးရတာများတယ်"ဟု ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊ ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်။
တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ် ပြစ်ဒဏ်ချမှတ်မှု မတူညီသည်မှာ တရားသူကြီးက လာဘ်ယူ၍   ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊ မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့် သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ "အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်"ဟု အမျိုးသားတစ်ဦးကပြောသည်။
အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။
သို့ရာတွင် ထိုသို့ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်တို့မှာ တရားဥပဒေစိုးမိုးရေးယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိကတာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟု ဦးကိုနီကပြောသည်။
7DAYS
Read More
ကျောက်န်ီမော်မှ ရခိုင်တိုင်းရင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ရောက်ရှိ
ရခိုင်ပြည်နယ်၊ ကျောက်နီမော်အုပ်စုမှ ရခိုင်တိုင်းရင်း သားတစ်ဦး သေနတ်ဒဏ်ရာဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့၊ည ၇ နာရီက ရန်ကုန်မြို့ သို့ မြန်မာ့လေကြောင်းဖြင့် ရောက်ရှိ လာကြောင်း သိရသည်။
ကျောက်နီမော်အုပ်စု၊သပြေချောင်ကျေးရွာမှ ဦးမောင်သန်း တင်သည် သေနတ်ဒဏ်ရာ ဖြင့် ရန်ုကုန်အနောက်ပိုင်းခရိုင် ၊အရိုး ဆေးရုံအရေးပေါ်ဌာနတွင်
ဆေး ကုသ မူခံယူလျှက်ရှိပြီး လက် ရှိတွင် ရခိုင်အမျိုးသားကွန်ယက် မှ တာဝန်ယူစောင့်ရှောက်ပေးလျှက် ရှိကြောင်းသိရသည်။
ဆရာဝန်များ၏ စစ်ဆေး ချက်အရ ဦးမောင်သန်း တင်၏ ညာဘက်ပေါင်ရင်းတွင် ကျည် ဆံကျန်ရှိနေသေးပြီး ပေါင်ရိုးကျိုး သွားကြောင်း ရခိုင်အမျိုးသား ကွန်ယက်၏ ပြောကြားချက် အရသိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ မြောက်ဦးမြို့နယ်မှ ကျောကုန်းလှံ ဒဏ်ရာဖြင့်တစ်ဦး၊ ကျောက်တော်မြို့နယ်မှ လက်မောင်းသေနတ် ဒဏ်ရာဖြင့် တစ်ဦး၊ မြေပုံမြို့နယ်မှ မျက်စိဂျင်ဂလိထိဒဏ်ရာဖြင့်သုံးဦး စုစုပေါင်း ၅ ဦး သည် ဆေးကုသ မူခံယူနေရကြောင်းသိရသည်။
Read More
မှော်ဝင်မြို့ - အဖွဲ့ဝင်များ