သမတကြီး သိစေလို (မိုးမခပေးစာ) ပြည်သူတဦး

ယခုအခါ နိုင်ငံတော်အစိုးရမှ (GSM 2.75 G) မိုဘိုင်းများအား
မြို့နယ်နှင့် ကျေးရွာများတွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၏ အကူ
အညီကိုရယူကာ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချရောင်းချရာတွင်
အမှန်တကယ်သုံးစွဲမည့် ကျေးလက်နေပြည်သူများ၏လက်ဝယ်သို့
သက်သက်သာသာနှုန်းထားဖြင့်ရောက်ရှိစေရန်အတွက် မလိုလားအပ်သော
ငွေကျေးကောက်ခံမှုများ မပြုလုပ်ရန်၊ သတ်မှတ်နှုန်းထားမှအပ
အပိုငွေကျေးကောက်ခံမှုမရှိစေရန်ညွှန်ကြားထားကြောင်း သိရှိရသည်။
ညွှန်ကြားချက်တွင် စစ်ဆေးတွေ့ရှိပါကလည်း ထိရောက်စွာ အရေး
ယူမည်ဟုပါရှိကြောင်းလည်း သိရှိရပါတယ်။

ညွှန်ကြားချက်ကို အတိအကျထုတ်ထားသော်လည်း တကယ်လက်တွေ့တွင်
အိတ်ချိန်းဝန်ထမ်းများမှ ငွေကျေးကောက်ခံမှုများရှိနေသည်ဟု သိရပါတယ်။
သမ္မတကြီးမှ ဆင်းရဲမှုပပျောက်စေရေးဟုပြောကြားနေသော်လည်း
အောက်ခြေ၀န်ထမ်းများမှလိုက်နာမှုမရှိဘဲ အကျင့်ပျက်ခြ စားနေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေတောင်၊ ပန်းတောင်း
ကြိ့ပင်ကောက်မြို့နယ်တို့တွင် လျှောက်လွှာခဆိုပြီး ကျပ် ၁၀၀၀ နှင့်
အုတ်ဖိုမြို့နယ်တို့ တွင် ကျပ် ၁၅၀၀ တို့ကို ကောက်ခံလျှက်ရှိကြောင်း
သိရပါတယ်။ ထို့အပြင် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များသို့
ဆက်သွယ်ရေးလုပ်ငန်း များမှ အများပြည်သူနှင့်သက်ဆိုင်သည့်
လုပ်ငန်းများမှာသုံးစွဲရန်အတွက် လစဉ်ထုတ်ပေးနေတဲ့ ဒီဇယ်ဆီများကိုလည်း
ကိုယ်ကျိုးအတွက် သုံးစွဲနေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ယခုလို နိုင်ငံတော်သမတကြီးနှင့် တာဝန်ရှိသူများက
ပြုပြင်ပြောင်းလဲနိုင်ရန်ကြိုးစားနေသော်လည်း အောက်ခြေအာဏာပိုင်တို့ရဲ့
အကျင့် ပျက် ခြစားနေမှုများကို သိမြင်စေရန်အတွက်
ဖော်ထုတ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ