Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

ချန်နရာရဲ့ အကောင်းဆုံး အတွေးအခေါ် ( ၁၅ ) ခု


( ၁ ) အခြား သူ တွေရဲ့ အမှားတွေ ကနေ သင်ခန်း စာ ရယူပါ။ သင့် အနေနဲ့ အမှားတွေ အားလုံး ကိုယ်တိုင် လိုက် လုပ်ကြည့် ရလောက် အောင် အသက်မရှည် နိုင်ပါဘူး။
( ၂ ) လူ တစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့ သစ်ပင်တွေဟာ အရင်ဆုံး အခုတ် ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံးရှင်းထုတ် ခံရတတ်ပါတယ်။


( ၃ ) မြွေ တစ်ကောင် ဟာ အဆိပ် မရှိ လျှင်ပင် အဆိပ် ရှိချင်ယောင် ဆောင် နေရပါမယ်။

( ၄ ) မိတ်ဆွေ ဖြစ်ခြင်း ရဲ့ နောက်ကွယ် မှာ ကိုယ့်ကျိုး ကြည့်မှု အချို့ ရှိနေ တတ် ပါတယ်။ ကိုယ့် ကျိုး မကြည့် တဲ့ မိတ်ဆွေ စိတ် ဆိုတာ မရှိ ပါဘူး။ ဒါဟာ လက်ခံ ရန် ခက်ခဲ လွန်း ပေမယ့် ပကတိ အခြေ အနေ မှန်ပါပဲ။

( ၅ ) အလုပ် တစ်ခုခု မစ တင်မှီ မိမိ ကိုယ်ကို အမြဲတမ်း မေးခွန်း သုံးခု မေးပါ။ “ဒီအလုပ် ကို ဘာကြောင့် လုပ်နေ တာလဲ။ အကျိုး ရလဒ်တွေ က ဘာတွေ လဲ။ အောင်မြင် နိုင်ပါ့ မလား။” ဒီ မေးခွန်း တွေနဲ့ပတ်သက် ပြီး လေးလေး နက်နက် စဉ်းစား၊ ကျေနပ် လောက်တဲ့ အဖြေ တွေ့ မှသာ ဆက်လက် လုပ်ဆောင် ပါ။

( ၆ ) ကြောက်ရွံ့မှု ပေါ်လာ လျှင် ချက်ချင်း ပင် တိုက်ခိုက် ဖယ်ရှား ပစ် လိုက်ပါ။

( ၇ ) လောကကြီး မှာ အကြီးမား ဆုံး စွမ်းအား ဆိုတာ အမျိုးသမီး တစ်ယောက် ရဲ့ နုပျိုမှု နဲ့ အလှအပ ပါ။

( ၈ ) တစ်ခုခု စတင် လုပ်ဆောင် တဲ့ အခါ ကျရှုံးမှာ ကို မကြောက် ပါနဲ့။ စွန့်လွှတ် အရှုံး မပေး ပါနဲ့။ ရိုးရိုး သားသား လုပ်ကိုင် ဆောင်ရွက် တဲ့ လူတွေ ဟာ အပျော်ရွှင် ဆုံး လူတွေ ဖြစ်နေ တတ် ပါတယ်။

( ၉ ) ပန်းပွင့် တွေရဲ့ ရနံ့ဟာ လေနှင်ရာ ဘက်သာ မွေးပျံ့ ပါတယ်။ ဒါပေမယ့် လူ တစ်ယောက်ရဲ့ ဂုဏ် သတင်း ကတော့ အရပ် မျက်နှာ အားလုံး ပျံနှံ့ပါတယ်။

( ၁၀ ) ဘုရား သခင်ဆို တာ ရုပ်တု တွေမှာ ရှိမနေ ပါဘူး။ သင့် ခံစားချက် ဟာ သင်ရဲ့ ဘုရားသခင် ပါ။ သင့်စိတ် ဟာ သင်ရဲ့ ဘုရားကျောင်း ပါ။

( ၁၁ ) လူ တစ်ယောက် ဟာ ဖွားမြင် ခြင်းဖြင့် ကြီးမြတ် လာတာ မဟုတ်ဘူး။ လုပ်ဆောင်ချက် ဖြင့်သာ ကြီးမြတ် လာတာပါ။

( ၁၂ ) သင့် အဆင့် အတန်း ထက် မြင့်နေတဲ့ လူတွေ၊ နိမ့်ကျ နေတဲ့ လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေ မဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေ ဖွဲ့မှုမျိုး ဟာ ဘယ်လို ပျော်ရွှင်မှု မျိုး ကိုမှ မပေးကမ်း နိုင်ပါဘူး။

( ၁၃ ) သင့် ကလေး ကို ပထမ ငါးနှစ် တာ ကာလ အတွင်း ချစ်သူ တစ်ဦးလို ဆက်ဆံ ပါ။ နောက် ငါးနှစ် မှာ ဆူပူ ကြိမ်းမောင်း ပါ။ ဆယ့် ခြောက်နှစ် အရွယ် ရောက်တဲ့ အခါ သူငယ်ချင်း လို ဆက်ဆံပါ။ ကြီးပြင်း အရွယ် ရောက်လာတဲ့ ကလေး တွေ ဟာ သင်ရဲ့ အကောင်း ဆုံး သူငယ်ချင်း တွေ ပါပဲ။

( ၁၄ ) မျက်မမြင် တစ်ယောက် အတွက် မှန်တစ်ချပ် ဟာ အသုံးမဝင် သလို လူမိုက် တစ်ယောက် အတွက် စာအုပ် တွေ ဟာလည်း အသုံး မဝင် ပါဘူး။

( ၁၅ ) ပညာ ဆိုတာ အကောင်း ဆုံး မိတ်ဆွေ ပါ။ ပညာတတ် တစ်ယောက် ကို နေရာ တိုင်းက လေးစား တန်ဖိုး ထား ပါတယ်။ ပညာ ဟာ အလှ တရားနဲ့ ငယ်ရွယ် နုပျိုမှု ကို အနိုင်ယူ ပါတယ်။
Read More

သမိုင်းလူသား “အဲလ်ဘတ် အိုင်စတိုင်း”


Weakness of attitude becomes weakness of character.
ခံယူချက် ပျော့ညံ့မှုကနေ ကိုယ်ကျင့်တရား လျော့ရဲမှု ဖြစ်လာတယ်။
အဲ(လ) ဘတ် အိုင်စတိုင်းသည် ၂ဝ ရာစု၏ အကြီးမြတ်ဆုံး သိပ္ပံ ပညာရှင်အဖြစ် အသိအမှတ် ပြုခံရ သော ဂျာမန်နွယ်ဖွား၊ အမေရိကန် သဘောတရားရေးရာ ရူပဗေဒပညာ ရှင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ်သည်။
သူရှာဖွေဖော်ထုတ်ခဲ့သော နှိုင်းရ ဓမ္မသဘောတရား (Relativity Theory) မှာ ယနေ့ အချိန်ထိ အသုံးဝင် မှန်ကန်နေဆဲ တရားဖြစ်သည်။ နျူကလီး ယားကွဲကွာမှု (Nuclear Fission) ကို သူဖော်ထုတ်တင်ပြခဲ့သော်လည်း ထို နျူကလီးယား စွမ်းအင်ကို အသုံးချ၍ နျူကလီးယား လက်နက် ထုတ်လုပ်ခြင်းကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချခဲ့သော စစ်ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သည်။

အဲ(လ)ဘတ် အိုင်စတိုင်းကို ၁၈၇၉ ခုနှစ် မတ် ၁၄ ရက်တွင် ဂျာမန် အင်ပိုင်ယာ၊ ဝါတင်ဘတ်(ဂ)နယ်၊ အန်းမြို့၌ ဖခင်ဟာမန်းအိုင်စတိုင်းနှင့် မိခင် ပေါ်လင်း အိုင်စတိုင်းတို့က မွေးဖွားခဲ့သည်။ အသက် ၆ ပတ်သား အရွယ်တွင် မိသားစုက မြူးနစ်မြို့ သို့ ပြောင်းရွှေ့ခဲ့သဖြင့် ငယ်စဉ်က မြူးနစ်တွင် စတင်ပညာသင်ကြားခဲ့ ပြီး နောက်ပိုင်း တွင် အီတလီနိုင်ငံ၌ ဆက်လက်သင်ကြားကာ ၁၈ဝ၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ရှိ ဖယ်ဒရယ်ပိုလီတက္ကနစ် ကျောင်း သို့ တက်ရောက်ခဲ့သည်။ ၁၉ဝဝ ပြည့် နှစ်တွင် ရူပဗေဒဖြင့် ဘွဲ့ရခဲ့ပြီး ၁၉ဝ၅ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိခဲ့သည်။

အိုင်စတိုင်းသည် ဝဝဝ ခုနှစ် တွင် ဇူးရစ်တက္ကသိုလ်၌ ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၁၁ ခုနှစ်တွင် ချက်နိုင်ငံ တွင် ပါမောက္ခ အဖြစ် ယာယီတာဝန် ထမ်းဆောင်ကာ နောင်နှစ်တွင် ဇူးရစ် ၌ ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဘာလင်တက္ကသိုလ်၌ ပါမောက္ခအဖြစ်နှင့် ဂျာမဏီနိုင်ငံသား ဖြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင်  နာဇီ ဟစ်တလာ၏ ဂျူးဆန့်ကျင်သော နိုင်ငံရေးကြောင့် ဂျာမဏီနိုင်ငံသား အဖြစ်ကို စွန့်လွှတ်၍ အမေရိကားသို့ ထွက်ပြေး ဝင်ရောက်ခဲ့ပြီး ပရင့်စတန်တက္ကသိုလ် တွင် သဘောတရားရေးရာ ရူပဗေဒ ပါမောက္ခအဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၄ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသား  အဖြစ်ခံယူပြီး ၁၉၄၅ ခုနှစ်တွင် ရာထူးမှ အနားယူ ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက် လာသည့် ကမ္ဘာ့အစိုးရလှုပ်ရှားမှုတွင် အဓိက ဦးဆောင်သူတစ်ဦးဖြစ်သော အိုင်စတိုင်းကို အစ္စရေးနိုင်ငံ၏ သမ္မတ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ သို့ သော် ဂျေရုဆလင် ဟီးဘရူးတက္ကသိုလ်  ထူထောင်ရေးတွင် ဒေါက်တာ ချိမ်း (မ)ဝိုက်(ဇ)မင်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
အိုင်စတိုင်းသည် ရူပဗေဒ၏ ပြဿနာများကို အမြဲတမ်းရှာဖွေပြီး မရမက ဖြေရှင်းလေ့ရှိခဲ့သည်။ ပြဿနာ ဖြေရှင်းရာတွင် သူ့ကိုယ်ပိုင် မဟာဗျူဟာကို အသုံးပြုပြီး ပန်းတိုင်ရောက်  ရှိရေးအတွက် အရေးပါသောအဆင့် များကို တင်ကြိုမြင်နိုင်စွမ်းရှိသည်။ သူသည် ကြီးမားသော အောင်မြင်မှုများ  ရရှိလာခြင်းအပေါ်၌ ကျေနပ် မနေဘဲ နောက်တစ်ဆင့် တက်လှမ်းရန် လှေကား ထစ်များအဖြစ်သာသဘောထားခဲ့သည်။

စကြာဝဠာကြီးကို လေ့လာရာ တွင် ကာလနှင့် အာကာသကို အခြေ တည်၍ အိုင်စတိုင်းက ရှင်းလင်းပြခဲ့ သည်။ E-mc2 ဟူသော သင်္ချာညီမျှ ခြင်းသည် ယနေ့တိုင် ကျော်ကြား သော စွမ်းအင်သဘောတရားဖွင့်ဆို ချက်ဖြစ်သည်။ စွမ်းအင် (Energy) သည် ဒြပ်ထု (mass)နှင့် အလင်း အလျင်နှုန်း (c)နှစ်ဆမြှောက်၍ ရသည့် ရလဒ်နှင့် ညီမျှသည်ဟု အိုင်စတိုင်း က ဆိုသည်။ ဤညီမျှခြင်းမှ နျူကလီးယား စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ကြ ရသည်။ ၁၉၂၁ ခုနှစ်တွင် ရူပဗေဒ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။

၁၉၃၉ ခုနှစ်တွင် အိုင်စတိုင်းက အမေရိကန်သမ္မတ ရုစဗဲ့ထံသို့ စာ ရေးပြီး နျူကလီးယားစွမ်းအင်၏ စစ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ များကို ဖော် ပြခဲ့သည်။ တစ်ဖက်တွင် ဟစ်တလာ ၏ နာဇီဂျာမဏီက အနုမြူဗုံး ပြုလုပ် နိုင်ခြေ ကိုလည်း ထောက်ပြသတိပေး ခဲ့ရာ သူ၏ အကြောင်းကြားချက်က အမေရိကန်၏ အနုမြူဗုံး ထုတ်လုပ်ရန် ဆုံးဖြတ်ရာတွင် ဩဇာ သက်ရောက်ခဲ့ သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် က ဂျပန်ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့များ ပေါ်သို့ အနုမြူဗုံးများ သုံးစွဲ တိုက်ခိုက်သောအခါ အိုင်စတိုင်းက အပြင်းအထန် ကန့်ကွက်ရှုံ့ချခဲ့ပြီး နောက်ပိုင်း တွင် နျူကလီးယား လက်နက်များ ဆန့်ကျင်ရေးကို တောက် လျှောက်ရေးသားဟောပြောခဲ့သည်။

အိုင်စတိုင်း၏ သုတေသနတွေ့ ရှိချက်များမှ အထူးအရေးကြီးသော မှတ်တမ်းများမှာ နှိုင်းရဓမ္မဆိုင်ရာ အထူး သဘောတရား (Special Theory of Relativity 1905)၊ နှိုင်းရဓမ္မတရား အင်္ဂလိပ်ဘာသာပြန် (Relativity 1920, 1950)၊ နှိုင်းရဓမ္မဆိုင်ရာ အထွေထွေသဘောတရား (General Theory of Relativity 1916)၊ ဘရောင်း ရွေ့လျားမှုဆိုင်ရာ သဘောတရား လေ့လာချက်များ (Investigations on Theory of Brownian Movement 1926) နှင့် ရူပဗေဒ ဆင့်ကဲဖြစ်စဉ် (The Evolution of Physics 1938) တို့ဖြစ်သည်။ သိပ္ပံစမ်းသပ်မှု မဟုတ်သော ကျမ်းများမှာ ဇီယွန်ဝါဒအကြောင်း (About Zionism 1930)၊ စစ်ဘာကြောင့်ဖြစ် (Why War 1933)၊ ကျွန်ုပ်၏ အတွေးအခေါ် (My Philosophy) နှင့်  ကျွန်ုပ်၏ နောက်ပိုင်းနှစ်ကာလများ (Out of My later Years 1950) တို့ ဖြစ်ပါသည်။

အဲ(လ)ဘတ် အိုင်းစတိုင်းသည် ၁၉၅၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် အေဩတစ် သွေးကြော ပေါက်ကွဲမှုကြောင့် အတွင်း သွေးယိုမှုဖြစ်ပွားကာ ကွယ်လွန်ခဲ့ပါသည်။
ကိုးကား၊

အတ္ထုပ္ပတ္တိ အဘိဓာန် (မောင်ဝံသ)၊

Read More

၁၉၆၉ ခုနှစ်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် SEA GAMES ဖွင့်ပွဲ သမိုင်းဝင်ရှားပါးပုံလေးပါ.


======================================
၅ ကြိမ်မြောက် SEA GAMES ပွဲမှာ
★ မြန်မာ ( Burma) ရွှေ (၅၇) ခုနဲ့ ပထမ။
★ ထိုင်း (Thailand) ရွှေ (၃၂) ခုနဲ့ ဒုတိယ။
★ စင်္ကာပူ ( Singapore) ရွှေ (၃၁) ခုနဲ့ တတိယ။
-----------------------------------------------
အသီးသီးရရှိခဲ့ပြီး မြန်မာတို့ရဲ့ SEA GAMES ရွှေခေတ်ကာလကြီးလည်းဖြစ်ပါတယ်။
Photo Credit to : Mech Ko Lay
Read More

ရွှေဘကွ !


မင်းသားကြီး “ရွှေဘ” ဆိုရင် ဒီခေတ်လူငယ်တွေ ကြားဘူးတဲ့သူ သိပ်မရှိလောက်တော့ဘူး။
ကျွန်တော်တို့ ငယ်ငယ်ကတော့ “ရွှေဘ” ဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ သိပ်ရေပန်းစားခဲ့တဲ့ အက်ရှင် မင်းသားကြီးပေါ့ဗျာ။ အထိုးအကြိတ် ၊ အသတ်အပုတ် ၊ ဆိုင်ကယ်စီး ၊ ဒိုင်ဗင်ပစ် ၊ အကြမ်းအရမ်းအစုံအလင်ကို လူစားမထိုးဘဲ ကိုယ်တိုင် သက်စွန့်ဆန်ဖျား ရိုက်ကူးခဲ့တဲ့ မင်းသားကြီးပေါ့ဗျာ။

ရုပ်ကလည်း နှာတံပေါ်ပေါ် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း နဲ့ တကယ့် အမျိုးသမီးကြိုက် မင်းသားကြီး တစ်ဆူပေဘဲ။

အဲဒီတုန်းက မင်းသားကြီး ရွှေဘ နဲ့ တွဲဘက် မင်းသားကြီးတစ်ဦးလည်း ရှိသေးသဗျ။ “တင်ညွှန့်” ဆိုတဲ့ မင်းသားကြီး ဦးတင်ညွှန့်ပါဗျား။ သူနဲ့ ရွှေဘနဲ့က အတူတွဲဖက် သရုပ်ဆောင်ကြတာ များပါတယ်။ “ရွှေဘ နဲ့ တင်ညွှန့်” ဆိုရင် အဲဒီခေတ်က ကလေး ၊ လူကြီး ပါးစပ်ဖျားမှာ အလွန်ရေပန်းစားခဲ့တဲ့ အတွဲပေါ့ဗျာ။

မင်းသားကြီး ရွှေဘ အလွန်နာမည်ကြီးတဲ့ အချိန်တွေက ကျွန်တော်အသက် (၅)နှစ် (၆)နှစ်လောက်ဘဲ ရှိဦးမယ် ထင်ပါတယ်။ ငယ်ငယ်က ကလေးတို့ဘာဝ ကစားနည်းပေါင်းစုံနဲ့ ကစားကြတဲ့အထဲမှာ “နောင်ဂျိန်ချတန်း” ကစားတယ် ဆိုတာလည်း ရှိသဗျ။ နောင်ဂျိန်ချတမ်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ ကြိတ်ကြတာပါဘဲဗျာ။

အဲဒီလို နောင်ဂျိန်ချတမ်းကစားကြပြီဆိုရင် “ရွှေဘ” လုပ်ချင်သူကသာ များပြီး “တင်ညွှန့်” လုပ်ချင်တဲ့သူ မရှိဘူးဗျ။ ဒါကြောင့် နောက်ဆုံးတော့ ရွှေဘ နေရာကို တစ်ယောက်တစ်လှည့်စီ မဲချပြီးယူကြမှ ကစားပွဲ ဖြစ်မြောက်တော့သဗျို့။

ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ တောရောမြို့ပါ အုန်းအုန်းကြွက်ကြွက် ရုံပြည့်လျှံအောင် အားပေးကြတာ ကလား။ ကျွန်တော်တို့မြို့ကလေးမှာ ဇာတ်ကားတစ်ခု ရုံတင်ရင် (၃)ရက်လောက်ဘဲ ပြရတဲ့အချိန်မှာ ရွှေဘ ကားဆိုရင်တော့ တစ်ပါတ် (၁၀)ရက်လောက်တော့ အသာကလေးဗျ။ နယ်လုံးကျွတ်အောင် ၀က်ဝက်ကွဲ အားပေးကြတာ။

ရွှေဘကို ချစ်တဲ့ ပရိတ်သတ်တွေကလည်း ဘယ်လောက်ချစ်ကြသလဲဆိုရင် ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသားကြီး ရွှေဘက လူဆိုးတွေကို ဆုံးမ,ထိုးကြိတ်ပြီဆိုရင်တော့ လက်ခေါက်မှုတ်သံ တရွှီရွှီ ၊ လက်ခုတ်သံ တဖြောင်းဖြောင်းပေါ့ဗျာ။

အဲ- ရွှေဘက ခံရပြီဆိုတဲ့ အလှည့်ဆိုရင်တော့ အောက်က ပရိတ်သတ်က “ဟေ့ တော်တော့ကွ ၊ မတရားမလုပ် နဲ့ ၊ တော်လောက်ပြီ” ဆိုတာက တစ်မျိုး ၊ “ကိုရွှေဘ - ဘာလို့ခံနေတာလဲ ပြန်ချပါတော့လား ၊ လုပ်တော့လေ” ဆိုတာက တစ်ဖုံ ၊ အဲသည်လိုမျိုး။

တစ်ခါကလည်း ရွှေဘက ရှေ့က လူဆိုးတစ်ယောက်နဲ့ ထိုးကြိတ်နေတုန်း နောက်ကနေ လူဆိုးတစ်ယောက်က တုတ်နဲ့ ရိုက်ဖို့ ပြေးဝင်လာတော့ ပရိတ်သတ်ထဲကနေ “ကိုရွှေဘ ရေ ၊ မြန်မြန်ရှောင်လိုက် ၊ နောက်မှာ ခင်ဗျားကို ရိုက်တော့မယ် ၊ နောက်ကိုကြည့် - နောက်ကိုကြည့်” ဆိုပြီး မချင့်မရဲနဲ့ ထ အော်ကြတာမျိုးကိုလည်း ကျွန်တော် ကြားဘူးမှတ်ဘူးခဲ့ရပါသဗျာ။

တစ်ခါတုန်းကလည်း ဇာတ်ကားတစ်ခုမှာ မင်းသားကြီးရွှေဘက လူဆိုးတွေ နှိပ်စက်တာကို လှိမ့်ပိန့် ခံနေရတာ အချိန်ကကြာလာတော့ အောက်က ပွဲကြည့်ပရိသတ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီး ရုပ်ရှင် ပိတ်ကားကို ပြောင်းဖူးရိုးနဲ့ ပေါက်သူပေါက် ၊ ခဲနဲ့ ထုသူထု ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလို့ ရုပ်ရှင်ပြတာကို ခဏရပ်ပြီး အသံချဲ့စက်နဲ့ ဒီလို အော်ရတယ်ဆိုဘဲ။

“ရွှေပွဲလာ ပရိတ်သတ်ကြီးခင်ဗျား ၊ အခုအချိန်မှာ မင်းသားကြီးရွှေဘ ခံနေရပေမယ့် သိပ်မကြာခင်မှာဘဲ မင်းသားကြီး ရွှေဘအလှည့်ကို ပြန်ရောက်တော့မှာပါ ခင်ဗျား ၊ သူ့ကို နှိပ်စက်သူတွေကို ပြန်ပြီး ဆုံးမမယ့်အလှည့်ကို မကြာခင်ဘဲ ရောက်တော့မှာမို့ အခုအချိန်လေးကို သည်းခံပြီး စောင့်စားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား” လို့ ဆိုပြီး ပွဲကို ထိန်းလိုက် ရတယ်ဆိုဘဲ။

မင်းသားကြီး ရွှေဘကို တစ်နိုင်ငံလုံးလိုလို ကြိုက်ကြပေမယ့် ကျွန်တော်ကြားဘူးသမျှထဲမှာတော့ မကွေးတိုင်း “မင်းလှမြို့” ကတော့ ရွှေဘကို တစ်ကယ့်ကို အသဲစွဲဆိုဘဲ။ ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ နယ်ဘက်က ပရိတ်သတ်တွေ နေ့လည်လောက်ကတည်းက ခြေကျင် , စက်ဘီး ၊ နွားလှည်း တွေနဲ့ မြို့ပေါ်ကို အုပ်လိုက် အုပ်လိုက် ချီတက်လာကြတော့တာဘဲတဲ့။ (နယ်တွေမှာက ရုပ်ရှင်ကို နေ့ဘက် မပြဘူးလေ ၊ ညဖက်ဘဲ ပြတာကိုး)

ငိုအားထက် ရယ်အားသန် ဆိုသလို အဖြစ်အပျက်တစ်ခု ကြားဘူးလိုက်သေးတယ်။ အဲဒီ ရွှေဘကို အလွန်ကြိုက်တဲ့ မင်းလှမြို့မှာ တစ်ခါတော့ အင်္ဂလိပ်ကားတစ်ခု ၀င်လာတယ်ဗျ။ မင်းသားက ခေသူ မှတ်လို့လား။ နောင်အခါမှာ “ဂျိမ်းစ်ဘွန်း” လို့ နာမည်ကြီးလာမယ့် မင်းသားကြီး “ရှောင်ကွန်နရီ” ပေါ့ဗျ။

အဲဒီတုန်းက သူ့ရဲ့ ပထမဆုံးကားဖြစ်တဲ့ Dr.No ဇာတ်ကားကြီး မင်းလှမြို့မှာ ရုံတင်ပါလေရောဗျာ။ ဒါပေမယ့် ကြည့်မယ်လူ မရှိဘူးဗျ။ ဒုတိယနေ့ ဆက်ပြတော့လည်း ဒီလိုဘဲ လူက ခပ်ကြဲကြဲဘဲ။ အင်္ဂလိပ်ကား ဆိုတော့ အင်္ဂလိပ်စကား နားမလည်တာလည်း ပါမှာပေါ့ဗျာ။ ဒါနဲ့ ရုပ်ရှင်ရုံပိုင်လည်း ကြံရတော့တာပေါ့။ နောက်တော့ အကြံတစ်ခုရတာနဲ့ နောက်နေ့မှာ “ကြော်ငြာလှည့်” တဲ့ အချိန်မှာ ဒီလို ဒီလို ပြောကြကွာဆိုပြီး ကြော်ငြာသမားကို အကြံပေးသတဲ့။

ဒီနေရာမှာ “ကြော်ငြာလှည့်တယ်” ဆိုတဲ့စကားကို ရှင်းပြရဦးမယ်။ ကျွန်တော်တို့ နယ်မြို့လေးတွေမှာ ဇာတ်ကားသစ် တစ်ခု ရုံတင်ရင် အဲဒီဇာတ်ကားနာမည် ၊ ပါဝင်တဲ့ မင်းသားမင်းသမီးတွေ နဲ့ ဇာတ်လမ်းအကျဉ်းလေးကို အခုခေတ် လက်ကမ်းစာစောင်တွေ ဝေသလို “မြင်းလှည်း” နဲ့ လှည့်ဝေသဗျ။

ရိုးရိုးဝေတာ မဟုတ်ဘဲ “ကြော်ငြာအပြောကောင်းတဲ့” လူတစ်ယောက်ကနေ ဇာတ်လမ်းက ဘယ်လို ၊ ဘယ်ညာ ၊ စသည်ဖြင့် မြင်းလှည်းပေါ်ကနေ အသံချဲ့စက်နဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ဇာတ်ကားကို ကြည့်ချင်လာအောင် မဲဆွယ်ပြီး ကြော်ငြာစာရွက်တွေ လိုက်ကြဲတာကို “ကြော်ငြာလှည့်” တယ်လို့ ခေါ်ကြပါတယ်။

ကျွန်တော်တို့ကလေးတွေကတော့ ကြော်ငြာလှည့်လာပြီဆိုရင် သိပ်ပျော်တာလား။ မြင်းလှည်းနောက်ကနေ ကြဲချတဲ့ ကြော်ငြာစာရွက်တွေ လိုက်လုကြတာလေ။

ဒီလိုနဲ့ ကမ္ဘာကျော် မင်းသားကြီး ဂျိစ်းစ်ဘွန်း ခမျာလည်း အပွဲပွဲ နွဲလာခဲ့သမျှ မင်းလှမြို့ကို ရောက်မှ “ရွှေဘ” ကို မယှဉ်နိုင်ဘဲ နာမည်ပျက်ရတော့မယ့် ကိန်း ဆိုက်ရတော့တာပါဘဲဗျာ။ ဒီတော့ စောစောကပြောသလို နောက်နေ့ကြော်ငြာလှည့်တော့ ခါတိုင်းလို မကြော်ငြာဘဲ ဒီလို ကြော်ငြာလိုက်တယ် ဆိုဘဲ။

“ချစ်စွာသော ရွှေပွဲလာ ချစ်ပရိတ်သတ်များခင်ဗျား။ ယနေ့ည ရုံတင်ပြသမည့် ကမ္ဘာကျော် မင်းသားကြီး ဂျိမ်းစ်ဘွန်းပါဝင်သရုပ်ဆောင်ထားသည့် “ဒေါက်တာနိုး” ရုပ်ရှင်ကားကြီးဟာ ဆိုရင်ဖြင့် သာမန် ရုပ်ရှင်ကားကြီး မဟုတ်ပါဘူးခင်ဗျာ။ ရန်ကုန်မြို့မှာ ရုံတင်ပြသခဲ့တုန်းကဆိုရင် ပြည်တော်ချစ် မင်းသားကြီး ဦးရွှေဘကိုယ်တိုင် (၇)ရက်တိတိ အားပေးကြည့်ရှုခဲ့သော ရုပ်ရှင်ကားကြီး ဖြစ်ကြောင်းပါခင်ဗျား” ဆိုပြီးလည်း ကြော်ငြာလှည့်လိုက်ပါရော -

ဘာပြောကောင်းမလဲ “ရွှေဘတောင်မှ (၇)ရက် ကြည့်ရတဲ့ ဇာတ်ကားကြီးဆိုတော့ သာမန်ညောင်ညတော့ မဟုတ်လောက်ပေဘူး” ဆိုပြီး ညဖက်လည်း ရောက်ရော တောနေလှေအောင်း မြင်းဇောင်းမကျန်ဆိုတာလို ရုံပြည့်လျှံအောင် အားပေးလိုက်ကြတာ ဆိုဘဲ။ အဲဒီလောက်ထိအောင် မင်းသားကြီး ရွှေဘရဲ့ အရှိန်အ၀ါက ကြီးခဲ့ပါသဗျား။

ဘာရယ်တော့ မဟုတ်ပါဘူး။ အခုခေတ် ဟောလီဝုဒ်က Action မင်းသားတွေ ကမ္ဘာနဲ့ ချီပြီး နာမည်ကျော်ကြားနေကြတာကြည့်ရင်း မြန်မာနိုင်ငံမှာလည်း တစ်ခေတ်တစ်ခါက ဂျိန်းစဘွန်းမင်းသားတောင် မှ မတိုးနိုင်တဲ့ နိုင်ငံကျော် အက်ရှင်မင်းသားကြီး “ဦးရွှေဘ” ဆိုတာ ရှိခဲ့ဘူးကြောင်း နှောင်းလူတို့ သိစေချင် လို့ စပ်မိစပ်ရာ ဘာညာကွိကွ ရေးလိုက်ရခြင်းပါ။

နှောင်းခေတ်မှာတော့ ရွှေဘနဲ့ ပတ်သတ်ပြီး စကားတစ်ခွန်းတော့ ပြောစမှတ် ကျန်ခဲ့ပါတယ်။

အောင်မြင် ထင်ပေါ်ကျော်ကြားနေတဲ့ လူတစ်ယောက်ဟာ ကံမကောင်းအကြောင်းမလှလို့ကံနိမ့်သွားရာကနေ ပြန်ပြီးတက်လာရင် ပြောလေ့ရှိတဲ့စကားလေးဗျ။

“နောက်ဆုံးတော့ ရွှေဘက ရွှေဘပါဘဲ” တဲ့။

ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
Read More

၁၅ ရာစုတုန်းက ဂျာမဏီမှာ တကယ့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ကလေးတခု



 ဂျာမဏီနိုင်ငံ Nuremberg မြို့လေးမှာ မိသားစုတစုရှိတယ်။ အဲ့မိသားစုဟာ အဖေအမေ အပါအ၀င် ကလေး ၁၈ ယောက်ရှိတယ်။ များပြားလှတဲ့ မိသားစု ထမင်းစားပေါက်အတွက် အဖေခင်ဗျာ တစ်ယောက်တည်း ရွှေတွင်းတူးရင်း အလုပ်အကျွေးပြုရရှာတယ်။

သူတို့မိသားစုမှာ အကြီးဆုံး အစ်ကို နှစ်ယောက်က ရည်မှန်းချက်ကိုယ်စီ ရှိကြတယ်။ သူတို့ရည်မှန်းချက်ကတော့ မြို့က Art Academy တခုကို တက်ချင်ကြတာပါပဲ။ သို့သော် ဖခင်၏ မိသားစုကိုတောင် အနိုင်နိုင် ရှာကျွေးနေရတဲ့ ဘ၀ကို သိတယ်။ ဖခင်မှာ သူတို့ကို ကျောင်းထားဖို့ ပိုက်ဆံ မရှိဘူးဆိုတာ သိတယ် အဲတာကြောင့် ညီနှစ်ကို နှစ်ယောက် ငွေဒင်္ဂါး ခေါင်း
ပန်းလှည့်ပြီး ရွေးမယ် နိုင်သူက ကျောင်းတက်၊ ရူံးသူက ရွှေတွင်းတူးပြီး ကူ၊ ၄ နှစ်တက်ပြီးရင် ရူံးသူက ကျောင်းဆက်တက်၊ ကျောင်းပီးသူက ပန်းချီရောင်းစားပြီးကူ ဆိုပြီး သဘောတူက ညီအစ်ကိုနှစ်ယောက် ခရစ်ယာန်ကျောင်းထဲမှာ ခေါင်းပန်လှည့်တော့ ညီဖြစ်သူက ရူံးပြီး အကိုက နိုင်တော့ ဂတိအတိုင်း ညီက ရွှေတွင်းတူးပြီး အကိုကို ထောက်ပံ့တယ်။

အကိုဖြစ်သူလည်း အားကြိုးမာန်တက် ကြိုးစားတယ် ၄ နှစ်လုံးလုံး မှာ ကျောင်းက ဆရာတွေထက် တော်တယ်။ သူ့လောက် အဲ့မြို့မှာ ဘယ်သူမှ ပန်းချီနေရာမပြိုင်နိုင်လောက်အောင်ကို တော်သွားတယ်။ ၄ နှစ် ကျောင်းပြီး တော့ အိမ်ပြန်ပြီး အိမ်မှာ စားသောက်ပွဲကျင်းပကြပြီး အကိုဖြစ်သူမှ ညီကို ကောင်းချီပေးပြီး ၄ နှစ်လုံးလုံး ကူညီခဲ့အတွက်ပေါ့။ သည်တခါ ညီအလှည့်ကျောင်းတက် တော့ ကွာ ဆိုပြီး ပြောတော့ ညစာစားပွဲမှာ အားလုံး တိတ်နေကြတယ်။

အဲ့တော့ အစ်ကိုလုပ်သူက ညီကိုမေးတယ် “ဘာဖြစ်တုန်း မတက်ချင်ဘူးလားပေါ့ ” အဲ့မှာ သူ့ညီက လက်ကို စားပွဲပေါ်တင်ပြတယ်။ ပြီးတော့ ဘာပြောလဲဆိုရင် မဟုတ်ဘူး အစ်ကို ကျနော် ကျောင်းတော့ တက်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လက်တွေက ကျနော်ရဲ့ စိတ်ကူးတွေကို ပုံဖော်ပေးနိုင်တော့မှာ မဟုတ်ဘူး ” အစ်ကိုလုပ်သူက စိတ်မကောင်းဖြစ်သွားတယ်။ ၄ နှစ်လုံးလုံး ရွှေတွင်းတူးတဲ့ ဒဏ်ကြောင့် လက်ရိုးတွေ ကျိုးသွားပြီး၊ သူ့ ညီ ညာဘက်လက်တစ်ချောင်းလုံးလည်း အဆစ်ရောင်ရောဂါ စွဲကပ်သွားခဲ့လေပြီ။ ဒါပေမယ့် သူ့ညီဟာ သူ့အကိုကြောင့် ဆိုပြီး ညည်းခြင်း မရှိပါဘူး။ ၄ နှစ်လုံးလုံး အဲ့ရောဂါအကြောင်း သိရင် အစ်ကိုလုပ်သူက ပညာကို ဆုံးခန်းမသင်ရမှာစိုးလို့ပါတဲ့။

အစ်ကိုကတော့ ဂျာမဏီမှာ သူ့ခေတ်သူ့အခါက ဘုန်းမီးနေလထွန်းပေါက် ခဲ့တဲ့ ပန်းချီပညာရှင် Albrecht Durer ပဲ ဖြစ်ပါတယ်။ သူ့ညီရဲ့ အလုပ်ကို အသိအမှတ်ပြု သည့်အနေနဲ့ သူ့ညီကိုင်ခဲ့သည့် ပေါက်ချွန်းတွေ ကိရိယာ တွေကို ယခုအခါထိ ကမ္ဘာပေါ် ရှိ ပြတိုက်အနှံအပြားမှာ ပြသခဲ့ပါတယ်။

 လက်ပန်းချီဟာလည်း သူ့ညီကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွဲခဲ့တဲ့ နာမည်ကြီး The praying Hands ပန်းချီပါပဲ။

Read More

ဝီရိယစိုက်ထုတ်ရန် နေရာကို ပြသောသူကို ________ဟုခေါ်သည်။


တစ်ခါတုန်းက မောင်မောင်နဲ့အောင်အောင်ဆိုတဲ့သူငယ်ချင်းနှစ်ယောက် ဒိသာပါမောက္ခ
ဆရာကြီး တစ်ဦးထံကို ပညာသင်ဖို့ အတူတူသွားကြတယ်။ ဆရာကြီးက သူ့ရဲ့ပညာတွေကို တပည့်နှစ်ဦးထံ ဆရာစားမချန် အိပ်သွန်ဖာမှောက်ပေးတယ်။ ပညာသင် သုံးနှစ်ပြည့်တော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်ပြီး အလုပ်နှစ်ခုခိုင်းတယ်။ ပထမအလုပ်က ရေတွင်း
တူးရတဲ့အလုပ်၊ ဒုတိယအလုပ်က မနက်မှာ နှင်းရည်တစ်အိုးရအောင် လုပ်ရမယ့်
အလုပ်ဖြစ်တယ်။သူငယ်ချင်းနှစ်ယောက် ပထမအလုပ်ဖြစ်တဲ့ ရေတွင်း
တူးတဲ့အလုပ် စလုပ်ကြတယ်။မောင်မောင်ရေတွင်းတူးတာ
လူတစ်ရပ်နီးပါးတွင်းအနက်ရှိနေပြီ။ဒါပေမယ့်ရေကထွက်မလာသေး
ဘူး။အောင်အောင်တူးတာ တွင်းအနက်က လက်တစ်တောင်ဆစ်လောက်
ပဲရှိသေးတယ်။ရေကထွက်နေပြီ။
ဒုတိယအလုပ်ကို နောက်နေ့မနက်မှာ နှစ်ဦးသားလုပ်
ဆောင်ကြပြန်တယ်။မောင်မောင်က နေထွက်တဲ့အထိ နှင်ရည်ခံတာ
အိုးတစ်ဝက်ပဲရတယ်။အောင်အောင်က နေမထွက်ခင်မှာပဲ နှင်း
ရည်အိုးအပြည့်ရနေပြီ။
ဆရာကြီးက အောင်အောင်ကို " တပည့်အောင်အောင်
...ရေတွင်းတူးတဲ့နေရာမှာ ရေကြောရှိမှန်း ဘယ်လိုသိခဲ့တာလဲကွဲ့ "ဟုမေးတယ်။
" မြက် ပေါများတဲ့မြေကြီးအောက်မှာ ရေကြောရှိ
မှန်းသိနိုင်ပါတယ် ဆရာ "လို့ အောင်အောင်ကဖြေတယ်။
" ဒါဆိုရင် နှင်းရည်ကိုတစ်အိုးရအောင် ဘယ်လိုစွမ်း
ဆောင်ခဲ့တာတုန်းကွဲ့ "
" ကျယ်ပြန့်တဲ့အဝတ်စနှစ်စကို နှင်းရည်စိုနေတဲ့
အပင်ငယ်လေးတွေပေါ်အုပ်မိုးပြီး နှင်းရည်ရွှဲစိုလာတဲ့အခါ
အိုးထဲကို ညှစ်၍ရယူခဲ့ပါတယ် ဆရာ "
" အိမ်း....ကောင်းပေစွ...ကောင်းပေစွ..."
........…………………………………………………………………
…………………………………………………………………………
ဆရာကြီး ပညာသင်ပေးတုန်းက အောင်အောင်တစ်
ဦးတည်းကို သင်ပေးခဲ့ခြင်းမဟုတ်ပါ။နှစ်ဦးလုံးကို သာတူညီမျှ
သင်ပေးခဲ့တာပါ။သို့သော်လည်း အောင်အောင်က ဦးနှောက်နှင့် နှလုံးသားအိတ်ကပ်ထဲအပြည့်ရယူနိုင်ခဲ့ပေမယ့်
အောင်အောင်ကမရယူနိုင်ခဲ့ဘူး။အောင်အောင်က ဆရာသင်ပေး
တဲ့ပညာကို လက်တွေ့ဘဝမှာအသုံးချနိုင်ခဲ့ပေမယ့် မောင်
မောင်က အသုံးမချနိုင်ခဲ့ဘူး။ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲရွာချ
နေပါစေ တပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတတ်မှ ပညာရတာပါလေ။
………………………………………………………………
………………………………………………………………
ဝီရိယစိုက်ထုတ်ရန်နေရာကို ပြသောသူကို " ဆရာ " ဟုခေါ်သည်။
ငယ်စဉ်မှ ယနေ့အချိန်ထိ ထိတွေ့ဆက်ဆံနေရသော လောကီ၊လောကုတ္တရာ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအပေါင်းတို့အား ဦးညွှန့်ရိုကျိုး လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှိခိုးကန်တော့လိုက်ပါသည်။
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ။

ဦးတိုးအောင်
Read More

"မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း"

 
Merry Christmas in advance. (Silent Night.....Opps....sorry....BLODDY NIGHT) "Newineon anger" has been coined ever since.
Christmas ရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ကိုယ်တွေ့ မှတ်တမ်းလေး တခုကိုတင်ပြပါရစေ....။ ဒီလိုပါ..၁၉၇၅လောက်ကအင်းယားလိပ်ဟော်တယ်မှာ အထူးအစီအစဉ်အဖြစ် ခရစ်စမတ်အကြိုဖျော်ဖြေရေးမှာ ကျနော်တို့ ELF အဖွဲ့နဲ့ ဧည့်သည်တော်တီးဝိုင်း Electronic Machine တို့တီးခတ်ရမှာဖြစ်ပါတယ်။ ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကို အပြင်ရေပန်း ရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကိုမြင်နေရပြီး အင်းယားရေပြင်သာခြားတယ်) မှာကျင်းပပါတယ်။
ည ၈ နာရီခွဲ လောက်မှာပွဲစလို့ ပွဲဦးထွက် ELF အဖွဲ့က ကျနော်နဲ့ Tetkatho အေးမောင် သီဆိုပြီးကြပြီ ၁၁ နာ ရီလောက်မှာ ပထမပိုင်းကျနော်တို့နားချိန်မှာ E. Machine ဖျော်ဖြေ ပါတယ်။ သိတ်မကြာပါ...ဘော်ဒါကြီး စိုင်းထီဆိုင်ရဲ့ Killing me softly အင်္ဂလိပ်လိုဆိုနေချိန် drum အသံပါမလာတော့လို့ ကြည့်လိုက်တော့ Drummer ကိုကျော်ဆွေဟန်ကို လူတယောက်ကဆင်းခိုင်းပြီး သူကတက်ထိုင်လိုက်တာကို အမှောင်ထဲ မှာတွေ့ရပါတယ်၊ အမူးသမားထင်တာပေါ့... ဒါပေမဲ့ မီးထိုးသမား ကိုကျော်ဟိန်း (ရုပ်ရှင်မင်းသားမဟုတ်) က ဦးနေဝင်း နဲ့တူတယ်ဆိုပြီး မီးများအားလုံးဖွင့်ချလိုက်တော့ တကယ့် ဦးနေဝင်းပါဘဲ....Drumstick ကိုကိုင်ထားပြီး၊ ပြောလိုက်တာကတော့"ငါတို့က တိုင်းပြည်အတွက်အလုပ်လုပ်နေတာကို မင်းတို့က ဒီမှာစောက်ကမြင်းကျောထနေကြတယ်" ဆိုပြီး Drum Tom Tom ကို ထိုးဖောက်ဖျက်စီးပြစ်လိုက်တယ်။ 

Sound Engineer ကိုအောင်ဇော်လူ က အသံတွေကို ပိတ်ဖို့စင်ပေါ် တက်လာတာကို "မင်းကလူမိုက်လား" ဆိုပြီး ဆံပင်ကိုဆွဲပြီး ရင်ဘတ်ကိုထိုးပါတယ် ၊နောက်တယောက်နိုင်ငံခြားသားတယောက် (UN ရုံးမှ လို့ပြောပါတယ်) က စင်ပေါ်တက်လာပြီ၊ Christmas မှာ ဒီလိုမလုပ်ဖို့တားတာကို ဦိးနေဝင်းက ဒီလူရဲ့အောက်ပိုင်းကို ကန်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။ ဦးနေဝင်းရောက်ပြီးမှ ဦးစန်းယု၊ ဦးတင်ဦးနဲ့တခြားကောင်စီဝင် များရောက်လာတာတွေ့ရပါတယ်။ ဒိအပြင် စင်နောက်မှာရှိနေတဲ့ ပွဲ တာဝန်ခံ ဇနီးမောင်နှံကိုလည်း ဒီနေရာမှာ ရှိရမလားဆိုပြီး ပါးရိုက်ခဲ့တယ်။ ကိုအောင်ဇော်လူကိုတော့ MI တင်ဦး က လမ်းသရဲလားလို့မေးပြီး လက်ထိပ်ခပ်တော့ ၊ သူက လမ်းသရဲမဟုတ်ကြောင်း၊ သူ့အဖေ နာမည်ပြောတော့မှ ဦနေဝင်းကချက်ချင်းပြန်လွှတ်ပေးခဲ့တယ်။ ကျနော်တို့လည်း ထွက် အပြေးဟော်တယ် ထဲမှာ တခါ ၁၀ပေ အကွာလောက် ဦနေဝင်းနဲ့က "Get out, get out" ဆိုပြီးအော်ငေါက်နေတယ်။ ဝတ်ထားတာကလည်း စစ်အင်္ကျီဆွယ်တာအဟောင်း၊ စစ် ဘောင်းဘီ အဟောင်း၊ ခြေညှပ်ဖိနပ်နဲ့ပါ။ သူ့ရဲ့Bodyguard များကတော့ စင်ပေါ်တက်ပြီး စက်များကို ကန်ချခဲ့ကြတယ်။ ပွဲလာတဲ့လူတွေနဲ့ကျနော်တို့ကတော့ ကမ္ဘာကြီးပျက်သလား အောက်မေ့ရတယ်၊ ဘာမှမကြောက်ပါဘူး ကျည်ဆံတွေအနောက်ကလိုက်လာမှာဘဲကြောက်တာပါ။ ဘယ်ရမလဲ အသကုန် သွန်ခဲ့ရတဲ့ Christmas အကြိုညပေါ့... ။ ဦးနေဝင်းဘာကြောင့် အဲဒီလောက်စိတ်ဆိုးသွားလည်းဆိုတော့....(အတွင်းလူတယောက်ရဲ့ပြောပြချက်အရ) ကျနော်တို့ဒီဘက်မှာ တီးနေတဲ့အချိန်မှာသူနဲ့ကောင်စီဝင်တို့ သူ့အိမ်မှာစုစားသောက်ရင်းနဲ့တပ်မတော်ရှေ့တန်းတိုက်ပွဲက အကျအဆုံးများနေတာတွေ ကိုကြည့်ပြီး ဒေါသထွက်ထွက်ရတာက တကြောင်း၊ သတင်းရုပ်ရှင်ခဏနားတဲ့အချိန် မှာ အင်းယားကန်တဖက်က ကျနော်တို့ ဆိုတီးသံတွေကြားတော့မှ သူ့သားသမီးကို သတိရတယ် ၊မေးကြည့်တော့ အိမ်မှာမရှိကြဘူး၊ အရက်ကလည်းသောက်ထားတယ်၊ အဲဒီမှာရှိမယ်ထင်ကိုယ်တိုင် Mazda Jeep မောင်းပြီး တယောက်ထဲထွက်လာတယ်။ ကောင်စီလူကြီးများကတားတယ်မရ... Motor vehicle ပုလိပ်တယောက်က ဟော်တယ်အဝင် ကားမောင်းမြန်လို့ (ဦးနေဝင်းမှန်းမသိ) တားတယ်၊ အထိုးခံလိုက်ရတယ် (သံခမောက်ကို လမ်းမမှာတွေ့ခဲ့ရတယ်) လက်မှတ်စောင့် ဦနေဝင်းမှန်းမသိ၊ လက်မှတ်သွားတောင်းလို့ ဦနေဝင်းလက်သီးစာ မိသွားတယ်လေ .... ဒါပါဘဲလေ... အားလုံးအတွက်သိထားရအောင်၊ ခရစ်စမတ်လက်ဆောင်လေးပါ.... အားလုံးကိုချစ်ခင်လေးစားပါတယ်။
 ဖေါ်ပြပါပုံလေးကတော့ အဲဒီညကဖျော်ဖြေခဲ့တဲ့ "ELF"ဖြစ်ပါတယ်။
 left to right- Gordon (Drums),Zeyar Chan Htoon (rhythm),Fred Chan Htoon (Bass), Reggie Ba Oo ( Tetkatho Aye Maung)(lead), Peter Paw( Keyboard ). ကျန်တဲ့ပုံကတော့ မခေါ်ဘဲ မမျှော်ဘဲ ရောက်လာတဲ့ ဧည့်သည်ကြီးရဲ့ပုံလေ.... Merry Christmas and a bright happy new year!!!!!
Read More

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ


ကယားပြည်နယ် လွိုင်ကော်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျတ်ဂူဟု လူသိများသည့် နေရာကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားလာနိုင်သော ခရီးစဉ် ဒေသသစ်တစ်ခု အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။


ကျတ်ဂူကိုဒေသ၏ ပါးစပ်ရာဇဝင်အရ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပြည်နယ် အစိုးရအဖွဲ့က လွန်ခဲ့သည့် ငါးလခန့်မှစတင်၍ သွားလာရေး လွယ်ကူစေရန် လမ်းဖောက်ခြင်း၊ ပြုပြင် ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ဦးက ဆက်လက် ပြောကြားသည်။
“အရင်က ဒီနေရာ လမ်းမကောင်းတော့ လာတဲ့သူ အရမ်းနည်းတယ်။ ခုလမ်းတွေလည်း ဖောက်နေတယ်။ ဂူထဲကို ခရီးသွားတွေ ဝင်ကြည့်ရတာ အဆင်ပြေအောင် ပေ ၁၈၀၀ လောက်ထိ မီးကြိုး သွယ်ထားပါတယ်။ ဒီလို ထူးခြားတဲ့ အခေါင်းတွေနဲ့ လိုဏ်ဂူ ရှိနေတာကို ပြည်သူတွေ သိစေချင်ပါတယ်။ ကမ္ဘာကိုလည်း သိစေချင်ပါတယ်။ ဒါမျိုး ဖိလစ်ပိုင်မှာလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။

ကျတ်ဂူတွင် ခုနစ်ပေ ရှစ်ပေခန့်ရှိသည့် သစ်သား အခေါင်းများသည် ပေ ၃၀၊ ၄၀ ခန့် မြင့်သော ဂူမျက်နှာကြက် လိုဏ်ခေါင်း အလွတ်များပေါ်တွင် ရှိနေခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် သစ်သားအခေါင်း ၁၅၀ ခန့် တွေ့ရှိထားသော်လည်း လိုဏ်ဂူ၏ အကျယ်အဝန်းကို အတိအကျ တိုင်းတာနိုင်ခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

ကျတ်ဂူအတွင်းရှိ အခေါင်းများကို မည်သည့် ခေတ်ကာလက ဖြစ်သည်ကို သုတေသန ပြုလုပ်နိုင်ရန် ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ အကြောင်းကြားထားခြင်း မရှိသေးကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ ဘတ်ဂျက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။
“ဝန်ကြီးဖိတ်လို့ လွိုင်ကော်ဘူမိ ဗေဒတက္ကသိုလ်က လူတွေတော့ လာကြည့်သွားတာရှိတယ်။ ရှေးဟောင်း သုတေသန ဦးစီးဌာနကိုတော့ အကြောင်းကြားထားတာ မရှိသေးဘူး။ ဒီဂူကြီးက ဘယ်ခေတ် ဘယ်ကာလကဆိုတာ သေချာသုတေသန လုပ်သင့်တယ်ထင်လို့ ဝန်ကြီးတို့ကို တင်ပြ သွားမှာပါ” ဟု ၎င်းကဆိုသည်။

ကျတ်ဂူအပြင် ပြည်တွင်း ခရီးသွားများနှင့် နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ကယားပြည်နယ် ဒီးမောဆိုးမြို့ရှိ ဒွေးမယ်နော် ခုနစ်ဖော်ရေချိုးကန်ဟု လူသိများသည့် ကန်ခုနစ်ဆင့် ရေကန်၊ လွိုင်ကော်မြို့ရှိ ထီးပွင့်ကန်၊ ငွေတောင်ဆည် တို့ကိုလည်း အဆင့်မြှင့်တင်ခြင်း သွားလာရ လွယ်ကူစေရန် ပြုပြင်နေကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ကယားပြည်နယ်က အရင်က သွားလာဖို့ ပိတ်ထားတော့ ခရီးသွားတွေ အနေနဲ့က အသစ်အဆန်းဆိုတော့ စိတ်ဝင်စားကြတယ်။ ကျတ်ဂူအပြင် အခြားနေရာတွေကို ပြုပြင်တဲ့နေရာမှာ သဘာဝအတိုင်း ဖြစ်ဖို့ မပျက်စီးဖို့ အရေးကြီးပါတယ်။

ဆွဲဆောင်မှုရှိဖို့လည်း လိုပါတယ်။ ဒါဟာ ကယားပြည်နယ် တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။

Credit to - The Voice Weekly

Read More

ဂုဏ်ထူး


ထိုနေ့က မေမေနဲ့ ဖုန်းပြောဖြစ်တယ်။မေမေက ကျွန်
တော့ကို ရည်းစားမထားဖို့၊အိမ်ထောင်မပြုဖို့ တတွတ်တွတ်မှာနေတယ်။
အိမ်ထောင်ဆိုတာ ဘယ်အချိန်ပြုပြုရကြောင်း၊ ကျွန်တော့် အသက်ငယ်သေးကြောင်း၊ အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုပ်ထိုး
ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့် အမျိုးတွေ ဖြစ်ကြောင်း
ဖုန်းထဲကနေဆုံးမနေတယ်။မေမေ့ရင်ထဲက စိုးရိမ်
သောကတွေ သားတို့မောင်နှမရှစ်ယောက်နဲ့သာမြောက်လိုက်ရင်
တော်တော်များမှာဘဲလို့ ကျွန်တော်ခံစားမိတယ်။ဪ.....မေမေရယ်။
" မေမေ ... ဟိုတစ်နေ့က သားသူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်။သူက သားကို မိန်မယူဖို့
အတင်းတိုက်တွန်နေတယ် မေမေ။သား သူ့စကားကို စဉ်းစားကြည့်မိ
တယ်။သူပြောတဲ့ မိန်းမအဖော်မွန်ဆိုတာ လိုတာတော့မှန်ပါတယ်။ဒါပေမယ့် အခုမှကျောင်းပြီးလို့ စလုံရေစ
ရတဲ့ဘဝက ကိုယ်ယူမယ့်မိန်းမအတွက် ဘယ်လိုမှ ခင်ပွန်းကောင်း
မဖြစ်နိုင်ဘူးလို့ စဉ်းစားမိတယ် မေမေ။အကယ်၍ အခုအချိန်မှာ
မိန်းမယူလိုက်ရင် အမေတို့အတွက် သားမိုက်ကြီးဖြစ်ရဦးမယ်။သုံး
ဖက်လုံးနိုင်တဲ့ win-win-win မဟုတ်ဘဲ သုံးဖက်လုံး ရှုံးတဲ့ lost-lost-lost
ကိစ္စကို ခုချိန်မှာ မမတွေးတာ အကောင်းဆုံးလို့ စဉ်းစားမိခဲ့တယ်
မေမေ...."
" သားအတွေး မှန်တယ် "
တစ်ဖက်ဖုန်းမှ မေမေက ကျွန်တော့်စကားကို ထောက်ခံ
လိုက်တယ်။
"သားသူငယ်ချင်းကို ပြန်ပြောဖြစ်ခဲ့တဲ့ စကားတွေ မေမေ့ကို
ပြောပြချင်တယ်.....မေမေနားထောင်မယ်မလား...."
" နားထောင်ရမှာပေါ့သားရဲ့ .....သားက သားသူငယ်ချင်းကို
ဘယ်လိုစကားတွေ ပြောခဲ့တာတုန်း "
" ဒီလို မေမေရဲ့.....သားကသူ့ကို .....သူငယ်ချင်း မင်းသေသေချာချာ စဉ်းစားကြည့်နော်.....မင်းတို့ငါတို့တွေက မိဘတွေမွေး
လို့ လူဖြစ်ခဲ့ကြတယ်....မိဘတွေ ကျွေးလို့ ကြီးပြင်းခဲ့ကြ
တယ်....မိဘတွေ ကျောင်းထားပေးလို့ ပညာတတ်တွေ ဖြစ်
လာခဲ့ရတယ်....မိခင်ဆိုရင် ငါတို့ရဲ့ကိုယ်ဝန်ကို စလွယ်ကတည်းက
သင်္ချုင်္ိင်းကုန်းကို မျက်စောင်းထိုးခဲ့ရတာ အကြိမ်ကြိမ်....
ငါတို့ကြီးပြင်းလာတော့လည်း ငါတို့ဝတ်ဖို့၊စားဖို့၊နေဖို့
အတွက်ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ခဲ့ရတာ ငါတို့တွေရဲ့အဖေ
.....အခုငါတို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ မိဘ
တွေတာဝန်ကျေခဲ့ပြီ....အခု မိတွေ အိုမင်းမစွမ်းတဲ့အချိန်....
ငါတို့ကတလှည့်ပြန်ပြီး တာဝန်သိရမယ့်အချိန်....ကျေးဇူးပြန်ဆပ်
ရမယ့်အချိန်....ဒီအချိန်ရောက်မှ ကိုယ့်အပေါ်ကျေးဇူးများစွာ
ရှိနေတဲ့ မိဘကိုမလုပ်ကျွေး မပြုစုဘဲ ကိုယ်အပေါ် ကျေးဇူးမရှိ
တဲ့သူစိမ်းတစ်ယောက်ကို လုပ်ကျွေးရင် မသင့်တော်ဘူးလို့ထင်
တယ်....ကိုယ့်မှာအလုပ်အကိုင်ကအတည်တကျရှိပြီး အချိန်အတိုင်းအတာတစ်ခုအထိ မိဘကိုလည်း
လုပ်ကျွေးပြုစုခဲ့ပြီးတဲ့အချိန်မှ မင်းပြောတဲ့ အဖော်မွန်အကြောင်း စဉ်းစားတော့မယ်.....အခုအချိန်မှာတော့
အဖော်မွန်ရှာပြီး တာဝန်တွေကို ခေါင်းရှောင်သွားဖို့သတ္တိ ငါ့မှာ
မရှိသေးဘူး....လောလောဆယ် ငါ့စိတ်ထဲမှာရှိတဲ့ အဖော်မွန်က ငါ့ရဲ့ မိဘဘဲ....
.............................................................................................
ငါငယ်ငယ်လေးတုန်းက ကမ္ဘာကြီးလောက် ချစ်ခဲ့တဲ့၊ ပင်လယ်ကြီးလောက် ချစ်တယ်လို့ပြောခဲ့တဲ့ ငယ်ချစ်ဦးလေး 'မေမေ '
ကို အဖော်မွန်ကောင်းရှာပြီး လမ်းမခွဲရက်သေးပါဘူး "လို့
ပြောခဲ့တယ် မေမေ။
ကျွန်တော့်စကားဆုံးတော့ ဆို့နစ်သောလေသံ
ဖြင့် မေမေ့ထံမှ သာဓု၊သာဓု၊သာဓု ဆိုသောစကားနှင့်အတူ ကျွန်တော်ငယ်စဉ်မှ ယနေ့အချိန်ထိ မေမေ မပြောဖူးသော စကား
လေးသုံးလုံးကို ထိုနေ့က ကြည်နူးဝမ်းသာစွာ ကြားခဲ့ရတယ်။
မေမေ ကျွန်တော့်ကို ပြောလိုက်တဲ့စကားက "သားလိမ္မာ "တဲ့။
ဆယ်တန်းမှာထွက်တဲ့ ဂုဏ်ထူးလေးဘာသာထက် ထိုနေ့ကမေမေ
ပေးတဲ့ "သားလိမ္မာ " ဂုဏ်ထူးကို ပို၍မက်မောမိခဲ့တာ အမှန်ပါ။

@@@@@@@@@@@@@@@

ငယ်ချစ်ဦး

တစ်သက် တစ်ခါ ၊ တစ်လွှာ တစ်ရွက်
တစ်ခက် တစ်ပွင့် ၊ ငုံအဆင့်မို့
ရင့်လို့ပဲ ဝါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲ ရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်လေးဘဲ မြတ်နိုးမယ်...။
မောင်စိန်ဝင်း (ပုတီးကုန်း)
Read More

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်



(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။


သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။

(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။

(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။

အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။

(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။

(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။

(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။

နိုင်းနိုင်းစနေ
Read More

“မင်္ဂလာပါ ဆရာမ …”


“မင်္ဂလာပါ .. ဆရာ” ဟူသည့် ဆရာ/မများအား နှုတ်ဆက်ကြိုဆိုနေသည့် အသံများ ဒီနေ့မနက် (၈းဝဝ) နာရီဝန်းကျင်မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝန်းအတွင်း၌ ကြားနေရသည်။ ယခင့်ယခင် နှစ်များတွင် သုခအလင်း ပညာရေးမှ ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းများအား တက်ရောက်ခဲ့ ဖူးသည့် ကျောင်းသား/သူများမှ မိမိတို့ကို သင်ကြားပို့ချပေးခဲ့သော အင်္ဂလိပ်စာ ဆရာမများနှင့် ပန်းချီ ဆရာတို့အား နှုတ်ခွန်းဆက်သနေကြခြင်း ဖြစ်သည်။

ဒီနေ့ ၁၇.၃.၂ဝ၁၄ ရက်နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) “သုခအလင်း ပညာဒါနကျောင်း” ဖွင့်ပွဲအခမ်းအနား မင်္ဂလာရှိသည့် နံနက်ခင်း နေ့ရက်လေးပင် ဖြစ်ပေသည်။ စာသင်ကျောင်းသို့ လျှောက် လှမ်းသွားခဲ့ရာ ကျောင်းဆောင်သစ်၏ လှေခါး၌ “မင်္ဂလာပါ” ဟူသော စာသားလေးသည် ခရီးဦးအဖြစ် ကြိုဆိုလျှက်၍ မျက်နှာခြင်းဘက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ၍ ပြုစုပျိုးထောင်ပေး ခဲ့သည့် စာရေးဆရာ၊ ဒါရိုက်တာကြီး ကျေးဇူးရှင် ဘဘဦးသုခ ၏ ရုပ်ပုံကြီးသည် ခန့်ညားစွာ မြင်တွေ့ရပြီး ပထမထပ်သို့ လှေခါးအတိုင်း တက်လှမ်းသွားခဲ့ရာ လှေခါးရှေ့မျက်နှာပြင်ထက်တွင် တွေ့မြင်လိုက်ရသည့် ပုံရိပ်သည် သာမန်လူတစ်ယောက်မဟုတ်သော တောင်အာဖရိကနိုင်ငံ၏ မဟာလူသား။ လူမည်းအမျိုး သားခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (လူဖြူလူမည်း အသားအရောင်ခွဲခြားရေးဝါဒကို ဆန့်ကျင်တော် လှန်အောင်ပွဲခံဖို့ လူ့ဘဝသို့ ရောက်ရှိလာသူဖြစ်သည်။) ပညာရေးအတွက် “Education is Powerful Weapon, it can change the World.” ဟူ၍ မှတ်ချက်ပြု ပြောကြားခဲ့သည့် စကားရပ်ကိုလည်း တွေ့မြင် ခဲ့ရသည်။ တွေးတောရင်းနဲ့ ဆက်လက်တက်လှမ်းခဲ့ရာ ညာဘက်ခြမ်းတွင် “FUTURE” စာသားအား တွေ့ရချိန်တွင် အနာဂတ်မျိုးဆက်သစ်တို့အတွက် အနာဂတ်ခေါင်းဆောင်မှု အခန်းကဏ္ဍသည် လူငယ်များ တို့၏ လက်ထဲတွင်ရှိနေကြောင်းကို တွေးတောရင်း ဒုတိယထပ်သို့ ဆက်လက်တက်ရောက်ရန် ခြေလှမ်း ပြင်လိုက်ချိန်မှာတော့ “YOU ARE PEACE MAKER” ဟူ၍ ကျွန်တော့်ကို လက်ညှိုးထိုးနေသည့်အလား ပုံရိပ်လွှာပိုင်ရှင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကျေးဇူးရှင် ဘဘဦးသုခ၏ လက်ဆင့်ကမ်းအမွေ အား ယနေ့တိုင် ကိုယ့်ကျိုးစွန့်၍ အများပြည်သူတို့နှင့်အတူ ရင် ဘတ်ခြင်းထပ်တူထပ်မျှ ပေးဆပ်နေသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၏ ရုပ်ပုံလွှာ ပင်ဖြစ်လို့နေသည်။ ဒုတိယထပ် အပေါ်သို့ လှမ်းမျှော်၍ ကြည့်ရှုလိုက်ချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးဖခင်ကြီး၏ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ အပြုံးပန်းဖြင့် ကြိုဆိုနေသယောင်၊ ပညာရေးနှင့် ပတ်သက် ပြီးပြောဆိုထားတဲ့ “တော်တဲ့လူရယ်၊ ညံ့တဲ့လူရယ်လို့မရှိဘူး။ သင်လို့ရတဲ့လူနဲ့၊ သင်လို့မရတဲ့လူပဲရှိတယ်။” အစရှိသည့် လေးစားအတုယူဖွယ် ပညာရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အစရှိသည့် နယ်ပယ်အသီးသီးတို့မှ ထင်ရှားကျော်ကြားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များတို့၏ ရုပ်ပုံလွှာများ၊ ပညာရေးနှင့် ပတ်သက်သည့် အဆိုအမိန့်များဖြင့် လမ်းညွှန်သဖွယ်အဖြစ် အဆောက်အဦးအတွင်း၌ မျိုးဆက်သစ် ကလေးများအပေါ် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ပြီး Graffiti Artist Arker Kyaw ၏ အနုပညာဖန်တီးမှု လက် ရာဖြင့်ရေးဆွဲ၍ အသိပညာ ရသမြောက်စွာ ဖော်ကျူးပြီး မြန်မာနိုင်ငံ၏ထူးခြားသည့် ပညာရေး အဆောက် အဦးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တွေ့မြင်ရပြီဖြစ်သည်။ ဆက်လက်၍လည်း ဦးသန့်၊ ဗိုလ် ချုပ်အောင်ဆန်း၊ MOTHER TERESA, ALBERT EINSTEIN အစရှိသည့် ကမ္ဘာကျော်တို့၏ ရုပ်ပုံများနှင့် အဆိုအမိန့်များကိုလည်း အာကာကျော်မှ ထပ်မံပြီး ရေးဆွဲသွားမည်ကိုလည်း သိရှိခဲ့ရသည်။

မြန်မာ့ပညာရေးကဏ္ဍအား နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် တစ်ဖက်တစ်လမ်း ဝိုင်းဝန်း သယ်ပိုး၍  အနာဂတ်မျိုးဆက်သစ်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်၍ အလှူရှင်များ၏ လှူဒါန်းမှု၊ ပံ့ပိုးမှု၊ ကူညီမှုများတို့ဖြင့် တည်ဆောက်ခဲ့ပြီး စာသင်ခန်း (၁ဝ) ခန်း၊ စာကြည့်တိုက်၊ ကျောင်းအုပ်ရုံးခန်း၊ ဆရာ/မ နားနေခန်း၊ သန့်စင်ခန်း (၁ဝ) ခန်းအပြင် သင်ထောက်ကူပြုအနေဖြင့် Audio System, Projector များဖြင့် စည်းစနစ်ကျန၍ စည်းကမ်းပြည့်ဝသည့် သင်ကြားမှုစံနှုန်းများဖြင့် ကျောင်းသား/သူများအား သင်ကြားပို့ချ လျှက်ရှိသည်။

၁၇.၃.၂ဝ၁၄ ရက် နံနက် (၉းဝဝ) နာရီတွင် “သုခအလင်း ပညာဒါနကျောင်း” ဖွင့်ပွဲအခမ်းအနား အား အထူးဧည့်သည်တော်အသင်းသား ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တေးရေး/ဆို ဆောင်းဦးလှိုင်၊ မြန်မာ့ဂုဏ် ဆောင် အလှမယ်များဖြစ်ကြသော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ဂုဏ်ရည်အေးကျော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်မြင့် မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်လွင် တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ပြီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ သုခအလင်း ပညာဒါနကျောင်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ပညာရေး အကြံပေး ဒေါ်နီလာဘာရာဒွါဂျာ မှ မုဒိတာစကား ပြောကြားခဲ့ပြီးနောက် စာသင်ဆောင်များ အသီးသီးသို့ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှလိုက်လံ၍ တက်ရောက်လာကြသည့် ကျောင်းသား/သူများတို့အား စည်းကမ်းပိုင်းနှင့် ပညာရပ်ဆိုင်ရာများ၊ အားပေးစကားများ ပြောကြား ခဲ့သည်။ ထို့နောက် “သုခအလင်း ပညာဒါနကျောင်း” ၌ ပညာဒါန ဆရာ/မများတို့၏ ကူညီပံ့ပိုးမှုဖြင့် တစ် ပါတ်လျှင် (၆) ရက်၊ တစ်ရက်လျှင် သင်တန်းချိန် (၂) ချိန်၊ တန်းခွဲ (၅) ခုတို့အဖြစ် အင်္ဂလိပ် (4 Skills)၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီ၊ Fun and Learn Center မှ LEGO ဘလောက်တုံးများဖြင့် သင်ကြားပို့ချမည့် (သိပံ္ပ၊ နည်းပညာ၊ စက်မှုနှင့် သင်္ချာ) ပေါင်းစပ်မှု လက်တွေ့အသုံးချမှုပညာရပ်များနှင့် ကျောင်းသား/သူ (၄၃ဝ) ဦးတို့အား (အခမဲ့) သင်ကြားပို့ချပေး နေပြီဖြစ်သည်။

အနာဂတ်ကာလတွင် တိုင်းပြည်၏ကိစ္စအဝဝကို ပခုံးပြောင်းတာဝန်ယူရမည့် မျိုးဆက်သစ်များပင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မှ “နိုင်ငံ့အရေးကိုဆောင်ရွက်လိုလျှင် ပညာရေး ကို အလေးပေး ဆောင်ရွက်မှအောင်မြင်မယ်။” ဟု ပြောကြားခဲ့ဖူးသည်။ ထို့ကြောင့် ပညာရေးကို မျိုးဆက် သစ်လူငယ်များတို့ လက်ဆင့်ကမ်းအမွေအဖြစ် သယ်ဆောင်သွားမှသာလျှင် မြန်မာနိုင်ငံတော်ကြီးသည် ပညာရေးဖြင့် ကမ္ဘာ့အလယ်၌ ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ “သုခအလင်း ပညာဒါနကျောင်း”သည် အနာဂတ်တိုင်းပြည်အတွက် ကောင်းသော ဉာဏ်ပညာ၊ အတွေးအခေါ်နှင့် တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ထွန်းလင်းတောက်ပသည့် ကြယ်ပွင့်လေးများ ကမ္ဘာ့နယ်ပယ်/ မြန်မာ့နယ်ပယ်အသီးသီး၌ အရည်အချင်းပြည့်ဝသည့် သားကောင်း သမီးရတနာများသည် စာသင်ကျော်အတွင်းရှိ နယ်ဆင်မင်ဒဲလား၊ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘ ဦးသုခ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ မာသာထရီဆာ၊ အိုင်းစတိုင်းလ် ကဲ့သို့သော ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့ သည့် ကမ္ဘာကျာ်ပုဂ္ဂိုလ်များတို့၏ အငွေ့အသက်များ လွှမ်းခြုံနေမည့် လူသားအကျိုးပြု ပညာရှင်များ မွေး ထုတ်ရာ ကျောင်းတစ်ကျောင်း ဖြစ်ပေတော့မည်။
Kyaw Thu
Read More

ပြုပြင်ထားသည့်ပုဂံစေတီပုထိုးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်


=======================================================
ပြုပြင်မွမ်းမံထားသော ပုဂံ စေတီပုထိုး၊ ယဉ်ကျေးမှုအဆောက်အ အုံများကိုရှင်သန်နေသော အမွေအ နှစ် (Living Heritage) အဖြစ် ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင် ကြောင်းနှင့် ကမ္ဘာ့အမွေအနှစ်ဖြစ် ဖွယ်အခြေအနေများရှိကြောင်း ယူ နက်စကိုမှသိရသည်။

အဆိုပါပုဂံဒေသသည် မြန်မာ့ ကိုးကွယ်မှုဆိုင်ရာ စေတီ၊ ပုထိုးများ၊ မြန်မာ့လက်မှုလက်ရာများရှိနေပြီး ရှေးမူမပျက် မွမ်းမံပြုပြင်ထားပါက ကမ္ဘာ့အမွေအနှစ်စာရင်းသို့ဝင်ရောက် နိုင်မည်ဖြစ်သည်။

''ဘုရားတွေကိုမွမ်းမံတာ ကြောက် စရာမလိုပါဘူး။ တည်ခဲ့တဲ့ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ဖို့လိုတယ်။ စတီးပြားကြီးတွေ ကပ်ချလို့မရဘူး။ ရှေးမူမပျက် အုတ်ချပ်ကအစ လိုက် လျောညီထွေပြင်ထားရင် ရှင်သန်နေ  သောအမွေအနှစ်အဖြစ် ကမ္ဘာ့အ မွေအနှစ်စာရင်း တင်သွင်းနိုင်မှာဖြစ် ပါတယ်။ ပုဂံကအမွေအနှစ်စာရင်း ဝင်နိုင်ပါတယ်။ အခုအချိန်အထိတော့ ပဏာမစာရင်းထဲမှာပဲရှိပြီး အဆိုပြု လွှာထပ်ပြီး မတင်သွင်းထားသေးပါ ဘူး''ဟု ယူနက်စကိုမှ အမျိုးသားစီမံ ကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးကပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ရှေးမူမပျက်အောင်ထိန်းသိမ်းရာတွင် ကျွမ်းကျင်သော နည်းပညာရှင်များ လိုအပ်ပြီး မြန်မာနိုင်ငံတွင်ပညာရှင် များမရှိပါ ကယူနက်စကိုနှင့်နိုင်ငံတ ကာမှပညာရှင်များကို ဖိတ်ခေါ်သင့် ကြောင်း ရှေးဟောင်းသုတေသနပညာ ရှင်များက သုံးသပ်သည်။

''ရှေးမူမပျက်ထိန်းသိမ်းဖို့ နည်း ပညာရှင်တွေလိုတယ်။ ကိုယ့်နိုင်ငံမှာ ရှိလား။ ရှိရင် အသုံးပြုရမယ်။ မရှိရင် ယူနက်စကိုတို့၊ ဂျပန်စတဲ့နိုင်ငံတွေ ကပညာရှင်တွေကိုဖိတ်ရမယ်။ နည်း ပညာမရှိရင် လူ့စွမ်းအားအရင်းအ မြစ်တွေ မွေးထုတ်ရမယ်။ နည်းပညာ မရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်တွေ ကိုလက်ဖျားနဲ့တောင် မထိသင့်ဘူး။ ယဉ်ကျေးမှုလက်ရာတွေကိုပြင်ဆင် တဲ့အခါ မြင်သာထင်သာရှိရမယ်။ ပြင် ဆင်တာကိုဦးဆောင်နေတဲ့ ပညာရှင် တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ ဖော်ပြရမယ်။ ပုဂံမှာပြုပြင်ပြီးသား ဘုရားတွေရှိတယ်။ မလိုအပ်ဘဲပြုပြင် မွမ်းမံရင် ငွေကြေးကုန်မယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေဆုံးရှုံးမယ်''ဟု ရှေး ဟောင်းသုတေသနပညာရှင် ဒေါက် တာပြည့်ဖြိုးကျော်က ပြောသည်။

နိုင်ငံတကာတွင်ကျော်ကြားသော ပုဂံဒေသကို ၁၉၉၄ ခုနှစ်တွင် ယူ နက်စကို၏ ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး အတွက် တင်သွင်းခဲ့သော်လည်း ပြု ပြင်ထိန်းသိမ်းရာတွင် နိုင်ငံတကာစံ နှုန်းများမမီသောကြောင့် ပယ်ချခံခဲ့ရ ပြီး ယခုလက်ရှိအခြေအနေတွင် ယူ နက်စကိုမှယဉ်ကျေးမှု အမွေအနှစ် Cultural management Heritage ကိုကူညီဆောင်ရွက် ပေးနေကြောင်းသိရသည်။
သူသူထက်လွင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)
Read More

လိမ္မော်သီးကို မီးလင်းအောင် ပြုလုပ်နိုင်


ဖယောင်းတိုင် အစား မီးထွန်းရန် လိမ္မော်သီးကို အသုံးပြု နိုင်ပါတယ်။
ထို့သို့ အသုံးပြုရန် အတွက် အောက်ပါနည်းလမ်း များကိုသုံးပါ။
၁။ အခွံ အနည်းငယ် ခြောက်နေသော လိမ္မော်သီး တစ်လုံးကို ယူပါ။
၂။ ထိုလိမ္မော်သီးကို တစ်ခြမ်းခွဲလိုက်ပါ။

၃။ ထိုနှစ်ခြမ်းမှ အသုံးပြုရန် အဆင်ပြေမည့် တစ်ခြမ်းကို ယူပါ။

၎။ အလယ် အူတိုင်ကို မီးစာ ကဲ့သို့ ပြုလုပ်ပါ။

၅။ ထို့နောက် ဓာတ်ဆီ သို့မဟုတ် ရေနံဆီ တစ်ခုခု ထည့်လိုက်ပါ။

၆။ မီးစာ ကဲ့သို့ ပြုလုပ်ထားသော အူတိုင်လေးကို မီးညိုလိုက်ပါ။

ထို့သို့ ဖယောင်းတိုင် အစား လိ မ္မော်သီးကို အသုံးပြုခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူးများကတော့

၁။ ငွေကြေးသက်သာခြင်း။

၂။ ဖယောင်းတိုင်ကဲ့သို့ အရည်မပျော်သည့် အတွက်ကြောင့် အန္တရာယ်ကင်းခြင်း။

၃။ နေ့စဉ်အသုံးပြုနိုင်ခြင်း။

၎။ လိမ္မောသီး အခွံများ လွင့်ပစ်ရန် မလိုခြင်း။

၅။ လျှပ်စစ်မီး မရှိသော ဒေသများတွင် လွန်စွာ အသုံးဝင်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရနိုင်ပါတယ်။

ထို့ကြောင့် ပုံတွင်ပြထားသည်များကို လေ့လာကာ
တန်ဖိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။
Read More

ကိုယ့်ဟာကို လုံစေချင်လို့ပါ (မကျွေးချင်မပြပါနဲ့)


မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေ သည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။
"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစား လို့ကောင်း မှာပဲာ့။"

"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "

"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ "

"အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။"

"သေလိုက်ပါလား။ မကျွေးပါဘူး။"

ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင်
မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေး သဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။

"မကျွေးရင် လုတယ်ပာာ"

ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွား ချင် ပြ ချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။

ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေး လိုက်သည်။

ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။

"ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်း စားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။

ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးေ တွ မြင်ေ အာင် ရင်သားတွေ ပေါင်တွေ ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။

မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။"

"ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။"

» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။

နားလည် သဘောပေါက်ပါစေ။
Read More

မိန်းကလေးများ သဘောကျနှစ်သက်ချစ်ခင်သော ယောင်္ကျားများ


၁။ ကိုယ်ပိုင် အရည်ချုင်းရှိပြီး ကိုယ့်ချစ်သူအပေါ် သစွာရှိတတ်သော ယောင်္ကျား။

၂။ အရက်သောက် ကွမ်းစား ဆေးလိပ်သောက်တတ်ပေမဲ့  ဘယ်သူ့ ကိုမှ ရန်မရှာပဲ
ကိုယ့်ကိုယ့် အေးအေးဆေးဆေးနေတတ်တဲ့ ယောင်္ကျား။


၃။ အရက်မသောက် ကွမ်းမစား ဆေးလိပ်မသောက်ပဲ့ ရိုးရိုးလေး နေတတ်တဲ့ ယောင်္ကျား။

၎။ စကားပြောပြီး အလုပ်ကို လက်တွေ့ လုပ်တတ်သောယောင်္ကျား။

၅။ ကိုယ့်ချစ်သူက တစ်ခြားယောင်္ကျားလေးတစ်ယောက်နဲ့ အတူသွားနေတာကိုတွေ့ ပေမဲ
့ အထင်မလွဲ့ ပဲ့ နားလည်မှုရှိတဲ့ ယောင်္ကျား။

၆။ ဆင်းရဲ့ ပေမဲ့ ရိုးသားကြိုးစားပြီး ဘယ်သူ့ ကိုမှအပြစ်မမြင်တတ်သော ယောင်္ကျား။

၇။ စိတ်သဘောထားကောင်းပြီး သူများကို ကူညီတတ်သော ယောင်္ကျား။

၈။ မကောင်းတဲ့ မိန်းကလေးတွေကိုရော ကောင်းတဲ့ မိန်းကလေးတွေကိုရော
အထင်မသေးပဲ့ ကြည့်ဖြူစွာနဲ့ ဆက်ဆံပြောဆိုတတ်တဲ့ ယောင်္ကျား။

၉။ ရုပ်ဆိုးရုပ်လှတာကို မရွေးပဲ့ အချစ်စစ်နဲ့ တစ်ယောက်တည်းသောချစ်သူကို
ချစ်တတ်သော ယောင်္ကျား။

၁၀။ ပညာမတတ် ရုပ်မဖြောင့်ပေမဲ့ အသိညဏ်ရှိပြီး ရည်းမှန်းချက်ကို
အောင်မြင်အောင် လုပ်နိုင်တဲ့ ယောင်္ကျား။

၁၁။ မိဘ စကားနားထောင်ပြီး ကိုယ့်ချစ်သူ ပြောတဲ့ စကားတွေကိုလည်း
နားထောင်တတ်တဲ့ ယောင်္ကျား။

၁၂။ မိန်းကလေးတွေကို စိတ် နဲ့ မပြစ်မှားတတ်တဲ့ ယောင်္ကျား။

၁၃။ အမှန်တရားကို ရင်ဆိုင်ရဲ့ ပြီး အမြင်မတော်တာကို ကူညီတတ်တဲ့ ယောင်္ကျား။

၁၄။ ရည်းစားတွေ အများကြီးထားခဲပေမဲ့  မိန်းကလေးတွေ ဘ၀ကို နစ်နာအောင်
မဖျက်စီးတတ်သေားယောင်္ကျား။

၁၅။ အပျော် အပါး မလိုက်စားတတ်သော ယေင်္ကျား။

၁၆။ အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်ရေးကို လွယ်လွယ် နဲ့ တည်ဆောက်လို
့မရဘူးဆိုတာ သိတတ်တဲ့ ယောင်္ကျား။

၁၇။ ချစ်သူ နဲ့ ဘာပဲစားစား ဘာပဲဝယ်ဝယ် ကိုယ့်ဆီက ပိုက်ဆံကို ထုတ်ပြီး
ကျသလောက်ကို ရှင်းတတ်တဲ့ ယောင်္ကျား။

၁၈။ သူတစ်ပါးဆီက ပေးတဲ့ အခွင့်ရေးကို မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို ရုန်ကန်
နိုင်တဲ့ ယောင်္ကျား။

၁၉။ မိဘတွေ ပိုက်ဆံချမ်းသာံပေမဲ့ အလွယ်တကူ မယူတတ်ပဲ့ ကိုယ့်ကိုယ့်ကို
ပိုက်ဆံရှာနိုင်တတ်တဲ့ ယောင်္ကျား။

၂၀။ ကိုယ့်ကိုယ့်ကို စည်းကမ်းရှိပြီး သန့် သန့် ရပ်ရပ် နေတတ်တဲ့ ယောင်္ကျား။

၂၁။ စိတ်သဘောထားကောင်းပြီး ဘယ်သူ့ ကို မဆို အပြုးမပျက် ဆက်ဆံတတ်တဲ့ ယောင်္ကျား။

၂၂။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်ဓါတ်မကျပဲ့ အောင်မြင်မှု့ ကို
ရအောင်ယူတတ်တဲ့ ယောင်္ကျား။

၂၃။ အမှန်ကိုပြောတတ်ပြီး အမှန်တိုင်းလုပ်တတ်တဲ့ ယောင်္ကျား။

၂၄။ မိန်းမ ယူပြီးသောတဲ့ အခါ မိန်းမ လုပ်ရမဲ့ အလုပ်တွေကိုလည်း အားတဲ့ အခါ
ကူပြီး လုပ်ပေးတတ်တဲ့ ယောင်္ကျား။

၂၅။ မိန်းကလေးတွေ အပေါ် ရိုင်းစိုင်းယုတ်မာတဲ့ စကားတွေကို မပြောတတ်တဲ့ ယောင်္ကျား။

၂၆။ ကိုယ်ချစ်တဲ့ မိန်းကလေးအပေါ် အနစ်နှာခံပြီး အသက်ကိုပေးဆပ်ရဲ့ တဲ့ ယောင်္ကျား။

၂၇။ လွယ်လွယ်နဲ့ အပြစ်မတင်ပဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ ပြောတတ်တဲ့ ယောင်္ကျား။

၂၈။ ချစ်သူနဲ့ ချိန်းတွေ့ တဲ့အခါ ချစ်သူရဲ့ လက်နဲ့ ပခုံးက လွဲ့ ပြီး
ကျန်တာတွေကို မကိုင်တတ်တဲ့ ယေင်္ကျား။

၂၉။ မိန်းကလေးတွေ အထင်မသေးအောင် နေတတ်တဲ့ ယောင်္ကျား။

၃၀။ ဘယ်မိန်းကလေးတွေမဆို အစ်ကိုကို့ ချစ်တယ်လို့ ပြောလာတဲ့ အခါ
အခွင့်ရေးမယူပဲ့ ငါ့ မှာ ချစ်သူရှိတယ်လို့ ပြောတတ်တဲ့ ယောင်္ကျား။
Read More

ကောင်းနေသော မြန်မာနိုင်ငံမှလူငယ်တို့၏ အနာဂတ်


ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ တတ်တယ်၊ အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။

ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘ၀မှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင် ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ
မိလို့ ကျောင်းတွေထုတ်ခံရတယ်။
ရှိုးပွဲသွားတယ် Beer ခွက်နဲ့ တစ်ခါတစ်လေ ဘယ်ကနေဘယ်လို ရမှန်းမသိတဲ့ ဆေးခြောက်၊ မသောက်ရင်ပဲ စတိုင် မရှိ ခေတ်နောက်ကျမှာ ဆိုးလို့ သောက်တယ် လုပ်တယ် အမောပဲ။Show ပွဲ ပြီး ရင် ညဘက် ကလပ်တက်ပါတယ် လူကြီးတွေနဲ့ ရောယောင်ပြီးတော့။ ယုံလားတော့ မသိဘူး။ ၁၀တန်းကျောင်းသား ပိန်ပိန်သေးသေး ဘယ်လိုမှ ၁၈ မဟုတ်မှန်း သိသာ တယ်။ ဒါပေမဲ့ ဘာဖြစ်လည်း ကိုယ်နဲ့ပါလာတဲ့အကြီးတွေက VIP တွေလေ ဘယ်လောက်တောင် အဲ့မှာ သုံးဖြုန်းထားမှန်းမှမသိတာ။အေးဆေးပေါ့ ရင်ကော့ပြီးလိုက်ဝင်သွားတယ်။
၁၀တန်းပြီးတယ် ပိုလွတ်လပ်တယ်။ အိမ်မကပ်တော့ဘူး။ အရက်နဲ့ ဆေးလိပ်ကို ပိုခုံမင်လာတယ်။ ညဘက် ကလပ်တတ်ရတာ၊ Show ပွဲသွားရတာ၊ ပါတီတွေတတ်ရတာ၊ မူးရူး ပြဲကွဲ ၊ ပြီးရင် ရန်တွေလိုက်ဖြစ်ရတာ ပျော်လာတယ်။
ဘယ်တတ်နိုင်မလဲ ဈေးပေါပေါ နဲ့ လွယ်လွယ် ရနေတာကို။
နောက်ပိုင်းအပေါင်းအသင်းနည်းနည်းများလာ တော့ မူးယစ်ဆေးဝါး စ စမ်းလာပါတယ်။
"ယာမ" အဲ့ဒါမှ လွဲရင်ကျန်တာ ဘာမှမလုပ်။ အကြိုက်ဆုံးပဲ ၊ အားရှိတယ် တတ်ကြွတယ်၊ စဉ်းစားအားရှိတယ် ဆင်ခြင်မျိုးစုံနဲ့ နှစ်အတော်အကြာ လုပ်ခဲ့တယ်။ ဈေးကြီးတယ်ပြောတယ် ဒါပေမဲ့ နေ့တိုင်းအလကားနီးပါးရတယ်၊ လုံးဝ မကြောက်မရွံ့ ခဲ့ဘူး။ ရန်ကုန်မြို့ မှာ နံမည်ထွက် ဒိတ်ဒိတ်ကြဲ နာမည်ကြီး အလိုချင်ဆုံးစာရင်း ထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တရင်းတနှီးကို ရှိခဲ့ ပြီး ကိုယ်ကိုယ်တိုင်တောင် ရောင်းတဲ့သူ နံမည်စာရင်းထဲမှာတောင်ပါခဲ့တယ်။
သိုင်းလောက လို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ အသိုင်းအ၀ိုင်း အဲ့လောကမှာ တော်တော်လေးကြာကြာကို ဦးတည်ရာမဲ့ ပြီး တစ်နေ့တစ်နေ့ အဲ့ဒါနဲ့ အချိန်တွေကုန် ခဲ့တယ်။ အမှားအမှန်ကို လုံးဝ မစဉ်းစားဘူး၊ ဘယ်သူ့ကိုမှလဲ ထည့်မတွက်ဘူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာအကုန်လုံး ဆုတ်ယုတ်လာတယ်။မိဘမျက်ရည်ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် ဆွေမျိုး မိသားစု ကိုယ့်ကြောင့် ဂုဏ်သိက္ခာတွေ ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် အရင် ကအပေါင်းအသင်းတွေ ငယ်သူငယ်ချင်းတွေ ကိုယ့် ကို မပေါင်းရဲတော့ တာလည်း မစဉ်းစားခဲ့ဘူး
ဒီလိုနဲ့ ပဲ.. ကြာလာပြီလေ .. နံမည်တွေက အနံ့ ထွက်လာပြီ၊ ကံအရမ်းကောင်းပါတယ် အဲ့နေ့ က ကျွန်တော် အပြင်မလိုက်သွားတော့ အဖမ်းမခံလိုက်ရပါဘူး။ ကံမကောင်းစွာပဲ အဖမ်းခံလိုက်ရတဲ့ နှစ်ယောက် က ကျွန်တော့်ကို ညီ တစ်ယောက်လို အငယ်တစ်ယောက်မို့ ချစ်ကြတယ် ၊ ရဲတွေ မေးတော့ လိုက်တော့ ကျွန်တော့်ကို လုံးဝ မသက်ဆိုင်ကြောင်း အကာအကွယ်အပြည့် ပေးပြီး ပုတ်ထုတ်သွားတယ်၊ နောက်အေးအေးဆေးဆေးမှ သွားတွေ့ တော့ ကျွန်တော့်ကို အကြောင်းစုံ ပြောပြတယ် ပြီးတော့ သူတို့ ကို သင်ခန်းစာ ယူတော့၊ နောက်မူးယစ်ဆေးဝါးကို ဘယ်တော့မှ မလုပ်နဲ့တော့၊ သူမှာ ရွေးချယ်စရာ စီးပွားရေး မရှိတဲ့အတွက် ဒါကိုလုပ်ရတာဖြစ်ပြီး ကျွန်တော့်မှာ တက်လမ်းတွေး အခွင့်အရေးတွေ ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုပြီး ကျွန်တော့် ကို ဆုံးမ ပါတယ်။ သူတို့ ကျေးဇူးရှိပါတယ်။
ဒါနဲ့ အရင်လို မဟုတ်တော့ပဲ ဦးတည်ချက်တွေ ပြန်ရှိလာခဲ့ပါတယ်။
ကျွန်တော် အများကြီး ကံကောင်းခဲ့ ပါတယ်။ ကျွန်တော့်လို ကံမကောင်းခဲ့တဲ့ လူငယ်တော်တော်များများ ဟာ ထောင်နန်းစံပြီး ဘ၀ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ ကြတယ်။ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ရဲ့ အရိပ်မည်းကြီး နဲ့ မြန်မာနိုင်ငံ လူငယ်တွေရဲ့ မူးယစ်ဆေးဝါး အခြေအနေတွေပါ။
ဒါတွေမှာ ကျွန်တော့် အမြင်ကို ပြောရရင်-
မူးယစ် အစ ဆေးလိပ်က ဆိုတဲ့ စကား လုံးဝမှန်ပါတယ်.
၁၈ နှစ်မပြည့်သေးတဲ့ သူတွေအတွက် ပိုက်ဆံ ရရင် ပြီးရော လို့ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေရှိနေတယ်၊
စတိုးဆိုင်တွေရှိတယ်၊ဘီယာဆိုင်တွေ ရှိတယ်၊ ရှိုးပွဲ မှာ ဘီယာတွေကို ရောင်းချင်သလိုရောင်းတယ်၊ပါတီပွဲတွေ များလာတယ်၊ ၁၈ နှစ်အောက်တွေကို ပေးဝင်တယ်၊ အရက်ပါသောက်ခွင့်ပေးတယ်၊ နိုက်ကလပ်တွေ ပိုက်ဆံရ ရင်၊ အသိုင်းအ၀ိုင်းကြီးတွေမှာ ၁၈ နှစ်အောက်တွေပါလာရင် ပေးဝင်တယ်၊
စစ်ဆေးအရေးယူမဲ့ ရဲတွေ မရှိခဲ့ဘူး၊ ဥပဒေ တင်းကြပ်မှုမရှိဘူး။ ရဲတွေစီကတောင်မီးညှိဖို့မီးခြစ်တောင်တောင်းဖူးသေး တယ်။
ဆေးလိပ်၊အရက် ဘီယာဈေးတွေ ပေါပေါလောလော ရတယ် ကိုယ့်မုန့်ဖိုးနဲ့ တောင် ကိုယ်ဝယ်လို့ရတယ်။
မူးယစ်ဆေးဝါးပြသနာမှ ဆိုရင်လည်း လာဘ်ပေး ခြစား အာဏာ အလွဲသုံးစားတွေ၊ နောက်ဆုံးပြည်ထဲရေး ရုံးထဲ က ၀န်ထမ်းတွေ ဆီကပါ ကိုယ်ကိုယ်တိုင် ၀ယ်ခဲ့ဘူးတယ်၊ အများကြီးကြုံတွေ့ခဲ့ ရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ လွတ်ပြီး ပြစ်ဒဏ်သေးတဲ့ သူတွေ အပြစ်ပုံချ ခံရလို့ ပြစ်ဒဏ်ပိုကြီးသွားတာတွေ ကိုယ်ကိုယ် တိုင် ရုံးချိန်းတော်တော် များများလိုက်နားထောင်ဖူးလို့ မြင်တွေ့ ခဲ့ရတယ်။
မူးယစ်ဆေးဝါးရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အားကစား ကို လိုက်စားဖို့ အခြေအနေတွေမပေးခဲ့ဘူး။
ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကအခြေအနေတွေပါ။
အခုအခြေအနေတွေကို ပြောရရင်ခေတ်ကလည်းမှီလာပြီ၊ပွင့်လည်းပွင့်လင်းလာပြီ၊ဆက်သွယ်ရေး၊စီးပွားရေး တွေကလည်းကျယ်ပြန့်လာပြီ ဆိုတော့နိုင်ငံခြား ဆေးလိပ်ကုမ္ပဏီ၊ အရက်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ စက်ရုံတွေ ၀င်လာပြီး ရင်းနှီးမြုပ်နှံမဲ့သတင်းတွေ၊ ကြားရပါတယ်၊ အရာရှိဝန်ကြီး တစ်ယောက်ကလည်း မြန်မာနိုင်ငံသားတွေ အဆင့်မြင့် အရက်ကောင်း၊ အရက်သန့် ၊အရက်စစ်တွေ သောက်ရတော့မယ်ဆိုပြီး မီဒီယာတွေကို စကားဦးသန်းထားပါတယ်၊
အရက်တွေ ဈေးထက်ကြမယ်ဆိုတဲ့ အရိပ်အယောင်တွေ၊ပါတီပွဲ၊ ရှိုးပွဲတွေ အရင်ကထက် များလာပါတယ်
Bar၊ Night Club၊ Beer ဆိုင် တွေ အသစ်တွေ ပေါ်လာပါတယ်
အသက် ၁၈ နှစ် အောက်တွေ ပေးဝင်ထားတုန်း၊ အရက်၊ဘီယာနဲ့ ဆေးလိပ်တွေကို ပေးသောက်မြဲ၊ လွယ်လွယ်နဲ့ ရောင်းမြဲ၊ စည်းကမ်းတင်းကြပ်မှု၊ အရေးယူမှုတွေ လျော့ရဲနေမြဲ တွေတွေ့နေရပြီးမူးယစ်ဆေးဝါးမှာ ဆိုရင် လည်း အရင်ကထက် မြန်မာနိုင်ငံထဲကို ၀င်ရောက်မှု တွေ များလာတယ် ဆိုတာ ကို Report တွေ မှာတွေ့နေရပါတယ်။
အဆုံးရွားဆုံး ကတော့ အင်တာနက်လူမှုရေး စာမျက်နှာပေါ်တွေ မှာ မူးယစ်ဆေးဝါးသုံးစွဲနေပုံ၊ မူးယစ်ဆေးဝါးပုံတွေ ကို ဂုဏ်ယူဝင့်ကြွားစွာ တင်လာပြီး ထို လူငယ်တွေကပဲ ကောင်းချီးသြဘာပေး တောင့်တမှု အရိပ်အယောင်တွေ ကို တွေ့လာရပါပြီ။
တာဝန်ရှိသူများ ခင်ဗျား။
နိုင်ငံတိုးတတ်လာပြီး ဖွံဖြိုးပြောင်းလဲနေတဲ့ ဒီမြန်မာနိုင်ငံ ကြီးဟာ နောင်နှစ်ပေါင်းများစွာတွေမှာ လူငယ်တွေက လူကြီးတွေနေရာကို ၀င်ရောက်ပြီး တာဝန်ယူကြရမဲ့ အနာဂတ် လူသားအရင်းအမြစ်တွေပါ။
ဒီလူငယ် လူသားအရင်းအမြစ်တွေ ရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။
ဒါ့ကြောင့်အသက် ၁၈ နှစ် အောက်တွေ မူးယစ်သေစာ သုံးစွဲ ခွင့်ကို စည်းကမ်းတင်းကြပ်ပြီး ပြန်လည် ထိန်းသိမ်းပေးပါ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အတိုင်း ဘယ်သူကို မဆို ဥပဒေ ချိုးဖောက်လျှင်ထိထိရောက်ရောက် အရေးယူပေးပါ။ ပညာပေးစည်းရုံးပါ။
Night Club များ၊ Bar များကို သေချာတင်းကြပ်ပေးပါ။ နိုင်ငံတိုင်းတွင် သတ်မှတ်ထားသော စည်းကမ်းများရှိပါသည်။
မည်သူ့ ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းတိုင်း၊ နေရာတိုင်း ကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေ ဥပဒေချိုးဖောက်မှုတွေ ကို လိုက်လံ အရေးယူ ပညာပေးမှုတွေ လုပ်ပါ။ ကူညီ သူများ၊ ရောင်းချသူများကို ပိုမို အရေးယူပါ။ လွယ်လွယ်ရောင်းချတတ်သိ ဆိုင်များကို ပညာပေးမှု များလုပ်ပါ။
ဆေးလိပ်မသောက်ရ နယ်မြေ တွေ သတ်မှတ်ပေးပါ။ မူးယစ်ခွန်တွေကို စိစစ်သတ်မှတ်ပေးပါ။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန များပူးပေါင်း၍ အားကစားလိုက်စားမှုကို မြှင့်တင်ရန် စီမံကိန်းများ ချမှတ်ပါ။ အားကစား လွယ်လွယ်နဲ့ လိုက်စားတတ်အောင် အစစ အရာရာ ပံ့ပိုးပေးပါ။
မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြှင့်တင်ပြီး ဋ္ဌာန အတွင်း လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု၊ Rule of Law တို့ကို သေချာစိစစ်ပါ။
နိဂုံးချုပ် အဖြစ်ပြောရပါလျှင် ယခု ဖွံဖြိုးတိုးတတ်နေချိန်တွင် လူငယ်တို့ ၏ အနာဂတ်အား ယခု ချိန်တည်းကစပြီး သေသေချာချာ ကြပ်မတ်ပေးပါမှ နောင်လာမည် ခေတ်မှီ ဖွံဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်၍ ရမည် ဟုလို့တော့ ကျွန်တော်ယုံကြည်မိပါသည်။
ခေါင်းစဉ်တွင် "ကောင်းနေသော မြန်မာနိုင်ငံမှ လူငယ်တို့၏ အနာဂတ်" မှ "ကောင်း" ဟူသော ဝေါဟာရအား မူးယစ်ဆေးဝါးသူစွဲသူများသုံးလေ့ ရှိသော ဗန်းစကား အရ အရှိန်တတ်နေ သည် ဟူသော အဓိပ္ပါယ် အစား၊ ကောင်းကောင်းမွန်မွန် အကောင်းဆုံးဟူသော အဓိပ္ပါယ် အသုံး အနှုန်း အမြန်ဖြစ်ပေါ်လာပါတော့မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

နိုင်ဧရာ


http://thanlwinriver.blogspot.tw/2012/09/blog-post_7212.html#more

Read More

လက်ထပ်ပြီးသည့်အထိ စောင့်ပါ (or) ဒုတိယမြောက် အပျိုစင်ဘဝ


လက်ထပ်ပြီးသည့်အထိ စောင့်ပါ။  Lesson 3; Wait Until Marriage
လူများသည် သူတို့အတွက်အရေးပါသူတစ်စုံတစ်ဦး၏ ချစ်မြတ်နိုးခြင်းကိုခံရရန် အလွန်အမင်း လိုအပ်ကြသည်။ ဤအချက်မှာ လူငယ်လူရွယ်များအတွက် ပို၍မှန်ကန်သည်။ ဆန့်ကျင်ဘက် လိင်ရှိသော သူတစ်ဦးနှင့် သိကျွမ်းရခြင်း က ပင်လျင် သင့်အားနွေးထွေးကောင်းမွန်သည့် ခံစားချက်မျိုး ကိုပေးသည်။
ကောင်လေးနှင့်ကောင်မလေးတို့သည် တဦးကိုတဦးငြိသွားကြပြီးနောက်၊ အတူသွားလာကြသော အခါ၊ စိတ်လှုပ် ရှားမှုသည် ပို၍ကြီးထွားလာသည်။ တဦးကိုတဦးထိတွေ့၊ ယုယရခြင်းသည် မည်မျှပျော်ရွှင် ဖွယ်ကောင်းသည်ကို သိလာ ကြသည်။ ဤအရာက စိတ်ဆန္ဒကိုဖြစ်ပေါ်စေသည်။ များမကြာမီအချိန်တွင် နှစ်ဦးစလုံးသည် လိင်ဆက်ဆံမှု ပြုလုပ်ရန် ဆွဲခေါ်ခြင်းကိုခံရပြီး သူတို့က ဤသို့တွေးလာကြသည်။ ““ငါတို့သည်တဦးကိုတဦး အမှန်တကယ်ချစ်တာပဲ။ လိင် ဆက်ဆံ တာက ဘာများမှားနေလို့လဲ။

လက်မထပ်မီ သင်သည်လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုမပြုသင့်သည့်အကြောင်းအရင်းများစွာရှိသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ။ လက်မထပ်မီ လိင်ကြောင့် သင်ရရှိခဲ့သောအရာထက် လိင်ကြောင့် သင်ဆုံး ခဲ့သောအရာက ပိုမိုကြီးမား သည်။ လိင်ကြောင့်  သင်ဘာကိုရသနည်း။ တိုတောင်းသောစိတ်လှုပ်ရှားမှုနှင့် တခဏတာပျော်ရွှင်မှု။ သို့သော် လက်မထပ် မီ လိင်ကြောင့် သင်ဆုံးရှုံးခံရသောအရာသည် သင့်တဘ၀လုံး အပေါ်သို့ အကျိုးသက်ရောက်မှုရှိနိုင်သည်။
 

လက်ထပ်ပြီးသည်အထိ လိင်ဆက်ဆံခြင်းကို စောင့်ဆိုင်းသင့်သည့် အကြောင်းအရင်းအချို့ကို လေ့လာကြပါစို့။
အကြောင်းအရင်းနံပါတ် (၁)
လက်မထပ်မီ ဆက်ဆံခြင်းက စစ်မှန်သောအချစ်ကိုသိနိုင်မည့် သင်၏အခွင့်အရေးများကို ဆုံးရှုံး စေနိုင်သည်။ မိန်းကလေးတစ်ဦးသည် သူ၏လိင်ကိုပေးဆပ်ခြင်းအားဖြင့် အချစ်ကိုရရှိရန်ကြိုးစာခြင်း (သို့) ထိန်းသိမ်းထားရန် ကြိုးစား ခြင်းသည် ၀မ်းနည်းကြေကွဲဖွယ် အမှားတစ်ခုကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ စစ်မှန်သောအချစ်သည် စေ့စပ်ခြင်း၊ လက်ထပ် ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လိင်က စစ်မှန်သောအချစ်ကို မဖြစ်စေနိုင်ပါ။ စစ်မှန်သောအချစ်ကို သိနိုင်မည့် သင်၏အခွင့်အရေးများကိုပင်လျှင် ဖျက်ဆီးပစ်နိုင်သည်။
၁၉ နှစ် အရွယ်ကောင်မလေးသည် အထက်တန်းနှင့်ပထမနှစ် ကောလိပ်ကျောင်းသူ ဘ၀တလျှောက်လုံးတွင် မိမိကိုယ်ကို သန့်စင်အောင် နေနိုင်ခဲ့သည်။ သူမသည် သူမအလွန်နှစ်သက်သောကောင်လေးနှင့် ပုံမှန် ဘ၀ကို ဖြတ်သန်း နေခဲ့သည်။ သူသည် နွေရာသီအားလပ်ရက်ခရီးကို မထွက်ခွာမီ၊ သူမသည် သူ့ကို လိုက်လျောခဲ့သည်။ သူမက ဤသို့ တွေးခဲ့သည်။ ““ဘာကြောင့်မလုပ်ရမှာလဲ။ ငါက သူ့ကိုချစ်တယ်။ သူက လည်း ငါ့ကိုချစ်တယ်။””
ဘာဆက်ဖြစ်သနည်း။ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သူမသည်သူမ၏ “ချစ်သူ” ထံမှ ဘာသတင်းမှ မကြားရတော့ပါ။ နွေဦးကာလ၌ သူပြန်လာသောအခါ သူမသည် သူမအား စစ်မှန်သောအချစ်ဖြင့် မချစ်သောသူကို သူမ၏ အဖိုးထိုက်သည့်အရာကို သွေးဆောင်ခံရသောကြောင့် ပေးလိုက်ရပြီး ဆိုတာကို သိရှိခဲ့သည်။ သူက ““ငါတို့ရဲ့ နောက်ဆုံး ညဟာ တကယ့်ကိုအိပ်မက်ဆိုးကြီးပါပဲ။ အဲဒါပြီးနောက် ငါမင်းကို ဘယ်တော့မှလက်မထပ်တော့ဘူး။”” ဟူ၍ပြောခဲ့သည်။
 

အကြောင်းအရင်းနံပါတ် (၂)
လက်မထပ် မီဆက်ဆံခြင်းက ဘုရားသခင်က သင့်အတွက်ပြင်ဆင်ထားသော အကောင်းဆုံးအရာ ကို ဘယ် တော့ မှ မသိနိုင်အောင် သင့်ကိုတားဆီးလိမ့်မည်။
လိင်နှင့်ပတ်သက်၍ မှားယွင်းသောယူဆချက်တစ်ခုမှာ ဤသို့လုပ်ခြင်းသည် ခန္ဓာပိုင်းပျော်ရွှင်မှုသာ ဖြစ်ပြီး သင့် စိတ်ကြိုက် မည်သူနှင့်မဆို လုပ်နိုင်သည်ဟူသော ယူဆချက်ပင်ဖြစ်သည်။ ဤသို့ယူဆခြင်းက လိင်ကိုဈေးပေါစေပြီး အဓိပ္ပါယ်မဲ့စေပြီး ကျွန်ုပ်တို့အား ဖန်ဆင်းထားသည့်ပုံစံကိုပင် ပမာမခန့်ပြုသည်။
လိင်သည် ခန္ဓာပိုင်းလုပ်ဆောင်မှုတစ်ခုသာမဟုတ်ပါ။ လိင်ဆက်ဆံခြင်းအားဖြင့် သင်နှင့်အခြားသူသည် တသား တကိုယ်တည်းဖြစ်သွားသည်။ ဤသို့လုပ်ခြင်းသည် အလွန်ရင်းနှီးကပ်ငြိသည့်အတွေ့အကြုံ ဖြစ်သောကြောင့် သင်၏ တစိတ်တပိုင်းသည် ထိုသူနှင့်အတူ ထာဝရကာလ ရှိနေမည်ဖြစ်သည်။ သင်သည် လက်ထပ်သောအခါ သင်၏ဘ၀ အဖော် ကို ၁၀၀% အပြည့်မပေးနိုင်တော့သည်ကို သိလာလိမ့်မည်။ ဘာကြောင့်နည်း။ အကြောင်းမှာ သင်၏တစိတ် တပိုင်း ကို အခြားသူတို့အား ဝေမျှပေးခဲ့သောကြောင့် ဖြစ်သည်။ ဤအရာကို အရေးမပါသလို ပြုမူခြင်းသည် မိုက်မဲရုံသာမက၊ ကျွန်ုပ်တို့အား ဘုရားသခင် ဖန်ဆင်းထားသည့် ရည်ရွယ်ချက်ကိုလည်း လျစ်လျူရှုခြင်းပင်ဖြစ်သည်။

အကြောင်းအရင်းနံပါတ် (၃)
လက်မထပ်မီ ဆက်ဆံခြင်းက သင်၏မိမိကိုယ်ကိုအထင်ကြီးလေးစားသောစိတ်ကို ထိခိုက်စေသည်။
ကျမ်းစာက လူငယ်တစ်ဦးသည် သူ၏ကိုယ်ခန္ဓာကို ဂုဏ်အသေရေရှိစွာဖြင့် စောင့်ထိန်းသင့်ကြောင်းနှင့် ကိုယ်ကျင့်တရားမကောင်းသော သူတို့၏လမ်းစဉ်ကို မလိုက်ကြရန်ပြောထားသည်။ လူငယ် တဦး၏သန့်ရှင်းစင်ကြယ်မှု သည် သူ (သို့) သူမ၏ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင်ဖြစ်သည်။ ၀မ်းနည်း စွာပင်၊ အများစုသည် အရမ်းနောက်ကျမှသာ ဤအချက်ကိုနားလည်လာကြသည်။ တခါတရံ မိန်းကလေး တဦးသည် အချစ်ကိုအလွန်ဆာလောင်သဖြင့် ယောက်ျား တဦး၏လိင်စိတ်ဆန္ဒကို သူမရှာဖွေနေသောအချစ် ဟု ထင်ကာ ထိုယောက်ျား၏ဆန္ဒကို လိုက်လျောပေးတတ်ကြသည်။ မကြာခဏ၊ ထိုယောက်ျားသည်သူမကို အမှန်တကယ်မချစ် မလေးစားသည်ကိုတွေ့ရတတ်သည်။ သူလိုချင်သောအရာမှာ လိင်သာဖြစ်ပြီး သူမကလည်း အဆင်သင့်ရှိနေသဖြင့် သူမကိုအသုံးချကာ သူလိုချင်သောအရာကို ရယူလိုက်ခြင်းသာ ဖြစ်သည်။ ခဏကြာသောအခါ သူသည် သူမကိုငြီးငွေ့လာပြီး၊ သူမသည် ဈေးအဆမတန်လျော့ထားသောကုန်ပစ္စည်း ကဲ့သို့ဖြစ်လာတော့သည်။ အချစ်ကိုရှာဖွေရန်အတွက် သွားစရာနေရာ သူမတွင်မရှိတော့ပဲ လိင်ကိုရှာဖွေ နေသောသူ ထံသို့သာ သွားရမည်ဖြစ်သည်။ သူမသည် သူမ၏မျက်စိ၌ပင် ဈေးပေါနေပြီး အခြားသူများက လည်း သူမအား ဈေးပေါ သည် ဟု မြင်မည်ဖြစ်သည်။
 

အကြောင်းအရင်းနံပါတ် (၄)
လက်မထပ်မီ ဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။
ဘုရားသခင်သည် သင့်အားသြတ္တပ္ပစိတ်ကိုပေးထားပြီး ထိုစိတ်ဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်မိန်းမတစ်ဦးက “လက်မထပ်မီဆက်ဆံခြင်းက စိတ်လှုပ်ရှားဖွယ်တခဏတာ ပျော်ရွှင် မှုကိုပေးလိမ့်မည်။ သို့သော် ဤသို့လုပ်ခြင်းက တန်ပါရဲ့လား” ဟုရေးခဲ့သည်။
 

အကြောင်းအရင်းနံပါတ် (၅)
လက်မထပ်မီ ဆက်ဆံခြင်းသည် စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခု ဖြစ်လာနိုင်သည်။
လူငယ်အများစုက လိင်ဆက်ဆံခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်း၍ရင်သပ်ရှုမောဖွယ်ကောင်းသည်ဟု မြင်ပါ သလား။ အဖြေမှာ “NO” ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှု လေ့လာဆန်းစစ်ချက်တစ်ရပ်ကို လက်မထပ် ရသေး သည့် မိခင်များအတွက် ဆေးခန်းကြီးတစ်ခုတွင်ပြုလုပ်ခဲ့သည်။ ဤမေးခွန်းအား လက်မထပ်ရသေးသည့်အမေများကို မေးခဲ့သည်။ “လိင်ဆက်ဆံမှုအတွေ့အကြုံကို သင်ကပျော်ရွှင်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) စိတ်ပျက်ဖွယ် ကောင်းသည်ဟုမြင်ပါသလား (သို့) မနှစ်မြို့ဖွယ် ကောင်းသည်ဟုမြင်ပါသလား။ ၄င်တို့ထဲမှ ၅၀% က ဤအတွေ့ အကြုံသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဖြေခဲ့ပြီး ၃၀% ကမနှစ်မြို့ဖွယ်၊ ရွံရှာဖွယ်ကောင်းသည်ဟုဖြေခဲ့သည်။ ၂၀% ကသာပျော်ရွှင်ဖွယ်ကောင်း သည်ဟုဖြေခဲ့သည်။ မှန်ကန်သော အခြေအနေတစ်ရပ်၌ လိင်ဆက်ဆံခြင်းသည် ဘုရားသခင် ရည်ရွယ် ထားသလိုမျိုး စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာတစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် အိမ်ထောင်ရေးအပြင် ဘက်၌ လုပ်လျှင်မူ စိတ်ပျက်ဖွယ်ကောင်းမည်ဖြစ်သည်။ ၁၆ နှစ်အရွယ်ကိုယ်ဝန်ဆောင်မိခင်လောင်းလေးက ဤသို့ ရှင်းလင်း ဖော်ပြခဲ့သည်။ အချစ်နှင့်ပတ်သက်ပြီး ရုပ်ရှင်တွေ၊ တီဗီ တွေထဲမှာ သင်တွေ့မြင်တာ မှန်သမျှဟာ အလိမ်အညာ တွေသာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ တီဗီ တွေထဲကအချစ်ဟာ မနူးညံ့၊ မချိုသာ သလို ကြာရှည်မခံပါဘူး။ ရက်စက်ကြမ်းကြုတ်ပြီး နာကျင်စေပါတယ်။ ရုပ်ရှင်တွေထဲက လူတွေဟာ အိပ်ယာပေါ်ခုန်တက်ကြပြီး အရာအားလုံးဟာ အားကျဖွယ် ကောင်း တယ်လို့ ထင်ရပါတယ်။ နောက်တနေ့ မနက်မှာလည်း လူတိုင်းဟာပျော်ရွှင်စွာနဲ့ နိုးထလာပါတယ်။ တကယ်တမ်း ကျတော့ အဲဒီလိုမဟုတ်ပါဘူး။ သင်သာ ကျင့်သားမရသေးရင်၊ အဲဒီအရာဟာ ဆိုးဝါးစွာနာကျင်စေပါတယ်။ ပိုဆိုးတာက၊ နောက်တနေ့ မနက်မှာ သင့်ချစ်သူဟာ သင့်ကိုကြည့်တောင်မကြည့်တော့ပါဘူး။

အကြောင်းအရင်းနံပါတ် (၆)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင့်အတွက် အန္တရာယ်ရှိသည်။
လက်မထပ်မီ လိင်ပိုင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လိင်မှကူးစက်တတ်သောရောဂါများကို သင်၌ ဖြစ်စေနိုင်သည်။ လွယ်သောမိန်းကလေးများ၊ တနည်းအားဖြင့် ပြည့်တန်ဆာများသည် ပြင်း ထန်သော ထိုရောဂါ တစ်ခုခု၏ အရင်းအမြစ်ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ပင် ယောက်ျားများသည်လည်း “ရောဂါသယ်ဆောင်သူ” များဖြစ်နိုင် ပါသည်။ လိင်မှ တဆင့် ကူးစက်သောရောဂါများသည် ပြင်းထန်သော ပိုးဝင်မှုများ၊ မျက်စိကန်းခြင်းများနှင့် သေခြင်းကိုပင် ဖြစ်စေနိုင်သည်။ ဤပြင်းထန်သောရောဂါများသည် သင့်ကလေးများကိုပင်လျှင် ကူးစက်နိုင်သည်။ ဤရောဂါများထဲမှ အချို့ကို ကုသ၍ မရနိုင် သေးပါ။
ယောက်ျားတစ်ဦးတည်းနှင့်သာ ဆက်ဆံမှုပြုသောကောင်မလေးတစ်ဦးက သူ့ကိုသူ လုံခြုံသည်ဟု ထင်ခဲ့သည်။ ဆရာဝန်က သူမသည်လည်း ဗိုင်းရပ်ကူးစက်ခံနေရပြီးဆိုတာကို ပြောသောအခါ၊ သူမသည် အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုဗိုင်းရပ်၏အရင်းအမြစ်ကိုရှာဖွေကြသောအခါ၊ သူမ၏ဆက်ဆံဖက် ယောက်ျားမှာ အခြားမိန်းကလေးတဦးတည်းနှင့်သာ ဆက်ဆံသည်ကို တွေ့ရသည်။ သို့သော် ထိုမိန်းကလေးသည် အခြားယောက်ျားငါးဦးနှင့်ဆက်ဆံပြီး ဤယောက်ျားငါးဦးက ပြည့်တန်ဆာများအပါအ၀င် အခြား မိန်းမ ၁၉ ယောက်နှင့်ဆက်ဆံသည်ကို တွေ့ရသည်။ ဤသို့ဖြင့် ယောက်ျားတစ်ဦး တည်း နှင့်သာ လိင်ဆက်ဆံမှုပြုနေသည်ဟု ထင်ခဲ့သောကောင်မလေးသည် နောက်ဆုံး၌လူပေါင်း ၉၂ ဦးနှင့် သူမဆက် နွယ်နေကြောင်းကို သိသွားခဲ့သည်။

အကြောင်းအရင်းနံပါတ် (၇)
လက်မထပ်မီ ဆက်ဆံခြင်းသည် မိန်းကလေးတစ်ဦး၏ဘ၀ကို တစ်စစီ ကြေကွဲသွားစေနိုင်သည်။
အိမ်ထောင်ရေးအပြင်ဘက်၌ လိင်ပိုင်းဆိုင်ရာစမ်းသပ်မှုကို ပြုကြသောလူငယ်များသည် ဤမေးခွန်းအား မိမိ ကိုယ်ကို မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် အကယ်၍ကိုယ်ဝန်ရှိလာမယ်ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ။ ဤသို့လည်း မေးသင့်သည်။ ဤသို့လုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ ငါတို့ ဘာလုပ်ကြမလဲ။
လက်မထပ်ရသေးသည့်မိခင်များအတွက် ဆောက်လုပ်ပေးထားသောအိမ်သို့ အလည်အပတ်သွားခဲ့ သူတဦးက ““သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာကို မသိကြတဲ့ကောင်မလေးတွေရဲ့ မျက်နှာပေါ်ထင်ဟပ်နေ တဲ့ စိတ်ပျက်၊ မျှော်လင့်ချက်မဲ့မှုတွေကို သင်ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့အချစ်ကို သူတို့သိကျွမ်းခွင့်ရမှ ရပါ့ မလား၊ သာယာပျော်ရွှင်တဲ့အိမ်ကို အနာဂတ်မှာရမှရပါ့မလား ဆိုတာကို မသိတော့တဲ့ကောင်မလေးတွေဖြစ်ပါတယ်။
လွယ်သောမိန်းကလေးမျာသာမက ကောင်းသောမိန်းကလေးများသည်လည်း ကိုယ်ဝန်ရလာနိုင်ပါသည်။ ဖျက် ချခြင်းအားဖြင့် အလိုမရှိသောကိုယ်ဝန်ကိစ္စကို ဖြေရှင်းခြင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ပါ။ သင်မမွေး ရသေး သော ကလေးငယ်ကို သတ်ဖြတ်ခြင်းသည် မိမိ၌အပြစ်ရှိသည် ဟုဆိုးဝါးသည့် ခံစားချက်မျိုးကို ဖြစ်စေနိုင်သည်။ ဤဆိုး ၀ါးသည့်ခံစားချက်က သင့်ဘ၀တလျှောက်လုံး၌ သင့်အား ခြောက် လှန့်နေမည်ဖြစ်သည်။ အောက်ပါစာက ကျွန်တော်တို့ နှင့် ရင်းနှီးပြီးသား အကြောင်းအရာတစ်ခုကိုပြောပြ သည်။
ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ၁၈ နှစ်သာရှိပြီး ကောလိပ်တက် ဖို့ နှစ်လပဲ လို ပါ တော့တယ်။ ကျွန်မရဲ့ကောင်လေးဟာ ကျွန်မကဲ့သို့ အမည်ခံ ခရစ်ယာန်ဖြစ်ပြီး ကိုယ်ဝန်ဖျက် ချဖို့နှစ်ဦးလုံးက ဆုံးဖြတ် ခဲ့ပါတယ်။ ကျွန်မတို့ရဲ့မိဘတွေနဲ့ မိတ်ဆွေတွေကိုမရင်ဆိုင်ရဲတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အလွယ်နည်း ကို လုပ်ခဲ့ပါတယ်။
ကိုယ်ဝန်ဖျက်ချပြီးနောက် ကျွန်မဟာစိတ်ပိုင်းနာကျင်မှုကို အလူးအလဲခံရပြီး၊ မျက်ရည်များစွာ စီးကျခဲ့ပြီး ကျွန်မ တို့ရဲ့ဆုံးဖြတ်ချက်တစ်ခုလုံးကို နောင်တရခဲ့ပါတယ်။ ယနေ့တိုင်အောင် ကျွန်မဟာ ဒူးထောက်ပြီး ငိုယိုကာ၊ ကျွန်မအား ကြင်နာသနားစွာဖြင့် ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံတောင်းဆိုဆဲပါ။ ကျွန်မဟာ အရမ်းကိုမှားခဲ့တယ်လေ။ ဘုရားသခင်က ကျွန်မကိုနောက်ထပ် ဒုတိယအကြိမ်အခွင့်အရေး ပေးဦးမလားဆိုတာကို တွေးတောဆဲပါ။ သူဟာ ချစ်ခြင်းမေတ္တာ ဘုရား ဖြစ်တာကိုသိပြီး သူဟာ ဘုရားသခင် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မစိတ်နှလုံးအကြွင်းမဲ့ယုံပါတယ်။ ပြီးတော့ ကျွန်မဟာ ကျွန်မမှာအပြစ်ရှိ တယ်လို့ခံစားရတဲ့ ခံစားချက်ကိုပွေ့ဖက်ရင်း ဆက်လက်အသက်ရှင်ဆဲပါ။

အကြောင်းအရင်းနံပါတ် (၈)
လက်မထပ်မီ ဆက်ဆံခြင်းသည် ကြီးမားသောပြဿနာအချို့ကိုဖြစ်စေနိုင်သည်။
တစ်ခါတစ်ရံ ယောက်ျားတစ်ဦးက ““မင်းကိုယ်ဝန်ရှိလာရင် မင်းနဲ့ငါလက်ထပ်မယ်။”” ဟုပြောလေ့ ရှိသည်။ အိမ်ထောင်ရေးသည် အလေးအနက်ထားရမည့်ကိစ္စဖြစ်သည်။ သင်လုပ်ဖို့မပြင်ဆင်ရသေးသည့် အလုပ်ကိုဝင်လုပ်ဖို့ မကြိုးစားသင့်ပါ။ အိမ်ထောင်ရေး၌ လရောင်၊ ချစ်ရည်လူးမှုများနှင့် နှင်းဆီပန်းများ အားဖြင့်သာ ပြည့်နှက်နေမည်မဟုတ်ပါ။ အိမ်ထောင်ရေး၌ နေ့အလင်းရောင်၊ လသားအရွယ်ဝတ်ဘောင်းဘီ များနှင့် ဟင်းခွက်ပန်းကန်များလည်း ပါဝင်သည်။ ဤစာကို စဉ်းစားဆင်ခြင်ကြည့်ပါ။
ကျွန်မအသက် ၁၇ နှစ်ရောက်တော့၊ ကျွန်မရဲ့ဘ၀ဟာရှုပ်ထွေးနေခဲ့ပါပြီ။ Ted နဲ့ကျွန်မ ၆လကြာ ပုံမှန် တွဲခဲ့ ကြပြီး နောက်ပိုင်းမှာ ကျွန်မတို့လုပ်ခွင့်မရှိတဲ့အရာတွေကို စလုပ်လာကြပြီး ကျွန်မမှာကိုယ်ဝန် ရှိလာပါတယ်။ ကျွန်မတို့ နှစ်ဦးလုံး ဟာ ကျောင်းထွက်ခဲ့ပြီး လက်ထပ်ခဲ့ကြတယ်။ ကျွန်မဟာ ကျွန်မရဲ့ဘ၀ ကိုမုန်းတီးပြီး Ted အပေါ်မှာ ကျွန်မ လုပ်ခဲ့ တာတွေ အတွက်လည်း မိမိကိုယ်ကိုမုန်းတီးခဲ့တယ်။ ကလေးက တချိန်လုံးငိုပြီး Ted ကိုစိတ်ဆိုးစေခဲ့တယ်။ သူဟာ အရက်ကို အလွန် အကျွံသောက်ပေမယ့် ကျွန်မသူ့ကို အပြစ်မတင်နိုင်ပါဘူး။
ကျွန်မတို့ဟာ အမှိုက်ပုံနဲ့နီးတဲ့နေရာမှာနေပြီး ကလေးထိန်းခေါ်ဖို့၊ ရုပ်ရှင်ကြည့်ဖို့နဲ့ သင့်တော်တဲ့ အ၀တ်အစား ၀ယ်ဖို့တောင် ကျွန်မတို့မှာပိုက်ဆံမရှိပါဘူး။ Ted က ဘာမှမပြောပေမယ့်၊ သူကျွန်မကို မုန်းတယ်ဆိုတာကို ကျွန်မ သိပါတယ်။ ကလေးကိုလည်း သူမုန်းပါတယ်။ ဒါတွေအားလုံးဟာ အိပ်မက်ဆိုး တစ်ခုသာဖြစ်ပြီး မနက်မိုးလင်းချိန်မှာ ကျွန်မအိမ်ရဲ့ အိပ်ယာထဲမှာ ကျွန်မဟာနိုးထပြီး ကျွန်မနဲ့အလွန်ခင်တဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းကိုအတူသွားရမယ်လို့ မျှော်လင့်ခဲ့တဲ့ အချိန်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးနေ့တွေဟာ ကုန်ဆုံးသွားခဲ့ပြီဆိုတာကို ကျွန်မ သေချာ သိပါတယ်။
ကျွန်မ ဒီစာကိုရေးခြင်းမှာ အကြံဥာဏ်ရယူလိုတာကြောင့် မဟုတ်ပါ။ ကျွန်မလိုမျိုး မိမိဟာအားလုံး ကိုသိပါတယ် လို့ ကြွေးကြော်နေတဲ့ ဆယ်ကျော်သက်လေးတွေ သင်ခန်းစာ၊ အကျိုးအမြတ်ရပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။
 

အကြောင်းအရင်းနံပါတ် (၉)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင်နှင့်မသင့်တော်သောသူကို လက်ထပ်မိစေရန် သင့်အားလှည့် စားမည် ဖြစ်သည်။
အကယ်၍ သင်သည်လိင်ပိုင်းဆိုင်ရာ ယှက်နွယ်မှုရှိနေပါက၊ သင့်ကိုသင် အချစ်စစ်ကို တွေ့သွားပြီး ဟု ထင် လိမ့် မည်။ အမှန်မှာ သင်သည် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ခံစားချက်များကိုသာ ရရှိ နေခြင်းဖြစ်သည်။ သင်သည် ရှေ့တဆင့်တက်ပြီး ထိုသူနှင့်လက်ထပ်ပြီးမှ သင့်အတွက်မှားယွင်းသောလူကို လက်ထပ်မိ မှန်း သိလာလိမ့်မည်။ သင်နှင့်သူကြားတွင် လိင်ပိုင်းဆိုင်ရာ  ဆွဲဆောင်မှုသာရှိပြီး အချစ်စစ်မရှိကြောင်းကို အလွန် နောက် ကျပြီးမှ သင် သိနိုင်သည်။
 

အကြောင်းအရင်းနံပါတ် (၁၀)
လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးဘ၀ကို ဖျက်ဆီးပစ်နိုင်သည်။
လူအချို့က သူတို့သာ လက်ထပ်လိုက်ပါက၊ အရာအားလုံးဟာအဆင်ပြေသွားလိမ့်မည် ဟုထင်ကြသည်။ အမှန် မှာ ထိုကဲ့သို့ မဖြစ်နိုင်ပါ။ အခြေအနေအရပ်ရပ်တို့သည် သင်တို့နှစ်ဦးအတွက် အကောင်းဆုံး အနေအထားတွင် ရှိနေ တာ တောင်မှ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကို လွယ်ကူစွာမရနိုင်ပါ။ အကယ်၍ သင်တို့သာ အစမှားခဲ့ပါက၊ ထိုသို့သော အိမ်ထောင်ရေးကို ရရှိရန်ကြိုးစားရာတွင်အလွန်ခက်ခဲလိမ့်မည်။
လက်မထပ်မီဆက်ဆံခြင်းသည် အောင်မြင်သောအိမ်ထောင်ရေးကို ရနိုင်မည့်သင်၏အခွင့်အရေးများကို အလွန် အမင်း လျော့နည်းစေသည်။ အကြောင်းပြချက်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စည်းကမ်းမရှိ သူသည် လက်ထပ်ပြီးသော အခါ တွင်လည်း ဆက်လက်၍ စည်းကမ်းမဲ့စွာ ပြုမူနေထိုင်တတ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘယ်တော့မှ ကျေနပ် ရောင့်ရဲမှုမရှိတတ်ဘဲ အသစ်သော စိတ်လှုပ်ရှားဖွယ်အရာများ ကို ဆက်လက်ရှာဖွေတတ်သောကြောင့်ဖြစ်သည်။
တခါတရံ လက်မထပ်မီ လိင်ပိုင်းအရ စည်းမစောင့်သူနှစ်ဦးသည် လက်ထပ်ပြီးသောအခါ အဆင်ပြေစွာ ပေါင်း သင်း နေထိုင်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့နှစ်ဦးသည် သံသယနှင့်မယုံကြည်မှု ဟူသောမျိုးစေ့ကို စိုက်ပျိုး ထား ကြပြီး နောက်ပိုင်းတွင် ထိုမျိုးစေ့တို့က ခါးသီးသောအသီးကို သီးစေလိမ့် မည်ဖြစ်သည်။
နှစ် ၂၀ ကြာအိမ်ထောင်သက်တမ်းရှိသူနှစ်ဦးသည် သူတို့၏အိမ်ထောင်ရေးအား မပြိုကွဲစေရန်အတွက် ဒေါက်တာ ဟင်နရီနှင့် လာရောက်ဆွေးနွေးခဲ့သည်။ ယောက်ျားဖြစ်သူက ““ကျွန်တော့်မိန်းမက ကျွန်တော့်ကို မယုံဘူးဗျ”” ဟုပြောပြီး မိန်းမဖြစ်သူက ““ရှင်ကလည်း ကျွန်မကိုမယုံပါဘူး”” ဟူ၍ပြန်လည် ချေပသည်။ သူတို့နှစ်ဦးသည် တဦးနှင့်တဦး ဘာကြောင့် မယုံကြသနည်း။ အကြောင်းမှာ သူတို့သည် လက်မထပ်မီ ဆက်ဆံခဲ့ကြသောကြောင့်ဖြစ်သည်။ ဤသို့ ဆက်ဆံခဲ့ခြင်းကြောင့် သံသယစိတ်နှင့် မယုံကြည်မှုသည် နှစ်ဦးစလုံးအပေါ်၌ နှစ်၂၀ ကြာ လွှမ်းမိုးထားခဲ့ပြီး နောက်ဆုံး၌ သူတို့၏အိမ်ထောင်ရေးကို ပင် ပျက်စီးစေခဲ့သည်။
လက်မထပ်မီ ဘာကြောင့်လိင်မဆက်ဆံသင့်ကြောင်း အကြောင်းပြချက် (၁၀)ချက်ကို လေ့လာ ဆန်းစစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤ ၁၀ ချက်စလုံးထက် အရေးကြီးသောအကြောင်းပြချက် တစ်ချက် ကျန်ပါသေးသည်။ ၄င်းမှာ ဤသို့လက်မထပ်မီဆက်ဆံခြင်းသည် မှားယွင်းသည်ဆိုသောအချက်ပင် ဖြစ်သည်။
Christian Religious Teaching (It is available at original link)
တစ်ကြိမ်တွင် ဘာသာရေးခေါင်းဆောင်အချို့သည် အိမ်ထောင်ရေးဖောက်ပြားမှု ကျူးလွန်သော မိန်းမတဦးကို ယေရှု Jesus ဆီသို့ ခေါ်လာခဲ့သည်။ သူတို့သည် ထိုမိန်းမကို ယေရှု၏ ခြေထောက်နား သို့ တွန်းလိုက်ပြီး ““ဆရာ၊ ဒီမိန်းမဟာ ဖောက်ပြားမှုကျူးလွန်နေစဉ်၌ပင်၊သူ့အားလက်ရဖမ်းမိခဲ့ပါတယ်။ ပညတ်တော်ထဲ၌ မောရှေက ဒီလိုမိန်းမကို ကျောက်ခဲနဲ့အသေပစ်သတ်ရမယ်လို့ မိန့်မှာထားပါတယ်။ သခင်ကရော ဘာပြောစရာရှိပါသလဲ?ဟု ပြောကြသည်။
ဤလူများသည် ထိုမိန်းမကို ဂရုမစိုက်ကြပါ။ သူတို့သည် ထိုမိန်းမကိုအသုံးပြု၍ ယေရှုအား ချောက်တွန်း လိုကြခြင်းဖြစ်သည်။ ယေရှုက ““သူမကိုမပစ်သတ်ရ။””ဟု ပြောပါက၊ မောရှေ၏ပညတ်တော် များကို ဆန့်ကျင်နေသလို ဖြစ်ပေမည်။ အကယ်၍သူက ““အသေသတ်လိုက်””ဟု ပြောပါက၊ ရောမအစိုးရနှင့် ပြသနာတက်နိုင်သည်။
ယေရှုသည်သူတို့၏မေးခွန်းကိုချက်ချင်းမဖြေပါ။ သူသည်ဒူးထောက်လိုက်ပြီး သဲပေါ်တွင် စာရေးနေ ခဲ့သည်။ ဤ လူများက ယေရှုအား ဖြေကြားရန်အတင်းအကြပ်တောင်းဆိုသောအခါ သူသည် ထပြီး ““သင်တို့ထဲမှာ အပြစ်မရှိတဲ့ သူ က ပထမဆုံ့းကျောက်ခဲဖြင့် စပြီး ပစ်စေ””ဟု ဆိုခဲ့သည်။
သူပြောတာကိုကြားသောသူများသည် မိမိတို့၏သြတ္တပ္ပစိတ်က မိမိတို့ကို အပြစ်ရှိသည်ဟု စီရင်သောကြောင့် သူတို့သည် တဦးပြီးတဦး ထွက်သွားကြသည်။ ယေရှုသည် ထိုမိန်းမကို အပြစ်လွှတ်ပေးပြီးနောက် ““သွားလော့၊ နောက် ထပ် အပြစ်မလုပ်နဲ့ တော့ဟု”ဆိုခဲ့သည်။
 

ဒုတိယမြောက် အပျိုစင်ဘဝ
ကျွန်မဆုံးရှုံးခဲ့ရပြီ၊ ကျွန်မနဲ့လက်ထပ်မဲ့သူအတွက် ကျွန်မရဲ့အပျိုစင်ဘ၀ကို ထိန်းသိမ်းဖို့ရန် ဘယ်လောက် အရေးကြီးတာကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရနိုင်မလား? မရနိုင်ပါ။ သင်၏အပျိုစင်မှုကို တစုံ တဦးအား တကြိမ်တခါသာပေးနိုင်ပြီး တကြိမ်ပေးပြီးပါက အပျိုစင်ဘ၀ကို ပြန်မရနိုင်တော့ပါ။ သင်သည် သင်၏ အပြင်ပိုင်း ခန္ဓာပိုင်းအရ အပျိုစင်မှု ပြန်မရနိုင်သော်လည်း အတွင်းပိုင်း အပျိုးစစ်မှု တနည်းအားဖြင့် အတွင်းပိုင်း စင်ကြယ်မှု ကို ပြန်ရနိုင်သည်။ ဤအရာကို ဒုတိယမြောက် အပျိုစင်ဘ၀ဟုခေါ်သည်။
ဒုတိယမြောက်အပျိုစင်ဘ၀ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လက်မထပ်ခင် အထိ နောက်ထပ် လိင်ဆက်ဆံ ခြင်း ကို ရှောင်ကြဉ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ထားသည့်အတိုင်း ပြုမှုနေထိုင် ခြင်းဖြစ်သည်။ သင်ရွေးချယ်သည့် ပုံစံအတိုင်း သင်ဖြစ်လာသည်။ သင်သည် ဤသို့သောရွေးချယ်မှုကို ပြုလုပ်ပြီး ရွေးချယ်မှုအတိုင်း ပြုမူနေထိုင်ပါက သင်သည် အရင်ကနှင့်ကွဲပြားသောသူတစ်ဦးဖြစ်လာမည်။
သင်သည် တကြိမ်တခါပင် လိင်ကိစ္စ၌ပါဝင်ပတ်သက်ဖူးပါက၊ ဆက်လက်၍ ဤကိစ္စအား လုပ်ဆောင် နေ လိမ့် မည်ဟု လူအချို့က ပြောကြသည်။ ထို့ကြောင့် သင်လုပ်ရမည့်အကောင်းဆုံးအရာမှာ ကွန်ဒုံးကို သင်နှင့် မကွာ ဆောင် ထားရန်ဖြစ်သည်။ အကြောင်းမှာ သင်သည် လိင်ကိစ္စကို မငြင်းပယ်နိုင်သော ကြောင့်ဖြစ်သည်ဟု သူတို့ကဆိုကြသည်။ မမှန်ပါ။ သင်သည် ပြောင်းလဲနိုင်သည်၊ အမှားတစ်ခုကို ပြုလုပ် မိခြင်းသည် ထိုအမှားကိုဆက်ပြုလုပ်နေရမည်ဟု မဆိုလိုပါ။ သင်သည် ပါတီပွဲတစ်ခု၌ အလွန်အကျူး အရက်သောက်မိခြင်းက ဤကဲ့သို့ ပါတီပွဲတိုင်း၌ ဆက်လက်သောက်ရမည်ဟု ဆိုလိုခြင်းလော့? မဟုတ်ပါ။
 

လိင်နှင့်ပတ်သက်၍ အမှားတစ်ခုအား ပြုလုပ်မိခြင်းက ဤသို့သောအမှားအား ဆက်လက်လုပ်နေ မည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ပါ။ သင်သည် ဒုတိယမြောက်အပျိုစင်ဘ၀ကို ရွေးချယ်နိုင်သည်။ ဆယ်ကျော်သက်များစွာသည် ဤသို့သောရွေးချယ်မှုကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြသည်။ ဆယ်ကျော်သက်များသည် ဘာကြောင့် ဒုတိယမြောက် အပျိုစင်ဘ၀ကို ရွေးချယ်ကြသနည်း?
အကြောင်းပြချက်များစွာရှိသည်။ ၄င်းတို့ထဲမှ တစ်ခုမှာ ကျွန်မလုပ်သောအရာဟာ မှားယွင်းကြောင်းကို နောက်ဆုံးမှာ နားလည်ပါပြီ။ အသုံးပြုခြင်းခံနေရတာကို စိတ်ကုန်နေပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျွန်မဟာ အေအိုင်ဒီအက်(စ်) အပါအ၀င် အခြားလိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကိုလည်း ကြောက်ပါတယ်။ ကျွန်မဟာ ခါးသီးတဲ့ သင်ခန်းစာကို သင်ယူခဲ့ရတယ်။ ကျွန်မဟာ မျိုးပွားအင်္ဂါတွေကို လည်း အထိခိုက်မခံချင်ပါဘူး။ ကျွန်မဟာ ဤကိစ္စကို မရပ်တန့်ဘူးဆိုရင် ကျွန်မပေးရမည့်အဖိုးအခဟာ ကြီးမားပါတယ်။
ဘာသာမဲ့များသည် လိင်ကိစ္စကို ၂ဦးသဘောတူလျှင် အိုကေဟု လွယ်လွယ်ပြောကြသည်။ ဗုဒ္ဓဘာသာ (သို့မဟုတ်) ဘာသာရေးယုံကြည်ချက်တခု မြဲမြံစွာရှိခြင်းသော အမျိုးသမီးတဦးတွင် လက်မထပ်မှီ လိင်ဆက်ဆံမှု ဆိုးကျိုးများကို ဆင်ချင်နိုင်ပါသည်။ ထိုအမျိုးသမီးသည် မှားယွင်းသည်ဟု သိသောကြောင့် မိမိချစ်သူက ဆွဲဆောင်မှုများကို လိမ္မာပါးနပ်စွာဖြင့် ရှောင်ရှားနိုင်ပေမည်။ မလွဲရှောင်နိုင်သော အခြေအနေသို့ ရောက်သွားကောင်းရောက်နိုင်မည်။ သို့သော် အဆက်မပြတ် လွန်ကျူးခြင်းများမှ ဘာသာရေးသွန်သင်ချက်ဖြင့် ရုံးထွက်နိုင်ပြီး  နောက်ဆုံး သန့်ရှင်းစွာဖြင့် လက်ထပ်ပွဲကို ကျင်းပနိုင်ပေမည်။ အမျိုးသမီးများ သီလနှင့်ပြည့်စုံသော အပြုအမူ၊ သာယာချိုသာပြောဆိုမှုများအားဖြင့် အမျိုးသားများ ၏ ကြမ်းတမ်းသော၊ နွားသိုးရိုင်းစိတ်များ နည်းပါးသွားရသည်။ အမျိုးသားများ၏ အင်အားသုံး၊ ချိမ်းခြောက်မှုများကို ကြောက်ရန်မလိုသော်လည်း လေးစားရပါမည်။  သို့ဖြင့် လိင်ကိစ္စကို (တဏှာပါဝါ) သန့်ရှင်းစေခြင်းဖြင့် အိမ်ထောင်သည်ဘ၀အတွက် အစကောင်းမည်ဖြစ်သည်။

ခရစ်ယာန်ဘာသာယုံကြည်သူ အမျိုးသမီးအတွက်
ဘုရားရှင်သည် သင်၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ခြင်းအားဖြင့် သူကသင့်အား လူသစ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်သည်။ သူသည် သင့်အတိတ်ကို ဖျက်ရန်အတွက် Delete ခလုတ်ကို နှိပ်သည်နှင့်တူသည်။ သင်သည် ဘုရားရှင်ရှေ့ တွင် လူသစ်တဦးဖြစ်လာသည်။ သင်သည် ဘုရားရှင်၏ မျက်စိတော်ရှေ့၌ သန့်ရှင်းစင်ကြယ်သူဖြစ်သည် ““လူမည်သည်ကား၊ ဘုရားရှင် ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ် ဖြစ်ကြ၏”” ၂ကော ၅း ၁၇


 

မေးခွန်းများ (မှန်/မှား)
၁။ လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် စစ်မှန်သောအချစ်ကို သေချာပေါက် သိရှိခံစားနိုင်မည်။
၂။ သင်သည် အခြားသူများနှင့်လိင်ဆက်ဆံပါက သင်၏အိမ်ထောက်ဖက်အား သင်၏၁၀၀% အပြည့်ပေးနိုင်မည်မဟုတ်ပါ။
၃။ လက်မထပ်မီဆက်ဆံခြင်းသည် သင်၏မိမိကိုယ်ကို အထင်ကြီးလေးစားသောစိတ်ကို ထိခိုက်လိမ့် မည်မဟုတ်ပါ။
၎။ လက်မထပ်မီဆက်ဆံခြင်းသည် တစ်ဘ၀စာအကျိုးဆက်များရှိနိုင်သည်။
၅။ လက်မထပ်မီဆက်ဆံခြင်းသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်လာနိုင်သည်။
၆။ လက်မထပ်မီဆက်ဆံခြင်းသည် အန္တရာယ်ကြီးမားသည်။
၇။ မလိုချင်သော ကိုယ်ဝန်ကိုဖျက်ချခြင်းသည် ဘုရားမကြိုက်နှစ်သက်ပါ။
၈။ လက်မထပ်မီဆက်ဆံခြင်းသည် သင်နှင့်လက်ထပ်ရန်အတွက် သင့်တော်သောသူကို ရွေးချယ်နိုင်မည့် နည်းလမ်း ကောင်း တစ်ခု ဖြစ်သည်။
၉။ လက်မထပ်မီ ဆက်ဆံခြင်းသည် သင်၏အိမ်ထောင်ရေးကို ပြိုလဲစေနိုင်သည်။
၁၀။ လက်မထပ်မီ ဆက်ဆံခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ဘုရားက ဤအရာသည် အပြစ်ဖြစ်သည်ဟု ပြောထားသောကြောင့်ဖြစ်သည်
ရဲလင်းထွန်း (အင်းစိန်)

 Download Original PDF file
http://murann.com/documents/biblestudy/Wait.Until.Marriage.pdf

 
http://myanmarinsingapore.com/profiles/blogs/or မှ ကူးယူဖေါ်ပြပါသည်။
Read More

မှော်ဝင်မြို့ - အဖွဲ့ဝင်များ