--------------------------------
၂၅.၁၀.၂၀၁၂ ရက်နေ့ ကျော်တော်မြို့နယ်အတွင်း ခရီးသွားစက်လှေကို
လုံခြုံရေးတပ်မှ ပစ်ခတ်စဉ်အတွင်း သေဆုံးသူ
ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာမှ ဦကျော်လှ ၊
အသက် ၂၃ ကျည်ဆံထိဒဏ်ရာဖြင့် သေဆုံးနေရာမှ စက်လှေကို ဖောက်ပြီး ရင်ဘက်သို့
ထိမှန်သေဆုံစေခဲ့သော ကျည်ဆံအမျိုအစား ၅.၅၆ မမ အမ်အေ အုပ်စု
ဖြစ်ကြောင်းကို ကျောက်တော်မြို့ RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။
ကျောက်တော်မြို့ အရေးအခင်းတွင် သေဆုံး (၈)ဦးထိရှိခဲ့ပြီး (၆)ဦးမှ
သေနပ်ဒဏ်ရာကြောင်း သေဆုံးရသည်ဟု သိရှိရပါသည်။
30.10.2012 ရက်နေ့တွင် RSV သတင်းထောက်မှ ပေးပို့ပါသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတင်ဖြစ်ပေါ်ပြီး
-----------------------------
၃၀.၁၀.၂၀၁၂ ရက် နံနက် (၈) နာရီလောက်က စတင်ပြီး ရခိုင်ပြည်နယ်
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ရုန်းရင်
ဆန်ခတ်မှုများဖြစ်ပွါးခဲ့ပြီး အခြေအနေကို သွားရောက် ကြည့်ရှုခဲ့သော
သူများကို လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ကျော်လွင်မှာ သေနပ်ဖြင့်
ပစ်သတ်ခတ်ခဲ့ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက်
(၅၅) န
ှစ် ကျဆုံးသွားကြောင်းသိရှိရပြီး သန့်တင်ဆိုသူများ ဒဏ်ရာ
ပြင်ထန်းစွာရရှိပြီး ကျောက်နီမော် ပြည့်သူဆေးရုံးသို့
သယ်ယူသွားရကြောင်းကို RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ ယခုအခါ
အခြေအနေမှာ တင်မာလျှက်ရှိပြီး မသီတာထွေးကို မုဒိန်းကျင့်၊ လူသတ်၊
ပစ္စည်းလုယက်ခဲ့မှုကြောင်း ဒေသအတွင်း စိုးရိမ်းစရာအကောင်းဆုံး နေရာဟု
သတ်မှတ်ထားသည့် ဒေသလည်း ဖြစ်ပါသည်။
၁၀း၀၀ နာရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော် သတင်း
--------------------------
ယခုအခါ ကျောက်နီမော်ကျေးရွာ ပတ်ဝန်ကျင်မှ လူများသည် တဖြည်းဖြည်း
အင်အားထပ်တိုးလာပြီး အင်အားပေါင်း
(၁)သောင်းပတ်ဝန်ကျင်လောက်ရှိသွားပြီး တခြားသူများလည်း
လာရောက်ပူပေါင်းလျှက်ရှိသည်ဟုသိရှိရပါသည်။ လူထုသည် လုံးဝ
နောက်ဆုတ်သွားမည် အခြေအနေမရှိဘဲ ထိုကျောက်နီမော် ဘင်္ဂလီကျေးရွာအား
နေရာပြောင်းရွေ့ပေးရန်နှင့် လုံခြုံရေးသည် လူထုကို သတ်ဖို့ မဟုတ်ဟု
ကြွေးကြော်လျှက်ရှိသည်ဟု သိရှိရပါသည်။ ကျောက်နီမော် ကျေးရွာ
ပတ်ဝန်ကျင်တွင်လည်း လုံခြုံရေးများမှ နေရာအပြည့် အသင့်အနေထားဖြင့်
နေရာယူထားလျှက်ရှိသည်ဟုသိရှိရပါသည်။ လုံခြုံရေးမှ လူထုကို ပစ်ခတ်မှုကို
လုံးဝ လက်မခံနိုင်ကြောင်းကို အော်ဟတ်လျှက်ရှိသည်ဟု RSV သတင်းထောက်မှ
သတင်းပေးပို့လာပါသည်။
၁၁း၀၀ နာရီ ရမ်းဗြဲမြို့ ကျောက်နီမော် သတင်း
-------------------------------
အခြေအနေမှာ ဆက်လက် တင်းမာလျှက်ရှိသည်ဟု သိရှိရပါသည်။ ရခိုင်တိုင်းရင်းသား
လူပေါင်း (၁) သောင်းကျော်လောက်သည် လယ်ကွင်းပြင် နေပူပြင်ထဲတွင်
ဆန္ဒထုတ်ဖော်လျှက်ရှိပြီး လုံခြုံရေး ရဲများနှင့် စစ်တပ်မှ ကျောက်နီမော်
ဘင်္ဂလီရွာဖက်တွင် အခိုင်အမာ တပ်စွဲထားသည်ဟု သိရှိရပါသည်။ ယခုအခါ
လုံခြုံရေးအတွက် တောင်ကုတ် ခလရ - 346 မှ လာရောက် တပ်စွဲလျှက်ရှိပြီး
ဆန္ဒပြလူထုကိုလည်း စည်း (၆)ခုဖြင့် သတ်မှတ်လျှက် ထိုစည်းများကို
ကျော်မလာရန် ဟန့်တားထားသည်ဟု သိရှိရပါသည်။ ဆန္ဒပြလူထုမှ ခေါင်းဆောင်
တစ်ဦးမှ သူတို့ ဆန္ဒပြမှုကို သူတို့ တောင်းဆိုချက် မရမချင်း လုံးဝ
ရပ်တန့်လိမ်မည် မဟုတ်ကြောင်းကို စုံစမ်းသိရှိရပါသည်။
၁း၁၅ နရီ ရမ်းဗြဲမြို့နယ် ကျောက်နီမော် သတင်း
------------------------------------
ယခုအခါ ရမ်းဗြဲမြို့ ကျောက်နီမော်တွင် သားသမီးများ မလုံခြုံမှု၊
ကျောင်းသား/သူများ ကျောင်းသွားလမ်းတလျှောက်တွင် လုံခြုံမှု
မရှိခြင်းတို့ကြောင်း ကျောက်နီမော်ဘင်္ဂလီရွာကို ရခိုင်တိုင်းရင်းများနှင့်
ဝေးရာကို မပြောင်းမချင်း ဆန္ဒထုတ်ဖော်မှုကို ရပ်တန့် သွားမည်
မဟုတ်ကြောင်းကို ဆန္ဒပြခေါင်းဆောင် တစ်ဦးမှ ပြောပြသွားပါသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ