မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်းများပြပွဲ “Job Fair 2012” ကျင်းပမည်

မြန်မာ့ အလုပ်အကိုင် အခွင့်အလမ်း များပြပွဲ "Job Fair 2012" ကိုရန်ကုန်
မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌
၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက် နေ့များတွင်နံနက် ၉ နာရီမှ ညနေ
၅ နာရီအထိ ၂ ရက်ကြာ ကျင်းပပြု လုပ်သွားမည်ဟု သိရသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ
အသင်း (MYEA) မှကြီးမှူးကျင်းပခြင်း ဖြစ်ပြီး ပြပွဲတွင် အလုပ်အကိုင်
အခွင့်အလမ်းများနှင့် ပတ်သက်၍ အလုပ်ရှာဖွေနေသော လူငယ်များနှင့် လုပ်သား
လိုအပ်နေသည့် ကုမ္ပဏီများအား ချိတ်ဆက်ပေးခြင်း၊ အင်္ဂလိပ်စာ သင်တန်း၊
ကွန်ပျူတာသင်တန်းနှင့် စာရင်းကိုင်သင်တန်း စသည့် သင်တန်းများအား အခမဲ့
တက်ရောက်နိုင်ရေး အတွက် ကံစမ်းမဲစနစ်ဖြင့် အယောက် ၅၀ ရွေးချယ်ပေးမည့်
အစီအစဉ်များ ပါဝင်မည်ဟု သိရသည်။

"ဒီပွဲမှာ အလုပ်ရှာနေတဲ့သူတွေ အတွက်လည်း အစစအရာရာ အဆင်ပြေအောင်
မိတ္တူကူးစက်က အစထား ပေးထားမှာ ဖြစ်ပါတယ်။ အားလုံး free ပါ။
တစ်နေရာတည်းမှာပဲ မိမိနဲ့ သင့်တော်မယ့် အလုပ်အကိုင်တွေကို
ရွေးချယ်လျှောက်ထားနိုင်ဖို့ အတွက်ပါ။ ကုမ္ပဏီ ၅၀ ကျော်ဝင်ပြသမှာ
ဖြစ်ပါတယ်"ဟု MYEA မှတာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့ပါသည်။

ပြပွဲသို့လာရောက်၍ အလုပ်အကိုင် လျှောက်ထားသူများ အနေဖြင့်လည်း
ကိုယ်ရေးရာဇ၀င်၊ မှတ်ပုံတင်၊ လေဘာ၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ၊
သန်းခေါင်စာရင်း၊ ပညာအရည်အချင်း အထောက်အထားများ အစရှိသည့်
အလုပ်လျှောက်ထားရာတွင် လိုအပ်မည့် စာရွက်စာတမ်းများအား
ယူဆောင်လာရမည်ဖြစ်ပြီး အဆိုပါ ပြပွဲမှာ MYEA မှ အလုပ်အကိုင်
အခွင့်အလမ်းဆိုင်ရာ ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြပွဲတစ်ခုဖြစ်သည်။

--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ