အခြား စာဖတ်နည်း နာများ ရှိသည်ကိုသိအောင် ပထမ အားထုတ် သင့်ပါသည်။ ထို
့နောက် ၎င်းနည်းနာတို့ ကိုကျွမ်းကျင် အောင် ကြိုးပမ်း သင့်ပါသည်။
အသုံးများသော နည်းနာများကို ကြည့်ကြပါစို့ ။
(၁) ဖတ်မည့်စာ ဘာအကြောင်းလဲ မြည်းစမ်းကြည့်ခြင်း
မဖတ်ရသေးမီ ဘာတွေရေးထားသလဲကို
ဘယ်လိုသိနိုင်ပါသလဲ။အရင်ဆောင်းပါးများတွင်ပြောခဲ့သည့် စာပုံစံကို
ကျွမ်းကျင်ပါက သိနိုင်ပါသည်။ ဇာတ်လမ်းမဟုတ်သည့် စာအုပ်ဆိုပါက အဖုံး၊
မာတိကာ၊ မိတ်ဆက် တို့ တွင်ပါသည့် ခေါင်းစဉ်များကို ဖတ်ကြည့်ပါ။
တစ်အုပ်လုံးပါအခန်း ခွဲများ ၏ခေါင်း စဉ် များကို စ ဖတ်ကြည့်ပါ။
စာတစ်ပုဒ်ဆိုပါက ၎င်း၏ခေါင်းစဉ်များကို လိုက်ဖတ်ကြည့်ပါ။ အရောင်နှင့် ခြယ်
ထား သော စာလုံးမျာ အရွယ်ကြီးထားသော စာလုံးများ ပုံ စာများ စသည့် စာ အထား
အသို များကိုလည်း အကူအညီယူကာ မြည်းစမ်းကြည့်ပါ။ ၀တ္ထု ဇာတ်လမ်းဆိုပါက
ရုပ်ပုံ၊ ဇာတ်လမ်း အစ ပိုင်းလောက်ကို မြည်းကြည့်ပါ။
(၂) ဖတ်မည့် စာပါအကြောင်းအရာကို စဉ်းစားခြင်း
စာတစ်ပိုဒ်ဖြစ်စေ၊ တစ်ပုဒ်ဖြစ်စေ၊ တစ်အုပ်ဖြစ်စေ၊ စ မဖတ်မီ
စာပါအကြောင်းနှင့်ပတ်သက်၍ မိမိဘာ သိထားသလဲ ဆိုသည်ကို
အရင်ဆုံးစဉ်းစားသင့်သည်။ သို့ မှသာ သိပြီးသမျှနှင့် ဆက်စပ်မိမည်။ ဖတ်
တော့မည့်စာကိုလည်း ပိုစိတ်ဝင်စားပါမည်။ (အင်္ဂလိပ်စာ စ ဖတ်လိုသူများအတွက်
မိမိသိထားတာ 'များ' သည့် အကြောင်းအရာပါသည့် စာအုပ်ကို စ ဖတ်သင့်ပါသည်။)
(၃) ကြိုတင်ခန့် မှန်းခြင်း
ဤနည်းနာမှာ ၀တ္တုဇာတ်လမ်း တို့ ကိုဖတ်သည့်အခါ ပိုအသုံးဝင်တတ်ပါသည်။ ထို
့ပြင် စာပုံစံနှင့် လည်း ဆက် စပ် နေတတ်သည်။ စုံထောက်၊အချစ်၊အလွမ်း၊အသော
စသည့် ၀တ္တု ပုံစံအမျိုးမျိုးကိုအကျွမ်း ၀င်လေ၊ ထိုဇာတ်လမ်းတို့ တွင်
ဖြစ်ပျက်တတ်သည့် ဇာတ်ကွက်များကို ပိုခန့် မှန်းနိင်လေဖြစ်ပါသည်။
(အင်္ဂလိပ်စာ စ ဖတ်လိုသူများ မိမိအကြိုက်ဆုံးသော ဇာတ်လမ်းပုံစံ အလွယ်
စာအုပ်များကို စ ဖတ်သင့်သည်။)
(၄) မေးခွန်းထုတ်ကြည့်ခြင်း
ဘယ်စာအုပ်မျိုးမဆို အထက်ပါ နည်းနာများသုံးပြီးလျင်
ကိုယ်ပိုင်မေးခွန်းထုတ်သင့်သည်။ စာရွက်ပေါ် တွင်ရေး ရမည်ဟု မဆိုလိုပါ။
စိတ်ထဲတွင် စဉ်းစားရုံမျှဖြင့် လုံလောက်ပါသည်။ ဥပမာ ဇာတ်လမ်း တစ်
ခုဆိုပါက ဘာကြောင့် ဇာတ်လမ်းအစ (သို့ မဟုတ်)အဖုံး သရုပ်ဖော်ပုံတွင်တွေ
့ရသည့် ဇာတ် ကောင် ဘာကြောင့် ရူးသွားသလဲ ဆိုသည်ကို စဉ်းစားကြည့်ခြင်း၊
(ရှိတ်စပီးယား၏ 'လီယာဘုရင်ကြီး' လိုဇာတ် လမ်း မျိုး)
အခြားစာအုပ်မျိုးဆိုပါက ခေါင်းစဉ်ကြီး ငယ် တို့ အနက်က မသိသေးသည့်အရာနှင့်
ပတ်သက်၍ မေးခွန်းများစဉ်းစားကြည့်ခြင်း။ ဤနည်းနာကိုသုံးလျင်
ဖတ်မည့်စာနှင့်ပတ်သက်၍ မိမိဘယ်လောက်သိထားသလဲ ဆိုသည့်အတိုင်းအတာနှင့်လည်း
ဆက်စပ်နေတတ်သည်။ 'အသိများ' ပါကပိုထုတ်နိုင်ပါမည်။
အသိနည်းပါကလည်းသိပ်မစိုးရိမ်ပါနှင့်။ Who What When Where Why How 'ဘ
ခြောက်လုံး' ကိုသုံး မေးခွန်းထုတ်ကြည့်ပါ။ဖြစ်နိုင်သည့် အဖြေကိုလည်း
အလိုလိုစဉ်းစားမိတတ်ပါသည်။ ကိစ္စမရှိပါ။
(၅)အဖြေရှာကြည့်ခြင်း
မိမိ ထုတ်ထားသည့်မေးခွန်းအတွက်လည်းကောင်း၊ ကြိုတင်ခန့် မှန်းထားသည့်
မေးခွန်းနှင့်အဖြေ (သို့ မဟုတ်) ဇာတ်လမ်းနှင့် ပတ်သက်ပြီး လည်းကောင်း
ဟုတ်မဟုတ် အဖြေရှာဖတ်ကြည့်ပါ။ ဇာတ်လမ်းဆိုပါက တစ်အုပ်လုံး လို
လိုဆက်ဖတ်ဖြစ် နိုင်ပါသည်။ အခြားစာအုပ်မျိုးဆိုပါက စာပုံစံနှင့်အထားအသိုက
များစွာအကူအညီပေးတတ်ပါသည်။ အဖြေ ဘယ် ခေါင်းစဉ်အောက် မှာ
ရှိနိုင်သလဲဆိုသည်ကို အရင် ခေါင်း စဉ်ရှာ သင့်သည်။ ဥပမာ တောင်အာဖရိက လူ
မည်း ခေါင်း ဆောင် မင် ဒဲလား၏ ၂၇နှစ်တာအကျဉ်းမှ လွတ်လာပြီး နိုင်
ငံရေးလုပ်ဆောင်ချက်များကို စာအုပ်၏ နောက်ပိုင်းကျကျ ခေါင်းစဉ်များတွင်တွေ
့နိင်၏။ (အကယ်၍ သူ့ အတ္တုပ္ပတ္တိပုံစံက ငယ်စဉ်ဘ၀မှ အရွယ် ကြီး ရာသို
့စီထားလျင်။ ဤ ပုံ စံ ဟုတ်မဟုတ်ကို နည်းနာ (၁) ကိုသုံးစဉ်က သိပြီး ဖြစ်
လိမ့်မည်။)
(၆) ဖတ်ရသည့် ရည်ရွယ်ချက်ကိုစဉ်းစားခြင်း
ဘာကိုရည်ရွယ်ပြီး ဖတ်မလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါလိမ့်မည်။
မိမိသိလိုသည့် အချက်အလက် ကိုသာ ရှာ လို၍လား၊ ဖတ်ပြီးသမျှ သူတစ်ပါးကို
ပြန်ပြောလို၍လား၊ စာတမ်းရေးလို၍လား၊ အပျော်သက်သက်လား၊ စသည်ဖြင့်
ရည်ရွယ်ရာ အမျိုးမျိုးရှိနိုင်ပါသည်။ ဖတ်ရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး
သုံးသည့်နည်းနာ လည်းကွဲပြား သွား နိုင်ပါသည်။ ဥပမာ
'လီယာဘုရင်ကြီး'ကိုအပျော်သက်သက်ဖတ်ပုံဖတ်နည်း နှင့် ဘုရင်ကြီး၏
ဇာတ်ရုပ်အကြောင်းကို စာတမ်း ရေးဖို့ ရန် ဖတ်နည်း တူနိုင်မည်မဟုတ်ပါ။
အပျော်သက်သက်ဆိုပါ က နည်းနာ (၁) မှ ယခုနည်းနာ (၅) အထိသာလိုသော်လည်း
စာတမ်းပြန်ရေးမည် (သို့ ) ဝေဖန်ဆန်းစစ်ဖတ်မည်ဆိုပါက အောက်ပါနည်းနာများ
ထပ် လို ပါလိမ့်မည်။
(၇) ဆင့်ကဲဆင့်ကဲ မေးခွန်းထုတ်ခြင်း
ဘုရင်ကြီးကို စိတ်ကောင်းရှိတယ်လို့ ပြောရမလား။ တရားတယ်ပြောရမလား။
အသက်ကြီးလို့ စိတ်မမှန်ဘူးလို့ ပြောရ မလား။ လောကဓံမခံနိုင်ဘူးလို
့ပြောရမလား။ လူကဲမခတ်တတ်ဘူးလား။ 'ဖား' တာကိုကိုပဲကြိုက်ပြီးဉာဏ်
်မရှိဘူလို့ ပြောရမလား။ ဤကဲ့သို့ မေးခွန်းများထပ်ထုတ်ရပါလိမ့်မည်။ စ
မဖတ်မီ သာ မေးရမည်မဟုတ်ပါ။ ဖတ် နေ ရင်းလည်း ကြိုကြား ကြိုကြား
မေးခွန်းများပေါ်လာနိုင်ပါသည်။ ထိုမေးခွန်းများအတွက် ပြဇာတ်
တစ်ပုဒ်လုံး(သို့မဟုတ်)အခန်းခွဲတစ်ခု (သို့ မဟုတ်) သူ ပြောသည့်
စာကြောင်း တစ်ကြောင်းကို တစ်ကြိမ်ထက်ပိုပြီးဖတ်သင့်
့်လျင်ဖတ်ရပါလိမ့်မည်။
(၈) အသေးစိတ်နားလည်အောင် ဖတ်ခြင်း
တစ်ကြောင်းချင်းနားလည်အောင်ဖတ်ခြင်းကိုသာ မဆိုလိုပါ။
တစ်ကြောင်းနှင့်တစ်ကြောင်း၊ တစ်ပိုဒ်နှင့်တစ် ပိုဒ်၊ တစ်ခန်းနှင့်တစ်ခန်း
(သို့ ) ခေါင်းစဉ်တစ်ခုနှင့်တစ်ခု ဘယ်လို ဆက်စပ်သလဲဆိုသည်ကို နားလည်ခြင်း
ကို ဆို လို ပါသည်။ အစ အဆုံးတိုင် စာကြောင်းတိုင်းနားလည်အောင် တစ် ခေါက်
ဖတ်ပြီး တိုင်းလည်း အသေး စိတ် နား လည်ပြီဟု အမြဲတမ်း မပြောနိုင်ပါ။
နံပါတ် (၆) နည်းနာ ဖြစ်သော ဖတ်ရသည့် ရည်ရွယ်ချက်နှင့်လည်း ဆက်
စပ်နေပါသည်။ ထိုသို့ နားလည်မလည်ကိုလည်း မိမိ ကိုယ်ကို
ပြန်ဆန်းစစ်နိုင်ပါသည်။ ဖတ်ထားသည့် အကြောင်းအ ရာ (သို့ ) ဇာတ်လမ်းကို
သူတစ်ပါးကို ပြန်ပြောပြကြည့်ပါ။
(၉) ဝေဖန်ဆန်းစစ် ဖတ်ခြင်း (Critical Reading)
ဝေဖန်ဆန်းစစ် ဖတ်တတ်ရန် မိမိတစ်ယောက်တည်း၏ မေးခွန်များဖြင့်သာ
မလုံလောက်တော့ပါ။ သူတစ်ပါးနှင့် ဆွေးနွေးမှသာရနိုင်ပါသည်။ ထိုအခါ
ဆွေးနွေးမှုနည်းနာများလိုလာပါတော့သည်။ ကျောင်းစာသင်ခန်းများ၊
တက္ကသိုလ်စာသင်ခန်းများက ဤနည်းနာများကို လေ့ကျင့်ပေးတတ်ကြပါသည်။
(မရနိုင်ပါက လေ့ကျင့်ပေး နိုင် သူ တစ်ဦးတစ်ယောက်၏ အကူအညီယူ၍
ဝါသနာတူသူများ အုပ်စုလေးများဖွဲ့ ကာ နောက်ပိုင်း ကိုယ့်ကိုယ်ကို
ဆက်ရပ်တည်နိုင်အောင်ပါ ကြိုးစားသင့်သည်။)
(၁၀) ဘာသာစကားသီးသန့် နည်းနာများ
အင်္ဂလိပ်စာဝေါဟာရကြွယ်အောင်ကြိုးစားခြင်း၊ အင်္ဂလိပ်စာ
တစ်ကြောင်းချင်းဘာသာပြန်ကြည့်ခြင်း စသည့် နည်းနာများကို ဤနေရာတွင်
အကျယ်မဆိုလိုတော့ပါ။ (နောက်ပိုင်း အချိန်ရလျင်ရေးပါမည်။)
ယခုဖော်ပြပါ စာ ဖတ်နည်းနာများကို သိ ရုံမျှဖြင့် မလုံလောက်ပါ။
ကျွမ်းကျင်အောင် အားထုတ်သင့်ပါသည်။
အစောတလျင် လေ့ကျင့်သင့်သည့် နည်းနာမှာ နံပါတ် (၆) နည်းနာဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် အင်္ဂလိပ်စာ လေ့လာနေသူအများစု နှင့် မြန်မာစာဖတ်သူ
အချို့ မှာ (အထင်အားဖြင့်) စာမေးပွဲ အမျိုးမျိုးဖြေရန်ဆိုသော ရည်ရွယ်
်ချက်ဖြင့်သာ စာဖတ်လေ့ရှိကြသောကြောင့်ဖြစ်သည်။ ထိုအခါ
အရင်ဆောင်းပါးများတွင် ပြောခဲ့သလို သုံးသည့် နည်း နာမှာလည်း
'တစ်ကြောင်းစွဲနည်းနာ' ဟုဆို နိုင်သော တစ်ကြောင်းချင်းကို
မြန်မာလိုပြန်ဆိုသော နည်းကို သာ လျင် သုံးပါတော့သည်။ ဘယ်အင်္ဂလိပ်စာအုပ်
ဘယ်အင်္ဂလိပ်စာ ဖြစ်ဖြစ် ထိုသို့ ဖတ်တတ်မှသာ ဖတ်တတ်ပြီဟု ပြော နိုင် မည်
အထင်ရှိလာပါသည်။ ထိုမျှနှင့် မတင်းတိမ်လျင် 'ကျက်' လိုက်ရမှ
အားရတတ်ကြပါတော့သည်။ဝေဖန် ဆန်းစစ် စာဖတ်ခြင်းဆိုသည်မှာ 'ဝေလာဝေး'
ပင်ဖြစ်သွားပါသည်။
နည်းနာ နံပါတ်(၄) နှင့် နံပါတ် (၇) ကိုလည်း အပူတပြင်းလေ့ကျင့်သင့်ပါသည်။
ဤနည်းနာနှစ်ခုမှာ နံပါတ် (၉) နည်းနာ နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ ထို
့ပြင် မြန်မာစာ ဖတ်လေ့ရှိသူတစ် ယောက် အတွက် အခြားနည်း နာများမှာ မသိမသာ
ကျွမ်းဝင်ပြီးသားဖြစ်နိုင်ပါသည်။
အဆုံးအားဖြင့် ဘယ်ဘာသာစကားဖြင့် စာဖတ် ဖတ် ဝေဖန်ဆန်းစစ် ဖတ်တတ်ဖို့ ပင်
မဟုတ်ပါလား။ စာအရမ်း ဖတ်ပြီးကာမှ သူများပြောတိုင်းယုံနေရလျင်
မည်သည့်စာမျှ မဖတ်တာမှ ကောင်းပေလိမ့်ဦးမည် မဟုတ်ပါလား။
(စာကြွင်း။ ။ဤဆောင်းပါးကိုလည်း ဝေဖန်ဆန်းစစ်ဖတ်ကြပါ။ ဒီတစ်ပတ်
စာမျက်နှာ (post) ရှည်သွားသည်။အစ မှအဆုံး တောက်လျှောက်မဖတ်ပါနှင့်။
မသိသေးဟုထင်သည့် ခေါင်းစဉ် နံပါတ်ကို စ ဖတ်ပါ။ မေးခွန်းထုတ်ပါ။
ပြန်ဖတ်ပါ။ ထုတ် ထိုး အိုးပေါက် ဖတ်ကြည့်ပါ။ တတ်နိုင်လျင် စာရေးသူကို
ပြန်မေးပါ။ ကျေးဇူးတင်ပါသည်။)
--
Nann Nyunt Oo
အဲဒီအတိုင်းကြိုးစားကြည့်ပါ့မယ်။ဆက်လက်ကြိုးစားပါ။
ReplyDelete