ရောင်နီသွယ်တဲ့ကျွန်းကလေး
=================
ဟိုး.....နှစ်ထောင့်ငါးခုနှစ်လောက်ကပေါ့ကွယ် ကျွန်းလေးတစ်ကျွန်းမှာ
ကောင်လေးတစ်ယောက်နေထိုင်သတဲ့။ အဲ့ဒီကောင်လေးကို အဲ့ကျွန်းလေးက
လုံးဝမနှစ်သက်တာကြောင့် အဲ့ကောင်လေးကို ကျွန်းပေါ်ကနေ ထွက်သွားအောင်
နည်းမျိုးစုံသုံးပြီး နှင်ထုတ်ပါတော့တယ်။ အဲ့ကျွန်းကလေးကို=================
ဟိုး.....နှစ်ထောင့်ငါးခုနှစ်လောက်ကပေါ့ကွယ် ကျွန်းလေးတစ်ကျွန်းမှာ
ကောင်လေးတစ်ယောက်နေထိုင်သတဲ့။ အဲ့ဒီကောင်လေးကို အဲ့ကျွန်းလေးက
လုံးဝမနှစ်သက်တာကြောင့် အဲ့ကောင်လေးကို ကျွန်းပေါ်ကနေ ထွက်သွားအောင်
သိပ်ပြီးခင်သွယ်ရှာတဲ့ ကောင်လေးက နောက်ဆုံးတော့ ရွက်လှေလေးတစ်စင်းနဲ့
သမုဒ္ဒရာထဲကို ဦးတည်ရာမရှိပဲ ရွက်လွင့်ရပါတော့တယ်။ ဒါပေမယ့် ကောင်လေးက
ပြန်လှည့်လာရှာတယ်လေ။ ဒါပေမယ့် ကျွန်းလေးက ကောင်လေးကို
ဂရုတောင်မစိုက်ခဲ့ပါဘူးလေ။ ပြန်လက်ခံဖို့လည်း လုံးဝကို
စဉ်းစားထားဟန်မပေါ်တော့တာကြောင့် ကောင်လေးက သဘောပေါက်သွားပြီး
နှစ်ထောင့်တစ်ဆယ် ခုနှစ်မှာ လုံးဝနောက်ပြန်မလှည့်တော့ဘူးဆိုတဲ့
စိတ်ကူးလေးနဲ့ တစ်ကိုယ်ထဲ လေနှင်ရာ လှိုင်းပုတ်ရာကိုသာ သမုဒ္ဒရာကြီးထဲမှာ
ရွက်လွင့်နေခဲ့ရပါတော့တယ်။ တခြားကျွန်းလေးတွေက ကောင်လေးကို
ဖိတ်ခေါ်နေပေမယ့် ကောင်လေးက နားခိုးဖို့ကိုလုံးဝ စိတ်မကူးတော့ပဲ
ဆက်ပြီးတော့တာ လွင့်နေခဲ့ပါတော့တယ်။ တစ်နှစ်လောက်ကြာသွားတော့ ကောင်လေးက
"ငါ့ဘ၀ကသေနေပြီပဲလေ ဘာလို့များဆက်ပြီးတော့ ရွက်လွင့်နေရအုံးမှာလည်းကွာ"
"ဒီကမ်းမမြင်၊ လမ်းမမြင်တော့တဲ့ သမုဒ္ဒရာကြီးထဲမှာပဲ ငါ့တစ်ကိုယ်ထဲသာ
ဖြစ်ခြင်ရာဖြစ်ပါစေတော့လေ" လို့ဆိုပြီး ရွက်ကိုရုပ်သိမ်းလိုက်ပြီး
သမုဒ္ဒရာထဲကိုသာ သူ့ဘ၀ကြီးကို မျောချလိုက်ပါတော့တယ်။ ဒီလိုနဲ့
နှစ်ထောင့်ဆယ်နှစ်ခုနှစ်ကိုရောက်ခဲ့တော့ အရပ်လေးမျက်နှာလုံး
မဲမှောင်နေတဲ့ လမိုက်ည တစ်ညမှာ လေပြင်းမုန်တိုင်းကြီး တိုက်ခတ်တဲ့
ဒါဏ်ကြီးကို ခံရတော့တယ်။ ရေလှိုင်းတွေကလည်း ပြင်းထန်လွန်းလှတာပေါ့။
တုန်လှုပ်သွားခဲ့တယ်လေ။ မဲမှောင်နေတဲ့ကောင်းကင် ကြီးကိုမော့ကြည့်ပြီး
"အင်း ငါဘာကိုများ ကြောက်မိနေတာလည်း ဒီမှာပြီးဆုံးသွားတော့လည်း
ကောင်းတာပေါ့ကွာ" လို့ရေရွတ်လိုက်ပြီး ကောင်းကင်ကြီးကိုသာ
ငေးကြည့်နေခဲ့တယ်လေ။ ခဏကြာတော့ သူ့လက်ယာမျက်စောင်းထိုးလေးနားမှာ
အနီရောင်ကြယ်လေးတစ်စင်းကို သူသတိထားမိသွားတော့တယ်။ ကြယ်လေးရဲ့
အလင်းရောင်လေးက သူ့မျက်လုံးကနေ သူ့နှလုံးသားထဲထိကိုထွန်းလင်း
စေခဲ့တာပေါ့။ ဒါနဲ့ကောင်လေးက ကြယ်နီလေးကိုသာ ငေးငေး ငိုင်ငိုင်
ကြီးကြည့်နေမိတော့တယ်လေ။ လေပြင်းမုန်းတိုင်းက ပိုပြင်းထန်လာခဲ့တယ်။
သူ့လှေလေးက ပုခတ်ထဲ ထည့်လွဲခံရသလို တုန်လှုပ်နေပေမယ့် ကောင်လေးမှာ
အသက်ဆက်ဖို့ အဓိပ္ပါယ်လေးလုံးဝမရှိခဲ့ဘူးလေ။ ဒီလိုနဲ့ ရုတ်တရက်
တော်တော်လေး သာယာငြိမ့်ညောင်းတဲ့ ခေါင်းလောင်သံလေးကို
လေးပြင်မုန်းတိုင်းတွေ ကြားထဲကနေ သူသဲသဲကွဲကွဲကြီး ကြားခဲ့လိုက်ရတယ်လေ။
သူတော်တော်လေးကို အံအားသင့်သွားခဲ့တယ်လေ။ အဲ့ခေါင်းလောင်းသံလေးကို
ခေါင်းလောင်သံလေးက ထပ်တစ်ခါ ထွက်ပေါ်လာခဲ့တယ်လေ။ ဒီတစ်ကြိမ်မှာတော့
ခေါင်းလောင်းသံလေးက ကောင်လေးရဲ့ နားထဲကနေ နှလုံးသားထဲအထိကို
တသားထဲဖြစ်အောင် ပေါင်းစပ်သွားပြီး ကောင်လေးကို လှုပ်နှိုးလိုက်တော့တယ်။
ကောင်လေးက ဒါကိုခံစားလိုက်ရပြီးတော့ "ငါ့ကို ကြိုဆိုနေတဲ့နေရာလေး
ရှိနေသေးပါလား ငါရှေ့ဆက်ရမယ့်နေရာလေးက အဲ့ခေါင်းလောင်းသံလေးနဲ့
အနီရောင်ကြယ်လေးရှိရာ အရပ်မှာပါပဲ" လို့ဆိုလိုက်ပြီး
မုန်တိုင်းတွေကြားကနေ လွတ်မြောက်ခြင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီးတော့
သူ့လှေလေးကို ရွက်လွင့်လိုက်ပြီး အနီရောင်ကြယ်လေး ရှိရာအရပ်နဲ
ခေါင်းလောင်းသံလေးလာတဲ့အရပ်ကို ဦးတည်းပြီးရုန်းကန်ပါတော့တယ်။
သူအားလျော့တော့မယ်လို့ စဉ်းစားလိုက်တိုင်း စိတ်ဓာတ်ကျမိလိုက်တိုင်းခေါင်းလောင်းသံလေးက ကောင်လေးကို အသံလေးပေးတယ် အနီရောင်ကြယ်လေးကလည်း
အလင်းရောင်ကို ပိုပြီးမြင့်တင်ပြီးကောင်လေးကို အားဖြည့်ပေးနေခဲ့တယ်လေ။
မုန်တိုင်းကြီးလည်း ပြီးဆုံးသွားခဲ့ပြီ။ အနီရောင်ကြယ်လေးရှိနေတဲ့ ဘက်နဲ့
အနီရောင်လေး သွယ်တန်းနေတဲ့ ကျွန်းလေးတစ်ကျွန်းကိုသူလှမ်းမြင်လိုက်ရတယ်။
ဝေးလွန်းတော့ ရေးရေးလေးသာမြင်နေရပေမယ့် သူ့အတွက်တော်တော်လေးကို
အားဖြစ်စေခဲ့တယ်။ တစ်လကြာအောင်သွားခဲ့ပေမယ့် ကျွန်းလေးကို
သဲသဲကွဲကွဲမမြင်ရသေးပဲ သူကြားလိုက်ရတဲ့ ခေါင်းလောင်းကြီးကို
ပါမြင်တွေ့လိုက်ရတယ်လေ။ ဒါနဲ့ကောင်လေးက "အော်သာယာ
လွန်းတဲ့ခေါင်းလောင်းသံလေးက အဲ့ရောင်နီသွယ်တဲ့
ကျွန်းလေးကနေထွက်လာခဲ့တာပါလား" "အနီရောင်ကြယ်လေးကလည်း အဲ့ကျွန်းလေးကနေ
ထုတ်လွတ်လိုက်ပြီး ငါ့ကိုတွေ့စေခဲ့တာပါပဲလား" လို့ဆိုပြီး
ရောင်နီသွယ်တဲ့ကျွန်းလေးကို သူအရောက်သွားမယ် မုန်းတိုင်းတွေထပ်ပြီး
ပေါ်ထွက်လာလည်း သူအရောက်သွားရမယ်ဆိုပြီးတော့ ကောင်လေးက
သူဆက်ပြီးရွက်လွင့်ရမယ့် အဓိပ္ပါယ်လေးကို ရှာတွေ့သွားပါတော့တယ်တဲ့ .....
ရင်ထဲက ခံစာချက်လေးတွေကို သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်ဗျာ
ဖတ်ရှု့သူအပေါင်းကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်ဗျာ
ကောင်းပါတယ်...ဆိုလိုရင်းကိုပါ....တိတိကျကျအောက်မှာ...ဖေါ်ပြပေးရင်...ပိုကောင်းလိမ့်မယ်....
ReplyDeleteကောင်မလေးတစ်ယောက်ကို ရည်းစားစကားပြောထားတဲ့ စာလေးပါ ခုဆိုရင် အဲ့ဒီစာလေး အောင်မြင်သွားတော့ ရည်းစားလေး တစ်ယောက် ရရှိသွားပါပြီဗျာ ကောင်မလေးက အကျီင်္အနီရောင်လေးကို စွဲစွဲမြဲမြဲ ၀တ်တက်လို့ပါ ဒီလောက်ဆိုရင် ဆိုလိုရင်းကို နားလည်လောက်ပြီထင်ပါတယ်ဗျာ
ReplyDelete