ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်အနိုင်ရသလဲ (ဦးစိန်ကျော်လှိုင်)

စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား

မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ်
သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့
မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။

ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။
နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ
ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း
အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။

ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ
ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag
ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား
ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို
အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။ ဒါတင်မက Foley Hoag
ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က
ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က
အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက
သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းရှင်
ဗိုလ်မှူးကြီးမင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ် ဦးကျော်ဆန်း ဒေါ်ခင်ဦးလှိုင်
တို့သာဖြစ်တယ်။ ၂ဘက်ရှေ့နေခြင်း ယှဉ်ကြည့်ရင် အဖြေက သိသာနေတယ်။
မြန်မာဘက်ကရှေ့နေ ဒေါက်တာထွန်းရှင်
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ခဲ့တဲ့ ဆိုကျိုးထဲက
အကောင်းဆုံးသင်္ခဏ်းစာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကြောင့် စစ်တပ်က
အုပ်ချုပ်ရေးမှာ ၀င်စွက်တာကြောင့် ခုလို ဆုံးရှုံးမှုနဲ့
ရင်ဆိုင်ရတာဖြစ်တယ်။
ခုလဲဘဲ သိန်းစိန်အစိုးရက သန်းရွှေအစိုးရလို ငါတကောကောပီး
ညစ်ပတ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ် ဆက်အုပ်ချုပ်ရင်
နောက်ထပ်ဆုံးရှုးမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ဒီအမှုက မီးမောင်းထိုးပြနေတယ်။
စစ်သွေးကြွနေတဲ့ မြန်မာစစ်တပ်ကို နေရာတိုင်း
လက်နက်ကိုင်ဖြေရှင်းလို့မရဘူးဆိုတာ ဒီအမှုက သက်သေပြနေတယ်။
=================================================================

အမှုနောက်ခံ


မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ်
သတ်မှတ်ရေးအငြင်းပွားတဲ့အမှုဟာ ခုတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ
ခုံရုံးကို ရောက်သွားပီ ဖြစ်ပါတယ် ဒီအမှုရဲ့ နောက်ဆုံးအခြေအနေတွေကို
ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

အမှုရဲ့အကျဉ်းချုပ်ကို သောတရှင်များ သတိရအောင် ပြန်ပြောရမယ်ဆိုရင်
အငြင်းပွားတဲ့နေရာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်းရဲ့
အနောက်တောင်ဘက် ရေမိုင် ၅ဝ ခန့်အကွာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ မနှစ်က
ဒေးဝူးကုမ္ပဏီက ရေနံရှာဖွေရေး ပဏာပလုပ်ငန်းဖြစ်တဲ့
ဟိုက်ဒရိုကာဘွန်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတုံး ဘင်္ဂလားဒက်နိုင်ငံနဲ့
ပြဿနာဖြစ်ခဲ့တာပါ။

မြန်မာဘက်က ရေနံရှာတဲ့နေရာဟာ ဘင်္ဂလားဒက် ရေပိုင်နက်မှာဖြစ်တဲ့အတွက်
မြန်မာဘက်က ကျူးကျော်တယ်လို့ ဘင်္ဂလားဒက်နိုင်ငံက စွပ်စွဲခဲ့ပါတယ်၊ ၂
ဘက်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ အင်အားပြပီး မကြာခင်
မြန်မာဘက်က စစ်သင်္ဘောတွေ ရုတ်တရက် ဆုတ်ပေးခဲ့ပါတယ် နောက်ပိုင်း ဒီသတင်းတွေ
တိမ်မြုတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင်
နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုနဲ့ ပတ်သက်ပီး ဂျာမဏီနိုင်ငံ
ဟမ်းဘတ်မြိုအခြေစိုက်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကနေ
အဆုံးအဖြတ်ပေးဘို့ ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒက်နိုင်ငံက
လျှောက်ထားခဲ့ပါတယ်။

တနည်းပြောရရင် ပင်လယ်စာချုပ်ဥပဒေလို့လဲခေါ်တဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ
သဘောတူညီချက် ၁၉၈၂ ခု ပုဒ်မ ၂၈၇ ပုဒ်မခွဲ ၄ အရ ဖြေရှင်းပေးပါဆိုပီး
ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို
ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်၊

ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတာ စောစောက ကုလသမဂ္ဂ
ပင်လယ်ပြင်ဥပဒေ သဘောတူညီချက်ရဲ့ နိုင်ငံတကာ
ရေကြောင်းအငြင်းပွားမှုကိစ္စတွေ တရားစီရင် ဆောင်ရွက်ဘို့ဆိုပီး ၁၉၉၄ မှာ
စတင်ဖွဲံစည်းခဲ့တဲ့ နိုင်ငံတကာ ခုံရုံး ဖြစ်ပါတယ်။ နိုင်ငံတကာ တရားသူကြီး
၂၁ ဦးပါတဲ့ ခုံအဖွဲ့ဖြစ်ပါတယ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ
ခုံရုံးဆိုတဲ့ ITLOS အဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ဝကျော် ပါဝင်ပါတယ်။

၂ဝဝ၉ ခု နိုဝင်ဘာလ ၄ ရက်မတော့ မြန်မာစစ်အစိုးရကလဲ ဘင်္ဂလားဒက်နဲ့
အငြင်းပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စအတွက်
ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး အဆုံးအဖြတ်ကို လက်ခံမယ်ဆိုပီး
ကြေငြာခဲ့ပါတယ်၊ ဒီကြေငြာချက်ကို ဘင်္ဂလားဒက်နိုင်ငံက
ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၂ ရက်မှာ
ဆက်လက်ပေးပို့ခဲ့ပါတယ်။

ထူးခြားတဲ့အချက်က မြန်မာစစ်အစိုးရအနေနဲ့ ဘင်္ဂလားဒက်နိုင်ငံနဲ့ ရေပိုင်နက်
အငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပီး ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို
မရွေးချယ်ဘဲ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ
ခုံရုံး ITLOS ကို ရွေးချယ်လိုက်တဲ့အချက်ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ
ဒါဟန်းတက္ကသိုလ် နိုင်ငံတကာနယ်နိမိတ်သုတေသနအဖွဲ့က သုံးသပ်ပါတယ်။

ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးဟာ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးနဲ့
ပတ်သက်တဲ့အမှုတချိုံကို စီရင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။
ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS
ကတော့ နိုင်ငံတကာတရားရုံးက အမှုတွေ ဆက်ခံဘို့ ပြင်နေတယ်ဆိုတဲ့တိုင်
စဖွဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ကနေ့ထိ နိုင်ငံတကာ ပင်လယ်ပြင် နယ်နိမိတ်
သတ်မှတ်ရေးအငြင်းပွားတဲ့ အမှု တခုမှ ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံ
မရှိဖြစ်နေတယ်လို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ထောက်ပြပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ်
သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို အမှုအမှတ် ၁၆ လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ
နိုင်ငံတကာ ခုံရုံးက စာရင်းသွင်းထားပေမဲ့ ဘယ်တော့ အပြတ်စီရင်မယ်ဆိုတဲ့
ကာလအပိုင်းအခြား သတ်မှတ်ထားတာ မရှိဖြစ်နေပါတယ်။ ဒါပြင် ဒီအမှုကို
ခုံအဖွဲ့အပြည့်နဲ့ စီရင်မှာလား-ခုံရုံးအဖွဲ့ငယ်နဲ့ စီရင်မလားဆိုတာလဲ
ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ပြောပါတယ်။

ဘာဘဲပြောပြော မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံလုံးက ပင်လယ်ပြင်ဥပဒေဆိုင်ရာ
နိုင်ငံတကာ ခုံရုံးကို ရွေးလိုက်တဲ့အတွက် နောင်အလားတူ
ပင်လယ်ပြင်အငြင်းပွားမှုတွေ ဖြစ်လာရင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ
ခုံရုံးကို အသုံးချဘို့ တခြားနိုင်ငံတွေကို
အားပေးဘို့မျှော်လင့်တယ်လို့ပါ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက
မှတ်ချက်ချပါတယ်

ဒါဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ်
သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ဘယ်လို ရှေ့နေတွေက အကျိုးဆောင်ကြမလဲ
ပြန်ကြည့်ဘို့လိုပါတယ်-

ဒီအမှုအတွက် ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ
ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag
ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား
ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို
အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်

ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ
ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က
အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက
သတင်းထုတ်ပြန်ထားပါတယ်

မြန်မာစစ်အစိုးရဘက်က အကျိုးဆောင်မဲ့ သူကတော့ ဒုတိယ ရှေ့နေချုပ်
ဒေါက်တာထွန်းရှင်တဦးထဲဖြစ်တယ်လို့ စစ်အစိုးရ အဆင့်မြင့် အရာရှီတဦးက
အတည်ပြူပြောပါတယ် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ခေါင်းဆောင်တဲ့
အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ
နိုင်ငံတကာခုံရုံး ဥက္ကဌနဲ့ ဇန္နဝါရီလ ၁၄ ရက်နေ ၁၆ ရက်ထိ ဂျာမဏီနိုင်ငံ
ဟမ်းဘတ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ်

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘက်က ဒုတိယ ရှေ့နေချုပ်
ဒေါက်တာထွန်းရှင်တဦးထဲက စစ်အစိုးရကို အက်ျိုးဆောင်မှာဖြစ်ပီး
ဘင်္ဂလားဒက်ငှားထားတဲ့ ရှေနေကုမ္ပဏီကြီးနဲ့ လက်ရည်မမျှ ဖြစ်နေတယ်လို့
ရန်ကုန် ရှေနေအသိုင်းအဝိုင်းက ယူဆပါတယ်

ဒီနေရာမှာ မြန်မာစစ်အစိုးရဘက်က ဘာကြောင့် ဘင်္ဂလားဒက်လို အမေရိကန်ရှေ့နေတွေ
မငှားသလဲ မေးစရာရှိပါတယ်-ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေ ရေနံတွေ တွေ့ခဲ့ရင်
နိုင်ငံအတွက် အကျိုးအများကြ၊ီးရှိနိုင်တာမို့ ဘင်္ဂလားဒက်က
အမေရိကန်ရှေနေတွေကို ဈေးကြီးပေး ငှားခဲ့တာပါ။


ဒါဆိုရင် မြန်မာက ဘာကြောင့် ဒုတိယ ရှေ့နေချုပ်
ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်ရသလဲ-

Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ ဦးဆောင်ရှေ့နေတဦးဖြစိတဲ့ Paul Reichler
ရဲ့ပြောဆိုချက်အရဆိုရင် ခုလို ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားတဲ့
အမှုမျိုးကို ဆုံးဖြတ်ချက်ချဘို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၄ နှစ်ထိ
ကြာနိုင်တယ်လို့ဆိုပါတယ် ဒီနှုန်းနဲ့သာဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂
နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ၂ဝ၁၄
ခုနှစ်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

၂ဝ၁ဝ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ၂ဝ၁၁ ခုအစောပိုင်းမှာ
ရုပ်သေးအရပ်သားအစိုးရ ပေါ်လာတော့မှာဖြစ်တယ်-ဒါကြောင့် ဘင်္ဂလားဒက်နဲ့
ပြဿနာုဖြစ်တဲ့ ပင်လယ်ပြင်အမှုကို နောက်အစိုးရလက်ထက်မှ အဖြေရမှာဖြစ်တယ်-

ဒီအချိန်မှာ စစ်အစိုးရ အသွင်ပြောင်းသွားတော့မှာမို့ စစ်အစိုးရလက်ထက်
လောလောဆည်မှာ ဒီအမှုအတွက် နိုင်ငံခြားရှေ့နေငှားဘို့ နိုင်ငံခြားငွေ
မသုံးဘဲ ရှံးမဲ့အတူတူ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ
လွှတ်တဲ့သဘောလို့ ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက
ဝေဖန်ပြောဆိုနေကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ