မကြာသေးခင်က သုတေသန ပြုလုပ်ချက်တွေအရ ညီအကိုမောင်နှမတွေကြားထဲမှာ
အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်တွေထက် IQ နည်းနည်း သာတာကို
တွေ့ရပါတယ်။ အဲဒီလို IQ သာရခြင်း အဖြစ်နိုင်ဆုံး အကြောင်းကတော့
ညီငယ်နှမငယ်တွေကို ဟိုအကြောင်း၊ ဒီအကြောင်း ရှင်းပြရတဲ့အတွက်
အသိဥာဏ်ပိုင်း မြင့်တက်သွားတာဖြစ်နိုင်ပါတယ်။ အဲဒီအတိုင်း အင်္ဂလိပ်စာမှာ
ကိုယ့်လောက် မတတ်သေးသူ တစ်ယောက်ယောက်ကို သင်ကြားပေးခြင်းအားဖြင့်
ကိုယ်တိုင် ခေါင်းထဲမှာ စွဲမြဲပြီး တတ်သွားနိုင်ပါတယ်။
၂၂။ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီမှာ အင်္ဂလိပ်စာသင်တန်း လုပ်ပေးနိုင်မလား
မေးမြန်းတိုက်တွန်း ကြည့်ပါ။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်လိုပြောဖို့
မလိုအပ်ဘူးဆိုရင်တောင် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပေးခြင်းအားဖြင့်
ကုမ္ပဏီအတွက်လည်း ကုန်ကျစရိတ် မများလွန်းဘဲ ကုမ္ပဏီရဲ့ သင်တန်းဘတ်ဂျက်ကို
အများနှစ်သက်တဲ့ နည်းလမ်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂၃။ အိမ်အလုပ်လုပ်နေစဉ်မှာ အင်္ဂလိပ်လိုလွှင့်တဲ့ ရေဒီယိုကို ဖွင့်ထားပါ။
ဂရုတစိုက်နားမထောင်ဘဲ နဲ့တောင် သဘာဝအတိုင်းပြောတဲ့ အင်္ဂလိပ်စကား စည်းချက်
လေယူလေသိမ်းတွေကို နားယဉ် သွားနိုင်ပါတယ်။
၂၄။ Nintendo/Xbox/PS လို ဂိမ်းစက်တွေမှာ အင်္ဂလိပ်ဘာသာစကားသင်တဲ့
ကစားနည်းတွေကို ကစားပါ။ အဲဒီလို ကစားနည်းတွေမှာပါတဲ့ စကားအသုံးအနှုန်းတွေက
ကျပန်း ဟိုရောက်ဒီရောက် ဖြစ်နေနိုင်ပါတယ်။ သူတို့ချည်းသက်သက်ဆိုရင်တော့
အင်္ဂလိပ်ဘာသာစကား တိုးတက်ကောင်းမွန်လာဖို့ အလားအလာ သိပ်မကောင်းပါဘူး။
ဒါပေမယ့် အဲဒီ စကားအသုံးအနှုန်းတွေကိုပဲ အခြားတနေရာမှာ ပြန်ကြားရရင်
ဒါမှမဟုတ် ပြန်ဖတ်ရရင် ဂိမ်းဆော့ပြီး ဖြစ်နေတဲ့အတွက်ကြောင့် တကယ်တမ်း
မှတ်မိသွားမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့ပြီး
အင်္ဂလိပ်စာသင်တာဖြစ်တဲ့အတွက်ကြောင့် အခြားအင်္ဂလိပ်စာ သင်နည်းတွေနဲ့ မတူဘဲ
ပျော်စရာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း အပြောင်းအလဲဖြစ်ပြီး ဂိမ်းထဲမှာပါတဲ့
စကားအသုံးအနှုန်းတွေက နေ့စဉ်ဘ၀မှာ အသုံးများတဲ့
စကားအသုံးအနှုန်းတွေဖြစ်နေပြီး အချိန်ကုန်တာမျိုးကို ရှောင်ရှားနိုင်
အောင်လို့ ဂိမ်းထဲမှာပါတဲ့ စကားအသုံးအနှုန်းအသစ်တွေကို ချရေးပြီး
မှတ်မထားပါနဲ့။ နောက်တစ်ကြိမ် ဂိမ်းကို ကစားပြီး သိသွားအောင်သာ
ကြိုးစားပါ။
၂၅။ နေ့စဉ်လုပ်စရာရှိတာတွေ လုပ်နေတဲ့အချိန်မှာ ဘာတွေလုပ်နေတယ်ဆိုတာကို
အင်္ဂလိပ်လိုပြောပါ။ ဒါမှမဟုတ် စဉ်းစားကြည့်ပါ။ လုပ်စရာတွေကို
လုပ်နေတဲ့အချိန်မှာ ဘာလုပ်နေတယ်ဆိုတာကို ဖော်ပြတဲ့ ၀ါကျတွေ
တည်ဆောက်ကြည့်ပါ။ ဥပမာ အအေးပုလင်းအဖုံးကို ဖွင့်နေတယ် စသည်ဖြင့်
စဉ်းစားဖို့ ဖြစ်ပါတယ်။ အဲဒီလို စဉ်းစားခြင်းအားဖြင့် မိခင်ဘာသာ စကားကနေ
ဘာသာမပြန်ဘဲ အင်္ဂလိပ်လို စဉ်းစားတတ်ဖို့ အလေ့အကျင့်ရလာနိုင်ပါတယ်။
နေ့စဉ်ဘ၀မှာရှိနေတဲ့ အကြောင်းအရာတွေကို ဖော်ပြဖို့ ရိုးရှင်းတဲ့
ဝေါဟာရတွေ မသိသေးရင်လည်း ဘာတွေမသိသေးဘူးဆိုတာကို ကောင်းကောင်း
သိလာနိုင်ပါတယ်။
http://www.myanmar-network.net/forum/topics/3423487:Topic:582046?xg_source=facebook
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ