ယနေ့နံနက်ပိုင်းက တွေ့ရစဉ်..(ဓါတ်ပုံ)
ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား
ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်(ဓါတ်ပုံ)
"ကောင်းပြီး တိုးတက်တဲ့ အပြောင်းအလဲပဲ လိုချင်တယ်။ ဆိုးပြီး တိုးတက်တဲ့
အပြောင်းအလဲတော့ မလိုချင်ဘူး။ လူတွေအများစု ယုံကြည်တဲ့သူ နိုင်မယ်ထင်တယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တုန်းကမှ စိတ်မ၀င်စားကြတဲ့ သူတွေတောင်
စိတ်ဝင်စားလာကြတယ်။ ခံစားချက်ကတော့ အကောင်းဘက်ကို ပိုများလာမယ်ထင်တယ်။
စိတ်တိုင်းမကျတာ နည်းနည်းတော့ ရှိတယ်။ တစ်ချို့ မဲစာရင်းမှာ နာမည်မပါတဲ့
သူတွေ ရှိတယ်။ ကော်မရှင်ရုံးမှာ သွားမေးတော့ မသိဘူး ပြောတယ်။ ၂၀၁၅ ကျမှ
မဲပေးတော့လို့ ပြောတယ်။ မကျေနပ်ရင် ကြိုက်တဲ့နေရာ တိုင်လို့လည်း ပြောတယ်။
နောက်ပိုင်း နာမည်မပါတဲ့သူတွေကို သူတို့နဲ့ ကော်မရှင်ရုံးက
ရင်းနှီးတဲ့သူတွေ ရှာပေးမှ ကတ်ပြားရတယ်။ ဒါကို ကြည့်မယ်ဆိုလို့ရှိရင်
ကော်မရှင်မှာ လုပ်တဲ့သူတွေက ဒီလိုစကားမျိုး ပြောဖို့ မသင့်ဘူး။
အခုလိုမျိုး ပြောတဲ့ အတွက် ကော်မရှင်က လူကြီးတွေရဲ့ စေတနာနဲ့ အောက်ကလူတွေ
လုပ်နေတာနဲ့ ရောင်ပြန်ဟပ်နေတယ်။ ဒီတစ်ချက်ပါပဲ" မရမ်းကုန်းမြို့နယ် ၇
ရပ်ကွက်၊ မဲရုံအမှတ် ၁၊ ၂ တွင် မဲပေးခဲ့သူ စာရေးဆရာ မောင်စံပေါက
ပြောပါသည်။
ဦးခင်ညွန့်သား ကိုဇော်နိုင်ဦးက မရမ်းကုန်း (၇) ရပ်ကွက် မဲရုံ (၂) မှာ
မဲလာပေးခဲ့ပါတယ်။ NLD က ဒေါ်မေ၀င်းမြင့် ကို လူပုဂ္ဂိုလ်အရ
ယုံကြည်ချက်ကြောင့် ပေးခဲ့တာဖြစ်ပါတယ်။
နေပြည်တော် ပုဗ္ဗသီရီမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု စက်ကုန်းကျေးရွာနေ
ဦးအောင်ဝင်း(၄၂)က ကြိုတင်မဲများကောက်ခံရာတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များလိုက်ပါခွင့်မရ
ခဲ့ကြောင်းနှင့် ပါတီတစ်ခုထဲကသာ တစ်ဖက်သတ်ကောက်ခံသွားခဲ့ကြောင်း
ပြောကြားခဲ့သည်။ ထို့အပြင် မဲလက်မှတ်များတွင်
ဖယောင်းများသုတ်ထားခြင်းကြောင့် မဲပေးသူများအဆင်မပြေဖြစ် ကြရကြောင်း၊
မဲလက်မှတ်လဲလှယ်ပေးရန်တောင်းဆို ရာတွင် မဲရုံမှူးကငြင်းဆန်ခဲ့ကြောင်း
မဲဆန္ဒရှင်များ၏ပြောကြားချက်အရ သိရှိရသည်။
"၂၀၁၀ ပြည့်နှစ်မှာ မဲထည့်ရပြီး အခုချိန်မှာ စာရင်း မပါတာတွေလည်း
ရှိပါတယ်။ သေစာရင်းတွေ ရော ပါနေတာလည်း ရှိပါတယ်။ ရလဒ် အပေါ်မှာ
အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ၂၀၁၀ တုန်း ကတော့ မီဒီယာက အခုလောက်
ပွင့်လင်းခွင့် မရခဲ့ပါဘူး။ အခု ချိန်မှာတော့ ပွင့်လင်းလာပါပြီ။
လူတွေလည်း အသိဝင်လာပါပြီ။ ၂၀၁၅ ဆိုရင် အခုထက် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ကျွန်တော်ကတော့ မဲရုံ ကိုယ်စားလှယ် မငှားနိုင်တဲ့ အတွက် မဲရုံတွေကို
ကိုယ်တိုင် လိုက်ကြည့်နေပါတယ်" ဟု မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်သော အမျိုးသားဒီမိုကရေစီပါတီသစ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခ) ရသ က
ပြောကြားခဲ့ပါသည်။
ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉) တွင်
မဲစာရင်းတွင် မပါဝင်သူများ ရှိနေကြောင်းသိရသည် "ကျမတို့က ရပ်ကွက်မှာ
နေလာတာကြာပါပြီ။ ရပ်ရေးရွာရေးတွေကိုလည်း ခေါ်ခိုင်းတိုင် မငြီးမငြူ
လုပ်ဆောင်ပေးခဲ့ပါတယ်။ အခု ကျမတို့ လင်မယားနှစ်ယောက်ရှိတာ ယောကျာင်္ပဲ
မဲပေးခွင့်ရတယ်။ လာကောက်တုန်းကတော့ နှစ်ယောက်စလုံးနာမည် ပေးလိုက်တယ်။
အခုမဲပေးချင်တာ မဲပေးခွင့်မရတော့ဘူ။ မဲပေးခွင့်ရမယ်ဆိုရင် ခွပ်ဒေါင်းကို
ပေးမှာပါ။"
ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉)မှ
မဲပေးခွင့်မရသူတစ်ဦး
မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေအတွင်း
နိုင်ငံတကာ`ရုပ်သံမီဒီယာများနှင့် လွတ်လပ်သော ပြင်ပမီဒီယာများ
လာရောက်သတင်းရယူ လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိပြီး မဲရုံစုစုပေါင်း ၆၈
ရုံရှိကြောင်း သိရှိရသည်။ နံနက်ပိုင်းလာရောက်မဲပေးကြသူများမှာ
သက်ကြီးရွယ်အိုအများစုဖြစ်ပြီး အသက် ၈၀ ကျော်သူများ
ပါလာရောက်မဲပေးကြသည်ကို တွေ့ရှိရသည်။ ကိုယ်မဲမပေးရင်
မဲတွေနစ်နာသွားမှာစိုးလို့ သားသမီးတွေကို မဲရုံလိုက်ပို့ခိုင်းပြီး
မဲလာပေးတာပါ။ ဟု အသက်၈၀ ကျော်အဖိုးအို တစ်ဦးက ပြောပါသည်။
မဲဆန္ဒလက်မှတ်များတွင် ဖယောင်းများသုတ်ထားသည်ဟု
သတင်းများထွက်ပေါ်နေခြင်းအပေါ် မေးမြန်းခဲ့ရာ
ကန်တော်လေးအရှေ့ရပ်ကွက်မဲရုံအမှတ် ၂ မှ နယ်မြေကိုယ်စားလှယ်မှ
မဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည်ဆိုသည့် သတင်းမမှန်ကန်ကြောင်း
ဖြေကြားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပထမဦးဆုံးလာရောက်မဲပေးခဲ့သူ
၅၃နှစ်အရွယ်အမျိုးသားတစ်ဦးက ''အစောဆုံးလာရောက်မဲပေးခဲ့တာပါ။
ဒီနေ့အလုပ်သွား ရမှာမို့လို့ မဲရုံဖွင့်ချိန်စောင့်ပြီးမဲပေးခဲ့ပါတယ်''
ဟု ပြောကြားခဲ့သည်။ လာရောက်မဲပေးခဲ့သူတစ်ဦးဖြစ်သည့်
ဒေါက်တာမီမီခိုင်ကလည်း NLD ကို မှန်မှန်
ကန်ကန်နဲ့ယုံကြည်လို့မဲပေးခဲ့တာပါ။ ၂၀၁၀တုန်းက မဲမပေးဘဲနေခဲ့တယ်။
အခုတစ်ခေါက်တော့ အရင်ဆုံးပေးချင်လို့ကိုလာပေးဖြစ်တာ" ဟုပြောကြားခဲ့သည်။
မရမ်းကုန်မြို့နယ် အသက် (၂၁)အရွယ် ကိုတင်ဝင်းထွန်း "NLD ကိုသဘောကျတယ်။
ပြည်သူတွေ ကောင်းစာတာပဲ ဖြစ်ချင်တယ်။ ၂၀၁၀တုန်ကလည်း မဲပေးခဲ့တယ်။
အဲ့ဒီတုန်းက ပြည်ခိုင်ဖြိုးကို ပေးခဲ့တယ်။ အခုကြားဖြတ်ရွေးကောက်ပွဲက ၂၀၁၀
ရွေးကောက်ပွဲနဲ့ ယှဉ်ရင် ပိုပြီးတော့ ရွေးချယ်စရာများတယ်လို့ ခံစားရတယ်။
ကျွန်တော်ဖြစ်ချင်တာကတော့ ပြည်သူတွေ အကုန်လုံ ကောင်းစား တာပဲ
ဖြစ်ချင်ပါတယ်"
"ပြည်သူလူထု တစ်ရပ်လုံးအတွက် ပြောင်းလဲမယ့် ဒီမိုကရေစီရေးအတွက်
လှိုက်လှိုက်လဲလဲ လိုချင်လို့ မဲလာပေးတာပါ။
ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေ ကြိုးကြိုးစားစား
ဒီမိုကရေစီရေး လုပ်ကိုင်နေတဲ့အတွက် NLD ကို ၀မ်းမြောက်ဝမ်းသာ
မဲပေးခဲ့ပါတယ်။ ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲ ရင်ထဲက ဆန္ဒအတိုင်း
ပေးခဲ့တာပါ။ ကျွန်တော်ရဲ့ မဲတစ်ပြားဟာ နောင်တစ်ချိန်မှာ အများကြီး
တန်ဖိုးရှိသွားမယ်လို့လဲ ယုံကြည်ပါတယ်။ အခုလွတ်လပ်စွာနဲ့
စိတ်ချမ်းချမ်းသာသာ မဲပေးခွင့် ရခဲ့ပါတယ်။"
ပခုက္ကူမြို့နယ် အမှတ် (၈)ရပ်ကွက် မဲရုံ (၂) ဦးကျော်ဝင်ဆွေ အသက် (၅၅)နှစ်
"မဲပေးရတာ အဆင်ပြေပါတယ်။ လွတ်လပ်စွာနဲ့ ဆန္ဒပြုနိုင်ခဲ့ပါတယ်။
ကိုယ့်စိတ်ကြိုက်ပါတီကို လွတ်လပ်စွာ ရွေးချယ်မဲပေးခဲ့တာပါ။ ကိုယ်ကလည်း
ပြည်သူတစ်ယောက်ဆိုတော့ ကိုယ့်အပေါ် ကောင်းမယ့် ပါတီကိုပဲ မဲပေးခဲ့တာပေါ့။
ကျွန်မပေးခဲ့တဲ့ ပါတီကလည်း အနိုင်ရရှိမယ်လို့ ယုံကြည်ပါတယ်"
မကေသီတင်အသက် (၃၇)နှစ် ပခုက္ကူမြို့နယ် အမှတ် (၈)ရပ်ကွက် မဲရုံ (၂)
ပုပ္ပသီရိမြို့နယ် ထုံးဖို အမှတ် ၃ မဲရုံသို့ မဲလာပေးသော
သဲကျွန်းကျေးရွာမှ မ၀င်းမာ အသက် ၃၄ နှစ်က "ကျွန်မတို့ကတော့ ခွပ်ဒေါင်းပဲ
မဲပေးမယ်"ဟု ပြောကြားခဲ့သည်။
"ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားပါတယ်။ ဒီရွေးကောက်ပွဲက
ကျွန်တော်တို့အတွက် အပြောင်းအလဲတွေ အများကြီးဖြစ်မယ်လို့ ထင်ပါတယ်။
ကျွန်တော် NLD ကိုပဲ မဲပေးခဲ့ပါတယ်။ ဒီမိုကရေစီကိုလည်း ယုံကြည်ပါတယ်။" ဟု
မရမ်းကုန်းမြိုနယ် မဲရုံအမှတ် ၁ တွင် မဲလာပေးသူ အသက် ၂၁ နှစ် အရွယ်
လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
မင်းကင်းမြို့ပေါ်တွင် မဲ ရုံ ၃ ရုံရှိပြီး အမှတ် ၁ တွင် ပထဆုံးမဲပေးသူမှာ
အသက် ၄၀ ၀န်းကျင် အရွယ်ရှိ မစန်းနွဲ့ရီ ဖြစ်ကြောင်းသိရသည်။ ၎င်းက
"လွတ်လွတ်လပ်လပ် မဲပေးခဲ့ရပါတယ်" ဟု ပြောပါသည်။ အဆိုပါ မဲရုံအမှတ် ၁ တွင်
မဲပေးခွင့်ရှိသူ ၆၉၉ ဦးရှိပြီး
ကြိုတင်မဲ ၁၁၀ ရှိကြောင်း သိရသည်။
ပုလဲ- ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာ အ.ထ.က ကျောင်းခွဲတွင်
ဖွင့်လှစ်ထားသော မဲရုံသို့ပထမဆုံးလာရောက်မဲပေးသူမှာ ကိုအောင်မျိုးလွင်(၃၇
နှစ်)ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
မဲပေးခဲ့ကြောင်းပြောဆိုသွားခဲ့သည်။
ပုသိမ်မြို့ အမှတ် (၃)ရပ်ကွက် မဲရုံ (၇)တွင် နိုင်ငံခြားသံတမန်များ
လာရောက်လေ့လာ နေပြီး ပြည်သူများလည်း မဲပေးနေကြကြောင်း သိရသည်။ အသက်
(၄၀)၀န်ကျင်ရှိ မြို့ခံတစ်ဦး "မဲပေးဖို့ ရင်ခုန်နေလို့ ညက
အိပ်လို့တောင်မရဘူး။ အဲ့ဒါကြောင့် စောစောစီးစီး မဲလာပေးတာပါ။
ကိုတင်ဦး အသက် (၄၃)နှစ် မြို့မရပ်ကွက် ပှုဗ္ဗသိရီမြို့နယ် "ကျွန်တော်တို့
လူငယ်တွေက အမေစုပဲမဲပေးတယ်။"
ပွင့်ဖြူမြို့နယ် စံပြနှင့် ကံကြီးကျေးရွာ များတွင် နံနက် (၆)နာရီ
မထိုးခင်ခန့်မှစပြီး မဲပေးရန် စောင့်ဆိုင်းနေခဲ့ကြကြောင်းနှင့် (၆)နာရီ
မဲရုံဖွင့်ပြီးသည်နှင့် ဆက်တိုက် မဲဆန္ဒများ ပေးနေကြကြောင်း သိရပါသည်။
ဦးထွန်းတင် အသက် (၆၈) ပှုဗ္ဗသိရီမြို့နယ် မြို့မရပ်ကွက်
"ကျွန်တော်တို့ကတော့ လမ်းတွေ ခင်း၊ လျှပ်စစ်မီးတွေ ရအောင်လုပ်ပေးတဲ့
ဦးသာဌေး ကိုပဲ မဲပေးခဲ့တယ်။" ဟုပြောပါသည်။ ဦးသာဌေးသည်
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ပါသည်။
တန့်ယန်းမဲဆန္ဒနယ် အမှတ် (၄)ရပ်ကွက် မဲရုံအမှတ် (၁) ၆နာရီခွဲခန့်တွင် ၃၅
ဦးခဲ့ မဲပေးခဲပြီး ဖြစ်သည်။
မဲရုံအမှတ် (၁)စုစုပေါင်းမဲပေးခွင့်ရှိသူ ၂၉၄၆ ဦးဖြစ်သည်။
ပထဆုံးမဲပေးသူမှာ အမှတ် (၄)ရပ်ကွက် အငြိမ်းစားကျောင်းဆရာ
ဦးသန်းဝင်းဖြစ်ကြောင်းသိရပြီး ၄င် "တန့်ယန်းဒေသ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်ကို မဲပေးခဲပါတယ်။"
မရမ်းကုန်မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်တွင် အမှတ် (၅)
အခြေခံပညာအလယ်တန်းကျောင်းတွင် မဲရုံ (၅)ရုံ ဖွင့်လှစ်ထားရာ နံနက်
အစောပိုင်းတွင် အသက်ကြီးသူများနှင့် အလုပ်သွားမည့်သူများဖြင့်
ဆန္ဒမဲပေးရန် လာရောက်သူများပြားကြောင်းသိရသည်။
"အလုပ်သွားရမှာမို့လို့ စောစောလာတာပါ။ ကိုယ်သဘောကျတဲ့ပါတီကို
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မဲပေးခဲ့ပါတယ်"ဟု ဆေရုံဝန်ထမ်း
အမျိုးသမီးတစ်ဦး
" ပါတီတွေကတော့ မဲဆွယ်ထားတာအများကြီးပဲ။ ကျွန်တော်ယုံကြည်တဲ့ပါတီကို
မဲပေးခဲ့ပါတယ်။"ကိုဇော်ဇော် (ယာဉ်မောင်း)က ပြောပါသည်။
"၉၀ တုန်းကလည်းမဲပေးခဲ့တယ်။ အဲ့ဒီတုန်းက ခံစားချက်နဲ့ အခုခံစားချက်က
အတူတူပါပဲ" အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါသည်။
ပုဗ္ဗသိရီမြို့နယ် မဲဆန္ဒနယ်မှ အသက် (၆၀)အရွယ် လယ်သမားတစ်ဦးက ပထမဦးဆုံး
မဲဆန္ဒလာရောက်ပေးခဲ့သည်။ "အလုပ်တွေရှိနေလို့ လယ်ထဲမဆင်းခင် မဲလာပေးတာပါ။"
ဟု ၄င်းက ပြောပါသည်။
ပုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်က ဦးဘသိန်း အသက် (၆၅)နှစ်နှင့်
မိသားစုဝင် (၆)ဦးက "ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်းလို့
အစောဆုံးလာတာပါဟု" ပြောဆိုခဲ့ပါသည်။
ဂ၅နှစ်အရွယ် ဒေါ်အုံးတင် ပှုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်
"ဘယ်သူ့မဲထည့်ရမလဲ မသိဘူ။ သူတို့ထည့်ခိုင်တာ ထည့်ရမှာပဲ။"
မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် စတင်ဆန္ဒမဲပေးနေကြကြောင်း နှင့်
အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ မဲရုံအတွင်း
ဝင်ရောက်သွားကြပြီ ဖြစ်ကြောင်းသိရသည်။
မင်္ဂလာတောင်ညွှန့် မဲရုံအမှတ် ၁၊ ၂၊ ၃ တွင် နံနက် ၆ နာရီ မထိုးမီ
ကြိုတင်မဲများကို လွှတ်တော်ကိုယ်စားလှယ်လောင်များနင့်
မဲရုံကိုယ်စားလှယ်များ ရှေတွင် ရေတွက်နေကြောင်း သိရသည်။
ပုဗ္ဗသိရီမြို့နယ် မြို့သစ်ရပ်ကွက်က ဦးဘသိန်း အသက် (၆၅)နှစ်နှင့်
မိသားစုဝင် (၆)ဦးက "ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးချင်းလို့
အစောဆုံးလာတာပါဟု" ပြောဆိုခဲ့ပါသည်။
လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံများကို ယနေ့
နံနက် ၆ နာရီမှ စတင်ပြီး စတင် ဖွင့်လှစ်လိုက်ပြီ
ဖြစ်ပါသည်။
လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲရုံများကို ယနေ့
နံနက် ၆ နာရီမှ စတင်ပြီး စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။
ကလောမြို့နယ်တွင် မဲရုံပေါင်း ၁၃၂ ရုံ၊ မဲပုံး ၂၅၆ ပုံး၊ မဲလက်မှတ်
စာအုပ်မှာ ၂၀၁၉ အုပ် ဖြစ်ကြောင်း၊ မဲပေးနိုင်သည့် ဦးရေ ကျား ၄၈၂၃၆ ဦး၊ မ
၅၀၁၅၇ ဦး၊ စုစုပေါင်း ၉၈၃၉၃ ဦးဖြစ်ကြောင်းနှင့် စစ်တပ်မှ
မဲပေးနိုင်သူဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀
ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က
ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD
က ရရှိခဲ့ကြောင်း သိရသည်။
"ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်း အခက်အခဲတွေ၊
လယ်ယာမြေ သိမ်းခံရတာတွေကို တွေ့နေရပါတယ်။ ပထမဆုံးလုပ်ပေးချင်တာကတော့
လယ်သမားတွေရဲ့ ထွက်ကုန်တွေကို ပြည်ပကို
ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနိုင်အောင်ပါ။ တချို့မဲစာရင်းတွေ
မှားတာတွေကတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိသေးလို့ပဲ မြင်ပါတယ်။ အချိန်မှီ
ပြုပြင်နိုင်ခဲ့တာတွေ ရှိသလို၊ မပြင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။
မြန်အောင်မြို့နယ်က ဒေါင့်ကျအုပ်စု၊ ညောင်တုန်းလဲအုပ်စု၊
ရင်းတိုက်ကုန်းအုပ်စု၊ ထောက်ကျံ့အုပ်စုတွေကို မနက်ဖြန် အဓိကထားပြီး
သွားမှာပါ။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ မိမိနိုင်ငံအတွက်
ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုရွေးချယ်တာ ပိုကောင်းပါတယ်"
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်
"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး
ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍
သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။
မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက်
မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊
ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။
ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့
၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး
ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင်
ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။
မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း
ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့်
ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ
တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ
၇နာရီဝန်းကျင်တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့်
ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်
"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့
လာစရာမလို မဲပေးဖို့ အသင့်ဆိုတာချည်းပဲ။ တချို့ပါတီတွေဆိုရင်
လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ
တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့
ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့်
မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါတယ်။ တချို့ရွာတွေဆို
အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က
မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊
ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။ ဥပမာ မန်းကျည်းကြုံရွာဆို
မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ
မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။
တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။ သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့
လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင်
လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။
မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ
မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ်
ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။
စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ
ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး
ဖြည့်ပေးတာလည်းရှိတယ်။
အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု
ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက
မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက
အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ် ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊
စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ
သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း
အုပ်ချုပ်ရေးမှူးဆိုလည်း ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို
ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့
၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့
ခန့်မှန်းထားပါတယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ
ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊
စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ
သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ
အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်းမှုကြောင့် ရတာပါ။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာအောင်မိုးညို
ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊
ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊ မဲရုံပေါင်း ၂၀၉ရုံ
ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး
အပါအ၀င် ၈ ဦးအား ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူပေးပါရန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား
ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊
ယာကြီးတော(အရှေ့)ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၏ ဦးမြမောင်၏ သားဖြစ်သူသည်
အဆိုပါကျေးရွာတွင် နေထိုင်သူ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးနှင့်
မဲစာရင်းတွင်ပါဝင်သူ ၇ ဦး၊ စုစုပေါင်း ၈ ဦးတို့အား မတ်လ ၃၀ ရက်နေ့တွင်
ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် ယင်းကိစ္စကို အရေးယူပေးပါရန်
အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် (ကျောက်ပန်းတောင်းမြို့နယ်)မှ
မြို့နယ်ကော်မရှင်သို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မရှင်၏ တာဝန်ရှိသူ
တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲထည့်ခိုင်းခြင်းကြောင့် ယခုကဲ့သို့
တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
''သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ
မဲပေးခိုင်းတာရယ်၊ စိတ်မနှံ့တဲ့သူကို မဲထည့်ခိုင်းတာရယ်ကြောင့်
မြို့နယ်ကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။
စိတ်မနှံ့တဲ့သူက မဲပေးလို့ မရဘူးဆိုတာ သိထားပါတယ်''ဟု
ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မဲပြားတွင်ပါရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား
အမှန်ခြစ်နိုင်မည့် နေရာတွင် ဖယောင်းများ သုပ်ထားသည်ဆိုသော သတင်းများ
ထွက်ပေါ်နေခြင်းကြောင့် စိစစ်ပေးပါရန် မြို့နယ် ကော်မရှင်သို့ ယင်းကိစ္စကို
စိစစ်ပေးပါရန် ကျောက်ပန်းတောင်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
မြို့နယ်ကော်မရှင်သို့ အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
''မဲပြားမှာပါတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို အမှန်ခြစ်ရမဲ့နေရာမှာ
ဖယောင်းတွေသုပ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ "ဖယောင်းသုပ်ထားတာဟာ
အမှန်ခြစ်ရင် မထင်အောင်၊ မထင်တဲ့အတွက် နောက်တစ်ခါ ထပ်ခြစ်ပြီး
ပယ်မဲဖြစ်အောင် လုပ်သွားမဲ့သဘောပါ။ မဖြစ်သင့်တဲ့ ကိစ္စမို့လို့
မြို့နယ်ကော်မရှင်အဖွဲ့ကို စိစစ်ပေးဖို့ အသိပေး အကြောင်းကြားထားပါတယ်။
ကော်မရှင်က ဘာမှတော့ အကြောင်းပြန် မကြားဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်နှင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဆက်လက်တင်ပြပါမည်..။




No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ