Printer များ အကြောင်း အပြည့်အစုံ



 

 

Printer အကြောင်း

Printer အကြောင်းလေးကို သိသလောက်ပြောပြခြင်ပါတယ် Printer အကြောင်းမပြောခင်လေးမှာ Hardware နဲ့ Software ကွဲခြားကြောင်းလေးကိုပြောပြခြင်ပါတယ်။ ကျွန်တော်တို့ Print ကို Software ဖြစ်တဲ့ မျက်စီနဲ့မြင်လို့ရပြီး..ကိုင်လို့မရအောင်လဲ ထုတ်လို့ရပါတယ်။ဒီလို ထုတ်တဲ့နေရာမှာ Printer မလိုအပ်ပါဘူး.ဒါပေမဲ့Hardware ဆိုပြီး မျက်စီနဲ့လဲ မြင်ရအောင်၊ကိုင်တွယ်လို့လဲရအောင် ထုတ်ဖို့အတွက်တော့ Printer လိုအပ်ပါတယ်။ Printer ကို ၁၉၃၈ ခုနစ်မှာ Chester Carlson က dry printing process (သို့)Electrophotography (သို့) လူသိများတဲ့ Xerox လို့နာမည်အမျိုးမျိုးနဲ့ခေါ်တဲ့ ဒီ Printer လေးကိုတီထွင်ခဲ့ပါတယ်။ ဒီ Xerox Printer ဟာဆိုရင် Laser Printer ပေါ်ပေါက်လာဖို့အတွက် အဓီကအုတ်မြစ်ခုတခု ဖြစ်ခဲ့ပါတယ်။ ဒီလိုဘဲ ၁၉၅၃ ခုနစ်မှာ Universal Automatic Computer (UNIAC) ဆိုတဲ့ Computer မှာအသုံးပြုဖို့ ပထမဦးဆုံး high-speed printer ကို Remington-Rand ကထီတွင်ခဲ့ပါတယ်။ ဒီလိုဘဲအခု ခေတ်ကာလမှာလဲ Printer တွေက အမျိုးအစားအမျိုးမျိုး၊ Company မျိုးမျိုးကနေပြီးတော့ နာမည်အမျိုးမျိုးနဲ့ ထုတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီ Printer အမျိုးအစားအမျိုးမျိုး၊ Company အမျိုးမျိုးတွေအကြောင်းကို ရှင်းမပြတော့ဘဲ အားလုံးကို ခြုံပြီးရှင်းပြခြင်းပါတယ်။

Printer မှာအဓိက Main အနေနဲ့ (၄)မျိုးရှိပါတယ်။

ဒီလေးမျိုးကတော့

Laser, Dot-Matrix, Ink-Jet or Bubble-Jet, Dye-sublimations printers ဆိုပြီးရှိပါတယ်။

 

 

 

Laser

Laser Printer အကြောင်းကိုပြောပြရမယ်ဆိုရင် Laser နဲ့ပြုလုပ်ထားဖြစ်ပြီး၊ ဈေးကြီးပေးဝယ်ရပါတယ်.ဒါပေမဲ့ အသုံးပြုတဲ့နေရာမှာတော့ သိပ်ပိုက်ဆံမစားဘူး။ အရည်အသွေးကောင်းမွန်.ပြီးတော့ လျှင်မြန်သွတ်လွတ်မှုရှိပါတယ်။

 

 

Dot-Matrix

Dot-Matrix ကတော့ Laser နဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး သန့်တမ်းကြာပြီးဖြစ်တဲ့ စက်ဖြစ်သလို စက်ကကြီးမားပါတယ်။ Print ထုတ်တဲ့နေရာမှာ နှေးကွေးပြီး အသံထွတ်တာကျယ်ပါတယ်။ အရည်အသွေးလဲသိပ်မကောင်းဘူး။ ဒါပေမဲ့လဲ ဈေးသိပ်သာပြီးသုံးရတာလဲ အဆင်ပြေတာမို့ သုံးဆွဲနေကြတာဖြစ်ပါတယ်။

 

 

Ink-Jet or Bubble-Jet

Ink-Jet or Bubble-Jet ကတော့ အခါလူအများသုံးပြူကြတဲ့၊နေရာတိုင်း၊ဆိုင်တိုင်းမှာ တွေ့ရတဲ့ Printer လေးဖြစ်ပါတယ်။ ၀ယ်ရတဲ့ဈေးမှာလဲ သက်သာပြီးအရည်အသွေးလဲကောင်း၊မြန်လဲမြန်တာမို့လို့

လူအကြိုက်များကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူမှာ ထည့်ရတဲ့ မင်ရည်က ဈေးအလွန်ကြီးတာကြောင့်၊ ပြီးတော့ Print out လုပ်လိုက်တဲ့အချိန်မှာ မင်စိုစိုကြီးထွတ်လာရင်လဲ မင်တွေပေနိုင်ပါတယ်။ ဓာတ်ပုံထုတ်တဲ့နေရာမှာ လည်းကောင်းမွန်ပါတယ်။

Dye-sublimations printers

Dye-sublimations printers ကတော့ အထူးသဖြင့် ဓာတ်ပုံတွေထုတ်တဲ့နေရာမှာ အသုံးပြုပြီး စာသားတွေအတွက်သိပ်ပြီးတော့ အသုံးမတည့်ပါဘူး

အခု ဒီ Printer အမျိုးအစားလေးမျိုးသိပြီတဲ့ အခါမှာ ကိုယ့်ဝယ်တဲ့အခါမှာ ဘယ်လိုမျိုးကို ၀ယ်သင့်သလဲဆိုတာကို ရှင်းပြပါမယ်။ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ လိုအပ်မှုပေါ်မှာ အမှုတည်ပါတယ်.အထူးသဖြင့် Printer ကမှာ အပေါ်မှာရှင်းပြခဲ့သလိုဘဲ သူ့ရဲ့ အားသာတဲ့လုပ်ဆောင်ချက်လေးတွေ ကိုယ်စီရှိတာမို့ ကိုယ့်က ဓာတ်ပုံထုတ်မယ်ဆိုရင် Ink-Jet printer ကိုအသုံးပြုကြပါတယ်။ အခုနောက်ပိုင်းမှာ အသစ်ထွတ်လာတဲ့ Multifunction printers ကတော့ တမျိုးထဲကို ထုတ်အတွက်အသုံးမပြုဘဲ လိုအပ်တာကိုလိုသလိုအသုံးပြုဖို့

အင်တာနက်ဆိုင်တွေမှာ အသုံးပြုဖို့အတွက်တော့ အကောင်းဆုံးဖြစ်ပါတယ် ဓာတ်ပုံတွေ၊စာသားတွေကိုထုတ်လို့ရတဲ့အပြင် scan ဖတ်လို့ရတယ်။ copy လုပ်လို့တယ်၊ Fax ပို့လိုရတယ်၊ Camera ကနေလဲ တခါထဲထုတ်လို့ရတဲ့အဆင့်အထိပါ အသုံးပြုလို့ရပါတယ်။ ဈေးနှုန်းက သိပ်ပြီးကွာခြားမှုမရှိသလို အရွယ်အစားလဲ သိပ်မကြီးတာမို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုဖို့ အလွန်ကောင်းမွန်ပါတယ်။

 

Printer ထိန်းသိမ်းခြင်း

ကျွန်တော်တို့ Printer ၀ယ်ပြီးအခါမှာ ရေရှည်အသုံးခံဖို့အတွက် လိုက်နာရမယ် စည်းကမ်းမှာ လုပ်ဆောင်သင့်တဲ့ အချက်အလက်လေး. တွေကိုလဲ ပြောပြချင်ပါတယ်။ သိပ်အများကြီးမဟုတ်ပါဘူး ကိုယ်လုပ်နေကျလေးလဲ ဖြစ်မှာပါ ၈ ချက်ဘဲရှိပါတယ်။

၁) Printer အပြင်ပိုင်းကို အမြဲသန့်ရှင်းရေးလုပ်ပေးပါ Power ကို off ပြီး Plugin ဖြုတ်ထားပြီ ဖော့တုံးလေးကို ရေစွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ

၂) အတွင်းကို သန့်ရှင်းရေးလုပ်ချင်ရင် အတွင်းကိုသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းလေးနဲ့ ဂရုစိုက်ပြီးလုပ်ပေးပါ။

၃) ကိုယ်အသုံးမပြုတဲ့ အချိန်မှာ Power ကို off ထားပါ ပြီးတော့ အမြဲ Printer ကို အ၀တ်နဲ့အုပ်ထားပါကောင်ပလောင်တွေ ၀င်နိုင်သလို၊ဒီလိုအပ်ထားခြင်းအားဖြင့် ကိုယ် သန့်ရှင်းရေးလုပ်ရတာလဲ သက်သာပါတယ်။

၎) Print ထုတ်မဲ့ စာရွတ်တွေကို သူ့ရဲ့ Original အိတ်နဲ့ဘဲထားပါလိုရင်လိုသလို ထုတ်ပြီးမှာသုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်မဲ့ စာရွတ်က မသန့်ရှင်းဘူး ရေစိုနေမယ်ဆိုရင် Printer ထုတ်တဲ့နေရာမှ ကောင်းကောင်းမပေါ်နိုင်သလို၊ Printer လဲ ထိခိုက်နိုင်ပါတယ်။

၅) တနေရာနဲ့တနေရာပြောင်းရွေ့ မယ်ဆိုရင် သေသေချာချာပြန်ပြီး package နဲ့ပြန်ထည့်ပြီး Plugin ကိုဖြုတ်ပါ။

၆) Printer ပျက်ခဲ့လို့ရှိရင် ပြုပြင်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတွေဆီမှာ အကူညီတောင်းပါ ကိုယ်တိုင်မသိဘဲနဲ့ မလုပ်ပါနဲ့။

၇) Printer ရဲ့ Main power switch ကိုမပိတ်ခင် Printer မှာပါတဲ့ Power ခလုတ်ကိုအရင်ပိတ်ပြီးမှဘဲ Main power switch ကိုပိတ်ပါ။ ဒီလိုလုပ်ခြင်းဟာ Printer ရဲ့ အတွင်းပိုင်းမှာ လုပ်ဆောင်နေတဲ့ ကိုယ်မမြင်နိုင်တဲ့ သူ့လုပ်ဆောင်ခြင်းတွေကို ကောင်းကောင်းမွန်မွန် သူရဲ့ power ခလုတ်က ပိတ်ပေးမှာဖြစ်ပါတယ်။

၈) စာရွက်ရွေးချယ်ခြင်းဟာလဲ Printer အတွက်အရည်ကြီးပါတယ်။ အရည်အသွေးမကောင်းတဲ့ စာရွက်တွေကိုအသုံးပြုခြင်းအားဖြင့် Printerရဲ့ စက်ပိုင်းဆိုင်ရာကို Paper Jam ဖြစ်စေပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ စာရွက်များကိုသာ Printer ထုတ်တဲ့နေရာမှာ အသုံးပြုခြင်းဖြင့် Printer ကို ထိန်းသိမ်းနိုင်ပါတယ်။

အထက်ပါနည်းလမ်း ၈ ခုအတိုင်း Printer ကိုထိန်းထိန်းသိမ်းသိမ်းအသုံးပြုမယ်ဆိုရင် ရေရှည်ခံပြီး ကောင်းမွန်တဲ့ Printer တခုဖြစ်မှာပါ။ ဆိုတော့ Printer အကြောင်းနဲ့ ထိန်းသိမ်းနည်းလမ်းလေးတွေ ကျွန်တော် သိသလောက်ကို ပြန်လည်ရှင်းပြပေးလိုက်တာဖြစ်ပါတယ်။



Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ