Basics of Wireless Network

 

ဒီတစ်ခါတော့ wireless network ရဲ့  security ပိုင်းနဲ့ ပတ်သတ်ပြီး ကျနော် တီးမိခေါက်မိ သလောက်လေး ကို share ပေးတဲ့သဘောပါ။

 

Wireless Network ဆိုတာဘာလဲ ?

 

Wireless network ဆိုတာ devices တွေတစ်ခုနဲ့ တစ်ခုကို wire တွေ အသုံးမပြုပဲ တစ်ခုနဲ့ တစ်ခု radio wave ကို အသုံးပြုပြီး interconnection လုပ်တဲ့ network အမျိုးအစားဖြစ်ပါတယ်။ computer ထဲမှာရှိတဲ့ wireless adaptor ကနေပြီးတော့data တွေကို translate လုပ်ပြီး radio signal နဲ့  transmit လုပ်လိုက်ပါတယ်။ အဲ့ဒီ signal ကို wireless router ကနေ receive လုပ်ပြီး decode လုပ်ခြင်းဖြင့် connect လုပ်ပါတယ်။wireless network ကို အများအားဖြင့် Wifi ဒါမှမဟုတ် WLan လို သုံးနှုံးခေါ်ဝေါ်ကြပါတယ်။wireless network ရဲ့ အဓိကအားသာချက်ကတော့ user တွေ အနေနဲ့  network ကို connect လုပ်ဖို့ အတွက် plug ထိုးစရာမလိုတာကြောင့် အသုံးပြုရတာ ပိုမို အဆင်ပြေပါတယ်။သူ့ မှာလဲ အားနည်းချက်ရှိပါတယ်။ အဲ့ဒါကတော့ properly configured မလုပ်ထားရင် security ပိုင်းမှာ wire နဲ့  connect လုပ်တာထက် ပိုပြီး security ပိုင်း အားနည်းပါတယ်။

 

Basic Terminology

 

Service Set Identifier (SSID) ဆိုတာ wireless networks ရဲ့  alphanumeric string တွေပါ။ သူက အများဆုံး 32 bit အထိရှိပါတယ်။ channel တစ်ခု သို့ မဟုတ် range တစ်ခုအတွင်းမှာ network တစ်ခုထက်မက ရှိနိုင်ပါတယ်။ SSID ဟာ network တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။

 

 

Wireless Access Point (WAP) 

 

 

WAP ဆိုတာကတော့ wireless network signals ကို generated လုပ်တဲ့ point ကိုဆိုလိုတာပါ။WAP ဆိုတာ network ထဲမှာရှိတဲ့ computer ကနေ ထုတ်လွှင့်လိုက်တဲ့ radio signals တွေကို receive လုပ်ပေးပြီး router ကို ပို့ ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။

 

 

 

Basic Service Set Identifier (BSSID)  WAP ဒါမှမဟုတ် wireless router ရဲ့  MAC address 48 bit key ဖြစ်ပါတယ်။

 

Beacons 

 

Beacons ဆိုတာ network ထဲမှာရှိတဲ့ computers တွေနဲ့ WAP ကြားမှာ connect လုပ်ပေးတဲ့ wireless packet တွေပဲဖြစ်ပါတယ်။

 

Wireless Equivalent Privacy (WEP) ဆိုတာဘာလဲ ?

 

WEP ဆိုတာကတော့ wifi data stream တွေကို encrypt လုပ်ထားခြင်းပဲဖြစ်ပါတယ်။ WEP encryption မှာ 64bit သို့ မဟုတ် 128bit key ဖြစ်ပါတယ်။

 

WEP ရဲ့ အားသာချက်များ

 

1. Authenticating Clientsusers ဒါမှမဟုတ် clients ဟာ network ကို access လုပ်ဖို့ အတွက် မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်မှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

2. Privacy wireless data တွေကို encrypt လုပ်ခြင်းဖြင့် user က မှန်ကန်တဲ့ WEP key ကို ရိုက်ထည့်တဲ့အခါကျမှ decryption ကို allow လုပ်မှာဖြစ်ပါတယ်။WEP key ကို အလွယ်တကူ crack လုပ်လို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Initialization Vector (IV) size က 24bit ဆိုတော့ အရမ်းတိုလွန်းတယ်။ဒါကြောင့်မို့ လို့  Wi-Fi Protected Access(WPA) နဲ့  WPA2 ဆိုတဲ့  security protocols တွေကို ထပ်မံ released လုပ်လာကြပါတယ်။



Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ