အိမ်သာလို့ ဧည့်လာတာကိုတော့ လက်ခံပါတယ်...။
ဒါပေမယ့်....ငါ့အိမ်ရောက်ရင် ငါ့စည်းကမ်းအတိုင်း နေနိုင်ရပါမယ်....
မနေနိုင်ရင် လုံးဝ မလာခဲ့ပါနဲ့...။
အိမ်ကိုလာပြီး အိမ်ရှင်ကို စော်ကားရင် ရိုက်ထုတ်တာ ခံရပါမယ်...
ရိုက်မထုတ်ဘဲ လက်ခံထားတယ်ဆိုရင် အိမ်ရှင်( အိမ်ထောင်ဦးစီး)ရဲ့ အကျင့်စရိုက်နဲ့ စိတ်ဓါတ်အဆင့်အတန်းဟာ....
ဘယ်အဆင့်အတန်းလဲ ဆိုတာ စဉ်းစားစရာ လိုအပ်ပါတယ်...။
ဒီမိုကရေစီလို့ ဆိုလိုက်ရင် ..ဘယ်လို ဒီမိုကရေစီလဲ ဆိုတာကို အရင် ရှင်းလင်းပြောပြထားရပါမယ်....
ပိုကောင်းမယ့် လမ်းကြောင်းကို အိမ်သားတွေက ထောက်ပြလာရင် လက်ခံနိုင်ရပါမယ်...။
လက်မခံနိုင်ရင် အိမ်ထောင်ဦးစီးလည်း ဆင်းသွားပါ...
နောက်ထပ် အိမ်ထောင်ဦးစီးအသစ်ကို ရွေးချယ်ခွင့်ပေးပါ..။
ရွေးချယ်ကြပါမယ်....
မဆင်းသွားဘဲ ပေကပ်ပြီး လုပ်ချင်တာ လုပ်နေမယ်ဆိုရင် အိမ်ထောင်ဦးစီးတစ်ဦးဟာ..(ရိုင်းသွားရင် ..ခွင့်လွှတ်ပါ..)
ဖာခေါင်းလောက်တောင် အဆင့်မရှိတဲ့ အိမ်ထောင်ဦးစီးပါပဲ...။
ဖာခေါင်းတောင်မှ သူ့ဟာတွေကို ကာကွယ်ထားတက်ပါသေးတယ်....။
ကျွန်တော်တို့ အိမ်ထောင်ဦးစီးတွေက အချိုးမပြေမှတော့...ကျွန်တော်တို့လည်း အဆင့်မရှိတဲ့ အဆင့်ကို ရောက်နေတာ....
အမှန်ပါပဲ......
ဝင်လာတာတွေကိုလည်း ကောင်းကောင်းလက်မခံနိုင်.....
အထဲကသူတွေကလည်း အချိုးမပြေနဲ့တော့...
ဘယ်တော့များမှ လူလူသူသူ ဘ၀ကို ရရှိလာမလဲ မတွေးမိရဲသေးပါဘူး....
ပြောချင်သေးတာကတော့....ငါတို့ အိမ်မှာတောင် ငါတို့သဘောကျမနေရတာ....
ငါတို့ ကုသိုလ်ကံအားနည်းလို့ ဖြစ်ပါလိမ့်မယ်.....
ကုသိုလ်များများ လုပ်ကြပါ...နောင်ဘ၀ လူဖြစ်ရကျိုးနပ်အောင်ပေါ့လေ.....
စေတနာကြီးကြီးထားပြီး အမုန်းခံပြောလိုက်ပါသည်။
(ဝေဖန်ပြောဆိုနိုင်ပါသည်။)
အားလုံးကို လေးစားခင်မင်လျှက်
နန်းညွန့်ဦး


No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ