တောင်ထိပ်ဖျားက အချစ်ပန်းလေး (Essay)

ကျွန်မရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့
တည်ငြိမ်တဲ့စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင် ကျယ်ကြီးပေါ်
မှီလိုက်တိုင်းရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။
ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ် အကြာမှာ လက်ထပ်ခဲ့ကြတာ
အခုဆိုအိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို
ကျွန်မ ငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သ
ူ့အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက်စိတ်ပင်ပန်းစရာတွေ အဖြစ်
ပြောင်းလဲနေပါပြီ။ ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွ န်မတ
ို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေ အပေါ် ကျွန်မသိပ်ကိုခံစား
လွယ်ခဲ့တယ်။

ကလေးငယ်လေးတစ်ယောက်ချိုချဉ် သကြားလုံး ကိုတပ်မက်တွယ်တာသလို ကျွန်မတို
့ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်းခဲ့တဲ့အချိန်ခဏလေးတွေကို တမ်းတ နေတယ်။
သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ့ဖြောင့်ဖြောင့်ကြီး ကို
ဆန့်ကျင်ဖက်ဖြစ်နေတယ်။ သူ့ရဲ့ တည်ငြိမ်နိုင်လွန်းမှုတွေနဲ့ ကျွန်မတို့ရဲ့
အိမ်ထောင်ရေးမှာ ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေမရှိဘူးလို့ ကျွန်မ
ထင်လာတဲ့အခါမှာ အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။နောက်ဆုံး တစ်နေ
့မှာတော့ ကျွ န်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ့ကိုပြောဖို
့ဆုံးဖြတ်လိုက် တော့တယ်။"လမ်းခွဲမယ် ဟုတ်လား...ဘာလို့ လဲ " သူ ထိတ်လန်
့တကြားတော့မေးရှာပါတယ်။

"ကျွန်မ အရမ်းပင်ပန်းနေပြီ... ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့
အဖြစ်အပျက်တိုင်းမှာဘာအကြောင်းပြချက်မှ မရှိပါဘူး..."
ဒီလောက်နဲ့ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။

အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ့ကိုကျွန်မ
စိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကိုထုတ်ဖော်နိုင်စွမ်းမရှိတဲ့
လူတစ်ယောက်စီက ကျွန်မဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလ.ဲ ...နောက်ဆုံး
တော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။
"ငါဘယ်လိုလုပ်ပေးရင်မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ" တဲ့။ လူတစ်
ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုး ထုံးစံပဲမဟုတ်လား...။
သူ့အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်
တွေလည်းပျောက်ဆုံးကုန်ပါပြီ။သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း
ကြည့်လိုက်ပြီး ကျွန်မ ဖြေလိုက် တယ်။ "ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို
ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီး လှုပ်ခတ်နိုင်ရင်
ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်..."

"တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မ လိုချင်တယ်..."

အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း
ကျွန်မတို့နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့...
ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက်ခူးပေးနိုင်မလား" ။
သူပြန်ဖြေတာကတော့ ...."မနက်ဖြန်ကျရင် မင်းကို ငါအဖြေ ပေးမယ်" ဆိုတာပဲ။
သူ့စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွ
န်မရဲ့မျှော်လင့်ချက်တွေစုန်းစုန်းမြုပ်သွားတယ်။ မနက်အိပ်ရာနိုးတော့
သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာနွားနို့ ခွက်နဲ
့ဖိထားတဲ့သူ့လက်ရေးနဲ့ ရေးထားတဲ့စာတစ်စောင်ကိုပဲ
ကျွန်မတွေ့ရတယ်။စာထဲမှာ ရေးထားတာကတော့.....

"အချစ်ရယ်... ငါမင်းအတွက် အဲဒီပန်းပွင့်လေးကိုမခူးပေးနိုင်ပါဘူး။
ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို
ရှင်းပြခွင့်ပေးပါ....။"ပထမ စာတစ်ကြောင်းနဲ့တင် ကျွန်မနှလုံးသားတွေ
ကွဲကြေကုန်ပါပြီ။ စာကိုဆက်ဖတ်လိုက်ပါတယ်။

" မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေ အားလုံး
ကမောက်ကမနဲ့ရှုပ်ထွေးကုန်တယ်လေ...အဲဒီ နောက်မင်း
ကွန်ပျူတာဖန်သားပြင်ရှေ့မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ
ပြန်ဖြစ်အောင် မင်းကို ကူဖို့ အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ "

"မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။
အဲဒီအခါကျရင်မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း
ငါ့ခြေထောက်တွေရှိနေရဦးမယ်။"

"မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို
့အသစ်တစ်ခုကိုရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့ တာပဲ။ မင်းကို
လမ်းရှာပေးဖို့ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ"

"မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း
မင်းရဲကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ
နာနေတာကိုဖြေပေးဖို့  ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်"

"မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်
မတိုင်ခင်အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရ
အောင်လို့ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ 
ငါ့ပါးစပ်ကလေးလည်းရှိနေရဦးမယ်"

"ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက်
လုံးဝမကောင်းနိုင်ပေမယ့်မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ငါတို့ အိုလာတဲ့အခါ
မင်းရဲ့လက်သည်းလေးတွေညှပ်ပေးဖို့...မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို့
ငါ့မျက်လုံးလေးတွေ ရှိနေရမယ် မဟုတ်လား။

ကမ်းခြေမှာလမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို
ငါတွဲပေးနိုင်မယ်လေ။နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို
မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကိုပန်းပွင့်လေးတွေရဲ့အရောင်ကို
ပြောပြလို့ ရမယ်။ "

"ဒါကြောင့်ပါကွာ...မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ
ရှိမယ်လို့မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး
ငါမသေပါရစေနဲ့ဦး။"

ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။
သူ့လက်ရေးနဲ့ မှင်လေးတွေ့  စာရွက်ပေါ် ပြန့်သွားတဲ့အထိပါပဲ။ စာကို
ကျွန်မဆက်ဖတ်ပါသေးတယ်။

"ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။
ငါ့အဖြေကိုမင်းကျေနပ်တယ်ဆိုရင်... မင်းအတွက် လတ်လတ် ဆတ်ဆတ် နွားနို့ နဲ
့ပေါင်မုန့်တွေ ဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို
တံခါးလာဖွင့်လှည့်ကွာ.."

ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ
့ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲ မှာလည်း
နို့ ပုလင်းတွေ၊ ပေါင်မုန့်တွေ တစ်ပွေ့တပိုက်နဲ့ပေါ့။

အခုတော့ သေချာသွားပါပြီ။ သူ့လောက်ကျွန်မ အပေါ် ဘယ်သူမှ
မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က ပန်းပွင့်လေးကိုလည်း သူ
့ဘာသာ တစ်ပွင့်တည်းရှိပါစေတော့.... ဒါဟာဘဝပါပ.ဲ . အချစ်ဆိုတာလဲ ဒါပါပဲ။

ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့
ခံစားချက်တွေမှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ 
မှေးမှိန်ပျောက်ကွယ်မှုတွေရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို
့ကြိုးစားတော့တာပါပဲ။ အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။
အလွန်သေးငယ်ပြီးတဲ့ပုံစံနဲ့လည်းဖြစ်နိုင်တယ်...သူ့ မှာစံပုံစံဆိုတာ
မရှိပါဘူး။ အမှေးမှိန်ဆုံးပုံစံလေးလဲ
ဖြစ်နိုင်တယ.်.ငြီးငွေ့ဖွယ်ပုံစံနဲ့ရောပေါ့။ ပန်းပွင့်တွေ
..စိတ်လှုပ်ရှားစရာတွေဟာ အပေါ်ယံပါ ဆက်ဆံရေးတစ်ခုပါပ.ဲ .အဲဒါတွေ အားလုံးရဲ့
အတွင်းကျကျ နေရာမှာတော့ အချစ်စစ်ရဲ့ အဓိကနေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ
ဘဝပါပ.ဲ ...

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ