ကျောက်တော်မြို့သေနပ်ပစ်မှုသတင်းရှင်းလင်းချက်

ကျောက်တော်မြို့တွင် သေနပ်အပစ်ခံရသောသတင်းမှာ လွဲမှားနေပြီး သေနပ်ထိခဲ့ခြင်းမဟုတ်ကြောင်းနှ

င့် သေနပ်ပစ်ဖောက်သဖြင့် အိမ်သို့ ၀င်ပြေးသွားခြင်းဖြစ်ကြောင်း ၊ နေအိမ်သို့ စစ်သားများကလာရောက်ကာ ဖမ်းဆီးသွားကာ ရဲစခန်းအချုပ်ထဲသို့ ပို့ဆောင်လိုက်ခြင်းသာဖြစ်ကြောင်းသိရသည်။
မူးယစ်ပြီး စစ်သားများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသော စကားများပြောဆိုခဲ့ခြင်း၊ဆဲဆိုခဲ့ခြင်းများကြောင့် ထိုသို့ပြုလုပ် ခဲ့ ရခြင်းဖြစ်ကြောင်း၊ ၃၁ ရက်နေ့ နေ့လည်ပိုင်းတွင် အချုပ်မှပြန်လည်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်းလည်း သိရပါသည်။ ယင်းအတွက် အမည်ကိုမဖော်ပြတော့ပါ။
ထိုသူ၏ အိမ်မှာ မိုက်ကရိုတိုင်အနီးရှိ မာဆတ်(အနှိပ်ခန်း) အနီးတွင်ရှိကြောင်းလည်းသိရသည်။ လဲကျ သွားသဖြင့် မျက်မြင်များက သေနပ်ထိသည်ဟု ယူဆခဲ့ခြင်းသာဖြစ်ပြီး အတိကျမသိလိုက်ရသဖြင့် ထိုသတင်းသည် ပျံ့နှံ့သွားရခြင်းသာဖြစ်ကြောင်းသိရသည်။ ယနေ့မှသာ သတင်းအခိုင်အမာသိရှိရ ခြင်းဖြစ်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ