အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာ တစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့ မရပါဘူး။ ဒီလိုရှိပါတယ်။
စာဖတ်သူတို့လည်း သတိထားမိမယ်ထင်ပါတယ်။ Browser တစ်ခုတည်းမှာ www.google.com
လိုအပ်ပါတယ်။
၁။ Control Panel ကိုဝင်ရပါမယ်။
၂။ Network Connection သို့မဟုတ် Network and Sharing Centre ကိုဝင်ရပါမယ်။
၃။ မိမိအသုံးပြုနေတဲ့ Network (ဥပမာ- Local Area Connectin)ကိုရွေး ချယ်ရပြီး Click နှိပ်ရပါမယ်။ XP သုံးနေတယ်ဆိုရင် Right cick နှိပ်ဝင် ရမှာ ဖြစ်ပါတယ်။ Window 7 သုံးနေတယ်ဆိုရင်တော့ left Click နှိပ် ဝင်နိုင်ပါတယ်။
၎။ Properties ကိုနှိပ်ပါ။
၅။ Netwokring Tab ဝင်ပြီး Internet Protocol (TCP/IP) ထဲကို ဝင်ရပါမယ်။ စက်တစ်လုံးနဲ့မတူညီတဲ့အတွက် အချို့ ဆို Internet Protocol Verson 6 နဲ့ 4 ဆိုပြီး ပေါ်နေတတ်ပါတယ်။ အောက်တစ်ခု 4 ကိုဝင်ရပါ တယ်။ သာမန် မြင်နေကျ 192.168 အစရှိသဖြင့် ဖြည့်ထား တဲ့အကွက်များကိုမြင်တွေ့ရပါမယ်။
၆။ Use the following DNS server address: မှာ click နှိပ်ပြီး အောက်ပါ ကုဒ်များကို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။
Preferred DNS Server မှာ - 208.67.222.222
Alternate DNS server မှာ - 208.67.220.220
တို့ကို ဖြည့်စွက်ပေးရပါမယ်။
၇။ အထက်ပါအတိုင်း ဖြည့်ပြီးပြီဆိုရင်တော့ OK နှိပ်နိုင်ပါပြီ။ ကျန်ရှိနေတဲ့ Box တိုင်းမှာ OK နှိပ်ပြီးရင် ပြီးပါပြီ။
ကွန်ပျူတာကို Restart ပြန်လိုက်၊ Connection ကို Restart ပြန်လုပ်ပြီးရင် ယခင်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်သော အင်တာနက် ကော်နက်ရှင်ကို အသုံးပြုလို့ရပါပြီ
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ