ဘယ်လောက်ထိချမ်းသာသလဲဆိုရင် ထားဝယ်မှထွက်သော သဘာဝ
ဓာတ်ငွေ့မှရောင်းရသောသောဝင်ငွေသည် ပြည်သူတွေကိုတစ်လလျှင်တစ်သိန်းစီပေး
လို့နိုင်သည်တဲ့။ ပြည်သူတွေကတော့ ဆင်းရဲလွန်း၍ စီးပွားရေးအရ
ထိုင်းနိုင်ငံတွင်လာရောက်အလုပ်ကိုင်စီးပွားရှာနေတယ်ဆိုတာလည်း
လူတိုင်းသိပါတယ်။ နိုင်ငံတစ်နိုင်တွင် ပြည်သူတွေရဲ့အ သက်အိုးစည်းစိမ်သည်
ပြည်သူရဲတွင် တာဝန်ရှိပါသည်။ နိုင်ငံရဲ့ရန်ကိုကာကွယ်ရာမှာ
စစ်သားတွေရဲ့တာဝန်ဖြစ်သည်။ ထိုင်းနိုင်ငံကိုအစီး ပွားရေးအရ
မြန်မာပြည်သားပေါင်း နည်းမျိုးမျိုးနှင့်ဝင်ရောက်လာကြသည်။
တရားမဝင်ရောက်လာတော့ ထိုင်းဥပဒေရ ရဲတွေဖမ်းပြီး မိမိ
နိုင်ငံကိုပြန်ပို့သည်။ ချုပ်နှောင်သည်။ ဥပဒေရလုပ်တော့ လက်ခံနိုင်စရာပါ။
ထိုင်းရဲတွေ ဘတ်မရှိတော့ဖမ်းသည်။ ဘတ်မိတ္တူဟူ၍ ဖမ်း သည်။
ဘတ်စစ်မပေးသောသူဌေးမဖမ်းပါ၊ တရားမစွဲပါ။ အလုပ်သမားတွေအတွက်
သွပ်မိုးသွပ်ကာအခန်းကျင်းတွေမှာထားတာတွေကို တော့ တရားမစွဲပါ။
အလုပ်ငန်းခွင်သုံးကားတွေနှင့် အလုပ်သမားတွေကို
အကြိုအပို့လုပ်တာတွေမြင်ပါလိမ့်မည်။
ထိုင်းနိုင်ငံအတွင်းမှာ ဆောက်လုပ်ရေးအလုပ်သမားတွေသည်အများစုကတော့
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဆိုတာ သေချာပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တချို့ထိုင်းရဲတွေက
ရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေရှိတက်ပါသည်။ ဗီဇာတွေရှိတယ်။
အလုပ်လုပ်ခွင့်စာရွက်ရှိတယ်။ သူဌေးမတူရင် ဖမ်းတတ်ပါတယ်။
မြန်မာတွေကိုခိုင်းတဲ့သူဌေးတွေကိုတော့ အရေးယူတယ်လို့တော့ သတင်း
တွေမှာမကြားရပါ။ ထိုင်းရဲတွေက လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမားတွေကို
သူဌေးမတူဘူးလို့ဖမ်းတယ်။ လုပ်ငန်းခွင်အတွင်း "အန္တရာယ်
ကင်းရှင်းရေးကိုဦးစားပေးပါ" လို့ ရေးထားတာတွေ့ပါလိမ့်မည်။ အလုပ်သမားတွေ
ဦးထုပ်ဆောင်သလား၊ ခါးပတ်းကြိုးသုံးသလား၊
လုပ်ငန်းခွင်သုံးဖိနပ်စီးသလားဆိုတာ စစ်ဆေးလေ့မရှိပါဘူး။ အလုပ်သမားတွေ
ဘယ်လိုနေတယ်ဆိုတာမြင်ပါတယ်။ သူဌေးတွေကို တရားစွဲသ လား…။ မြန်မာတွေ
ဖြစ်သလိုနေလို့ရတယ်။ ဖြစ်သလို စားလို့ရတယ်။ အလုပ်ကျတော့
ဖြစ်သလိုလုပ်လို့မရဘူး။
မြန်မာအလုပ်သမားတွေနေရတဲ့ တချို့တန်းလျားတွေလဲကြည့်ပါ။ မိုးရွာရင်
ရေတွေအိုင်ပြီး အိမ်သာဆိုလဲကောင်းကောင်းမရှိဘူး။ ထိုင်း နိုင်ငံ လဝကရုံး
ထိုင်းပုလိပ်ရုံးတွေကိုလည်း
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆောင်ထားတယ်လို့ဆိုနိုင်ပါတယ်။
အဲဒီရုံးတွေဆောက် စဉ်က အလုပ်သမားတွေမှာ အလုပ်ငန်းခွင်သုံး
ဦးထုပ်ဆောင်းသလား၊ ခါးပတ်းကြိုးသုံးသလား၊ ဖိနပ်စီးသလားဆိုတာ
ဌာနဆိုင်ရာတွေစစ် ဆေးမှုရှိသလား။ မြန်မာအလုပ်သမားတွေကိုတော့ ထိုင်းရဲတွေက
ဥပဒေအရဆိုပြီးဖမ်းတယ်။ ထိုင်းလုပ်ငန်းရှင်ကိုတော့ ဥပဒေအရဆိုပြီး
တရားစွဲတယ်ဆို၍မကြားဖူးပါ။ထိုင်းနိုင်ငံသည်လဲ
နိုင်ငံတကာမှာလက်မှတ်ထိုးထားသောနိုင်ငံတွေထဲပါဝင်သောနိုင်ငံတစ်ခုဖြစ်လျှက်နဲ့
ဒီ လိုမျိုး အခွင့်ရေးတွေချိုးဖောက်နေတာကို ထိုင်း (အထက်ပိုင်း)
အာဏာပိုင်တွေသိသင့်ပါသည်။ မြန်မာအလုပ်သမားတွေသည်လည်း
ထိုင်းနိုင်ငံဖွင့်ဖြိုးတိုးတက်ရေးဖက်တွင်ပါဝင်သည်ဆိုတာ ထိုင်းရဲတွေလည်း
သိဖို့ကောင်းတယ်သည်။ မြန်မာနိုင်ငံသားများ မိမိမြေကို မြန်မြန်ပြန်
နိုင်ပါစေလို့..။
ကျွန်တော်တို့သည် အမိမြေကိုမပြန်နိုင်သရွေ့ ထိုင်းနိုင်ငံအတွင်း
အေးချမ်းစွာလုပ်ကိုင်ရပါလို့၏။
ထိုင်းနိုင်ငံအတွင်းနေထိုင်ကြကုန်သော လူသားအပေါင်းတို့
ကိုယ်အစိတ်နှစ်ဖျာကျန်းမားကြပါစေ…..။
• စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာသမိုင်း
စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးအခွင့်ရေးဆိုင်ရာနိုင်ငံတကာသဘောတုညီချက်ဆိုသည်မှာ
အလွှာပေါ်င်းစုံပါဝင်သောသဘောတူညီချက်တစ်ခုဖြစ်ပြီး ၁၉၆၆ ခု၊ ဒီဇင်ဘာလ ၁၆
ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကချမှတ်ခဲ့ကာ ၁၉၇၆ ခုနှစ်၊
ဇန်နဝါရီလ ၃ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ ထိုင်းနိုင်ငံသည်လဲထိုထဲတွင်
လက်မှတ်ထိုးထားပါသည်။
အပိုဒ် (၁၁)
လုံလောက်မျှတသော လူနေမှုအဆင့်အတန်းရရှိရေးအတွက်
အစိုရကလုပ်ဆောင်ပေးရမည်။ လုံလောက်မျှတသော လူနေမှုရရှိရေးအတွက်
လိုအပ်ချက်များဖြစ်သည့် တိုးတက်ကောင်းမွန်သော လူနေမှုအဆင့်တန်း
လုံလောက်သောအစားအစာ အဝတ်အစား နေထိုင်စရာအိပ်ရာစီမန်ကိန်းတို့အားလုံး
အကျုံးဝင်သည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ