ရခိုင်အမျိုးသမီးများကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ၂၁ရက်က မင်းပြားမြို့မှစတင်ခဲ့သည့်
မတည်မငြိမ်မှုများမှာ အခြား မြို့နယ်များသို့ ကူးစက်သွားပြီး
ခြောက်ရက်အတွင်း မြို့နယ်ခြောက်မြို့ နယ်တွင် အပြန်အလှန်မီးရှို့မှုများ၊
ရခိုင်နှင့် ဘင်္ဂါလီတိုက်ခိုက်မှုများ ရှိခဲ့သဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည့်
နောက်ဆုံးသတင်း အရ သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၈၂ ဦး၊ နေအိမ် ၂၃၀၀
လုံးမီးလောင်ခဲ့ ကြောင်းသိရှိရပြီး နေရပ်စွန့်ခွာပြေး သူများရှိနေသဖြင့်
ပြန်လည်နေရာချထားရေးမှာ လောလောလတ်လတ် အရေးကြီးနေကြောင်း သိရသည်။
လတ်တလော ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ မင်း ပြား၊ ကျောက်တော်၊
ရသေ့တောင်၊ ရမ်းဗြဲစသည့် မြို့နယ်များမှ မိမိတို့၏ နေအိမ်များကို
မီးရှို့ခြင်း၊ တစ်ဖက်နှင့် တစ်ဖက်အပြန်အလှန် မီးရှို့ခြင်းတို့ကြောင့်
ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီများကို မောင်တောမြို့နယ်
မြောက်ပိုင်းတောင်ပြိုနှင့် လိပ်ရဒေသများဘက်တွင် နေရာချထားပေးနေသည် ဟု
သတင်းထွက်ပေါ်နေကြောင်း သိရသည်။
မောင်တောမြို့နယ်၏ လက်ရှိ မြေပြင်အနေအထားတွင် စုစုပေါင်း နေထိုင်သူ
လူဦးရေအနက် ဘင်္ဂါလီလူ ဦးရေ ပမာဏမှာ ၉၆ ရာခိုင်နှုန်း ရှိနေပြီး
တိုင်းရင်းသားလူဦးရေမှာ ၄ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း
ပြည်နယ်အစိုးရအဖွဲ့မှ စုံစမ်းသိရှိရပါသည်။ ကျောက်ဖြူနှင့်ပေါက်တောမြို့
နယ်များက မောင်တောဒေသသို့ရောက် ရှိသွားခြင်းသည် ဒေသခံများအတွက်
စိုးရိမ်စရာအနေထားသို့ ရောက်ရှိလာခဲ့ ကြောင်းလည်း သိရသည်။ ယင်းအတွက်
ပြန်လည်နေရာချထားရေးသည် အဓိကအရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း ဒေသခံများက
သုံးသပ်ပြောဆိုကြပါသည်။
"ဖြစ်သလိုထားလိုက်မယ်ဆိုရင် မောင်တောတစ်နယ်လုံးက တိုင်းရင်းသားတွေရဲ့
အနေအထားကို ထည့်တွက်စဉ်းစားဖို့တော့ လိုမယ်။ တိုင်းရင်းသားအရေးကို
အလေးမထားဘဲ တာဝန်ရှိသူတွေက ဒီဘင်္ဂါလီတွေကို မောင်တောနယ်မှာ
ဒီအတိုင်းထားလိုက် မယ်ဆိုရင် နောက်ဖြစ်လာမယ့် ပြဿ နာအပေါ်
ဘယ်သူတာဝန်ယူမှာလဲလို့ မေးစရာရှိတယ်။ ဒါကြောင့်နေရာချ ထားရေးဟာ
တကယ့်ကိုအရေးကြီးတဲ့ ကဏ္ဍတစ်ခုလို့ မြင်ပါတယ်" ဟု မောင်တောမြို့မှ
မြို့မိမြို့ဖတစ်ဦးက ပြောကြားခဲ့သည်။
ဘင်္ဂါလီများစီးနင်းလိုက်ပါလာသည့် စက်လှေများ မောင်တောမြို့နယ်သို့
အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့်
ကနဦးသတင်းများအရ စက်လှေ ၈၆ စင်းဝင်ရန်ရှိကြောင်းနှင့် ၀င်ရောက်လာမည့်
ဘင်္ဂါလီဦးရေသည် ၃၀၀၀၀ မှ ၆၀၀၀၀ ကြား ရှိနေကြောင်းလည်း ဒေသခံများ၏
ပြောဆိုမှုအရ သိရသည်။
ယင်းကြောင့် ဒေသခံတိုင်းရင်းသားများ အတွက် စိုးရိမ်ရမည့်အခြေအနေသို့
ရောက်ရှိနေကြောင်းနှင့် ထိုသို့ ထပ်မံ၍ဘင်္ဂါလီများအား
မောင်တောမြို့နယ်အတွင်း ဆက်လက်လက်ခံနေခြင်း အပေါ်တိုင်းရင်းသား ကျေးရွာမှ
ဒေသခံများ လုံခြုံမည့်နေရာများသို့ စတင်ပြောင်းရွှေ့နေကြပြီ
ဖြစ်ကြောင်းလည်းသိရသည်။
၂၆ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေသော မီးရှို့မှု၊ မီးလောင်မှုများသည်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေခဲ့ရာ တည်ငြိမ်မှုများ
ပြန်လည်ရရှိလာစေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့များမှ အင်အားအလုံးအရင်းဖြင့်
ထိန်းသိမ်းနေပြီဖြစ်ကြောင်း သိရသည်။
၂၆ ရက်နေ့ နောက်ပိုင်းတွင် ဆူပူမှုအင်အားများ သိသာစွာလျော့ကျ လာခဲ့ကြောင်း
သိရပြီးစစ်တပ်မှအင်အား သုံးဖြိုခွင်းလာခြင်းနှင့် ပဋိပက္ခဆက်
ဖြစ်ရန်မလိုလားသူများ ရှိလာခြင်းကြောင့် ပဋိပက္ခဖြစ်ပွားမှုမှာ လျော့နည်း
သွားရခြင်းလည်း ဖြစ်သည်။
မီးလောင်ခြင်း မီးရှို့ခြင်းများအနက် မိမိအိမ်ကိုမိမိတို့
မီးရှို့သောဖြစ်ရပ်များသည် မြန်မာနိုင်ငံအတွင်း ရခိုင်
ပြည်နယ်တစ်ခုတည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
၁၉၈၇ ခုနှစ်၊ နဂါးမင်းစစ်ဆင် ရေးကာလနှင့် ၁၉၉၂ ခုနှစ်များတွင်လည်း
ဘင်္ဂါလီများသည် မိမိအိမ် ကိုမိမိတို့ မီးရှို့ပြီး ထွက်ပြေးခဲ့ကြသည့်
သာဓကရှိခဲ့ဖူးပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေနှင့် တစ်ထပ်တည်း
ဖြစ်နေကြောင်း၊ ပြည်ပ နိုင်ငံအချို့က ယုံကြည်မှုကင်းမဲ့နေသော်လည်း ပကတိ
အမှန်တရားသည် ရှိခဲ့ကြောင်းလည်း ပြည်နယ်အစိုးရ အဖွဲ့မှ
တရားဝင်ထုတ်ပြန်မှုများတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ