၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့၌ဗိုလ်ချုပ်၏မိခင်၊ အမေဒေါ်စု၏ တိုင်း ပြည် သို့ ရေဒီယိုမှပြောကြားခဲ့သော စကား


"လွန်ခဲ့သည့်နှစ်က ဂဠုန်အဖွဲ့ ခေါင်း ဆောင် ဦးစောအား သူခိုးကျင့်၊ သူခိုးကြံ၊ လူမသမာတစ်စုက ချောင်းမြောင်း လုပ်ကြံ ပစ်ခတ်ခဲ့စဉ်က သားဖြစ်သူဗိုလ်ချုပ်အောင်ဆန်းသည
် များစွာရှုတ်ချ၊ ကဲ့ရဲ့စကားများ ပြောခဲ့ တယ်။ မိမိထံကို နယ်လှည့်လာရင်း ဝင် ရောက်ကန်တော့စဉ်အခါက မိမိကစိုးရိမ်ကာ"လူဆိုတာ အထက်ရောက်နေလျှင် မနာ လိုဖြစ်ပြီး မလိုသူများက မကောင်းကြံစည် တတ်တယ်။ အစစအရာရာသတိထားပါ" ဟု ပြောမိသေးတော့ သူက "ဗျာ..ဘုရားတောင်မှ အတိုက်အခံရှိ သေးတာပဲ။ အမှန်မှာတော့ ကိုယ်ကသာ လမ်းမှန်ဘက်ကနေပြီး အကြောင်းမှန်ကို ကိုယ်က လက်ကိုင်ထားရင် ဘာမှကြောက် စရာမလိုပါဘူး။ စစ်တိုက်တုန်းကတောင် မသေခဲ့သေးတာ မစိုးရိမ်ပါနဲ့။ အခု တိုင်း ပြည်လူထုဟာ အရင်လိုမဟုတ်ဘူး။ ဝေဖန် တတ်လာပါပြီ" ဟု အားရပါးရ ရယ်မော ၍ ပြန် ပြောခဲ့ပါသေးတယ်။ ခု အောင်ဆန်းဟာ သူအလွန် မုန်းတီး ရွံရှာတဲ့ချောင်းမြောင်းလုပ်ကြံ တဲ့နည်းနဲ့ပဲသေလွန်သွားရှာတယ်"

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ