အများပြည်သူရုံးပိတ်ရက်) အဖြစ် ရပ်တည်ခဲ့တာ ဒီနေ့ဆိုရင် ၆၅
နှစ်ပြည့်မြောက် ရှိခဲ့ပါပြီ။ နိုင်ငံတော်ကြီးကို သူ့ကျွန်ဘ၀မှ
လွတ်မြောက် စေခဲ့ပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ ရပ်တည်နေနိုင်အောင်
ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးကို
တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အပေါင်းအပါများ
ကျဆုံးသွားခဲ့ရတဲ့ နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း သေဆုံးသွားချိန်မှာ လွတ်လပ်ရေး
မရသေးပါဘူး..ရကာနီးအချိန်လေးပါ။ အများသိပြီးသားတွေလို့ယူဆပြီး အဓိက
ပြောချင်တာလေးတွေပဲ ပြောပါရစေ..။
ဗိုလ်ချုပ် လုပ်ကြံမခံရသေးခင် မကောင်းတက်လို့ ဖိတ်ကြားခံရတဲ့
ပွဲတစ်ပွဲမှာ ပြောကြားခဲ့တဲ့စကားလေး အချို့မှာ ဗိုလ်ချုပ်ရဲ့
နိုင်ငံရေးအကောင်းမြင်စိတ်ဓါတ်လေးကို တွေ့မြင်ခဲ့ရပါတယ်။
ဖိတ်ကြားတဲ့ပွဲက ဖဆပလနဲ့ဘုရင်ခံအစိုးရ မသင့်မတင့်ဖြစ်နေချိန်
အိန္ဒိယဘုရင်ခံချုပ် လောဒ့်လူဝီမောင့်ဘတ်တန် မြန်မာပြည်လာလို့ East And
West Club က ကန်တော်မိတ်သဘင်မှာ ဘုရင်ခံချုပ်ကို ဂုဏ်ပြုညစာစားပွဲ
ကျင်းပတဲ့ ပွဲမှာပါ။
မောင့်ဘတ်တန် ပြောလိုက်တဲ့နိုင်ငံရေးအမြင်ကို ဗိုလ်ချုပ်က
ပြန်လည်ချေပခဲ့တာပါ။ Polices is the refuge of the scoundrels.
နိုင်ငံရေးလောကဆိုတာ လူယုတ်မာတို့၏ခိုကိုးရာဒေသဖြစ်သည်။ ဆိုတဲ့ စကားကို
မောင့်ဘတ်တန်က ပြောလိုက်တဲ့အခါ ပရိသတ်များက ထောက်ခံအားပေးခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဗိုလ်ချုပ်က ခုခံချေပပြောလိုက်တာက……..
(လိုတိုရှင်းရေးလိုက်ပါမယ်)
အနောက်နိုင်ငံတွေမှာတော့ အဆိုပါစကားဟာ မှန်ကောင်းမှန်မယ်..ကျုပ်တို့
အရှေ့နိုင်ငံအယူအဆနဲ့တော့
ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ကျူပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ
ပရဟိတလုပ်ငန်း၊လောကတ္ထစရိယ ကျင့်တဲ့လုပ်ငန်း။ ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်များ
မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များ ဘုရားအလောင်းများသာ
လုပ်နိုင်တဲ့လုပ်ငန်းလို့ ယူဆထားပါတယ်။ အဲ့ဒီလို အလွန်မွန်မြတ်တဲ့အထဲမှာ
တစ်ခါတစ်ရံလူယုတ်မာတွေ ပါလာကောင်းပါလာမယ်။အဲ့ဒါကြောင့် နိုင်ငံရေးဟာ
မကောင်းဘူးလို့ ဆိုရတော့မှာလား။
ဥပမာ တစ်ခုဆိုပါရစေ…ဒီအဆောက်အအုံကြီးဟာ လူအများစုဝေးဖို့ ဆောက်ထားတယ်။
အစောင့်အကြပ် ကင်းမဲ့တဲ့အချိန်မှာ တစ်ခါတစ်ရံ ခွေးတွေ တက်အိပ်နေကြတယ်..။
အဲ့ဒီလို ခွေးတွေတက်အိပ်နေတာကို ကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ
ခွေးတွေအိပ်ဖို့ ဆောက်ထားတယ်လို့ ဆိုရင် မှန်ပါ့မလား..မမှန်ပါဘူး။
ဒါကြောင့် နိုင်ငံရေးဟာ ဒီလိုပဲ အင်မတန်မွန်မြတ်ပါတယ်။
ဒီအဆောက်အအုံပေါ်မှာ ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ
နိုင်ငံရေးလောကထဲ ၀င်လာနိုင်ပါတယ်။ အဲ့ဒီလို ၀င်လာတဲ့အခါမှာ
ကျွန်တော်တို့နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာ
တွေကိုမျက်ခြေမပြတ်ဟန့်တားဝိုင်းပယ်နိုင်သည်နှင့်အမျှ
နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာပါလိမ့်မယ်။
ဒါပါပဲ..ကျုပ်ပြောချင်တာ…..လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ပါတယ်။
ယနေ့ခေတ် အခြေအနေနဲ့ ပြောချင်တာကတော့ လုပ်တဲ့လူတွေကတော့
ရအောင်လုပ်ပြသွားခဲ့ပါပြီ… ကျန်တဲ့သူတွေကလည်း တာဝန်ကျေဖို့လိုပါတယ်။
ဦးအောင်ဆန်း နောက်ဆုံးပြောကြားခဲ့တဲ့ မြို့တော်ခန်းမ
လူထုအစည်းအဝေးပွဲမှာ မိုးတဖွဲဖွဲရွာနေတဲ့ကြားက ပြောကြားခဲ့တဲ့
မိန့်ခွန်းထဲက ပြည်သူလူထုကို မှာချင်တဲ့ စကားလေးကို တင်ပြပါရစေ..။
သေချာဖတ်ကြည့်ပေးစေလိုပါတယ်..။
ဗမာပြည်မှာ စားကုန်သောက်ကုန်စရိတ်ကြီးမြင့်နေခြင်းဟာ ခင်များတို့
ဘုံးဘောလအော သုံးစွဲမှုကြောင့် ဖြစ်တယ်။
ခြိုးခြံသင့်တဲ့နေရာကိုခြိုးခြံ၊ကိုယ့်အိမ်မှာ စိုက်စားသင့်တာကို မစားဘဲ
နိုင်ငံခြားသွင်းကုန်အပေါ် မှီစားတဲ့အတွက် ဈေးကြီးတယ်..။
လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေးရတဲ့စည်းကမ်းညီညွတ်မှုတွေကို
ထိန်းသိမ်းပါ။ ထူထောင်မှုတွေကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက်
ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စ အတွက် အလုပ်လုပ်နေတဲ့နေရာမှာ စည်းကမ်းရှိဖို့
၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့ ခင်ဗျားတို့ စောက်ကျင့်တွေကို
ပြင်ဖို့လိုနေပြီလို့ ကျွန်တော်ပြောခဲ့မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)
နောက်ဆုံးပြောချင်တာကတော့ ကမ္ဘာကျော်ရုပ်ရှင် ဒါရိုက်တာကြီးစတီဗင်
စပီးလ်ဘာ့ဂ် ကို Saving Private Ryan ရုပ်ရှင်ဇာတ်ကားအတွက်
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ခေါ်ယူဧည့်ခံတဲ့ပွဲမှာ ပြောကြားခဲ့တာ့
စကားလေးတစ်ခွန်းရှိပါတယ်။ ဘာကြောင့် လွန်လေပြီးသော အကြောင်းအရာများကို
ရုပ်ရှင်ရိုက်ခဲ့ရပါသလဲလို့ ဒါရိုက်တာကြီးကို မေးခဲ့တာပါ။ အဖြေလေးကတော့…
ကျွန်တော့် သားသမီးတွေ အတိတ်ကို အလေးထားလာစေဖို့….။
ဟုတ်ပါတယ်…လူတွင်သာ အတိတ်ရှိပါသည်။ လူမှန်ရင် အတိတ်ကို
ပြန်ကြည့်ကြစမြဲပါပဲ…။တိရစ္ဆာန်တို၏ ကမ္ဘာတွင် အတိတ်မရှိပါလေ….။
ကျွန်တော်တို့လည်း အတိတ်ကာလတွေကို ပြန်ကြည့်ရင်း…ယခု ရှိနေဆဲကာလမှာ
ကောင်းအောင်ကြိုးစားကြပါစို့ လို့ ပြောရင်း ၆၅နှစ်မြောက် တပ်မတော်နေ့ကို
ဂုဏ်ပြုကြိုဆိုလိုက်ပါရစေ…။
အောင်ဆန်းဇာနည်..
ဖော်ဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွေ တမလွန်
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် ဒို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား….။
ကျဆုံးသွားလေသော….ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများ ကောင်းရာသုဂတိ လားပါစေ…။
နန်းညွန့်ဦး



No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ