လေကြောင်းဖြင့် ခရီးသွားဝင်ရောက်မှုသည် ၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တွင် ပြုလုပ်သော Sasin Bangkok Forum ၌ မြန်မာနိုင်ငံမှ
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပါဝင်တက်ရောက်ခဲ့ပြီး
အဆိုပါဖိုရမ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ
ဒုတိယ၀န်ကြီး ဦးဌေးအောင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးလေဆိပ်များသို့ နိုင်ငံခြားသားခရီးသွားများ
ဝင်ရောက်မှုသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း ၅၀
ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဒုတိယ၀န်ကြီး၏ ပြောကြားမှုကို Bangkok
Post က ဖော်ပြခဲ့သည်။
ရန်ကုန်လေဆိပ်သို့ ခရီးသွား ၀င်ရောက်မှုသည် ပြီးခဲ့သည့် ဇွန်လအတွင်း
ခရီးသွားဦးရေ စုစုပေါင်း ၃၁၈၂၆ ဦး၌ ကမ္ဘာလှည့်ခရီးသွား ဦးရေ ၁၇၆၇၄
ဦးပါဝင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ
သိရှိရသည်။
''အခု ခရီးသွားအ၀င်က တစ်ရက်ကို အခု ၁၀၀၀ ကျော်ကတော့ ပုံမှန်ရှိနေတယ်။
ဥရောပနိုင်ငံတွေထက်စာရင် အာရှနိုင်ငံတွေက ပိုဝင်နေတယ်။ ထိုင်းက
ထိပ်ဆုံးမှာ ရှိတယ်။ ဂျပန်၊ ကိုရီးယားရှိတယ်။ ထိုင်းလူမျိုးက တစ်ရက်ကို
၂၀၀ ကျော်ဝင်နေပါတယ်''ဟု ဟိုတယ် နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က
ပြောကြားသည်။
ရန်ကုန်ဝင်ပေါက်မှ ခရီးသွား ၀င်ရောက်မှုအနေဖြင့် ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလအတွင်း ၄၈၂၄၃ ဦး၊ ဖေဖော်ဝါရီလတွင် ၅၀၂၄၃ ဦး၊ မတ် လတွင် ၄၆၃၉၄
ဦး၊ ဧပြီလတွင် ၃၁၀၅၀ ဦး၊ မေလတွင် ၃၄၇၈၉ ဦး အသီးသီးရှိခဲ့သည်ဟု သိရှိရ
သည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၁၁
ခုနှစ်အတွင်း နိုင်ငံရေးပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်မှုကြောင့်
၂၀၁၂ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာရန် သင့်တော်သော နိုင်ငံများအနက်
နံပါတ် ၃ နေရာတွင် ဖော်ပြခံခဲ့ရသည်။
မြန်မာနိုင်ငံသို့ ခရီးသွားဝင် ရောက်မှုသည် ၂၀၁၁ ခုနှစ်တွင် ဒေ
သအလိုက်မြင့်တက်မှုရှိလာခဲ့ပြီး ရန် ကုန်ဝင်ပေါက်၊ မန္တလေးနှင့်
ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွားစုစုပေါင်း ၈၁၆၃၀၀
ကျော်ဝင်ရောက်ခဲ့ကာ ရန်ကုန်ဝင်ပေါက်တစ်ခုတည်းမှ ၃၆၄၇၀၀ ကျော်ဝင်
ရောက်ခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီး၌
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ စိတ်ဝင်စားမှုပိုမိုလာခဲ့ကာ
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်လေ့လာသော
အဖွဲ့များအနက် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်
လိုသူ ပိုမိုများပြားသည်ဟု သိရှိရသည်။
Ref : http://www.weeklyeleven.com/index.php?option=com_content&view=article&id=14538:2012-07-13-07-13-02&catid=42:2009-11-10-07-36-59&Itemid=112
--
Nann Nyunt Oo
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ