ရောင်းချရာတွင် လိမ်ညာရောင်းချမှုများရှိနေကြော
င်း ဂျပန် ကားဝန်ဆောင်မှု
ကုမ္ပဏီတခုဖြစ်သော Light Group ၏ ဥက္ကဋ္ဌ မစ္စတာ တာနာကာ နိုဘူယူကီ က
သတိပေးလိုက်ပြီး
မြန်မာနိုင်ငံမှ ကားတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့်
ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန် ဖိတ်ခေါ် လိုက်သည်။
"ဂျပန်နိုင်ငံမှာ ကားလေလံ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ၁၄၀ လောက် ရှိပါတယ်။
မှန်မှန်ကန်ကန် ရောင်းချတဲ့ ကုမ္ပဏီတွေ ရှိသလို လိမ်ညာရောင်းသူတွေလည်း
ရှိပါတယ်" ဟု မစ္စတာ တာနာကာ နိုဘူယူကီ က ရန်ကုန်မြို့ အင်းလျားလိတ်
ဟိုတယ်တွင် ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်သော ကားလုပ်ငန်း ဆီမီနာ၌
ပြောကြားသွားခဲ့သည်။
Light Group ကုမဏီက ဂျပန်သို့ သွားရောက်လေ့လာလိုသော မြန်မာ
လုပ်ငန်းရှင်များအတွက် အခကြေးငွေယူ ဝန်ဆောင်မှုပေးနေပြီး တဦးလျှင် မြန်မာ
ကျပ်ငွေ ၅၅ သိန်း ကုန်ကျမှာ ဖြစ်သည်။ ၇ ရက်တာ လေ့လာရေး ခရီးစဉ်တွင်
ပြည်ဝင်ခွင့်ဗီဇာ လျှောက်ပေးခြင်းနှင့် ခရီးစားရိတ်များ၊
နေထိုင်စားသောက်စားရိတ်များပါ ပါဝင်သည်
အပြည်အစုံ http://www.mizzimaburmese.com/news/inside-burma/9645-2012-07-18-12-26-08.html

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ