ထုတ်ပြောလာအောင် ဆွဲဆောင်တတ်ပါစေ (Pull them with you by Guy Perring)

ကိုယ့်ဘက်က ပြောစရာရှိတာကို တစ်ဘက်သား ရှင်းရှင်းလင်းလင်း သိအောင်
ပြောတဲ့ နည်းလမ်းတွေကို PUSH (တွန်းပို့) နည်းလမ်းတွေလို့ ခေါ်ပါတယ်။
ကိုယ့်ဘက်က ဖြစ်ချင်တာတွေ၊ အစီအစဉ်တွေကို တစ်ဘက်သား သိအောင် ပြောနိုင်မှာ
ဖြစ်ပါတယ်။

အခြားသူရဲ့ ရည်ရွယ်ချက်တွေ အကြံအစည်တွေကို သိနားလည်နိုင်အောင်
ကြိုးစားတဲ့အခါကျတော့ PULL (ဆွဲယူ) နည်းလမ်းတွေကို သုံးရမှာ ဖြစ်ပါတယ်။
ကိုယ့်ဆန္ဒနဲ့ စိတ်ကူးကို ထုတ်ဖော်ပြသဖို့ မဟုတ်ဘဲ တစ်ဘက်သား ပြောတာကို
နားထောင်ရပါတယ်။ မေးခွန်းတွေ မေးပြီး တစ်ဘက်သားရဲ့ ရှုမြင်ပုံကို သေချာ
သိအောင် လုပ်ရပါတယ်။ စကားပြောတဲ့အခါ အပေးအယူတည့်ပြီး ယုံကြည်မှု
တည်ဆောက်နိုင်အောင် ကိုယ့်ဘက်က ပြောစရာရှိတာကိုလည်း ကွယ်ဝှက်မထားဘဲ
ပြောရပါတယ်။

နားထောင်ခြင်း

အခြားသူတွေ ပြောတာကို နားထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ အခြေအနေ သို့မဟုတ်
အကြောင်းအရာ တစ်ရပ်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊
ထင်မြင်ချက်တွေနဲ့ စိတ်ခံစားမှုတွေကို သိရှိအောင် လုပ်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ ပြောတာကို နားထောင်နေတယ်လို့ သိအောင်လည်း ပြသဖို့
အရေးကြီးပါတယ်။

ဥပမာ -

You sound angry about that ……..

အဲဒီအကြောင်းကို စိတ်ဆိုးနေတယ်ထင်တယ်နော်။

Can I just check that I have understood the points that you have raised?

အခုပြောသွားတဲ့ အကြောင်းတွေကို ကျွန်တော့်ဘက်က နားလည်တာ သေချာအောင်
ပြန်မေးကြည့်လို့ ရမလား။

So it sounds from what you have said that you intend to…………..

----- လိုမျိုး လုပ်ဖို့ ရည်ရွယ်တယ်လို့ ပြောလိုက်တာလို့
ကျွန်တော်နားလည်တာ ဟုတ်ပါတယ်နော်။

မေးခွန်းများကို အသုံးပြုခြင်း

မေးခွန်းမေးရတဲ့ ရည်ရွယ်ချက်က ကိစ္စရပ်တစ်ခုခုနဲ့ ပတ်သက်ပြီး
တစ်ဘက်သားအနေနဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားလာအောင် အားပေးဖို့
ဖြစ်ပါတယ်။ စိုးရိမ်ပူပန်တာရှိရင်လည်း ထုတ်ဖော်ပြောဆို လာအောင်
ဖြစ်ပါတယ်။ ဒါမှလည်း တစ်ဘက်သားရဲ့ အနေအထားကို ပိုပြီး နားလည်နိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းမေးတဲ့အခါ စစ်ကြောမေးမြန်းနေသလို မဖြစ်စေဘဲ
အားပေးတဲ့နည်းလမ်းနဲ့ မေးမြန်းဖို့ အရေးကြီးပါတယ်။

ဥပမာ -

Tell me a bit more about the effect that the restructuring has had on
your position.

ဌာနတွေ ပြင်ဖွဲ့လိုက်တော့ အနေအထား ဘယ်လို ဖြစ်သွားသလဲ နဲနဲလောက် ထပ်ပြီး ပြောပြပါ။

Which of these issues are the most important for you?

ဒီအကြောင်းအရာတွေထဲက ဘယ်အကြောင်းအရာက သင့်အတွက် အရေးကြီးဆုံး ဖြစ်ပါမလဲ။

Is there anything else you would like to say about…………..?

------- နဲ့ ပတ်သက်ပြီး အခြားပြောစရာ ရှိပါသလား။

အချက်အလက်များကို ထိန်ချန်မထားခြင်း

အချက်အလက်တွေကို ထိန်ချန်မထားရခြင်း ရည်ရွယ်ချက်ကတော့ တစ်ဘက်သားအတွက်
အသုံးဝင်နိုင်တဲ့ သက်ဆိုင်ရာအချက်အလက်တွေ၊ စဉ်းစားတွေးတောမိတာတွေ၊
ဒါမှမဟုတ် စိတ်ခံစားမှုတွေကို ထုတ်ဖော်ပြောပြဖို့ ဖြစ်ပါတယ်။ အခြေအနေကို
ပိုပြီး နားလည်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့
နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လူတစ်ဦးနဲ့ တစ်ဦး အကြားမှာ တူညီမှု
ဒါမှမဟုတ် တူညီတဲ့ စိတ်ပါဝင်စားမှု/အကျိုးစီးပွားကို တည်ဆောက်နိုင်ပြီး
ဆက်ဆံရေး တိုးတက်မှာ ဖြစ်ပါတယ်။

သက်ဆိုင်တဲ့ အချက်အလက်တွေကို မထိန်ချန်ခြင်းဟာ ဆက်ဆံရေး တည်ဆောက်ရာမှာ
အထူးအရေးကြီး ပါတယ်။ ဒါပေမယ့် သင့်တင့်လျောက်ပတ်မှု ရှိဖို့တော့ လိုပါတယ်။
ပွင့်လင်းမှုဟာ များလွန်းပြန်ရင်လည်း မလုပ်တတ် မကိုင်တတ်၊ အားနည်းသူလို့
အထင်ရောက်စေနိုင်တယ်။

ဥပမာအချို့ကို ဖော်ပြလိုက်ပါတယ်။

I'd like to be open about how I think the restructuring of the
department will affect my team.

ဌာနကို ပြင်ဖွဲ့တဲ့အခါ ကျွန်တော်တို့ အစုအဖွဲ့အပေါ် ဘယ်လို သက်ရောက်မှုတွေ
ဖြစ်လာမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့် ထင်မြင်ချက်ကို
ပွင့်ပွင့်လင်းလင်း ပြောပြချင်ပါတယ်။

I'd appreciate your help with this project as I am unable to complete
all the reports for this month's deadline.

ကျွန်တော့်အနေနဲ့ အခုလအတွက် နောက်ဆုံး သတ်မှတ်ချိန်အမီ
အစီရင်ခံစာတွေအားလုံး မပြီးနိုင်ပါဘူး။ ဒါကြောင့် ဒီပရိုဂျက်အတွက်
အကူအညီပေးစေချင်ပါတယ်။

I'm going to find this task difficult as I have never been involved in
strategic planning before.

အရင်က မဟာဗျူဟာ စီမံကိန်းရေးဆွဲတာ မလုပ်ဖူးတဲ့အတွက် ဒီအလုပ်က
ကျွန်တော့်အတွက် အခက်အခဲ ရှိမှာဖြစ်ပါတယ်။

Yes, I have had difficulty in completing my assignments on time too.

ဟုတ်ပါတယ်။ ကျွန်တော်လည်း သတ်မှတ်ပေးတဲ့ အလုပ်တွေကို သတ်မှတ်ချိန်အတိုင်း
ပြီးအောင် လုပ်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။

I have found presentations stressful too.

ကျွန်တော်လည်း ဆွေးနွေးတင်ပြချက်တွေ လုပ်ရတာ စိတ်ဖိစီးမှု ဖြစ်တာပါဘဲ။

PULL ဆွဲယူနဲ့ PUSH တွန်းပို့ အသုံးအနှုန်းတွေကို
တွဲစပ်အသုံးပြုခြင်းဖြင့် ကိုယ်လိုချင်တာကို အခြားသူတွေ သိစေနိုင်ပြီး
တစ်ချိန်တည်းမှာဘဲ သူတို့ လိုချင်တာကိုလည်း နားလည်နိုင်မှာ ဖြစ်တဲ့အတွက်
နှစ်ဘက်မျှပြီး ကိုယ်လုပ်ချင်တာတွေကို ပိုပြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။


www.myanmar-network.net/forum/topics/pull-them-with-you မှကူးယူကြောင်း


--
Nann Nyunt Oo

1 comment:

  1. တကယ်ကောင်းပါတယ်..ဒီလိုမျိုး ခုမှ သိရတာ ကျေးဇူးတင်ပါတယ်..အဲလိုမျိုးလေးတွေရေးပါ..ဖတ်ချင်ပါတယ်..

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ