အစိုးရအဖွဲ့သစ် (၁)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြော

အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း (၁)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်၌ မတ်လ ၁ရက်နေ့တွင်
မိန့်ခွန်းပြော ကြားခဲ့ပါသည်။

ထို့သို့ မိန့်ခွန်းပြောကြားရာ၌ အမျိုးသားပြန်လည်
ပေါင်းစည်းညီညွတ်ရေးအတွက် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်း၏ တိုက်တွန်းမှု
ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ပြည်သူ့ဆန္ဒ အကောင်အထည် ဖော်ခဲ့ခြင်းသာ
ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့
ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ
မိဘပြည်သူအားလုံး လိုလားတောင့်တ နေခဲ့တဲ့ အမျိုးသားပြန်လည် ပေါင်းစည်း
ညီညွတ်ရေးဆိုတဲ့ သမိုင်းပေး တာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက်
ဆောင်ရွက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊
ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့
ပြည်သူတွေရဲ့ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ
ဖြစ်ပါတယ်"ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်း၌
ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်၌ မိန့်
ခွန်းပြောကြားရာတွင် တိုင်းရင်းသား အရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေး
အစရှိသည်တို့နှင့်အတူ အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးကို အဓိကထား
ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်မှာပင်
မိဘပြည်သူအားလုံး လိုလားတောင့်တနေသည့် အဓိက ဆန္ဒ(၂) ရပ်ကို
ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ
ဆန္ဒနှစ်ခုမှာ(၁)ပြည်သူအများ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုခြင်း (၂)
နိုင်ငံကို စီးပွားရေး ကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးသည့်
နိုင်ငံဖြစ်လိုခြင်း အစရှိသည်တို့ ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက
ပြောကြားခဲ့သည်။

တစ်နှစ်တာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းရှစ်ထောင်ကျော်ကို
လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ခြင်း၊ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း
လွတ်ငြိမ်း ချမ်းသာခွင့် နှစ်ကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ပြည်ပရောက်
မြန်မာနိုင်ငံသား များကို လမ်းဖွင့်ကြိုဆိုခဲ့ခြင်းမှာ အမျိုးသား ပြန်လည်
ပေါင်းစည်းညီညွတ်ရေး နှင့် နိုင်ငံတည်ဆောက်ရေးတွင် အားလုံး
ပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်
ပြောကြားခဲ့သည်။

"တစ်ဖက်နဲ့တစ်ဖက် ထိတွေ့ဆက်ဆံမှုကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ
ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊
ကယား၊ က ရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိ တဲ့
တိုင်းရင်းသားများနည်းတူ ဗမာ ဆိုတာဟာလည်း ပြည်ထောင်စုကြီး ထဲက
တိုင်းရင်းသား လူမျိုးစု တစ်ခု ပဲ ဖြစ်ပါတယ်။ သာတူညီမျှ
အခွင့်အရေးတစ်ခုကို အားလုံးမျှဝေရရှိပြီး တန်းတူရည်တူ
ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက် ဟာ
ကျွန်တော်တို့ အစိုးရရဲ့ လိုလားချက်လည်းဖြစ်ပါတယ်"ဟု နိုင်ငံတော်
သမ္မတဦးသိန်းစိန် က ပြောပါသည်။

"တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး
ကျွန်တော် ပြောချင်ပါ တယ်။ (၁၈)နှစ်၊ (၁၉)နှစ် အရွယ်ရှိ တဲ့ လက်နက်ကိုင်
တိုင်းရင်းသားလူ ငယ်လေးတွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊
ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် တကယ့်ကိုပဲ
စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေ
မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုး ရရဲ့
ခံယူချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့
ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့
အိပ်မက်တွေ ကျွန် တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ
ကျွန်တော် တို့အားလုံးရဲ့ သမိုင်းပေး တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်"ဟု
နိုင်ငံတော် သမ္မတက ပြောပါသည်။

ယင်းကဲ့သို့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရာတွင် ခက်ခဲကြီး လေးမှု
ရှိသော်လည်း တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ယုံကြည်ချက် အပြည့်အဝ
ရှိနေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်
ထိတွေ့ခဲ့ပြီးနောက်ပိုင်း ထိုယုံကြည်ချက်မှာ ပိုမိုခိုင်မာလာကြောင်း
ထပ်မံပြောကြားခဲ့သည်။

"ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ
ယုံကြည်မှုဟာ သိပ်ကို အ ရေးကြီးပါတယ်။ဒီကနေ့ ကျွန်တော် တို့ အစိုးရအနေနဲ့
ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ
ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ကို
အခြေခံတဲ့ ယုံကြည်မှုနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ
ပြောပါသည်။

အစိုးရအဖွဲ့အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်
သုံးဆင့်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ပထမအဆင့်မှာ
ပြည်နယ်အဆင့်တွေ့ဆုံ ဆွေးနွေးရန်ဖြစ်ပြီး ဒုတိယအဆင့် မှာ
ပြည်ထောင်စုအဆင့် ဆွေးနွေးရန် ဖြစ်ကြောင်း၊ အဆိုပါ ဒုတိယ အဆင့်တွင်
နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များ တွင်
ပါဝင်ဆောင်ရွက်နိုင်ရန်၊ လွှတ်တော်တွင်း ရောက်ရှိပါက အခြားသော
တိုင်းရင်းသားများနှင့် အကျေအလည် ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပြင်ဆင်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော
လက်နက်ကိုင် တပ်မတော်အ ဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် စသော
အချက်များပါဝင်ပြီး ဒုတိယအဆင့် သဘောတူညီချက် ရရှိသည်နှင့် တတိယအဆင့်ကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တတိယအဆင့်မှာတော့ နိုင်ငံတော် အစိုးရ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေ၊
နိုင်ငံရေးပါတီနဲ့ နိုင်ငံ ရေးအင်အားစုတွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ စတဲ့
နိုင်ငံတော်မှာရှိ တဲ့ အဓိကကျတဲ့ Political Player တွေအားလုံးပါဝင်တဲ့
ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ
ဆောင်ကြဉ်းမယ့် သန္နိဋ္ဌာန်ကို ကျွန်တော်တို့ အားလုံး ၀မ်းမြောက်ဝမ်းသာ
စိုက်ထူကြရမှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ က ပြောခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၁၀)ပါ
ပြဋ္ဌာန်းချက်နှင့် အညီ ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်း
ပြောကြားခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့သစ်၏ ဆောင်ရွက်ပြီးနှင့်
ဆောင်ရွက်ဆဲ ကိစ္စရပ်များကိုလည်း အကျဉ်းချုံ့ တင်ပြခဲ့ပါသည်။
နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခဲ့သည့် အစီအစဉ်သို့ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယသမ္မတ နှစ်ဦးနှင့်
ပြည်ထောင်စုဝန်ကြီးများလည်း တက်ရောက်ခဲ့ကြပါသည်။
--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ