မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား
ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း
ဝန်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား
ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access
များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့်
အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။

မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ
လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို
လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed တို့အား ယခင်Bandwidth
2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE
တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ
၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ်
Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE
အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။

ယခုကဲသိုInternet Speed များ
လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက
၎င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base
စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး
ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ
ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ
ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊
ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက
တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။

Nann Nyunt Oo

2 comments:

  1. ကောင်းတယ် အတိုင်းထက်လွန်းပဲ ဆက်ရေးပါ ဘယ်သူမှ မဖတ်ရင်နေ ကျွန်တော်ဖတ်မယ် အားပေတယ်

    ReplyDelete
  2. ၁၉၉၃အီလက်ထရောနစ်နဲ့ကျောင်းဆင်းခဲ့သူပါ
    ဝန်ကြီးဆိုပြီးနို့ဆီခွက်ဆက်သွယ်ရေးတောင်သိရဲ့လား
    ဉီးစီုးသာထက်တတ်တဲ့ဝန်ကြီးဘယ်တော့မှပေါ်မှာမဟုက်တော့ဘူး

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ