Work At Singapore


 အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲ

အလုပ်ဘယ်လိုရှာရမလဲ၊ ဘာတွေပြင်ဆင်ခဲ့ရမလဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်ရဲ့လိုင်း (ကွန်ပျူတာ) နဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလဲဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။

မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။

Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။

ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။

အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။

ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…
စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။

စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့

- http://www.jobsdb.com.sg
- http://www.jobstreet.com.sg
- http://www.jobscentral.com.sg
- http://www.st701.com
- http://www.monster.com.sg

ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။

အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်
၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။ - File Size 200 Kb ထက် မကြီးရ
- Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)
- လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)

၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက် kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။

၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။

http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။

Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။

ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။

အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။

အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။

အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။

ကဲ … ဒီလောက်ဆိုရင်
အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။

လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။

နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။

Crediat => Myanmar In Singapore
Read More

အတွေ့အကြုံ ၊ ကျွမ်းကျင်မှု ၊ နှင့် ဥာဏ်ရည်ဥာဏ်သွေး


ကျွန်မ အသက် ၂၈ နှစ်အထိ မြန်မာပြည်မှာ နေခဲ့ပါတယ်။ သင်္ချာနှင့်အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက သင်ခဲ့ရပြီး အင်္ဂလိပ်လိုရေးထားတဲ့ ပြဌာန်းစာအုပ်များကို အသုံးပြု၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာမဟာဘွဲ့ကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုတချို့ ဖတ်ဖူးခဲ့တဲ့၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်ဇာတ်ကား တော်တော်များများကြည့်ဖူးခဲ့တဲ့ကျွန်မ ၂၈နှစ်အတွင်း နိုင်ငံခြားသားတယောက်တလေနဲ့မှ အင်္ဂလိပ်လိုစကားမပြောဖူးခဲ့ပါ။ အလွန်တရာ ပြည့်စုံလှသော မိသားစုမှ မွေးဖွားခဲ့ခြင်းမဟုတ်သော၊ အလွန်တရာဥာဏ်ရည်မြင့်မားသူတစ်ဦးလည်း မဟုတ်သော ကျွန်မကို မြန်မာပြည်၏ သာမန်လူတန်းစား (Average population) ကို ကိုယ်စားပြုနိုင်သူတစ်ဦးအဖြစ် ဦးစွာမှတ်ယူပြီး ကျွန်မဘဝ၏ပညာရေးနှင့်ဆက်နွယ်သော အတွေ့အကြုံအချို့ကို မျှဝေလိုပါတယ်။
ပညာရေးအကြောင်းပြောမယ်ဆိုတော့ ကျွန်မ ဆရာ ဆရာမတွေအကြောင်းပြောရတော့မှာ ဖြစ်ပါတယ်။ ဤနေရာမှာ ကျွန်မ ဆရာသမားများကို ကျေးဇူးကန်းစော်ကားလိုစိတ်များ မရှိဘဲ (တစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်လိုခြင်းမရှိပါ)၊ ကျွန်မ ကြီးပြင်းသင်ယူခဲ့ရတဲ့ ပညာရေးစနစ်ကြီးတစ်ခုကြောင်းကို ဆွေးနွေးလိုရင်းက အဓိကဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။

မူလတန်းနှင့်အလယ်တန်းမှာ သင်္ချာ၊အင်္ဂလိပ်စာ မညံ့ခဲ့သောကျွန်မ (အမှတ်၁၀၀ပေးရင် ၉၀ပတ်ဝန်းကျင်ရလေ့ရှိခဲ့ပါတယ်) အထက်တန်း (၉တန်း ၁၀တန်း) အရောက်မှာ အင်္ဂလိပ်စာ၊ သင်္ချာ အမှတ်တွေ နည်း, နည်းလာခဲ့ပါတယ်။ အမှတ်နည်းသွားခဲ့ခြင်းဟာ စိတ်ဝင်စားမှုလျော့နည်းလာခဲ့ခြင်းကြောင့်ဖြစ်ပြီး စိတ်ဝင်စားမှု ဘာကြောင့်လျော့နည်းခဲ့ရသလဲဆိုတာကိုတော့ နောင်၁၅နှစ်ခန့်ကြာသောအခါကျမှ ကျွန်မ နားလည်စပြုခဲ့ပါတယ်။ ကျွန်မတို့ အလယ်တန်း အထက်တန်း သင်္ချာများကိုသင်ယူခဲ့စဉ်က အတန်းထဲတွင် ဆရာမများက သီအိုရီ နှင့်ပုံသေနည်း များကို ရှင်းပြပြီး လေ့ကျင့်ခန်းပုစ္ဆာများတွက်ခိုင်းခဲ့ကြပါတယ်။ ဘယ်ပုစ္ဆာလာရင် ဘယ်ဖော်မြူလာနဲ့တွက် အဖြေဘယ်လိုထွက်ဆိုတာကို ကျွန်မသိပြီးနောက်မှာ ဘာကြောင့် ဒီဖော်မြူလာ ဖြစ်ပေါ်လာရသလဲ၊ ဘယ်နေရာမှာ ဒီသင်္ချာတွေကို သုံးမှာလဲ ဆိုတဲ့ မေးခွန်းတွေက ကျွန်မခေါင်းထဲကို စီကာစဉ်ကာရောက်ရှိလာကြပါတယ်။

အပေါင်း အနှုတ် အမြှောက် အစား တွေကို ဈေးဝယ်ရာမှာသုံးနိုင်တယ်၊ တြိဂံ စတုဂံတွေကို အိမ်ဆောက်ရာမှာသုံးနိုင်တယ်လို့ အကြမ်းဖျဉ်းပဲသိရာမှ အဆင့်ပိုမြင့်တဲ့ သင်္ချာတွေကို ဘယ်နေရာမှာသုံးမလဲလို့ သိချင်လာတဲ့အခါ ဆရာမတစ်ယောက်ကို မဝံ့မရဲနဲ့ သွားမေးခဲ့ဖူးပါတယ်။ "သိပ်မတွေးနဲ့ ဂေါက်သွားမယ်" ဆိုတဲ့အဖြေကို ကျွန်မရခဲ့ပါတယ်။ နောက်ပိုင်း အတန်းထဲမှာ အတန်းဖော်တွေ သင်္ချာတစ်ပုဒ် အဖြေထွက်ဖို့ အပြိုင်အဆိုင်တွက်နေတဲ့အခါတိုင်း ကျွန်မကတော့ ဘာကြောင့်ငါတို့ ဒါကိုလုပ်နေကြတာလဲ(why)၊ လက်တွေ့ဘဝထဲမှာ ဒါကို ဘယ်လိုသုံးမှာလဲ(application) ဆိုတာတွေကို တွေးရင်း ကျွန်မရဲ့သင်္ချာအတန်းတွေ ကုန်ဆုံးခဲ့သလို ကျွန်မရဲ့အမှတ်တွေကလည်း အောက်ဖက်ကို ထိုးဆင်းနေခဲ့ပါတယ်။

ကျွန်မတို့ အင်္ဂလိပ်စာ သင်ယူခဲ့တဲ့ နည်းလမ်း မှန် မမှန် ဆိုတာကိုလည်း မြန်မာနိုင်ငံရဲ့အပြင်ကို ထွက်တော့မှပဲ ကျွန်မသုံးသပ်နိုင်ခဲ့ပါတယ်။ ကျွန်မရရှိခဲ့တဲ့ အင်္ဂလိပ်စာသင်ကြားရေးက သဒ္ဒါ(grammar)ကို အထူးပြုပါတယ်။ ဝါကျတည်ဆောက်မှုကို တစ်နှစ်ပတ်လုံးကုန်အောင်သင်ပေမယ့် တည်ဆောက်တတ်တဲ့ဝါကျတွေနဲ့ ကိုယ်တင်ပြပြောဆိုချင်တဲ့ အကြောင်းအရာတစ်ခုကို သူများနားလည်အောင် ရေးသားပြောဆိုတတ်ဖို့သင်ကြားမှုအပိုင်းမှာ အတော်အားနည်းကြတယ်လို့ ကျွန်မမြင်ပါတယ်။

၉တန်း ၁၀တန်းလောက်မှာ ဝတ္ထုရေးချင်စိတ်တွေ ပြင်းပြခဲ့တဲ့ကျွန်မဟာ အင်္ဂလိပ်စာ စာစီစာကုံးတွေကို ဘယ်အထူးထုတ်ကိုမှအားမကိုးဘဲ ကိုယ့်အတွေးတွေ ကိုရှေ့တန်းတင်ပြီးရေးသားဖို့ အလွန်တက်ကြွခဲ့ပါတယ်။ ဆရာမကဖတ်ရှုအမှတ်ပေးထားတဲ့ ကျွန်မရဲ့အိမ်စာစာစီစာကုံးစာရွက်လေးကို ပြန်ရခဲ့တဲ့နေ့တနေ့ကို ကျွန်မ မမေ့နိုင်ခဲ့ပါ။ တတ်သမျှ အင်္ဂလိပ်သဒ္ဒါလေးတွေနဲ့ စီကုံးထားတဲ့ ကျွန်မစာရွက်ကလေးဟာ မှင်နီတွေနဲ့ရှုပ်ရှက်ခက်နေခဲ့ပြီး ရတဲ့အမှတ်ကလည်းနည်းနည်းလေးမှ တကယ့်နည်းနည်းလေးပါ။

အတန်းဖော်သူငယ်ချင်းစာရွက်က အလွန်မှသပ်ရပ်လှပပြီး သူက အမှတ်ပြည့်နီးနီးရခဲ့ပါတယ်။ "နင်ဘယ်လိုရေးခဲ့သလဲ" လို့ သူငယ်ချင်းကိုမေးကြည့်တော့ အထူးထုတ်ထဲကစာစီစာကုံးကို မှီငြမ်းရေးသားခဲ့တယ် လို့ ရိုးသားစွာပင် သူကရှင်းပြခဲ့ပါတယ်။ သူ့ရဲ့မှီငြမ်းနိုင်တဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့သလို ကျွန်မရဲ့ ကိုယ်ပိုင်အားထုတ်မှုလေးကိုလည်း သူ့လောက်နီးနီး အသိအမှတ်မပြုသင့်ပါသလားရှင်။

မှားနေတဲ့အရေးအသားတွေကို ထောက်ပြရင်း "သမီးမှာ ကိုယ်ပိုင်တွေးနိုင်တဲ့ အရည်အချင်းတစ်ခုရှိနေတယ် ဆက်ကြိုးစားပါ ဆရာမ အကူအညီပေးနေမယ်" လို့ ပြောတဲ့ဆရာမနဲ့တွေ့ခဲ့မယ်ဆိုရင် ကျွန်မလျှောက်လှမ်းခဲ့တဲ့ ပညာရေးခရီးဟာ အခုထက် အဆပေါင်းများစွာ ချောမွေ့ခဲ့မယ်ဆိုတာ ကျွန်မ အသေအချာပြောရဲပါတယ်။

သတ္တဗေဒအဓိကနဲ့ဘွဲ့ရထားတဲ့ဆရာမရဲ့အင်္ဂလိပ်စာအတန်း၊ သမိုင်းအဓိကနဲ့ကျောင်းပြီးထားတဲ့ဆရာမရဲ့ မြန်မာစာအတန်း နှင့် အလားတူစာသင်ခန်းများမှာ စိတ်တွေကို အစိုးမရနိုင်ခဲ့ဘဲ အတွေးများနဲ့မျောလွင့်နေခဲ့တဲ့ ကျွန်မဟာ ၁၀တန်းစာမေးပွဲကို ဝိဇ္ဖာဂုဏ်ထူး သိပံ္ပဂုဏ်ထူး ၂ခုနဲ့ ယောင်တောင်ပေါင်တောင် အောင်လာခဲ့ပါတယ်။ အတန်းဖော် သူငယ်ချင်းတစ်ယောက်က ဆေးတက္ကသိုလ်ရောက်၊ နောက်တစ်ယောက်က စက်မှုတက္ကသိုလ်ကို ရောက်ခဲ့တဲ့အချိန်မှာ ကျွန်မက စီးပွားရေးတက္ကသိုလ်ကို မရောက်ချင်ဘဲရောက်ရှိသွားခဲ့ပါတယ်။ ၁၀တန်းအထိ အတန်းရဲ့ထိပ်ဆုံးနားမှာ အမြဲရှိခဲ့တဲ့အတွက် ဆေးတက္ကသိုလ်ကိုရောက်နိုင်တယ်လို့ထင်ကြေးရှိခဲ့ကြတဲ့ ကျွန်မ မိသားစုနှင့်ပတ်ဝန်းကျင်က ကျွန်မကို အထင်သေးသွားခဲ့ကြပါပြီ။

ဆေးတက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်တွေကိုမှ မရောက်ရင် ဘာမှအသုံးမကျတော့သလို အယူအဆရှိခဲ့တဲ့ ရှိနေဆဲဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံကြီးမှာ ကျွန်မလမ်းပျောက်ခဲ့ပါပြီ။ စီးပွားရေးတက္ကသိုလ် ပထမနှစ်နှင့်ဒုတိယနှစ်မှာလည်း စာသင်ချိန်တွေကို အတွေးတွေနဲ့သာ ကုန်ဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်တွေဖြစ်နေခဲ့ပါတယ်။ ကျွန်မဘဝအခြေအနေကို ဂရပ်မျဉ်းနဲ့ပြနိုင်မယ်ဆိုရင် အဲဒီအချိန်အခါကို အောက်ကိုထိုးဆင်းနေတဲ့ မျဉ်းတစ်ကြောင်းနဲ့ ဥပမာပြလို့ရနိုင်မယ်ထင်ပါတယ်။

ချောက်ရဲ့အောက်ဆုံးကြမ်းပြင်ကိုထိသွားပြီးချိန်မှာ ဆက်နိမ့်ဆင်းသွားစရာဘာမှမရှိတော့တဲ့အတွက် အပေါ်ပြန်တက်ဖို့ကြိုးစားရန်ဆိုတဲ့ ရွေးချယ်မှုတစ်ခုသာ ကျန်တော့တဲ့အချိန်ဟာ တတိယနှစ်ကိုစတက်တဲ့နေ့ ဖြစ်မယ်ထင်ပါတယ်။ ဒုတိယနှစ်အမှတ်စာရင်းအရ ခွဲခြားထားတဲ့ အထူးပြုတန်းများတက်ခွင့်စာရင်း ထွက်လာခဲ့တဲ့အချိန်မှာ ဝါဏဇ္ဖဂုဏ်ထူးတန်း၊ စာရင်းအင်းဂုဏ်ထူးတန်း၊ နှင့် ဘောဂဗေဒဂုဏ်ထူးတန်း ဆိုတဲ့ အမြင့်ဆုံး၃တန်းကိုတက်ဖို့ အမှတ်မမှီခဲ့တဲ့ကျွန်မနာမည်ဟာ ဝါဏဇ္ဖရိုးရိုးတန်းတက်ခွင့်ရသူများစာရင်းမှာ ပါလာခဲ့ပါတယ်။ ပထမဦးဆုံးသွားတက်မိတဲ့အတန်းက စာရင်းကိုင်ပညာ ဘာသာရပ်ပါ။ ကျွန်မ အပျင်းဆုံး ဘာသာရပ်ဆိုပါတော့။ ဆရာမတွက်ပြနေတဲ့ ပုစ္ဆာတစ်ပုဒ်ကို "Debit" "Credit" လို့ တစ်တန်းလုံးက ကျောင်းသူတွေ တညီတညာတည်းအော်နေကြစဉ် သူတို့က ဒါတွေသိပြီး ငါက ဘာကြောင့်မသိရတာပါလိမ့် ဆိုတဲ့အတွေးတွေနဲ့ အားငယ်စွာ အတန်းချိန်ကိုကုန်ဆုံးခဲ့ပါတယ်။ (မှတ်ချက် … ကျောင်း၃နှစ်ခွဲပိတ်ချိန်အတွင်း ပြင်ပ စာရင်းကိုင်သင်တန်းများ တက်ထားခဲ့ကြတာ နောက်မှသိရပါတယ်။)

ထမင်းစားနားချိန် စားသောက်ဆိုင်တန်းဘက်လျှောက်လာတဲ့အခါ အနိမ့်ဆုံးအတန်းလို့ အများကဆိုတဲ့ ဘောဂဗေဒ (Economics) အတန်းကိုရောက်သွားတဲ့ သူငယ်ချင်း၂ယောက်နဲ့ သွားတွေ့ပါတယ်။ ဝါဏဇ္ဖ (Commerce)နဲ့ စာရင်းအင်း (Statistics) က တခြားသူငယ်ချင်းတွေပါရောက်လာပြီး စားသောက်ဆိုင်မှာဝိုင်းဖွဲ့ကာ ကိုယ့်မေဂျာသူ့မေဂျာအကြောင်း ပြောကြပါလေတော့တယ်။ အီကိုတန်းမှ သူငယ်ချင်းရဲ့ ဦးဆောင်ပြောကြားမှုတွေက ကျွန်မရဲ့ ထုံထိုင်းနေတဲ့စိတ်တွေကို လှုပ်ခါနှိုးလိုက်ပါတယ်။

"ဆရာဦးခင်မောင်ညို ပြောတာတွေ အရမ်းနားထောင်ကောင်းတယ်သိလား၊ နိုင်ငံရေးတွေလည်းပါတယ်"။ "တကယ်လား ငါလာနားထောင်ကြည့်လို့ရမလားဟင်" လို့ ကျွန်မကမေးတော့ သူ့မျက်လုံးတွေက အရောင်တောက်သွားပြီး "အိုး ကြည်စင်ရယ် ဘာလို့မရရမှာလဲ" လို့ သူက ဝမ်းသာအားရ ဖိတ်ခေါ်ခဲ့ပါတယ်။ အီကိုတန်းမှာ တစ်တန်းသွားနားထောင်ပြီးချိန်မှာပဲ ဘောဂဗေဒဆိုတဲ့ ဘာသာရပ်ထဲမှာ ကျွန်မသိချင်တာတွေ အများကြီးမှ အများကြီးရှိနေပါလားဆိုတာ အံ့သြတကြီးနဲ့ သိလိုက်ရပါတယ်။

တိုင်းပြည်ဝင်ငွေ၊ အလုပ်လက်မဲ့ အခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ ပြည်ပငွေပေးငွေယူရှင်းတမ်း၊ စီးပွားရေးမူဝါဒ။ အိုး … ကျွန်မဖတ်ခဲ့တဲ့ စာတွေထဲက နားမလည်ခဲ့တဲ့ အကြောင်းအရာတွေကို အခုနားလည်ဖို့ အခွင့်အရေးရတော့မှာပေါ့။ စိတ်တူကိုယ်တူ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က သူလည်း အီကို ကို အလွန်ပြောင်းချင်ကြောင်း ရင်ဖွင့်လာပါတယ်။ အေးဒါဆို နောက်နေ့မနက် နင်နဲ့ငါ ရုံးခန်းရှေ့မှာ ဆုံကြမယ်နော်၊ အတူတူပြောင်းကြစို့လို့ သဘောတူညီခဲ့ကြပါတယ်။

အိမ်ရောက်လို့အမေ့ကို ပြောပြတဲ့အခါ အမေက မျက်စိမျက်နှာပျက်ပျက်နဲ့ မပြောင်းဖို့တားပါတယ်။ "ဘွဲ့ရပြီးပြီးချင်း အလုပ်ရမယ့်မေဂျာကို ရရဲ့သားနဲ့ ဘာကြောင့်တခြားဟာကို ယူချင်ရတာလဲ၊ အမေတစ်ယောက်တည်း မုဆိုးမဘဝနဲ့ရုန်းကန်နေရတာ မစဉ်းစားဘူး၊ ကိုယ်စိတ်ချမ်းသာတာပဲ ကိုယ်လုပ်တတ်တာ ညည်းလည်းညည်းအဖေအတိုင်းပဲ" လို့ အမေက ဆူပူခဲ့ပါတယ်။ နောက်တနေ့မှာ အမေပြောသလိုအလွန်တရာခေါင်းမာလှတဲ့ကျွန်မဟာ ချိန်းဆိုထားတဲ့အတိုင်း ကျောင်းသားရေးရာဌာနရှေ့မှာ သူငယ်ချင်းကိုစောင့်နေခဲ့ပါတယ်။ သူက ရောက်မလာခဲ့ပါ။ အတန်းချိန်အရမ်းနီးလာတော့ ကျွန်မဖာသာ ဘာသာရပ်ပြောင်းရွှေ့ခြင်းစာစောင်ကိုတင်ခဲ့ပြီး အီကိုအတန်းထဲမှာ သွားထိုင်နေခဲ့ပါတယ်။ သူနဲ့တွေ့ဖြစ်တဲ့အခါ သူက စိတ်မကောင်းစွာရှင်းပြခဲ့တာက "ဆောရီးပါ ကြည်စင်ရယ် ငါ့အဖေက သဘောမတူဘူး CPA ရအောင်လုပ်ရမယ်လို့ပြောတယ် ငါမပြောင်းတော့ဘူးနော်" တဲ့။ သမီးအလိမ္မာသူငယ်ချင်းနဲ့မတူခဲ့တဲ့ ကျွန်မကို ကျွန်မအမေက စိတ်ဆိုးပြီး ၃ရက်လောက် စကားမပြောဘဲနေခဲ့ပါတယ်။ "အမေ့ရဲ့ခံစားချက်ကို နားလည်ပေမယ့် ကျွန်မဘဝကလည်း သေရေးရှင်ရေးတမျှအရေးကြီးနေတဲ့ အကွေ့တကွေ့ဖြစ်ခဲ့လို့ပါ အမေရယ်" လို့ စိတ်ထဲကတောင်းပန်နေခဲ့မိပါတယ်။ "လုံးဝမပြောင်းရဘူး" ဆိုတဲ့ တချက်လွှတ်အမိန့်ပေးစနစ်ကို မသုံးခဲ့ဘဲ ၃ရက်ပဲ စိတ်ဆိုးခဲ့တဲ့အမေ့ကို အခုထိ ကျေးဇူးတင်နေဆဲပါရှင်။

တတိယနှစ်မှစပြီး မဟာဘွဲ့ရသည်အထိ စီးပွားရေးတက္ကသိုလ်အရိပ်မှာ ပျော်ရွှင်စွာ ပညာသင်ယူခဲ့ပါတယ်။ ကျွန်မရဲ့ "Why do we learn this?" နဲ့ "Where do we apply this?" ဆိုတဲ့မေးခွန်းတွေကို ပြေလည်အောင် မရှင်းပြနိုင်ခဲ့တဲ့ ဆရာ ဆရာမ အချို့နဲ့တွေ့ဆုံသင်ယူခဲ့ရတာကလွဲလို့ Economics ကို ချစ်မိသွားအောင် သင်ပေးနိုင်ခဲ့တဲ့ ဆရာ ဆရာမ များကို အမြဲအားကျလေးစားနေခဲ့ပါတယ်။ ဒီစီးပွားရေးတက္ကသိုလ်ကြီးမှာပဲ ဆရာမလုပ်ရင်း ဘဝကို မြှုပ်နှံတော့မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ မဟာတန်းပထမနှစ်ကိုတက်နေစဉ်အတွင်း ကျွန်မဘဝရဲ့နောက်ထပ် အချိုးအကွေ့တစ်ခုနှင့်ထပ်ပြီး ဆုံတွေ့ရပြန်ပါတယ်။ အစိုးရဝန်ထမ်းများအဖြစ် ကျွန်မတို့မိဘများ တာဝန်ထမ်းဆောင်ရာ ဒေသမှာ ကျွန်မနှင့် အတူကြီးပြင်းခဲ့သူ (ယခုကျွန်မခင်ပွန်း) က ကျွန်မကို ချစ်ခွင့်ပန်ခဲ့ခြင်း နှင့် နိုင်ငံခြားတက္ကသိုလ်တစ်ခုမှ စီးပွားရေးပါမောက္ခဆရာမကြီးတစ်ယောက်ရဲ့ ဟောပြောပွဲကိုတက်ရောက်ခဲ့ခြင်းတို့မှ ကျွန်မဆီကို မဖြေနိုင်တဲ့မေးခွန်းအသစ်တွေ ရောက်ရှိလာခဲ့သလို ကျွန်မလျှောက်လှမ်းနေတဲ့ခရီးကို ပြန်လည်သုံးသပ်စေဖို့ အတွေးသစ်တွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ သူ့ကို လက်ထပ်လိုက်ရင် သူ့နောက်ကိုလိုက်ရတော့မယ်၊ စီးပွားရေးတက္ကသိုလ်ကြီးမှာ တနေ့ ဆရာမလုပ်မယ်ဆိုပြီးလျှောက်နေတဲ့ လမ်းကိုရပ်တန့်ပစ်လိုက်ရမယ်။
တဖက်ကလည်း နိုင်ငံခြားသူဆရာမကြီးရဲ့ဟောပြောမှုအပြီး မေးခွန်းမေးရန်ဖိတ်ခေါ်ခဲ့စဉ် ပရိတ်သတ်ဆီက ဘာမေးခွန်းမှထွက်မလာခဲ့တဲ့အဖြစ်ကို ထပ်ခါတလဲလဲပြန်သတိရနေခဲ့မိတယ်။ သူပြောသမျှနားလည်ပေမယ့် မေးခွန်းပြန်မထုတ်တတ်ခဲ့တဲ့ မဟာတန်းကျောင်းသူကျောင်းသားများထဲမှကျွန်မဟာ "ငါ ဆရာမဖြစ်လာတဲ့ တနေ့မှာ ဒီတရုတ်လူမျိုးဆရာမကြီးလို အင်္ဂလိပ်စကားကိုရေလည်ပတ်လည်ပြောနိုင်ပါ့မလား၊ ဒီဆရာမကြီးလို သုတေသနစာတမ်းတွေ ရေးနိုင်ပါ့မလား" ဆိုတဲ့မေးခွန်းများစွာနဲ့ ကိုယ့်ရောက်နေတဲ့နေရာနဲ့ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ သုံးသပ်နေခဲ့မိပါတယ်။ ကျူရှင်ပြမှမိသားစုစားဝတ်နေရေးပြေလည်မှာဖြစ်လို့ ကျူရှင်နောက်ကို ပြေးလိုက်နေရတဲ့ ဆရာမမျိုးမဖြစ်အောင် ကျွန်မ ဘယ်အချိန်ထိတောင့်ခံထားနိုင်မလဲ

ဘာကိုဆုံးဖြတ်ရမှန်းမသိဖြစ်နေခိုက်မှာ အနှစ်နှစ်အကာကာလက စောင့်မျှော်ခဲ့ရတဲ့ ဆရာမဖြစ်ဖို့ စာမေးပွဲကြီးက ရောက်ရှိလာခဲ့ပါတယ်။ ကျွန်မချစ်သူကို ကျွန်မအိမ်မက်တွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့တဲ့အခါ ကျွန်မဖြစ်ချင်တာတွေအားလုံးဖြစ်ရမယ်လို့ကတိမပေးနိုင်ပေမယ့် ရောက်ချင်တဲ့နေရာကိုသွားဖို့လမ်းကတစ်ခုတည်းရှိတာမဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးကြိုးစားပြီးကူညီပါ့မယ် လို့ သူကဆိုခဲ့ပါတယ်။ လူတွေ့စာမေးပွဲကိုသွားမဖြေခဲ့တော့ဘဲ မဟာတန်းစာမေးပွဲများအပြီးမှာ သူ့မျက်နှာ တရွာထင်ပြီး ကျွန်မ ဘန်ကောက်ကို လိုက်လာခဲ့ပါတော့တယ်။
ဖောင်ဖျက်ခဲ့တဲ့ ကျွန်မကို ကျွန်မအမေနှင့်တကွချစ်သူငယ်ချင်းများက စိုးရိမ်ပူပန်နေခဲ့ကြပေမယ့် ခံစားချက်ကို ရှေ့တန်းတင်လွန်းလှတဲ့ကလေးသာသာကျွန်မကို ပညာလှလှပေးဖို့ ဘန်ကောက်မြို့ကြီးကတော့ လှောင်ရယ်တဲ့အပြုံးလေးနဲ့ စောင့်ကြိုနေခဲ့ပါတယ်။ ရောက်ပြီးနောက်တနေ့မှာပဲ ကျွန်မအတွက်ဖိနပ်ဝယ်ဖို့် ကုန်တိုက်တစ်ခုကို သွားခဲ့ကြပါတယ်။

မြန်မာပြည်မှာကတည်းက ဖိနပ်နံပါတ်ကြီးကြီးနဲ့မှတော်တဲ့ ကျွန်မခြေထောက်ဟာ ထိုင်းအမျိုးသမီးလေးတွေအတွက် စံပြုထုတ်လုပ်ထားတဲ့ ဖိနပ်အများစုနဲ့ ဘယ်လိုမှမတော်ခဲ့ပါဘူး။ ဖိနပ်တွေကို စိတ်ရှည်ရှည်နဲ့ တစ်ခုပြီးတစ်ခုထုတ်စီးခွင့်ပြုခဲ့တဲ့ အရောင်းစာရေးမလေးမျက်နှာက အနည်းငယ်ညိုလာခဲ့တဲ့အချိန်မှာ ကျွန်မလည်း ကိုယ့်ကိုယ်ကို စိတ်သိပ်မရှည်တော့ပါဘူး။ အဲဒီအချိန်မှာ သူက အင်္ဂလိပ်လို တစုံတရာကို ရှင်းပြပါတယ်။ ကျွန်မ ပါးစပ်မှ "ဒီဖိနပ်က သေးနေတယ်" လို့ မြန်မာလို လွှတ်ကနဲထွက်သွားပါတယ်။ ဗုဒ္ဓေါ …. ကျွန်မ အင်္ဂလိပ်လို ဘယ်လိုပြော ရမယ်ဆိုတာသိနေရဲ့သားနဲ့ ဘာကြောင့် မြန်မာလိုပြောမိသွားတာလဲ။ အရောင်းစာရေးမလေးက ကျွန်မကို အထင်သေးတဲ့မျက်လုံးများနဲ့ကြည့်လိုက်ပြီး ဒါအကုန်ပဲ လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ ဝါကျမမှန်တဲ့ ထိုင်းသံဝဲဝဲ သူ့အင်္ဂလိပ်စာကို စိတ်ထဲက ပြန်ပြင်ပေးနေမိခဲ့တဲ့ ကျွန်မပါးစပ်က "small" ဆိုတဲ့ အလွန်တရာ လွယ်ကူလှတဲ့စကားလေး တစ်လုံးတောင် ထွက်မလာခဲ့ပါဘူး။

သွားပြီ။ "culture shock" လို့ခေါ်တဲ့ ပတ်ဝန်းကျင်အသစ်မှာရတဲ့ ပြဿနာနဲ့ ကျွန်မ စတွေ့ပါပြီ။ အသက် ၂၈နှစ်ကျော်မှ နိုင်ငံခြားသားတစ်ယောက်နဲ့ အင်္ဂလိပ်စကား စ ပြောဖူးခဲ့တဲ့ကျွန်မ စာမေးပွဲကျပါပြီ။ ထို့နောက်ပိုင်းမှာလည်း ကျွန်မခင်ပွန်းရုံးက ညစာစားပွဲတွေမှာ ဘာစကားမှထွက်မလာဘဲပြုံးပြုံးလေးနဲ့ထိုင်နေခဲ့တဲ့ကျွန်မကို သူ့လုပ်ဖော်ကိုင်ဖက်တွေက ကြိတ်ရယ်ကြပါတယ်။ "ထွန်းထွန်းမိန်းမ ပြုံးတာအလွန်တော်တယ်" လို့ မနေနိုင်တဲ့ တစ်ယောက်က ယဉ်ယဉ်ကျေးကျေးလေးလှောင်ပြောင်ခဲ့ပါတယ်။

"မြန်မာပြည်မှာ ဘာတွေတတ်ခဲ့တတ်ခဲ့ နိုင်ငံခြား အတွေ့အကြုံ (exposure) ရှိဖို့လိုတယ်" ဆိုတဲ့ ကျွန်မလေးစားချစ်ခင်ရတဲ့ဆရာမကြီးတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်နေခဲ့မိပါတယ်။
ကျွန်မရဲ့ အူကြောင်ကြားဖြစ်နေတဲ့အခြေအနေကို သည်းမခံနိုင်တော့တဲ့ကျွန်မခင်ပွန်းသည်က အင်္ဂလိပ်စကားပြော သင်တန်းတစ်ခုမှာ လိုက်အပ်ပေးခဲ့ပါတယ်။ ရေးဖြေဝင်ခွင့် စာမေးပွဲ ဖြေအပြီးမှာ အဆင့်၁၅ဆင့်ရှိတဲ့အနက် အဆင့် ၁၁ ကနေ စတက်ရမယ်လို့အဖြေထွက်ပါတယ်။ ရှက်လည်းရှက်ပါတယ်၊ မရှက်လည်းမရှက်ပါဘူး ဆိုသလိုပါပဲ ကျွန်မရဲ့အတန်းဖော်တွေက ထိုင်း အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပထမနှစ်နဲ့ဒုတိယနှစ်က ကလေးတွေပါ။ ကျွန်မနဲ့ရွယ်တူက ၃-၄ယောက်ထဲပါ။ ပညာရှာပမာသူဖုန်းစား ဆိုတဲ့ စာဆိုကို စိတ်ထဲမှာထားပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။ အဆင့်၁၅အပြီးမှာ ကျွန်မလူရှေ့မှာ စကားပြောရဲလာခဲ့ပါတယ်။

"ချစ်လေးဖာသာ ဘာတွေဘယ်လောက်တတ်တတ် ကိုယ်သိတာတွေ သူများကိုမပြောပြနိုင်ရင် အ, အနဲ့ အတူတူပဲ၊ စကားပြောတဲ့အခါ လူတွေကို အထင်လည်းအရမ်းမကြီးနဲ့ အထင်လည်းအရမ်းမသေးနဲ့၊ အဲ့ဒီလိုဖြစ်နေရင် ဘာစကားမှထွက်မလာတော့ဘူုး" လို့ ကျွန်မကို သူက သင်ပေးခဲ့ပါတယ်။ IELTS စာမေးပွဲကို ဖြေအပြီးမှာ အင်္ဂလိပ်စကားပြော ညံ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တဲ့ ကျွန်မရဲ့ Speaking အမှတ်က အခြားReading, Writing, နဲ့ Listening အမှတ်တွေနဲ့ အတူတူပဲရခဲ့ပါတယ်။ အူကြောင်ကြောင်ဖြစ်ခဲ့ခြင်းအတွက် တံခါးပိတ်ထားခဲ့တဲ့ကျွန်မတို့နိုင်ငံကြီးကိုပဲအပြစ်တင်ရမလား၊ လူရှေ့ထွက်ပြီး အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ပြောနိုင်ဖို့ အခွင့်အရေး မရနိုင်ခဲ့တဲ့ ကိုယ့်ဘဝကိုပဲ အပြစ်တင်ရမလား ကျွန်မ မသိပါ။

၂၀၀၇ခုနှစ်အတွင်း Assumption University (Abac)မှာ ကျွန်မခင်ပွန်းသည် ဆရာဖြစ်လာခဲ့ပြီးမကြာခင် မြန်မာဆရာမကြီးတစ်ယောက်နဲ့ ကျွန်မစကားပြောဖြစ်တဲ့အခါ ဒီတက္ကသိုလ်မှာပဲ ဆရာမအလုပ်လျှောက်ကြည့်ဖို့ သူကအကြံပေးလာခဲ့ပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆရာမကြီးမိသားစု အကူအညီနဲ့ သက်ဆိုင်ရာကို တင်ခဲ့ပါတယ်။ သရုပ်ပြသင်ကြားမှုကို လေ့ကျင့်ထားပါဆိုတဲ့ ဆရာမကြီး အကြံပေးချက်အရ PowerPoint လေးပြင်လိုက် လေ့ကျင့်လိုက်နဲ့ စောင့်နေခဲ့တာ ၁လနီးပါးအကြာမှာ အားနာတဲ့မျက်နှာနဲ့ဆရာမကြီးဟာ ကျွန်မတို့အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည်ကရခဲ့တဲ့ဘွဲ့တွေနဲ့မို့လို့ ဒီကျောင်းကမစဉ်းစားပါလို့ သက်ဆိုင်ရာက အကြောင်းပြန်ခဲ့ပါတယ်တဲ့။ တခြားအလုပ်တွေလျှောက်ကြည့်ပါအုံးလို့ အားပေးစကားပြောပြီး ဆရာမကြီး ပြန်သွားခဲ့ပါတယ်။

ပထမဆုံးဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုက ကျွန်မကိုယ်တိုင်အတွက်ပါ။ ကျွန်မ ဒီဘွဲ့၂ခုကို ပြီးစလွယ်ရလာခဲ့တာ မဟုတ်ရပါဘူး၊ တကယ့်ကို စိတ်ရောကိုယ်ပါ အချိန်အကြာကြီးမြှုပ်နှံပြီးမှ ရခဲ့တာပါ။ ဒုတိယဝမ်းနည်းမှုက ကျွန်မချစ်တဲ့ စီးပွားရေးတက္ကသိုလ်ကြီးနဲ့ ဆရာ ဆရာမတွေအတွက်ပါ။ တတိယဝမ်းနည်းမှုကတော့ ကျွန်မတို့မြန်မာနိုင်ငံကြီးရဲ့ ပြည်သူပြည်သားတစ်ယောက်အနေနဲ့ပါ။ ၁၉၈၈ နောက်ပိုင်းဘွဲ့ရတဲ့ မြန်မာပြည်ကပညာတတ်တွေကို နိုင်ငံတကာက အသိအမှတ်မပြုပါတဲ့၊ မြန်မာပြည်မှာ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရတဲ့ တက္ကသိုလ်ကျောင်းအရေအတွက်က သုည ဖြစ်ပါတယ်တဲ့။

ဘဝရဲ့အခက်အခဲတွေကို ဥခွံထဲက ဖောက်ထွက်ခဲ့ရတဲ့ ကြက်ကလေးငှက်ကလေးတွေရဲ့ အဖြစ်နဲ့ နှိုင်းစာမယ်ဆိုရင် ကျွန်မတို့မြန်မာလူမျိုးများဟာ အားအင်ချိနဲ့တဲ့ ကြက်ကလေးငှက်ကလေးများနဲ့တူပြီး၊ ဥခွံတွေကတော့ အခြားလူမျိုးများဖောက်ထွက်ခဲ့ရတဲ့ အခွံများထက် အဆပေါင်းများစွာမာကျောထူထပ်နေလေမလားလို့ ကျွန်မတွေးမိပါတယ်။
၂၀၀၉ခုနှစ် စက်တင်ဘာလမှာ ၁၀လပဲရှိသေးတဲ့သမီးလေးနှင်းနှင်းကို ကျွန်မခင်ပွန်းနဲ့ထားခဲ့ပြီး ကျွန်မတို့မြန်မာလူမျိုးများမညံ့ကြဘူးဆိုတာကို သက်သေပြဖို့အတွက် (အလွန်တရာလေကြီးသူလို့ ကျွန်မကို ထင်နိုင်ပါတယ်) ဂျပန်နိုင်ငံ IUJ (International University of Japan) ကို ကျွန်မထွက်ခွါလာခဲ့ပါတယ်။ ပထမဆုံးဖြေရတဲ့ Midterm စာမေးပွဲက မေးခွန်းအလွန်ခက်တယ်လို့ နာမည်ကြီးတဲ့ ဂျပန်ပါမောက္ခ ဆရာ မီရာမိုတိုရဲ့ Microeconomics စာမေးပွဲပါ။ စာမေးပွဲအစ မိနစ် ၂၀ အတွင်း ကျွန်မ ဘာဖြေရမှန်း ကို မသိခဲ့ပါ။ မလှမ်းမကမ်းက ဗီယက်နမ်မလေးက ဂဏန်းပေါင်းစက်ကို တဒေါက်ဒေါက်နှိပ်ရင်း အားတက်သရောဖြေနေချိန်မှာ ကျွန်မလက်မှာ ချွေးစေးတွေ ပြန်နေခဲ့ပါတယ်။

Mathematics for Economics အတန်းထဲမှာ အဆင့်မြင့်သင်္ချာနဲ့ ဘောဂဗေဒ ဘယ်လိုပေါင်းထုပ်ကြသလဲဆိုတဲ့ ကျွန်မ နားမလည်နိုင်ခဲ့တဲ့ why နဲ့ application ကိစ္စတွေကို ဆရာကရှင်းပြခဲ့စဉ်မှာ ကျွန်မက အသဲအသန်လိုက်မှတ်နေပေမယ့် ဘေးခုံမှာထိုင်နေခဲ့တဲ့ ကျွန်မထက်၈နှစ်လောက်ငယ်တဲ့ အိန္ဒိယမှကျောင်းသားတစ်ယောက်က စာအုပ်ထဲမှာ ဘာမှလိုက်မရေးဘဲ ဆရာကျောက်သင်ပုန်းပေါ်မှာ တွက်ပြနေတဲ့ပုစ္ဆာကို ပါးစပ်နဲ့ လိုက်တွက်ပြီးအဖြေထွက်နှင့်နေပါပြီ။ Midterm သင်္ချာစာမေးပွဲမှာ ၁၀၀ ဖိုးထဲက ၈၀ ရအောင် ကျွန်မအကြိတ်အနယ်ဖြေခဲ့ရပေမယ့် စာမေးပွဲခန်းကအထွက်မှာ ဒီစာမေးပွဲကအလွန်ပျင်းစရာကောင်းတယ် ဒီ့ထက်စိန်ခေါ်မှုတွေပါတဲ့မေးခွန်းမျိုးထုတ်ပါလို့ ပါမောက္ခကို သွားပြောမယ်ဆိုတဲ့ အမှတ်ပြည့်ရခဲ့တဲ့ ဗီယက်နမ်မလေးရဲ့စကားကို တဆင့်ကြားသိခဲ့ရပါတယ်။ Economics ရဲ့ အခြေခံသဘောတရားတွေကို စိတ်ဝင်စားမှုနဲ့အမျှနားလည်ခဲ့ပေမယ့် ကျွန်မနားလည်တွေ့ရှိထားတဲ့ အကြောင်းအရာတစ်ခုကို အဆင့်မြင့်သင်္ချာကိုသုံးပြီးသက်သေပြုရှင်းပြနိုင်ဖို့က ကျွန်မအတွက် အခက်ခဲဆုံးအဆင့်ဖြစ်ခဲ့ပါတယ်။

ကျွန်မစိတ်တွေကို ဆွဲကိုင်လှုပ်ခဲ့တဲ့ အဖြစ်တစ်ခုရှိခဲ့ပါသေးတယ်။ ကျောင်းသားများအပေါ် စေတနာလည်းမထား အလုပ်မှာလည်း ဘာအားစိုက်ထုတ်မှုမှမရှိခဲ့တဲ့ ဆရာမတချို့ရဲ့လုပ်ရပ်ကြောင့် နိုင်ငံခြားကျောင်းလျှောက်လေတိုင်း မလှမပဖြစ်နေခဲ့တဲ့ မြန်မာပြည်မှအမှတ်စာရင်းကိုရရှိထားသူ၊ ပြောရေးဆိုခွင့်ဘာမှမရှိခဲ့သူ ကျွန်မဟာ သင်ကြားသူဆရာနဲ့ဘာသာရပ်အပေါ်အကဲဖြတ်အမှတ်ပေးခြင်း (Instructor and Course Evaluation) စနစ်ကို ပထမဦးဆုံးအကြိမ်ကျင့်သုံးခွင့်ရရှိခဲ့တဲ့ IUJမှာ "သင့်ဆရာက သင်တို့အားမေးခွန်းမေးရန် အခွင့်အရေးပေးပါသလား၊ သူဟာ ဒီဘာသာရပ်ကိုသင်ဖို့ လိုအပ်တဲ့ဗဟုသုတများနဲ့ ပြည့်စုံသူဖြစ်တယ်လို့ သင် သဘောတူပါသလား၊ သူ့အား သင့်အနေနှင့် ဘယ်လိုအကြံများပေးလိုပါသလဲ" စတဲ့ မေးခွန်းများကို ဖြေခဲ့ရစဉ် ရှင်းပြခြင်းငှာမတတ်သာတဲ့ ခံစားချက်များနဲ့ ရင်ဘတ်ထဲမှာ လှိုင်းထနေခဲ့ပါတယ်။

ပထမဆုံးterm ရဲ့ final စာမေးပွဲများအပြီးမှာ ကျွန်မတို့ပထမနှစ်တွေကို ဒုတိယနှစ်ကျောင်းသားများမှ ကြိုဆိုပွဲလုပ်ပေးခဲ့ပါတယ်။ မီးပွင့်မတတ်သုံးခဲ့ရတဲ့ကျွန်မခေါင်းကိုထူဖို့ ဘာအင်အားမှ မကျန်တော့တဲ့အတွက် အခန်းမီးကို ပိတ်ပြီး အိပ်ရာထဲမှာလှဲလှောင်းနေခဲ့ပါတယ်။ နောက်တနေ့မနက်မှာ သူငယ်ချင်းများက နှင်းထဲမှာ ဓာတ်ပုံရိုက်ဖို့ လာခေါ်တဲ့အတွက်လိုက်သွားခဲ့ပြီး အခန်းပြန်အရောက်၊ ကွန်ပြူတာထဲမှ ကိုယ်ပုံကို ကိုယ်မြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့၎လ IUJ ရောက်ခါစက ရိုက်ထားခဲ့တဲ့ပုံထဲကနဲ့မတူ အသက်၁၀နှစ်လောက်ကြီးတဲ့ လူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။

စာကြည့်တာများလာတိုင်း ခဏရပ်ပြီး ကျွန်မအခန်းစာကြည့်စားပွဲကနေ နှင်းတွေကျထားတဲ့ တောင်တန်းကြီးကို တခါတရံ ကျွန်မငေးမောမိတတ်ပါတယ်။ လှမ်းမြင်နေရတဲ့ ကားရပ်နားဝန်းဆီကို နိုင်ငံခြားသားကျောင်းသားများ ကားလာယူပြီး ဟိုဟိုဒီဒီ သွားကြတာကို ရာသီဥတုကောင်းတဲ့နေ့တိုင်းလိုလို ကျွန်မမြင်ခဲ့ရပါတယ်။ သူတို့ စာတွေပြီးသွားကြချိန်မှာ ကျွန်မ ဘာကြောင့် မပြီးသေးတာလဲ၊ ကျွန်မ စာကြည့်ချိန်ရဲ့ တဝက်လောက်ပဲ ရှိမယ့် သူတို့စာကြည့်ချိန်တွေနဲ့ ကျွန်မ လိုက်လို့မမှီအောင် သူတို့ ဘယ်လိုများစာတွေကြည့်လိုက်ကြသလဲ။ ကျွန်မရှေ့မှာ အင်ဒိုနီးရှားက စာအတော်ဆုံး ကျောင်းသား၂ယောက်၊ အိန္ဒိယက တစ်ယောက်၊ ဗီယက်နမ်က တစ်ယောက်၊ ကမ္ဘောဒီးယားက တစ်ယောက်၊ ဘင်္ဂလားဒေ့ရှ်က ၂ယောက်၊ နဲ့ နီပေါက တစ်ယောက်ရှိနေခဲ့ပါတယ် (နိုင်ငံအားလုံးနီးနီး ဆိုပါတော့)။

သူတို့ကိုလိုက်လို့မမှီရခြင်း အဓိကအကြောင်းအရင်းက အတွေ့အကြုံ (Exposure)နဲ့ ကျွမ်းကျင်မှု (Skills) တွေ ကွာခြားခြင်းကြောင့်ဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်မနားလည်လာခဲ့ပါတယ်။ ညံ့ဖျင်းတဲ့ပညာရေးစနစ်အောက်မှာ ကျွန်မတို့ဟာ skills တွေ အလွန်နည်းပါးခဲ့ပါပြီ။ အင်္ဂလိပ်စာ သင်္ချာ ကျွမ်းကျင်မှု၊ မေးခွန်းထုတ်တတ်မှု၊ ဆွေးနွေးငြင်းခုံတတ်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ အိုး …….. အများကြီးမှ အများကြီး ပြတ်ကျန်ခဲ့ပါပြီ။ မြန်မာပြည်ရဲ့ ပညာရေးကို နိုင်ငံတကာကအသိအမှတ်မပြုဘူးဆိုတာကို ကျွန်မ လက်မခံချင်ဘဲလက်ခံရတော့မယ်။ နောက်ခံပညာရေးစနစ်သာ တူခဲ့ရင် ကျွန်မ သူတို့နဲ့ အပြိုင်ရင်ဘောင်မတန်းနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲနော်။ အခုတော့ ယုန်နဲ့လိပ် အပြေးပြိုင်သလို ဖြစ်နေခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကို နိုင်ငံတကာပညာရေးစနစ်နဲ့ ထိတွေ့ခွင့်ရစေခဲ့တဲ့ ကျွန်မကို အသိအမှတ်ပြုခဲ့သူ၊ အကူအညီပေးခဲ့သူ၊ နှင့် လျစ်လျူရှု့ခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဂျပန်မှ ဖွံဖြိုးတိုးတက်မှုဆိုင်ရာမဟာဘွဲ့ကိုရရှိခဲ့အပြီး ဘန်ကောက်ပြန်အရောက်မှာ Abac မှာပဲ ဆရာမအလုပ်လျှောက်လွှာကို တင်ခဲ့ရပါတယ်။ ကိုယ်ကို အသိအမှတ်မပြုခဲ့တဲ့လူတွေဆီကို ကျွန်မ ပြန်မသွားချင်ခဲ့တာ အမှန်ပါ။ မျက်နှာအမူအရာနှင့်တမျိုး စကားများနှင့်တဖုံ မြန်မာလူမျိုးဖြစ်သည့်အတွက် အထင်သေးကြောင်း ပြသပြောဆိုတတ်တဲ့ လူများက ဒီလို International ပတ်ဝန်းကျင်တက္ကသိုလ်ကျောင်းကြီးတစ်ခုမှာလည်း ဒုနဲ့ဒေးပါပဲ။

သို့ပေမယ့် ဆရာတော်ဦးဇောတိက ရေးတဲ့ "ဘဝဆိုတဲ့ကျောင်း" စာအုပ်သေးသေးလေးထဲက မမေ့နိုင်စရာ လိုက်နာစရာ ဘဝအတွက်ခံယူချက်ကလေးတစ်ခုကို သတိရနေမိခဲ့တယ်။ "ဘဝဆိုတဲ့ကျောင်းမှာ သင်ခန်းစာတစ်ခုကို မကျေညက်ခဲ့ရင် နောက်ထပ် အဲ့ဒီသင်ခန်းစာကိုပဲထပ်ခါတလဲလဲပြန်တွေ့ရလိမ့်မယ်၊ အဲ့ဒီနေရာကို အောင်မြင်စွာ ဖြတ်ကျော်ပြီးခဲ့ပြီဆိုရင်တော့ စာမေးပွဲထပ်ဖြေစရာမလိုတော့ဘူး" တဲ့လေ။ ကျွန်မတို့မညံ့ကြောင်း သူတို့ကိုသက်သေပြရအုံးမယ် (ကြီးကျယ်ပြန်ပြီ)။ Exposure နဲ့ Skills အသင့်အတင့်ရှိခဲ့ပြီဖြစ်ပေမယ့် တင်းပြည့်ကျပ်ပြည့် တိန်တိန်မြည်အရည်အချင်းတွေနဲ့ မဟုတ်သေးတဲ့ကျွန်မအတွက် ဒီတက္ကသိုလ်ကြီးမှာ ဆရာမအဖြစ်ရပ်တည်နိုင်ဖို့က ကျွန်မဘဝမှာ ဘယ်သူကမှမတိုက်ခိုင်းခဲ့တဲ့ နောက်ထပ်တိုက်ပွဲတစ်ခုပေါ့။

ပထမဦးဆုံးစာသင်နှစ်ဟာ ကျွန်မဘဝရဲ့ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုလို့ဆိုရင် မမှားပါဘူး။ ကျောင်းသားတွေရှေ့ရပ်ပြီး ၁နာရီခွဲစာ Lecture ကို အမှားမယွင်းမရှိ အင်္ဂလိပ်လိုပြောတတ်ဖို့က ကျွန်မအတွက် ပထမဦးဆုံးသော အတားအဆီးကြီးဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတိုင်းပြည်များမှလာသော ကျောင်းသားများရှေ့မှာ ကျွန်မလျှာကလည်း ခဏခဏ ခလုတ်တိုက်ခဲ့ပါတယ်။ သူတို့ဖာသာ တိုးတိုးစကားပြောပြီးရယ်တာတွေ့ရင် ကျွန်မကို ရယ်တာများလားလို့ တွေးပြီး အိပ်မပျော်ဖြစ်ပြန်ပါလေရော။

စာသင်ချိန်များကို လေ့ကျင့်ရေးကွင်းများအဖြစ်မှတ်ယူပြီး (သင့်မသင့် ကျွန်မ မသိပါ) နောက်အတန်းမှာ ငါ ဒီထက်ကောင်းအောင် ပြောနိုင်လာမယ်၊ နောက် စာသင်နှစ်ဝက်မှာ၊ နောက်နှစ်မှာ ငါ ဒီထက် အများကြီးတိုးတက်လာမယ်လို့ ကိုယ့်ကိုယ်ကို အားတင်းရင်းဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်မက လူရှေ့ထွက်စကားပြောခြင်း အရည်အချင်း (Public Speaking Skill) ကို သွေးနေစဉ်မှာ ကျွန်မနဲ့အတူ အလုပ်ဝင်တဲ့ ကျွန်မထက် အသက်၁၀နှစ် ငယ်တဲ့ထိုင်းဆရာမလေးက မျက်နှာလေးချီပြီး ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ skill ကို စတင်လေ့ကျင့်နိုင်ခဲ့ပါပြီ။

ကျွန်မ ကျောင်းသားတွေရှေ့မှာ စကားပြော အိုကေ လာတဲ့အချိန် ကျောင်းသားတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ကိစ္စနဲ့ လုံးချာလည်လိုက်နေစဉ်မှာ သူက ပါရဂူသင်တန်းတက်ရန် လိုအပ်တဲ့စာမေးပွဲများကို ဖြေဆိုပြီးဖြစ်နှင့်ပါပြီ။ ပုံပျက်စပြုလာတဲ့ကျွန်မကိုယ်ခန္ဓာကို ပြုပြင်ထိန်းသိမ်းရန် အလွန်ကျော့ရှင်းလှတဲ့ သူက လမ်းညွှန်ပြသခဲ့ပါတယ်။ အတန်းထဲက top နေရာတွေကို ယူထားနိုင်ခဲ့တဲ့အပြင် အားကစား၊ဂီတ စတဲ့ Extra Curriculum Activities တွေကိုပါလုပ်ပြနိုင်ခဲ့တဲ့ IUJ က အတန်းဖော်တွေကို အားကျခဲ့ရတဲ့ကျွန်မ အလုပ်လုပ်ရင်း ဘဝအခြေအနေကိုပါ ဟန်ချက်ညီအောင် ထိန်းထားနိုင်တဲ့ ထိုင်းဆရာမ ငယ်ငယ်လေးကို ပါးစပ်အဟောင်းသားနဲ့ အလေးပြုခဲ့ရပါတယ်။

ထိုင်းလူမျိုးတွေဟာ မြန်မာလူမျိုးတွေလောက် ဥာဏ်ရည်ဥာဏ်သွေး (Intelligence) မမြင့်မားဘူးလို့ မြန်မာအများစုက ပြောကြပါတယ်။ ကျွန်မ အနည်းငယ်မျှသာ လက်ခံလိုပါတယ်။ ကျွန်မ လေ့လာဖတ်ရှု့မှုအရ Intelligence ဆိုတာ မွေးရာပါက ၅၀ ရာခိုင်နှုန်းပဲပါလာတာလို့ သိပံ္ပပညာရှင်အများစုက ဆိုပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို လူတစ်ဦးမွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်က ပြုပြင်လိုက်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ကျွန်မနဲ့ မွေးရာပါ Intelligence အဆင့် တူညီတယ်လို့ဆိုနိုင်တဲ့ နိုင်ငံခြားသား (အာရှနိုင်ငံသားပဲဆိုကြပါစို့) တစ်ယောက်နဲ့ စာပြိုင်ရင် ကျွန်မရှုံးပါတယ်၊ ရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်မထက် Exposure နဲ့ Skills တွေ အများကြီးသာနေလို့ပါ။

ကျွန်မလက်ရှိသင်ကြားနေတဲ့ ရိုးရိုးအီကိုတန်းရဲ့ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများက ကျွန်မရခဲ့တဲ့ မြန်မာပြည်က မဟာဘွဲ့ရဲ့သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုစနစ်နှင့် အထောက်အကူပြုပစ္စည်းများထက် သာတယ်လို့(ကျွန်မ မျက်စိကို မှိတ်ပြီး) ပြောပါရစေ။ ဒီလို ကျွန်မတို့နိုင်ငံက "တော်" ဆိုတဲ့ လူတစ်ယောက်ဟာ အခြားအာရှနိုင်ငံများမှ "သင့်" ဆိုသော လူတစ်ယောက်နဲ့ သူတင်ကိုယ်တင်ဖြစ်ဖို့ လျှာတစ်တောင်လောက်ထွက်အောင် ပြေးလိုက်နေရပြီး ကျွန်မတို့ နိုင်ငံက "သင့်" ဆိုသောလူတွေဟာ သူများနိုင်ငံတွေမှာ "ညံ့" ဆိုသောလူတွေလုပ်တဲ့ အလုပ်တွေကို အောက်ကျခံပြီး သွားလုပ်နေရတာတွေကို သုံးသပ်မိမယ်ဆိုရင် ကျွန်မတို့မြန်မာပြည်ရဲ့ရှေ့အနာဂတ်ကို တွေးကြည့်နိုင်ကြပါပြီ။

တိုင်းပြည်များ ဖွံဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြသလဲဆိုတဲ့ International Development ဘာသာရပ်နဲ့ မဟာဘွဲ့ရထားတဲ့ကျွန်မ၊ တိုင်းပြည်များ၏ရေရှည်စီးပွားရေးတိုးတက်မှု (Long-Run Economic Growth) တနည်းအားဖြင့် ရေရှည်လူမှုဘဝကောင်းမွန်မှု ဆိုတဲ့ ခေါင်းစဉ်ကို ကျောင်းသားတွေကိုရှင်းပြတိုင်း ပညာရေးဟာ Long-Run Economic Growth အတွက် အရေးအပါဆုံး နံပါတ်တစ်လို့ သူတို့ခေါင်းထဲကို စွဲနေအောင် ဥပမာလေးတွေပေးပြီး ရှင်းပြနိုင်ခဲ့တဲ့ ကျွန်မ၊ မြန်မာပြည်ရဲ့ ပညာရေးကြီး နလန်မထူနိုင်လောက်အောင် နိမ့်ကျပြီး စာသင်ခွင့်မရတဲ့ကလေးတွေအကြောင်းကြားရတိုင်း ရင်ထဲမှာဆို့နင့်နေမိတာ အကြိမ်ကြိမ်ပါ။ မြန်မာလူကြီးတစ်ယောက်က ပြောဖူးတယ်

"ညည်းတို့တတွေ ဒီတိုင်းပြည်မှာလူဖြစ်လာတာ ညည်းတို့ကိုက ကံမကောင်းလို့ပေါ့အေ၊ ညည်းတို့ ကုသိုလ်တွေ အရမ်းကောင်းကြရင် ဒီ့ထက်ကောင်းတဲ့တိုင်းပြည်တွေမှာ လူဖြစ်ကြမှာပေါ့" တဲ့။ ဟုတ်ပါတယ်၊ ကျွန်မတို့ အတိတ်ကံတွေ မကောင်းခဲ့ကြလို့ ဒီတိုင်းပြည်မှာလူလာဖြစ်ကြတယ်၊ အခက်အခဲတွေ ဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံခံရမှုတွေအောက်ကနေ ပင်ပင်ပန်းပန်းထိုးထွက်ကြရတယ်။

ဒါပေမယ့် ကျွန်မတို့မျိုးဆက် ကလေးငယ်လေးတွေကို "ကဲ ကံမကောင်းလို့ ဒီနိုင်ငံမှာ လူဖြစ်ကြတယ်၊ သည်းခံပြီးနေကြလေရော့" လို့ ကျွန်မတို့ ပြောသင့်ပါသလား၊ ပြောရက်ပါသလား။

ကျွန်မ မပြောရက်ပါ။ ထိပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို စောင့်မျှော်ရင်းမှပင် ကိုယ်ရောက်နေတဲ့နေရာလေးကနေ ကိုယ်တတ်နိုင်သလောက်အင်အားလေးတွေနဲ့ ဒီပညာရေးစနစ်ကြီးကို ပြောင်းလဲပစ်ကြပါစို့လား။ နှမ်းစေ့ကလေးတွေအားလုံးပေါင်းမိသွားတဲ့တချိန်မှာ ကျွန်မတို့နိုင်ငံကြီးကို အများနည်းတူ အရှိန်ပြည့်မောင်းနှင်နိုင်ဖို့ အဓိကစွမ်းအင်ဖြစ်တဲ့ ကြည်စင်ရှင်းသန့်လှတဲ့ဆီကောင်းကောင်းလေးတွေ အမြောက်အမြားထွက်ရှိလာနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျှက် …………………..

Kyi Cin Thant
Read More

သိမ်းထား Share ထား ချင်သူများအတွက်


ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ

1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း
http://www.mssk.info/2013/03/facebook.html

2 - မြန်မာပြည် ဖုန်းနံပတ်နဲ့ Facebook Account အသစ်ဖွင့်နည်း။
http://www.mssk.info/2014/01/facebook-account.html

3 - Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း
http://www.mssk.info/2014/04/lock-facebook-lock.html

4 - Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
http://www.mssk.info/2013/12/facebook-lock-block.html

5 - Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း
http://www.mssk.info/2013/06/facebook-liked.html

6- Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း
http://www.mssk.info/2013/08/facebook_6.html

7 - Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်နည်း
http://www.mssk.info/2012/12/facebook_9.html

8 - Facebook မှ ကိုယ်ပိုင် Like Page(Fan Page) ပြုလုပ်နည်း အသေးစိတ်
http://www.mssk.info/2013/12/facebook-like-page.html

9- Phone ကနေ Facebook သုံးပီး Photo Comment အမြန်ပေးဖို့ ဆော့ဝဲ
http://www.mssk.info/2013/10/phone-facebook-photo-comment.html

10- Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK
http://www.mssk.info/2013/10/facebook-unfriend-apk.html

11- Facebook တွင် Block လုပ်ထားသူကို သူငယ်ချင်းအဖြစ် ပြန်ပြီး Add နည်း
http://www.mssk.info/2012/10/facebook_15.html

12 - Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုလုပ်နည်း
http://www.mssk.info/2013/08/facebook-lock_30.html

13-Facebook အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း
http://www.mssk.info/2012/04/facebook.html

14-Phone နဲ့  Photo Comments ပေးချင်သူအတွက် ဟာသပုံစုစုပေါင်း ၃၅၉ ပုံ
http://www.mssk.info/2014/04/phone-photo-comments.html

15- Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း
http://www.mssk.info/2012/11/facebook-fun-page.html

မောင်(စွယ်စုံကျမ်း)
Read More

အရုပ်မနဲ့ တစ်ညတာ

 ပေတမှာရေးပေးဖို့ ထက် ကိုယ့်ကိုကိုယ်ကာကွယ်နေရချိန်မှာ ရွာတော်ရှင်အာဏာစက်ကြောင့် မဖြစ်မနေ လာရောက်ရေးပေးသွားရတဲ့ အက်ဒမင်တစ်ယောက်ရဲ့  ဖြစ်ရပ်မှန်လေးပါ။ ၁ထပ်ခွဲပါတဲ့ ဆိုင်ခန်းရဲ့  အပေါ်ထပ်မှာ တီတီတို့ ၃ယောက်ထမင်းစားနေကြချိန်က ည၁၀နာရီဝန်းကျင်ပဲရှိဥိးမှာပါ။ ဆိုင်ရှေ့ ဘက်ထောင့်တစ်နေရာကနေ အထုပ်ကြီးကြီးတစ်ထုပ်ပြုတ်ကျတဲ့အသံမျိုး ဘုန်းကနဲအသံတစ်ခုကြားရတော့ ချိတ်လုံချည်တွေ ဘီရိုထဲမှာစက္ကူဗူးတွေနဲ့ ထောင်ပြီးထည့်ထားရာက ပြုတ်ကျသွားတယ်ပဲထင်မိကြပါတယ်။အပြေးအလွှားအောက်ကို ဆင်းပြေးကြည့်တော့ ဘယ်ပစ္စည်းမှခြေရာလက်ရာပျက်မနေပါ။သေချာအောင်တခါပြန်စစ်ပြီးမှ လှေကားတက်လိုက်ရင် တည့်တည့်နေရာမှာရှိတဲ့ အပေါ်ထပ်က အခန်းငယ်ထဲမှာ အိပ်ဖို့ ပြင်ပါတယ်။ ဒီနေ့ တော့ ဆိုင်ကဝန်ထမ်းကလေးမလေးတွေ ဘယ်သူမှအောက်ထပ်မှာရှိမနေတာမို့ အိပ်ယာမဝင်ခင်သော့တွေ တံခါးတွေသေချာစစ်ရတယ်။ အာလုံးပြီးမှ လှေကားကတက်လိုက်ရင် ဘယ်ဘက်ခြမ်းမှာရှိနေတဲ့ ဧည့်ခန်းပေါက်စလေးထဲ သမီးလေးနဲ့  သူ့ သူငယ်ချင်းအိပ်ဖို့ ပြင်နေတာကို ကြည့်နေရင်း စိတ်ပူတဲ့အတွေးတစ်ခုပေါက်လာတာနဲ့  သမီးလေးတို့ ဒီညတော့မေမေနဲ့ လာအိပ်လိုက်တော့လို့ ခေါ်အိပ်လိုက်ပါတယ်။ အောက်ထပ်မှာ လူမရှိတာမို့ ခြေရင်းတံခါးပေါက်ကြီးကို ဟင်းလင်းဖွင့်ပြီး အိပ်ဖို့ ပြင်ကြတာပါ။ ထုံးစံအတိုင်းမအိပ်ခင် laptop ကိုယ်စီနဲ့ facebook သုံးရင်း တဝှါးဝှါးသမ်းဝေလာတဲ့အခါ တော်ဘီအားလုံးအိပ်ကြတော့လို့ ပြောရင်းတပါတည်းကိုယ်ပါအိပ်ဖို့ ပြင်ရပါတယ်။ ကလေး၂ယောက်စောင်ကိုကွေးနေအောင်ခြုံပြီး အိပ်နေကြတော့ ကိုယ်လည်းပေတမှာ notifications တွေစစ်ရင်း ... လိုင်းပေါ်မှာရွာတော်ရှင် ရှိမရှိကိုတချက်ချောင်းရပါသေးတယ်..။ မကြာခင်ရောက်ရှိလာတော့မယ့် ပေတရဲ့ နှစ်ပတ်လည်လေးမှာ ထူးထူးခြားခြားနဲ့ အမှတ်တရလေးဖြစ်အောင် ကြိုးစားထားရမှာလေးတွေ ရှိနေတယ်မဟုတ်လား။ ကွန်ပျူတာကို အာရုံစူးစိုက်နေမိခိုက်မှာ သစ်သားထုပြည့်ကြိးတွေနဲ့ ကောင်းစွာအလှဆင်ထားတဲ့ လှေကားကြီးပေါ်ပြေးတက်လာတဲ့ခြေသံတဖတ်ဖတ်ကြောင့် မီးတွေပြန်ဖွင့်တယ် ရေးလက်စ ပေတပေ့ဂ်ျမှာလည်း ဒီအကြောင်းကို စာတိုလေးတစ်ပုဒ် ချက်ခြင်းရိုက်ပြီး တင်လိုက်သေးတာ။ မကြောက်တတ်တာရယ်တော့ မဟုတ်ပေမယ့် သရဲဆိုတာကိုယ်နဲ့ တအားတော့စိမ်းမနေသလိုပါပဲ၊အခြေအနေကို cctv ကနေတချက်ကြည့်နေတုံး ခြေရင်းလှေကားအတက် အလှပန်းအိုးနံဘေးမှာ မိန်းမခပ်ရွယ်ရွယ်တစ်ယောက်ရပ်လို့ နေတာ ဖြတ်ကနဲမြင်လိုက်ရတဲ့ခဏ မဟုတ်သေးဘူးဟ ငါလည်းဒီနေ့ ဘာဖြစ်တယ်မသိပါဘူးလို့  တတွတ်တွတ်ရွတ်နေရင်း ကလေးတွေမြင်ရင်လန့် ပြုသွားမှာစိုးတာကြောင့် အခန်းတံခါးမှန်ချပ်ကြီးကို ဆွဲပိတ်ပြီးမှ အိပ်မပျော်ပဲ ကင်းစောင့်လိုက်ရတဲ့ ညတစ်ညပေါ့နော် ..။ဟဲဟဲ ဒါလေးများလို့ တော့ သက်ပြင်းချမယ် မကြံကြနဲ့ ဦးနော် ...ဇာတ်ကခုမှစတာပါ ။ ညမှာလုံးဝမအိပ်ပဲကင်းစောင့်ပြီးမူးတူးတူးဖြစ်နေတာမို့ မနက်ရောက်တော့ မနေ့ ညကဟာလို့ စမယ်ကြံကာရှိသေး သမီးလေးက မိန်းမတစ်ယောက်ရပ်ကြည့်နေတာအမေရယ် ကြောက်လိုက်တာတဲ့ သြော် သမီးလည်းတွေ့ တယ်လား ဆိုင်ဖွင့်တာတော့၁နှစ်ပြည့်တော့မယ် တခါမှဒါမျိုးမကြုံဖူးဘူးလို့ နှစ်သိမ့်ရတယ်။တကယ်လည်း ဒီနေရာမှာဒီလို မသိုးမသန့် ဖြစ်ရတာဒီတစ်ခါ ပထမဆုံးပဲလေ။ ဒိလိုနဲ့  ဒုတိယညပေါ့ သေချာစည်းချ အမျှဝေပြီးအိပ်လိုက်တယ် ဘာသံမှမကြားတော့ သေချာပါတယ် လမ်းသွားလမ်းလာဝင်နှောင့်တာတွေမျိုးဖြစ်မှာပါလို့ ယုံကြည်လိုက်မိတယ်။ ကဲ တတိယည ဘော်ဒါတို့ ရေ .... ည၇နာရီလောက် အရောင်းဝန်ထမ်း ကလေးမလေးတွေက ပြန်တော့မယ်ဆိုပြီးလာသတင်းပို့ တာနဲ့  ကိုယ်တိုင်အောက်ကို လိုက်ဆင်းပြီးမှ မှန်တံခါး lock ကိုသေချာချပြီးပြန်အလှည့် ဘာရယ်တော့မဟုတ်ပါဘူး မှန်ချပ်ကြီးတွေနားမှာထားတဲ့ အရုပ်မလေးဖျတ်ကနဲ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တယ်လို့ ထင်လိုက်မိတယ်..... ။ ခေါင်းကဆံပင်တွေ ဖြုန်းကနဲထောင်ထလာသလိုပဲ ထင်မိပါတယ် ။ ဒီအချိန်မှာ ချိန်ကိုက်လေး အပေါ်ထပ်ဘားကဆင်းလာတဲ့ ကလေးတစ်အုပ်ကျွက်ကျွက်ညံအောင် အော်ဟစ်ရယ်မောပြောဆိုပြီး ဆိုင်ရှေ့ ကနေဖြတ်တယ် သြော် ငါ့နှယ်အလကား ရှာကြံစိတ်ထင်တတ်တာပဲလို့  ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း အရုပ်မစီအကြည့်တချက်အရောက် အောင်မလေး အမေရေလို့ အော်လည်းအော် သူ့ နားလည်းဖျတ်ကနဲ ရောက်သွားမိတယ်လေ ။ ဘာလုပ်ပြတယ်ထင်သလဲ ဆံပင်ရှည်ဖားလျားနဲ့ ချစ်စဖွယ်ရုပ်လေးပျောက်နေပြီးမှ မျက်လုံးသူငယ်အိမ်ကိုအပေါ်ကပ်ပြသဗျိုး ..။ဘာလုပ်ရမှန်း မသိတာကိုထွက်မပြေးပဲ တခုခုပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြေးသွားမိတာ .. အနားရောက်တော့ အရုပ်ကို သူ့ ကိုတွန်းလှဲဖို့ ကြံလိုက်မိပြီးမှ ခုနဖြတ်သွားတဲ့အုပ်စုထဲက ကလေးတွေကားတစ်စီးက ထွက်ဖို့ စက်နှိုးပြီးမီးကြီးတည့်တည့် ကိုယ့်ဖက်ကိုထိုးထားတာကြောင့် ငါ့ကလေးဆိုင်မှာ ငါ့ကိုလည်းသိနေကြတာလေ အရှက်ကွဲပါတယ်ဆိုပြီး အမြန်ဘရိတ်အုပ်ရတယ် ။ သူ့ ကိုကျောပေးပြီး ပြန်ထွက်လာတဲ့အခါ ဝူးးးးးးးးးးကနဲသိသိသာသာ လေနဲ့ လှမ်းမှုတ်လိုက်သလို ခံစားလိုက်ရတာကြောင့် နောက်ကျတဲ့ခြေထောက်သစ္စာဖေါက် ဆိုပြီးဆိုင်ပေါ်တက်ပြေးရပြန်ပါတယ်။ မှတ်လောက်သားလောက်ထိထားတာမို့  အရင်ညတွေလောက် အရဲမကိုးတော့ပဲ cctv ကိုတကြည့်ကြည့်နေနေတာကို သမီးကြီးကမေးတာမို့ "သမီးလို့ ... မေမေ့ကိုဆိုင်ထဲကအရုပ်မ...." လို့ ပဲပြောရသေးတယ် ဟိုဘက်ကအရုပ်မ မဟုတ်လားအမေ မပြောပါနဲ့  သမီးကြောက်လို့ မပြောတာ ညနေက ခံရပြီးပြီတဲ့ ငိုသံပါကြီးနဲ့ ပြောပါလေရော ... သူ့ သူငယ်ချင်းမလေးကလည်း ဆိုင်မှာဘာတွေဖြစ်နေတာလဲ တီတီ သမီးကြောက်တယ်တဲ့ ကြောက်ရွံ့ တကြီးပြောလာပါတယ် ..။ သြော် ခဏနေဦး တီတီတို့  စိတ်ခြောက်ချားနေတာမျိုးပဲဖြစ်မှာပါ ဆိုပြီးအားလုံးဘုရားသောက်တော်ရေကပ် ဆီမီးပူဇော် မိမိကိုယ်ကိုဘုရားလှု စသည်ဖြင့်သေချာစွာ လုပ်ကြပါတယ်။ အားလုံးပြီးလို့ အိပ်တော့မယ်ဆိုတော့ မီးအားလုံးကိုပိတ်လိုက်ပြီးမှ မွေ့ ယာပေါ်အသာလှဲလို့  cctv ဘက်လှမ်းလို့ ကြည့်တောမှ ငါးပါးမှောက်တော့တာပါ စိန်ပုံးနဲ့ မှန်နံရံထောင့်ကိုရိုက်ပြထားတဲ့ camera 3 မှာ မိန်းမတစ်ယောက် လှေကားဘက်ကို လက်ကိုဆန့် တန်းလို့ မတ်မတ်အနေအထားနဲ့ ရပ်နေတာ ဆံပင်ဖရိုဖရဲကြီးက ပုခုံး၂ဖက်ပေါ်ကနေ ရင်ညွန့် ပေါ်ထိကျနေတာလည်း အထင်းသား ။ တစ်ယောက်ထည်းမဟုတ်ဘူး ၃ယောက်လုံးမြင်နေရတာနော် အိမ်မက်မက်နေတာမဟုတ်ဘူး အိပ်ကိုမအိပ်ရသေးတာ ။ ဘာစကားကိုမှ အသံထွက်ပြီးမပြောနိုင် ph msg နဲ့ ပဲ တီတီကစပြီး သမီးလေး ph ကိုပို့ တယ်" မြင်လား"တစ်လုံးတည်း..။ သမီးကအေးစက်နေတဲ့လက်ကလေးနဲ့ အမေကိုကိုင်ထားရင်းတုန်နေတယ် ..။ ကိုယ့်စိတ်ထဲမှာတော့ သူတက်လာရင်ကလေးတွေလွတ်အောင် ဘယ်လိုကာကွယ်ရမလဲတစ်ခုပဲတွေးထားတော့တယ် ..လှေကားအတက်ကိုရိုက်ပြထားတာ camera 4 .. ဒီ 4 ကိုပဲသေချာကြည့်လိုက် 3 ဘက်ကိုသေချာအောင်ကြည့်လိုက်နဲ့  ညတွေတဖြေးဖြေးရွေ့ နေတာ ... နာရီကိုကြည့်တော့ ၂နာရီထိုးနေပြီ စိတ်ထဲမှာတော့ အရုပ်မကိုလက်ကြီးဆန့်တဲ့ပုံ ကောင်မလေးတွေလုပ်ထားတာဖြစ်မှာ ပြီးတော့ဘာလို့ များလှေကားဖက်ကို လက်ညှိုးညွှန်ခိုင်းထားတယ်မသိဘူးလို့  အားပေးစကားလေး ကိုယ့်ဟာကိုယ်ပြောနေရတာပေါ့လေ ... မနက်ကျရင် cctv မှာပြန်ရစ်ကြည့်မယ် ငါတို့ အရုပ်မကို မျက်စိမှားတာပါပေါ့။ တချက်တလေ သူရပ်နေတာလှုပ်လှုပ်လာတယ် ငါအရမ်းစိတ်ဆင်းရဲတာပဲ ပြေးပေါက်ကလည်း လှေကားကပဲ ဆင်းရမှာလေ .. သူတချက်လောက်လှုပ်သွားရင် camera 4 ကို မျက်တောင်မခတ်ကြည့်နေရတာ ၃ယောက်လုံး ..။ တက်လာမှာတော့ တကယ်ကိုကြောက်မိပါတယ်.. ဒီလိုနဲ့ ကားသံတဝီဝီတွေကြား လင်းအားကြီးနားကိုရောက်လာတော့ မေ့ကနဲအိပ်ပျော်လို့ သွားမိတာ ။ မနက်၈နာရီမှာ ဝရုန်းသုန်းကားနိုးကြတော့ အပြင်မှာမိုးထိန်ထိန်လင်းပြီ.. အခန်းထဲက အရင်ဆုံးပြေးထွက်ပြီးကြည့်မိတာ ဟာ အရုပ်မက ဟိုးရှေ့ ဘက်မှန်နားကပ်ထားတာ TV မှာပေါ်ဖို့ မရှိဘူးပဲဆိုပြီး TVကို ကလစ်ခေါက်ပြီး playback ပြန်ကြည့်လိုက်တော့ ဘုရားရေ ညကဟာမကြီးပုံ လုံးဝရှိမနေတော့ရုံမက မိန်းမပုံမပြောနဲ့  လူပုံနဲ့ ဆင်နေတာတောင် TV ထဲမှာပြန်ရှာလို့ မရတော့ပါကြောင်း ဆိုင်ကအရုပ်မတိုင်းရဲ့  လည်ပင်းကို သိမ်ဝင်ပုတီးနဲ့  လူမြင်ကောင်းကောင်းမကောင်းကောင်း ချိတ်ဆွဲပြီးမှ ပေတက မန်ဘာအပေါင်းတို့ အတွက်ဝမ်းသာအားရ ကြောက်ကြောက်လန့် လန့် ဖေါ်ပြပေးလိုက်ရပါသည်ရှင်...
Creadit by  http://myanmarghoststory.blogspot.com
Read More

စက်ဘီးဆွဲတဲ့ သရဲ

သရဲအကြောင်းရေးကြလွန်းလို့ သရဲအကြောင်းမရေးရင်ခေတ်မမှီမှာစိုးလို့ ဒီအကြောင်းလေးကိုရေးလိုက်တာပါ..ရွာသူ/ရွာသားတို့၏မည်သည်ရေးသားချက်ကိုမျှမှီငြမ်းခြင်းမပြုပါကြောင်းထပ်လောင်းတင်ပြအပ်ပါသည်။ လှမြင့်..သေခြင်း။။။။။ မနက်ပိုင်းဝင်လာတဲ့ သတင်း….အဆန်လော်ကယ် ရထားကြိတ်သွားပြီ အကြိတ်ခံရတဲလူသေတယ် အခုကြိတ်တဲ့ရထားနဲပဲ အလောင်းကိုပြန်တင်လာတယ်။။ အလုပ်တော့ရှုပ်ပြီ ။။။။။။။ ကိုယ်ဂျူတီတော့မဟုတ် ဒါပေမယ့်မနေနိုင် ကျွန်တော်နေတဲ့နေရာနဲခြောက်မိုင်လောက်ဝေးတဲ ရှေ့ကဘူတာမှာဖြစ်သွားတာပါ ဘူတာမှာရထားစထွက်ထွက်ခြင်း တွဲကြားမှာစီးတဲ့လူက ရထားအထွက်တွဲဆက် စပရိန်တွေဆောင့်ဆွဲရုန်းကန်တဲ့အခါ အရက်မူးနေတော့ ပြုတ်ကျပြီး တက်ကြိတ်တာပါပဲလူတွေဝိုင်းအော်ကြလို့ ရထားရပ်ပြီး ဆွဲထုတ်တော့အသက်မရှိတော့ပါ။ ကျွန်တော်တို့ဆီကိုရောက်ဘို့ ရထားဟာ မိနစ်နှစ်ဆယ်ခန့်မောင်းရမှာပါ ကျွန်တော်အောက်က စီနီယာများကို။။ ဟေ့ကောင်တွေစာရွက်စာတမ်းတွေအသင်လုပ်ထား အလောင်းသယ်လာတဲရထားလာတာနဲ့ တစ်ခါတည်းတက်လိုက်သွား ဒီက ဘူတာရုံပိုင်ကြီးကိုလည်းတစ်ခါတည်းဆေးရုံပို့လိုက်ပြီပြောလိုက် တစ်ယောက်ကစက်ခေါင်းမောင်းနဲ ဂါတ်ဗိုလ်ကိုသွားပြော ငါတို့ထွက်ခိုင်းမှရထားထွက်လို့ သေတဲလူ ဘယ်သူဆိုတာသိအောင်အရင်စုံစမ်းသူ့ပစ္စည်းတွေကိုစစ်။။ကြားလား ရထားထွက်ရင် ငါနဲ့လူသုံးယောက် ရှေ့ဘူတာ ရထားကြိတ်တဲနေရာကိုသွားမယ် အသင့်ပြင်ထားကြ။ ရထားဝင်လာပါပြီ ဘယ်တွဲမှာလဲအလောင်းက ကြုံရာလူကိုမေးလိုက်တော့ ….ဟိုအလယ်တွဲမှာ…..အလောင်းကိုကြည်လိုက်တော့။။။။။။။။။ ဘယ်လက်မောင်းဂွကိုကြိတ်မိတော့ပြတ်လုပြတ်ခင်အနေအထား ခြေထောက်နှစ်ချောင်းလုံးကကြေမွနေပြီ သေရတဲ့အကြောင်းကတော့လယ်လက်မောင်းရင်းကို တက်ကြိတ်တဲအတွက် ရင်ဘတ်ပိုင်းအတွင်းကလိစာတစ်ချိုပျက်စီးမှုကြောင့် ချက်ခြင်းသေရတာပါ။။အိတ်တွေရှာစမ်း ။။မှတ်ပုံတင်တွေ့တယ်အကို့ နာမည်က လှမြင့် တဲ့ သာရဝေါအနောက်ဘက်ကမ်းက ငှက်ပျောတောလိပ်စာနဲ့““အေးဒါဆို ပို့လိုက်တော့။။ရထားထွက်ခိုင်းလိုက်။။““ အသားစတွေ။။။။။ ရထားကြိတ်တဲနေရာသွားမယ်။။။။စက်ဘီးကိုယ်စီနဲ့ ရထားလမ်းကြီးအတိုင်း ရှိနေတဲ့ခြေသွားလမ်းအတိုင်း ရှေ့ဘူတာကိုထွက်လာခဲ့ကြပါတယ်ေ၇ှဘူတာကိုရောက်တော့လူအုပ်က မကွဲသေးပါတစ်ယောက်တစ်ပေါက်ပြောဆိုဝေဖန်နေကြတုန်းပါ ကြိတ်မိတဲနေရာက သွေးကွက်တွေကတော့အေးခဲနေပါပြီ ရထားလမ်းဘေးအိမ်က ရေတွေသယ်ပြီး သွေးတွေပျောက်အောင်ရေလောင်းခိုင်း လိုက်ရပါတယ်။။ ရထားသံလမ်း တစ်လျှောက်ကြည့်လိုက်တော့ လူသားအစတွေ ကပ်နေတာတွေလို့ ။။။ ဟေ့ကောင်တွေရေ မြင်လို့မကောင်းဘူဟ တစ်ခုခုရှာပြီးခြစ်ထုတ်ပစ် အဲဒီအသားစတွေခပ်ဝေးဝေးလွှင်ပစ်လိုက် ကျန်တဲလူတွေရပ်ကြည်နေမယ်အတူတူ ခင်ဗျာတို့ရွာထိပ်မှာဖြစ်တာ မြင်မကောင်းဘူးဝိုင်းကူကြဗျာ။။။ ၀က်ရဲအသားဖတ်တွေလိုဖြစ်နေတဲ့ အစတွေကို လူအများခြစ်ထုတ်လွင်ပစ် သဲတွေဖြူးနဲ့နေ့လည်ပိုင်လောက် အားလုံးနေသားတကျဖြစ်တယ်ဆိုရင်ပဲ ကဲပြန်မယ်ကွာ ဟိုရောက်မှလုပ်စရာရှိတာဆက်လုပ်တာပေါ့။။။ စက်ဘီးတွေဆွဲလှဲတယ်။။။။။ နောက်တနေ့ မနက်ပိုင်းဝင်လာတဲ့သတင်း….ရထားကြိတ်တဲနေရာမှာစက်ဘီးစီးလာတဲလူတွေကို အဲဒီနေ့ညနေပိုင်း တစ်ယောက်ယောက်ကဆွဲလှဲသလို အဲဒီနေရာမှာလဲကုန်ကြတယ်တဲ့ ဒူးကွဲတဲသူကွဲ နဖူးကွဲတဲသူကွဲနဲတဲ့ ညဘက်ရထားလမ်းဘေးက အရက်ဆိုင်မှာအရက်လာသောက်တဲ့လူတွေ ရပ်ထားတဲ့ စက်ဘီးတွေကိုလည်းနောက်ပြန်ဆွဲပြေးလို့ ညက အဲဒီနေရာဘယ်သူမှမဖြတ်ရဲ မသွားရဲ ရထားလမ်းဘေးကအိမ်တွေလဲစောစောအိပ် ဆိုင်တွေလည်းလဲစောစောပိတ် တစ်ရွာလုံးတိတ်နေရတယ်တဲ့။။။။ ။။။။ဟေ။။။ဟုတ်ရဲလားဟ ။။။အာ….ဟုတ်တာပေါ့ ကျွန်တော်အရက်ကြိုက်တဲ့သူတောင် ပုလင်းဆွဲပြီးအိမ်မှာပဲသောက်လိုက်ရတယ်ဒါတောင် စောစောအပြေးမြန်လို့ ။။။။အင်း ဒီလိုဆိုဒုက္ခ မနက်ပိုင်းရောကွ ။။။ဒီမနက်ကျွန်တော်လာတာတော့ ဘာမှမထူးဘူးဗျ ။။။။ရထားလမ်းဘေးမှာပဲဖြစ်တာမှတ်လား ။။။ဟာအကိုကလည်း ဒီလမ်းလေးနဲသွားလာနေရတာလေ ဒီညနေလည်းဘယ်သူမှဖြတ်သွားရဲမှာမဟုတ်ဘူး ။။။။ဒီညနေငါလာမယ်ကွာ မင်း ရွာမတံတားအကူးလေးကစောင့် ညနေငါးနာရီထိုးတာနဲ့ ရောက်လာမယ် ။။။အကိုကဘာလုပ်မလို့လဲ ။ဲ။။သရဲဖမ်းမလို့ ။။။ဗျာ ။။။။ဒီကောင် လှမြင့် ပဲဖြစ်မယ်ကွ မင်းကကြောက်လို့လား ။။။မကြောက်ပါဘူး နည်းနည်းတော့ဖြုံတယ်ဗျ ..ဟီး ။။။။လူကြမ်းရင်ဘယ်နတ်သရဲမှ မခံနိုင်ပါဘူးကွာငါလာခဲ့မယ်။ ညိမ်နေတဲ့သရဲ။။။။။ ။။။။ဟေ့ေ၇ာက်နေတာကြာပြီလား ။။။အကိုကလည်းဒီလမ်းကဖြတ်ပြီးလာစောင့်ရမှာဆိုတော့ လေးနာရီလောက်ထဲကရောက်နေတာနည်းနည်းနောက်ကျရင်မှောင်မှာစိုးလို့ ။။။။အေး သွားမယ် လှမြင့် ရထားကြိတ်တဲနေရာနဲ့ တည့်တည့်ကအရက်ဆိုင်လေးရှေရောက်ရင်ပဲ ကျွန်တော်နဲအတူပါသူ စက်ဘီးရယ်ကျွန်တော့စက်ဘီးကိုပါ ရထားလမ်းဘေးက မြေလမ်းလေးမှာပဲရပ်ထားခဲ့ပြီး အရက်ဆိုင်ထဲဝင်ထိုင်နေလိုက်ပါတယ် ဆိုင်ထဲမှာတော့ လူရှင်နေပြီး အရက်ေ၇ာင်းတဲ့ လင်မယားနှစ်ယောက်နဲသူ့တိုသားလေးတစ်ယောက်သာရှိပါတယ် ရထားကြိတ်သေတဲလှမြင့်သရဲညက သောင်းကျန်လို့ ဒီနေ့ညနေ လာသောက် မယ်သူမရှိဖြစ်နေကြောင်းရင်ဖွင့်ရှာပါတယ် ။ ။။။။ကျွန်တော်ဒီညဒီမှာစောင့်ဖမ်းမလို့ ။။။မလုပ်ပါနဲ့ ငါလူရာ ညကတစ်ကယ်စက်ဘီးတွေနောက်ပြန်ဆွဲပြေးတာ ငါမျက်စိနဲတပ်အပ်မြင်တာကွ လူသုံးလေယောက်စုပြီးလိုက်ကောက်ရတယ် အရက်သမားတွေလည်အကုန်လစ်ကြရောဟ ။။။။ရပါတယ်ဗျာ အခုကျွန်တော်တို့စက်ဘီးတွေရပ်ထားခဲ့တယ် ညမှောင်ရင်ဆွဲပြေးမလားစောင့်ကြည်မယ်ဗျာ ။။။အေးလုပ်ကွာငါလည်းစောင့်မယ် တစ်ဖြည်းဖြည်းနဲ့ ရွာတောအုပ် ရထားလမ်းလေးဟာမှောင်ရီသန်းလို့ လာပါပြီ ညနေလော်ကယ်ရထားအစုန် ဘူတာမှာရပ်ပြီးပြန်ထွက်သွားတဲ့နောက် ရုံပိုင်ကြီးမရှိပဲလက်မှတ်ရောင်းသာထားတဲ့ ဘူတာခွဲ ရွာမဘူတာလေးဟာ လူသူကင်းဆိတ်လို့နေပါတော့တယ်။။။ ။။။။မှောင်ပြီးဗျ ခြောက်နာရီခွဲနေပြီ ။။။မနေညကဒီအချိန်ဆိုဆွဲချနေပြီဗျ အခု ငါ့လူတို့စက်ဘီးကနေရာမရွေ့သေးဘူး ။။။။လာဗျာအပြင်အမှောင်ရိပ်ကျတဲသစ်ပင်အောက်က ထွက်စောင့်ကြမယ် သုံးဦးသား လက်နှိပ်ဓါတ်မီးကိုစီနဲ အမှောင်ရိပ်မှာခုံပုလေးတွေချလို့ စက်ဘီးကိုသရဲဆွဲမယ့်အချိန်ကိုစောင့်ကြည်နေကြပါတယ် အရက်ဆိုင်ရှင်ရဲ့ မိန်းမကတော ကြောက်ရွံစိတ်နဲ့ ခြင်ထောင်ထဲမှာနားစွင်နေတယ်ထင်ပါ့။။ ခုနှစ်နာရီထိုးပါပြီ စက်ဘီးနှစ်စီးဟာ ရထားလမ်းသစ်ပင်အုပ်ရဲအမှောင်ထုမှာ ထောင်ရက်သား မျက်တောင်မခတ်တမ်းစောင့်ကြည့်နေတဲ့ ကျွန်တော် တို့သုံးယောက် ခြင်တွေဝိုင်းအုံကိုက်တဲဒဏ်ကိုကြိတ်မှိတ်ခံရင်း ဇွဲနဘဲနဲစောင့်ကြည်နေဆဲပါ ရှစ်နာရီ မထူးခြားပါ စက်ဘီတွေကအမှောင်ထဲမှာ ဒီတိုင်း။။။ ။။။။ဒီကောင်ဒီမှာမရှိဘဲ သူအိမ်များပြန်သွားလားမသိဘူးဗျ ။။။ဖြစ်နိုင်တယ်အကိုသေတဲ့ညနေကတော့သူမသိလိုလျှောက်လုပ်နေတာနေမယ် အခုနေ့လည်အိမ်သတိရပြီးပြန်သွားလားမသိဘူး ဒီမှာရှိရင်တော့ဒီကောင်လုပ်မှာဗျ။ ။။။။အေးကွာရှစ်နာရီခွဲလို့မှမထူးခြားရင်ပြန်ကြမယ်…မင်းပြန်ရဲလား ။။။ရတယ် ကျွန်တော်ရွာထဲရောက်တဲ့ အထိလမ်းအတိုင်းဓါတ်မီးတော့ ထိုပြဗျာ ။။။။အေးပါကွာမင်းရွာထဲရောက်မှငါပြန်မယ်..ဆိုင်ရှင်အကိုရောအိပ်ရဲတယ်မှတ်လား ။။။ရတယ်ငါ့ညီ ရှစ်နာရီခွဲတဲ့အချိန်မှာတော့ ဓါတ်မီး ကိုယ်စီထိုးကာစက်ဘီးတွေပြန်ယူလိုက်ကြပါတယ် လိုက်စောင့်တဲ့အဖေါ် ကိုရွာထဲဝင်တဲ့အထိ ဓါတ်မီးနဲထိုးပြပြီး အရက်ဆိုင်ရှင်ဦးလေးကြီးကိုနှုတ်ဆက်ကာပြန်ခဲ့ပါတယ်။။အဲဒီည က သရဲမမိခဲ့ပါ။။တောက်နာတယ်ကွာ။။ နောက်ညများမှာတော့ သရဲဆွဲသံမကြားရဘဲ သုံးရက်မြောက်ညမှာအဲဒီအဖြစ်မျိုးထပ်ဖြစ်ခဲ့ပါတယ်။။။ နောက်တစ်ကြိမ်စောင့်ဖမ်းခြင်ပေမယ့် အလုပ်မအားတာကြောင့် သရဲဖမ်းအစီစဉ်ကို လက်လွတ်လိုက်ရပါတယ် နောက်ပိုင်းရွာမှလူကြီးများက သေသွား တဲ့နေရာမှာ ပရိတ်ရွတ်ခြင်း သံဃာမျာကို ပင်ဖိတ်ဆွမ်းကပ်ခြင်းများပြုလုပ်ခဲ့တာကြောင့် သရဲခြောက်တယ်လို့တော့အသံမကြားရတော့ပါ။။ ကိုတိုင်သရဲဖမ်းခဲတာပါ။ ဒါပေမယ်မတွေခဲ့ရပါဘူး ….သာရဝေါ ရွာကြီးရဲ့ မလှမ်းမကမ်းကရွာ လေးတစ်ခုမှာ တစ်ကယ်ကြုံခဲ့ရတဲ့ အဖြစ်ပါ။ မှတ်ချက်။ ။ http://mandalaygazette.com/52075/uncategorized-other/copypaste မှ ကူးယူဖော်ပြသည်။
Read More

အောက်လမ်းပညာကိုစိန်ခေါ်ရဲသူ

 မြန်မာပြည်က အထက်လမ်း (ဗိုလ်ချုပ်လမ်း မဟုတ်ပါ) ဆရာတွေ၊ အောက်လမ်း (ကမ်းနားလမ်းလို့ မထင်ပါနဲ့) ဆရာတွေအကြောင်းလျှောက်စဉ်းစား ရင်ကနေ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဘကြီးဝမ်းကွဲတော်စပ်သူ တစ်ယောက်ကို သွားသတိရမိပါတယ်။ ဘကြီးဆိုပေမဲ့တကယ့် ဘကြီးအရင်းတော့ မဟုတ်ပါဘူး။ ကျနော့်အဖွားဖက်ကအကိုဖြစ်သူတစ်ဦးရဲ့ မွေးစားသားပါ။ သူရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံဟာ“ဂွ” ကျတယ်ဆိုပြီး နယ်မှာရှိတဲ့ ရွာက ဆွေမျိုးအားလုံးလည်း သူ့ကိုအော်ကြောလန် ပါတယ်။ သူ့မယား ကြီးဒေါ်က ကျနော့် အဖိုးဖက်ကနေ တူမ တော်စပ် ပါတယ်။နွေရာသီ ကျောင်းပိတ်လို့ ရွာကို အလည်သွားရင် ဘကြီး ဘက်ရောကြီးကြီး ဘက်ပါ ဆွေမျိုးတော်စပ်တဲ့ ကျနော်တို့ မိသားစုအပေါ်တော်တော် ဖော်ရွေရှာပါတယ်။ ဘကြီးဆီမှာ လူအများ မှန်းတီးခြင်းခံရတဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါက သူ မှန်တယ်လို့ ထင်ရင် လူရှေ့မရှောင် သူရှေ့ မရှောင် ဇွတ်ပြောလေ့ ရှိတဲ့ အကျင့်ပါ။ ဒီအကျင့်ဟာသူရဲ့ မွေးရာပါ အကျင့်လို့ ဆွေမျိုးတွေက ဆိုပါတယ်။ နေ့စဉ် သူ့အိမ်ရှေ့ တံစက်မြိတ်အောက်ရှိ ကွပ်ပျစ်ပေါ်မှာ ရေနွေးကြမ်းအိုး၊ ပုဇွန်ခြောက် လေး … ငါးကောင်ပါတဲ့ လဖက်အသား ဆီစိမ်ပုလင်း၊ဆေးလိပ်ခွက်၊ ကွမ်းအစ် တွေ ခင်းပြီး ခြံရှေ့မှာ ဖြတ်သွားသူ မှန်သမျှကို ခြံထဲ ဇွတ်အတင်းခေါ်၊ ရွာက ကောင်စီလူကြီး မကောင်းကြောင်း၊ဆန်စက် (ရွာမှာ “ဟာလာ”လို့ ခေါ်တဲ့ ဆန်စက်အငယ်စား) ပိုင်ရှင်တွေက ဆင်းရဲသား လယ်သမားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစားကြောင်း မမောနိုင် မပန်းနိုင် တရားဟော နေကြပါ။ ရွာမှာနေပြီး နေ့စဉ်ထုတ် သတင်းစာကို အမြဲဖတ်သူ၊ BBC က လွှင့်တဲ့ ရေဒီယို သတင်းတွေကို အမြဲနားထောင်လေ့ရှိသော သူနံဘေးမှာလည်း သူ့ကို ချစ်ခင်တဲ့လူတွေ အတော်များများ ရှိပါတယ်။ ဘကြီးတို့ လင်မယားမှာ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ကျနော့်အမ၀မ်းကွဲဟာ ကျနော် သိတတ်စ အရွယ်လောက်မှာပဲ သူတို့ရွာကတောသူဋ္ဌေးသား တစ်ဦးနဲ့ အိမ်ထောင်ကျပါတယ်။ သူ့ယောက်ျားကလည်း ခပ်အေးအေးနေတတ်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့်မိဘတွေဖြစ်တဲ့ ဘကြီးနဲ့ ကြီးကြီးကို အိမ်ဦးခန်းမှာ ထားပြီး အပူပင်မရှိလုပ်ကျွေး ပြုစုပါတယ်။ အိမ်ထောင်သည် သူ့သမီးအိမ်က ဘကြီးတို့အိမ်နဲ့ ခြံချင်း ကပ်လျှက်ပါ။ ဘကြီးဟာ သူ့သမီးအိမ်မှာ ထမင်းစားချိန်ရောက်မှ သွားစားလေ့ရှိပြီး ကျန်တဲ့အချိန်တွေမှာ သူ့အိမ်မှာသာနေလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ကျတော့ ဆွေမျိုးတွေဆီကနေ သတင်းတစ်ခု ကြားရပါတယ်။ ဘကြီးတို့ အိမ်ကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုစားထားလို့ ညဖက်ဆိုရင် ဘယ်သူမျှ နေလို့ မရဘူး၊ တအိမ်လုံး လှည်းစီး နေရသလို တဒုန်းဒုန်းနဲ့ လှုပ်ရမ်းနေတဲ့ ပုံစံ ခံစား နေရတယ်လို့ဆိုပါတယ်။ ဘကြီးကတော့ ပဲခူးတိုင်း၊ ဝေါမြို့နယ်အပိုင် ရွာတစ်ခုမှသူ့ သူငယ်ချင်းအလှူအိမ်ကို အလည်သွားနေခိုက်မှာ ပြဿနာ စ’ဖြစ်တယ်လို့ ဆိုပါတယ်။ ဘကြီးမိန်းမ ကြီးကြီးကိုတော့ သမီးဖြစ်သူကသူတို့အိမ်မှာပဲ လာနေဖို့ ခေါ်ထားကြောင်းနဲ့ ရွာထဲရှိ လူတွေကတော့နေ့စဉ် ဘကြီးတို့အိမ်ရှေ့မှာ တရုံးရုံးဖြင့် ပွဲလာကြည့်သလို စည်းကားနေကြောင်း ပြောပြပါတယ်။ အခုလည်း မြို့ပေါ်ရှိ အသိမိတ်ဆွေ “ရွှေရင်ကျော်ဂိုဏ်း” မှ ဆရာတစ်ဦးကို ပင့်ထားတယ်လို့ ကြားရပါတယ်။ ဒါနဲ့ပဲ ကျနော်တို့ တမိသားစုလုံး အထူးအဆန်းတွေ ဖြစ်နေတဲ့ အမေဖက်က ဆွေမျိုးတွေရှိရာ ရွာသို့ ချီတက်ကြပါတယ်။ ကျနော်တို့ ရွာရောက်တဲ့ နေ့အထိ ဘကြီးကတော့ ရွာကို ပြန်မရောက်သေးပါ။အဲသည့်ခေတ်က ရန်ကုန်မှာ အဝေးပြေးကားဂိတ်ဟာ လမ်းမတော်မြို့နယ် လသာလမ်းမှာ ရှိပါတယ်၊ တနေ့ကုန် ဘတ်စ်ကားကို တအိအိနဲ့ စီးရပါတယ်။ ရွာကို ရောက်တော့ ဘကြီးတို့အိမ်ရှေ့ အ၀င်အ၀မှာအုန်းပွဲ ဌက်ပျောပွဲတွေ လေး …. ငါးပွဲကို ဖယောင်းတိုင်တွေ၊ အမွှေးတိုင်းတွေ ထွန်းပြီး ပွဲပေးထားပါတယ်။ အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့လူကြီးတစ်ယောက်က ကြိမ်းလုံး တစ်ချောင်းကို လက်ထဲမှာ ကိုင်ဆောင်ထားပြီး သူ့နံဘေးမှာ ကျနော်တို့ ဆွေမျိုးထဲမှ လူကြီး အတော် များများ ရှိနေကြပါတယ်။ ထိုလူကြီးက ဘကြီးတို့ခြံထဲမှာ “ပုဏ္ဍက”စီးနင်း တိုက်ခိုက်တာကို ခံနေရတယ်လို့ ပြောပါတယ်။ ဒါနဲ့ “ပုဏ္ဍက” ဆိုတာ ဘာလဲလို့ ရွာက အမေ့အကို ၀မ်းကွဲဘကြီးတစ်ယောက် နံဘေး ကပ်ပြီး မေးကြည့်တော့ “သရဲ” ထက်ကြီးတဲ့ “သဘက်” ပုံစံ “ဘီးလူး” လို့ ပြောပါတယ်။ ထို အညိုရောင်ဝတ်စုံ ၀တ်ထားတဲ့ လူကြီးဟာ အထက်လမ်းဆရာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီလူကြီးဟာ ပါးစပ်ကနေ ပွစိ ပွစိနဲ့ ဂါထာလားဘုရားစာလားဟု ဘယ်သူမျှ အသေအချာ မသိနိုင်တဲ့ အရာတွေကိုမကြားတကြားရွတ်ပါတယ်။ အဲဒီနောက် ဆန်တွေကို ဘကြီးခြံ တစ်ခုလုံးကို ပက်ဖြန်းပါတော့တယ်။ သူ ဒီည ဒီအိမ်ထဲမှာ တညလုံးဘုရားစာရွတ်၊ အဓိဋ္ဌာန်ဝင်မှာ ဖြစ်ကြောင်း၊ အခု သူ ကြဲချထားတဲ့ဆန်စေ့တွေဟာ နောက်တနေ့မနက် မိုးလင်းတာနဲ့ ခြံထဲရှိ တစ်နေရာမှာ သူအလိုအလျောက် စုပုံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ အဲလိုစုပုံရောက်ရှိသွားတဲ့ နေရာကို ပေါက်တူးနဲ့ တူးဖော်ကြည့်လိုက်ရင်ဘကြီးတို့ အိမ်ကို တိုက်ခိုက်ထားတဲ့ အစီအယဉ် “အင်း” ပြားတွေထွက်လာမယ်လို့ ဆိုပါတယ်။ ဘကြီးတို့ ခြံနဲ့ ကပ်လျှက်မှာရှိတဲ့ ဘကြီးသမီး အိမ်ထောင်သည်အမတို့အိမ်မှာ အိပ်ဖို့ ကျနော်တို့ ညီအကိုမောင်နှမတွေလည်းအမေကို ဇွတ်အတင်း တောင်းဆို ရပါတယ်။ ရွာက ဆွေမျိုးတွေက သူတို့အိမ်တွေမှာ လိုက်ပြီး တည်းခိုဖို့ ကျနော်တို့ မိသားစုပြောပါတယ်။ ရွာရဲ့ သုံးပုံ တစ်ပုံဟာ အမေဖက်ကနေ ဆွေမျိုးပ်ရင် ဆွေရိပ်မကင်း မျိုးရိပ်မကင်းတဲ့ ဆွေမျိုးအရင်းအခြာတွေဖြစ်ပါတယ်။ ပြောမရတဲ့ နောက်ဆုံးမှာ အမေလည်း ကျနော်တို့ ကလေးတသိုက်ကို လက်လျှော့ပြီး ဘကြီးသမီး အမတို့အိမ်မှာ ညအိပ် တည်းခိုဖို့ သဘောတူလိုက်ပါတယ်။ ဖယောင်းတိုင်မီးရောင်တွေ ထိန်းလင်းနေတဲ့ ဘကြီးအိမ် အပေါ်ထပ်က ဘုရားခန်းကို အမတို့အိမ် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်နေရပါတယ်။ ဘယ်အချိန်မှာ ဘာတွေ ထူးလာမလဲ၊ ဘာတွေ ဖြစ်လာ မလဲလို့ ကျနော်တို့ စောင့်မျှော် နေခဲ့ကြပါတယ်။ ဘကြီးသမီး အိမ်ထောင်သည် လင်မယား ကျွေးမွေးဧည့်ခံတဲ့မုန့်တွေကို စားလိုက်၊ ရောက်တတ်ရာရာတွေ ပြောလိုက်ဖြင့်မအိပ်သေးပဲ ညဥ့်နက်ပိုင်းကို ရောက်လာပါတယ်။ ည(၁၀)နာရီဆိုတဲ့ အချိန်ဟာ ရွာက လူအများစု အိပ်ပျော်တဲ့အချိန်ဖြစ်ပေမဲ့ ကျနော်တို့ မြို့က လူတွေအတွက်တော့ မအိပ်သေးပဲနေလို့ ရပါသေးတယ်။ ရုတ်တရက် ရွာလမ်းတလျှောက်ဆီမှခွေးအူသံတွေ ထွက်ပေါ်လာတော့ ကျနော်တို့လည်း ကြောက်ကြောက် နဲ့ ဘကြီးအိမ်ဖက်ကို လှမ်းကြည့်လိုက်ပါတယ်။ ရေနံချေး ၀’နေတဲ့နံဘေး နံရံတွေကြောင့် ညဖက်ကြည့်ရင် မဲမှောင်နေပါတယ်။ လရောင်အောက်ကနေ နှစ်ထပ် ခြေတံရှည် ဘကြီးအိမ်ကို မြင်နေရတဲ့ ပုံစံဟာ သရဲတစ်ကောင် ငုပ်တုပ် ထိုင်နေပုံနဲ့ တူနေပါတယ်။ ရုတ်တရက် လေတွေ တဝေါဝေါ တိုက်ခိုက်အပြီး ကျနော်တို့မျက်စိရှေ့ရှိ ဘကြီးအိမ် ဘုရားခန်းက ဖယောင်းတိုင်းမီး အလင်းရောင်တွေ မမြင်ရတော့ပဲ အမှောင်အတိကျသွားပါတယ်။ မျက်စိရှေ့မှာတင် ခြံထဲမှ လူနှစ်ယောက် အသံကုန် အော်ဟစ်ပြီးပြေးထွက်လာပါတယ် …“အမလေးဗျ၊ ကယ်ကြပါအုံး … ကယ်ကြပါအုံး …”“အမလေးဗျ၊ ကြောက်ပါပြီး ဗျ … ” ကျနော်တို့ မောင်နှမတသိုက်လည်း ပြတင်းပေါက်နံဘေးကနေအမေအိပ်နေတဲ့ အိပ်ခန်းထဲကို ဘယ်လိုပြေးမိလို့ ဘယ်လို ရောက်သွားမှန်းမသိ ပြေးဝင်ခဲ့ကြပါတယ်။ ဆယ့်ငါး မိနစ်လောက်ကြာတော့လူသံတွေ ဆူဆူညံညံကြားမှ အပြင်ဖက်ရှိ ပြတင်းပေါက်နံဘေးကိုပြန်လာခြဲ့ ကပါတယ်။ ရွာထဲရှိ ဆွေမျိုးသားချင်း အကိုတွေရော၊ တခြားရွာသားတွေပါ လက်နှိပ်ဓါတ်မီးရောင်တွေ တဖွေးဖွေး၊ ဓါး လှံတွေတ၀င်းဝင်းနဲ့ ဘကြီးတို့ အိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြပါပြီ။ ဘယ်သူမျှ မရှိတဲ့ ဘကြီးတို့ခြံနဲ့ အိမ်ထဲကို လက်နှိပ်ဓါတ်မီးပေါင်းများစွာနဲ့ ထိုးကြည့်နေကြပြီး သူ အထဲကို အရင်ဝင်မယ်၊ ငါ အထဲကို အရင် ၀င်ကြည့်မယ်နဲ့ ပြောဆိုနေကြပါတယ်။ နောက်ထပ်ခဏလောက်အကြာမှာ ရွာက ကောင်စီဥက္ကဋ္ဌ ရောက်လာပြီးခြံတံခါးကို ပိတ်လိုက်ဖို့နဲ့ ခြံထဲကို ဘယ်သူမျှ ပေးမ၀င်ဖို့ ပြောပြီးတားမြစ်ကြပါတယ်။ မနက်မိုးလင်းချိန်မှာ ဘကြီးအိမ်ဝန်းထဲကို ရွာဦးကျောင်းက ဆရာတော်ကွလာပြီး ပရိတ်တရားတွေ ရွတ်ဖတ် ပါတယ်။ အဲဒီနေ့ နေ့လည်မှာပဲ ကျနော်တို့ အချစ်တော် ဘကြီးတစ်ယောက် ပဲခူးမှာနေထိုင်တဲ့ သူ့သူငယ်ချင်း အလှူကနေ ပြန်လည် ရောက်ရှိလာပါတယ်။ ဘကြီးပြန်ရောက်တယ် ဆိုရင်ပဲ ဆွေမျိုးတွေ၊ ရွာက လူတွေက သူ့အိမ်ရဲ့ အဖြစ်အပျက်ကို ၀ိုင်းပြောကြပါတယ်။ သူ့သမီးဖြစ်တဲ့ အမတို့လင်မယားက ဒီဖက်အိမ်မှာ လာနေဖို့ ပြောပါတယ်။ နေ့ခင်းဖက် အမတို့အိမ်မှာ ဘကြီးနဲ့ ရွာက ဆွေမျိုးတွေ လူစုံတက်စုံ စကားဝိုင်း ဖြစ်ခဲ့ကြပါတယ်။ ဘကြီးတို့ စကားဝိုင်းကနေ ညက အဖြစ်အပျက်ကို ပြန်ကြား ရပါတယ်။ လွန်ခဲ့တဲ့ည ဘကြီးအိမ်မှာ အိပ်ခဲ့တဲ့ အထက်လမ်းဆရာဆိုသူနဲ့ ဆွေမျိုးတစ်ဦးတို့ ဖြစ်ပျက်ခဲ့ပုံက…ရွာလမ်းမကြီးတေ လျှာက်က ခွေးအူသံတွေ ဆက်တိုက်ကြား ရတယ်၊ ပြီးတော် လေတွေ တလဟော တိုက်လာပြီး ဘုရားစင်က မီးတွေ ငြိမ်းသွားပါတယ်၊ မီးငြိမ်းသွားလို့ မီးခြစ်လာရှာတဲ့အချိန်မှာ တအိမ်လုံး ရုတ်တရက် လှုပ်ရမ်းလာပါတယ်၊ ဒါနဲ့ကြောက်ကြောက်နဲ့ အိမ်ပေါ်ကနေ အောက်ထပ်ကို ပြေးအဆင်းအမှောင်ထဲကနေ နွားအော်သံ တစ်ခုကို ကြားလိုက်ရတယ်၊ လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ အောက်ထပ် မြေကြီးထဲကနေနွားတစ်ကောင်ရဲ့ ဦးခေါင်းတစ်ခု ထိုးထွက်လာတာကို မြင်လိုက်ရပါတယ်၊ အဲဒီ နွားခေါင်းကနေ အသံတွေ ထွက်နေသလို အိမ်လည်း မြေငလျင် လှုပ်သလို ရမ်းနေတယ်လို့ ပြောပါတယ်။ ဘကြီးလည်း မျက်မှောင်ကျုပ်နေအောင် အချိန်တော်တော်ကြာစဉ်းစားနေပါတယ်။ ဆွေမျိုးတွေက တစ်ယောက် တစ်မျိုးစီဖြင့်“အဘ၊ ရွာက ကောင်စီလူကြီးတွေ လယ်မလုပ်ဘဲနဲ့ အမတော်ကြေး(ဘဏ်ချေးငွေ) ယူတဲ့ ကိစ္စအပေါ် မတရားဘူးလို့ ပြောတာတွေ၊ ငွေတိုးချေးတဲ့ သူဋ္ဌေးတွေ အကြောင်း နေ့စဉ်ပြောနေလို့အခုလို့ အောက်လမ်းနည်းနဲ့ အတိုက်(ပြုစား)ခံရတာ ဖြစ်နိုင်ကြောင်း” ၀ိုင်းပြောကြပါတယ်။ ညနေပိုင်းလောက်မှာ ကျနော်တို့ဘကြီး ရွာဦးကျောင်းဖက်ကိုထွက်သွားပါတယ်။ တစ်နာရီလောက်ကြာတော့ အထုပ်တချို့၊ရေပုလင်းတချို့နဲ့ ပြန်လည် ရောက်ရှိလာပါတယ်။ သူ့သမက်ဖြစ်တဲ့အမ ယောက်ျား အပါအ၀င် လယ်စာရင်းဌား(လယ်ယာအလုပ်သမား) တချို့ကို ဦးဆောင်ပြီး သူ့ခြံထဲကို သွားကြပါတယ်။ အဲဒီနောက် သူ့အိမ်ရဲ့ အိမ်တိုင်းတွေ အားလုံးဘေးမှာ တရွင်းပြားတွေ ပေါက်တူးတွေနဲ့ တူးကြပါတော့တယ်။ အဲဒီနောက် ရွာဦးကျောင်း ယူဆောင်လာတဲ့ အထုပ်တွေ ရေပုလင်းတွေထဲကနေ ပစ္စည်းတချို့ကို အိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ လောင်းချကြပါတယ်။ အဲဒီနောက်ကျနော်တို့ရှိရာ သူ့သမီးအိမ်ဖက်ကို ရောက်လာပြီး ဘော့ပန်တွေ၊ ခဲတံတွေ စာရွက်တွေနဲ့ ဘုရားစာအုပ်ထဲက ဘုရားစာတွေကို ကူးယူပြီး ရေးဖို့ ပြောပါတယ်။ ကျနော်တို့ မောင်နှမတသိုက်က ဘာလုပ်ဖို့လဲလို့ ၀ိုင်းမေးကြပါတယ်။ ဘကြီး အဖြေက ..“ဆေးနွားကို အဆိပ်ခတ်မလို့” အဲဒီနေ့ ညဖက်က စ’ပြီး ဘကြီးခြံနဲ့ အိမ်တို့မှာ ထူးထူးခြားခြားဖြစ်စဉ်တွေ ရပ်တန့်သွားပါတယ်။ နောက်တနေ့ မနက်rိးလင်းချိန်မှာ ရွာထဲရှိ ဘကြီးလယ်မှာ အလုပ် လုပ်တဲ့ သီးခစားလယ်သမားတစ်ယောက် ရောက်လာပါတယ်။ ရွာက ကောင်စီဥက္ကဋ္ဌ ပိုင်ဆိုင်တဲ့ နွားတစ်ကောင် ဒီမနက်မှာ သန်သန်မာမာကနေရုတ်တရက် ပျော့ခွေပြီး လဲကျသေဆုံးသွားကြောင်း ပြောပြပါတယ်။ အဲဒီနောက် ဘကြီးနဲ့ သူ့လယ်သမားတို့ဟာ ဘကြီးအိမ်ဝန်းဖက်ကို သွားရောက်ကြပါတယ်။ တော်တော်ကြာတော့ဘကြီးတစ်ယောက် သူ့အိမ်ဝန်းထဲမှာ သစ်ရွက်ခြောက်တွေကိုစုပုံပြီး မီးရှို့နေပါတယ်။ ကျနော်တို့လည်း တဖက်ခြံဝန်းထဲကနေ ဘာလုပ်နေသလဲလို့ လှမ်းမေးလိုက်တော့ သူက နွားရုပ်လေးတစ်ရုပ်ကို ထောင်ပြ ပါတယ်။ အဲဒီနောက် သူ့လက်ထဲက အဲဒီနွားရုပ်လေးကို မီးပုံထဲကို ထည့်လိုက်ပါတယ်။ နေ့လည်ပိုင်း မရောက်ခင် ရွာဦးကျောင်းရဲ့ ဆွမ်းတန်းဟာ ဘကြီးတို့ ခြံရှေ့ကနေ ကြွလာပါတယ်။ ဘကြီးက ဆရာတော်ကို သူ့ခြံထဲ ပင့်ဖိတ်သွားပြီး ခဏနေတော့ ဆရာတော် ပြန်ကြွ သွားပါတယ်။အဲဒီနောက် ခြံရှေ့ကနေ “ငါခြံမှာ ဘာကောင်မှ မရှိတော့ဘူး၊ ဘယ်သူပြောလဲ “ပုဏ္ဍက” တိုက်တယ်လို့၊ မယုံရင်လာကြည့်ကြ ဒီညက စပြီးဘာကောင်မှ မရှိတော့ဘူး” လို့ ခြံရှေ့ ဖြတ်သွားသူ မှန်သမျှကို ပြောပြနေပါတယ်။ ညနေစောင်း သူ့ခြံထဲမှာ ရွာကလူတွေ တရုံးရုံးနဲ့ စည်းကားနေပါတယ်။ လူတွေ ၀င်လိုက် ထွက်လိုက် လာကြည့်နေကြလို့ကျနော်တို့ ကလေးတသိုက်လည်း ဘကြီးခြံဖက်ကို သွားကြည့်ကြပါတော့တယ်။ သူ့အိမ်အောက်ထပ် မြေကြီး တနေရာမှာ တွင်းတူး ထားသလို ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ မေးကြည့်တော့“ဆေးနွား” ကို တူးဖော်လိုက်တဲ့ နေရာလို့ ဘကြီးက ပြောပြပါတယ်။ဒီလိုနဲ့ ညဖက် အမတို့အိမ်မှာ တည်းခိုနေတဲ့ ကျနော်တို့ မိသားစုထံ ကို ဘကြီး ရောက်လာပါတယ်။ အဲဒီတော့မှ ကျနော်တို့လည်း သိချင်တာတွေကို မေးခွင့် ရခဲ့ပါတယ်။ သူ့ခြံကို သူတပါးက အောက်လမ်းနည်းနဲ့ ပြုလုပ်တယ်လို့ သူလည်းယူဆ ခဲ့ကြောင်း၊ သူ့အိမ်မှာ လာအိပ်သွားတဲ့ ပရောဂ ကုတဲ့ဆရာတို့မြင်တွေ့ခဲ့ပုံကို သူ စဉ်းစားကြည့်ပြီး “ဆေးနွား” လို့ ခေါ်တဲ့ ပရောဂနည်းနဲ့ လုပ်တာဖြစ်လိမ့်မယ်လို့ သူ ယူဆခဲ့ကြောင်း၊ ဒါကြောင့် ရွာဦးဘုန်းကြီးကျောင်းက ဆွမ်းဆန်အနည်းအကျဉ်းကို ဆရာတော်ထံမှ အလှူခံခဲ့သလို ဘုန်းကြီးကျောင်း ဘုရားစင်မှ သောက်တော်ရေ အဟောင်းတွေ ကို စွန့်ပြီး ပုလင်းထဲ ထည့်ယူလာခဲ့ကြောင်း၊ အဲဒီနောက် အဲဒါတွေကိုအိမ်တိုင်အားလုံးရဲ့ ပတ်ပတ်လည်မှာ မြေကြီးကို နည်းနည်းချင်စီ တူးဆွပြီး လောင်းထည့်ခဲ့ကြောင်း၊ သူ့အိမ်အောက်ထပ် အလယ်တစ်နေရာ မှာ ကောက်ရိုးတွေ စုပုံပြီး ကျနော်တို့ ကူးရေးပေးတဲ့ ဘုရားစာ စာရွက်တွေကို ကောက်ရိုးပုံမှာ ထည့်ခဲ့ကြောင်း၊ မနက်မိုးလင်းချိန် အဲဒီကောက်ရိုးတွေ ထားခဲ့တဲ့ နေရာကို ပေါက်တူးနဲ့ တူးကြည့်လိုက်တော့ နှီးနဲ့ ရက်လုပ် ထားတဲ့ နွားအရုပ်လေး တစ်ခုကို တွေ့ရကြောင်း၊ ဒါနဲ့ မီးဖိုပြီး အဲဒီ နွားရုပ်လေးကို မီးရှို့ပြစ်ခဲ့ကြောင်း သူက ပြောပြပါတယ်။ ဒါနဲ့ ကျနော်တို့က အဲဒီ ဆေးနွားအကြောင်းကို မေးကြည်တော့ …ရွာမှာ မီးမဖွားနိုင်လို့ သေဆုံးပြီး အသုဘဖြစ်လာရင် မီးသင်္ဂြိုလ်လေ့ရှိကြောင်း၊ အဲလိုမီးသင်္ဂြိုလ်တဲ့ အခါ အသုဘရုပ်ကောင်ရဲ့ ခန္ဓာကိုယ်ကို မြန်မြန် ပြာဖြစ်အောင် ပြုလုပ်ရကြောင်း၊ အဆီပြင်တွေကို ၀ါးနဲ့ထိုးဖောက်ရကြောင်း၊ အဲဒီ ၀ါးလုံးကို အောက်လမ်းဆရာတွေ အသုံးပြုလို့ မရအောင် ရွာဦးကျောင်းမှာ သိမ်းဆည်းလေ့ရှိကြောင်း၊ အဆိုပါဝါးလုံးကို အောက်လမ်းဆရာတချို့က ခိုးယူပြီး နှီး ဖြစ်အောင်အရင် ယက်ရကြောင်း၊ နှီး ဖြစ်လာတဲ့ အခါ အဲဒီ နှီးနဲ့ နွားရုပ်လေးတစ်ရုပ်ဖြစ်အောင် ပြုလုပ်ရကြောင်း၊ နွားရုပ်လေး လုပ်ပြီးချိန်မှာအသက်သွင်းပေးရကြောင်း၊ တကယ့် နွားအစစ်နဲ့ အတူ လ’ပေါင်းများစွာ အတူ ထားရကြောင်း၊ အဲဒီနောက် အောက်လမ်းဆရာတွေက သူတို့ ဒုက္ခပေးချင်တဲ့ အိမ်တစ်အိမ်ရဲ့ အပြင်ဖက်ကဖြစ်စေ … အတွင်းထဲ လာပြီး ဖြစ်စေ အဲဒီ နွားရုပ်ကို ပို့ဆောင်ပေးရကြောင်း၊ ထို့နောက် သူနဲ့ အတူ ရှိခဲ့ဘူးတဲ့ နွားအစစ်ကို လှည်းတစ်ခုမှာဖြစ်စေ … ငြိမ်ငြိမ်မနေနိုင်အောင် ဖြစ်စေ လုပ်ဆောင်ပေးပါက အလားတူ အောက်လမ်းပညာဖြင့် ပြုလုပ်ထားသော ဆေးနွားလည်း သောင်းကျန်းလေ့ရှိကြောင်း ရှင်းပြပါတယ်။ “ဒါဆို အခု ဒုက္ခပေးနေတဲ့ နွားရုပ်လေးကို မီးရှို့လိုက်ရင်ပြီးသွာပြီလား ….”လို့ ကျနော်တို့ မေးအကြည့်မှာ …ဘကြီးက …“အဲဒီ ဆေးနွားကို မီးရှို့လိုက်တော့၊ သူနဲ့ အတူ အသက်သွင်းရာမှာ အသုံးပြုခံရတဲ့ တကယ့်နွားလည်း သေသွားတယ်ကွ ..”ဟု ပြန်ဖြေပါတယ်။ ရုတ်တရက် ကျနော်တို့က …“ဒါဆို မနက်က ကောင်စီ ဥက္ကဋ္ဌအိမ်က နွား သေသွားတယ်ဆိုတော့ ဥက္ကဋ္ဌက အောက်လမ်းဆရာ လား …”လို့ မ၀င့်မရဲနဲ့ မေးလိုက်ချိန်မှာ ဘကြီးပါးစပ်က ..“အင်း
Creadit by myanmarghoststory
Read More

မှော်ဝင်မြို့ - အဖွဲ့ဝင်များ