မြန်မာပြည်အိမ်မြေဈေးနှုန်းအကြောင်း ၂၀၁၂ (ဇော်အောင် (မုံရွာ)၊)

မြန်မာပြည်နယ်မြို့ကလေးတခုဆီကို အလည်ပြန်သွားတဲ့ စင်ကာပူအခြေချ
မြန်မာတစ်ဦးကို သူပြန်အလာမှာ မေးကြည့်ပါတယ်။ ဟာဗျာ.. ကျုပ်တို့
ဖားအံမြို့ဆိုတာ အရင်က တောမြို့ပဲ၊ အိမ်ဈေး၊မြေဈေးဆိုတာ
ဈေးချိုသလားမမေးနဲ့၊ အခုများ အိမ်စုတ်ကလေးတခုတောင် ဘယ်လောက်လဲ
မေးကြည့်တော့ သိန်း၅၀၀၊ သိန်းထောင်ဂဏန်း ပြောနေကြတယ်။ ကွန်တော်ပိုင်တဲ့
စင်ကာပူ ၃ခန်း၊ အိမ်ကလေးဆို စင်ကာပူဒေါ်လာ ၄သိန်းလောက်ဈေးပေါက်တယ်။
မြန်မာငွေဆိုရင် သိန်း၂၀၀၀ကျော်ပေါ့။ စင်ကာပူက အိမ်ကိုရောင်းပြီး၊
ကိုယ့်ဇာတိ ဖားအံမြို့ထဲမှာ အိမ်ဝယ်ရင်တောင် သိန်း၂ထောင်နဲ့
အိမ်ကောင်းကောင်းမရတော့ဘူးဗျာ... မြန်မာပြည်အခြေပြန်ချချင်နေတာ၊
မလွယ်ဘူးဗျို့.. မြန်မာတွေ အရမ်းချမ်းသာနေကြပြီ၊ လိုက်လို့မမှီတော့ဘူး...
ပြန်ဖြေသံကြားရပါတယ်။

သြော် ..အိမ်ငှားဈေး ဘယ်လောက်ရှိသလဲ ဆိုတာတော့ သူမစုံစမ်းခဲ့ရဘူးဆိုပဲ။
ပြီးတော့ သူက သူဌေးအသိုင်းအ၀ိုင်းတွေနဲ့ပဲ တွေ့ဆုံ၊
ဆွေးနွေးခဲ့ပုံရပါတယ်။

တိုင်းပြည်တခု၊ ဒေသတခု တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာကို အဲဒီဒေသမှာ
အိမ်ငှားခဘယ်လောက်လဲ၊ အိမ်ဈေးဘယ်လောက်လဲ ..ဆိုတာစုံစမ်းကြည့်လိုက်ရုံနဲ့
အလွယ်တကူ (လူပြိန်းနည်း) သိနိုင်ပါတယ်။ လူတန်းစား သူဌေးအဆင့်နဲ့၊
သာမန်လူအဆင့် လို့ ၂မျိုးခွဲပြီးလေ့လာမယ်ချင်ပါတယ်။ ကျွန်တော်
မြန်မာပြည်ပြောင်းလဲခါစ ၂၀၁၁နိုဝင်ဘာလောက်က အထက်၊အလယ်၊အောက်
မြန်မာပြည်မြို့တွေကို ရောက်ခဲ့ပါတယ်။ အထူးသဖြင့် အခြေခံလူလတ်တန်းစား
အများစုနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ အိမ်ဈေးတွေ
မတရားမြောက်နေပါတယ်။ ဒါပေမဲ့ ရောင်းဝယ်ဖြစ်တယ်လို့ သိပ်မကြားရပါ။
မိမိအိမ်ကိုပဲ ပါးစပ်နဲ့ရှောက်အော်ဟစ်၊ ရောင်းဝယ်နေကြတယ်။ အခု ၂၀၁၂
ဇူလိုင်လလောက်မှာတော့ ကားပါမစ်လည်းမရှိတော့၊ ကားဝယ်သူတွေလည်း ပိုက်ဘောမိ၊
အိမ်ဝယ်ထားသူများလည်း ပိုက်ဘောမိဖြစ်နေပါတယ်။

အိမ်ဈေးအရောင်းအ၀ယ်တံ့သွားပြီလား

နောက်တခါ မြန်မာပြည်မှာ အိမ်ဈေးတွေ အရောင်းအ၀ယ် တံ့သွားချိန်၊
စင်ကာပူကို မြန်မာကွန်ဒိုများ လာရောင်းတာကို တွေ့လိုက်ပါတယ်။ ၂၀%
အရင်ပေး၊ အရစ်ကျ ၃နှစ်အတွင်းပေး .. ဆိုတဲ့ စင်ကာပူကွန်ဒိုစတိုင်
မြိုလည်နဲ့ ကီလို၂၀ကျော် ဝေးတဲ့နေရာတွေမှာ၊ လက်ညိုးထိုး၊
လာရောင်းကြပါတယ်။ ဒေါ်လာ တစ်သိန်းကနေ ၂သိန်းကျော်၊ ၃သိန်းအထိ
ဈေးပေါက်တယ်။ လက်ထဲ ငွေစုဆောင်းမိထားတဲ့ ရွှေမြန်မာ၊ စင်ကာပူပီအာတွေ
တော်တော်ဝယ်ကြတယ် ကြားရတယ်။ ဒီလူတွေလည်း ပိုက်ဘောမိဦးမှာပါပဲ။ အိမ်တအိမ်
ပိုက်ဘောမိ ၀ယ်လိုက်တယ်ဆိုရင် အရင်းတော့မရှုံးပါဘူး။ ၁၀နှစ်လောက်ကြာမှ
ပြန်ရောင်းရင် အမြက်ထွက်ပေမဲ့၊ ၁၀နှစ်အတွင်း ငှားစားရင်လည်း သိပ်အမြက်မရ၊

အိမ်ဈေးနှုန်းကိုမကြည့်ပဲ၊ အိမ်ငှားခဈေးနှုန်းကို ကြည့်ပါ။ အိမ်ဈေး
သိန်း၅၀၀ ပေါက်နေတဲ့ ဖားအံမြို့တစ်ဝိုက်ဆို အဲဒီလိုအိမ်မျိုးကို ငှားရင်
တလ ၂သိန်းတောင်မပေးရတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ စင်ကာပူမှာ
ဒေါ်လာ၎သိန်းတန်အိမ်ကိုငှားရင် တစ်လ $2500 ပေးရမယ်။ တစ်နှစ်ကို
အိမ်တန်ဖိုးရဲ့ 7.5% လောက် အမြက်ရတာကိုတွေ့ရတယ်။ အဲဒီငွေ ဒေါ်လာ၎သိန်းကို
စင်ကာပူဘဏ်ထဲ ထည့်ထားရင် 1% တောင် မရပါဘူး။ မြန်မာပြည်က
ဘဏ်ထဲထည့်ထားရင်တော့ 8% အတိုးရပေမဲ့ ၊ မြန်မာဘဏ်ကို ဘယ်သူမှမယုံပါ။
မြန်မာပြည်မှာ အိမ်ဝယ်ပြီး ငှားစားမယ်ဆိုရင်လည်း
ဖွတ်မွဲဖြစ်သွားနိုင်တယ်။ သိန်း၅၀၀တန်ကို တလ ၂သိန်းပဲ ငှားခရတော့ 4.8%
အမြက်ရမယ်။ အလျှင်းမသင့်လို့ မြန်မာအာဏာပိုင်များကို ဂရံကိစ္စ
အနိုင်ကျင့်ခံရရင် ၀ယ်ထားတဲ့အိမ်ပါ ပြောင်သွားနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံခြားမှာနေတဲ့ ဘယ်သူမှ မြန်မာပြည်က အိမ်ကိုဝယ်ဖို့လည်း
စိတ်မကူးပါ။ မြန်မာပြည်က ဘဏ်ထဲငွေထည့်ထားဖို့ဆို ဝေးလာဝေးပေါ့.။
ယုံကြည်မှု Thrust ပျက်ပြားနေတာကိုး။ အခု အစိုးရသစ်က ကမ္ဘာနိုင်ငံများကို
ယုံကြည်မှု ပြန်လည်တည်ဆောက်နေတာ၊ အစိုးရသစ်ကို ယုံကြည်သူများစွာကတော့
ပေးတဲ့အခွင့်အရေးတွေယူပြီး လာရောက်ရင်းနှီးမြုတ်နှံနေကြပါတယ်။

ဗီယက်နမ် အိမ်မြေဈေးနှုန်း

ကျွန်တော် ဗီယက်နမ်ကိုရောက်ပြီး စင်ကာပူ-ဗီယက်နမ် စက်မှုဇုံကို
လေ့လာမိတယ်။ စင်ကာပူမှာရှိနေတဲ့ အနောက်နိုင်ငံ၊ ဂျပန်၊ကိုးရီးယား
ကုမ္ပဏီများကို စင်ကာပူအစိုးရက ခေါ်လာတယ်။ ဟောင်လျှောင်းဘဏ်က ဦးဆောင်ပြီး၊
စင်ကာပူအစိုးရ ပံ့ပိုးမှုနဲ့ ဖက်စပ်လာလုပ်ကြတယ်။ ဗီယက်နမ်ကို မယုံပေမဲ့၊
စင်ကာပူကို ယုံတော့ ကုမ္ပဏီများစွာ လာရောက်ရင်းနှီးလုပ်ကိုင်ကြတယ်။

စင်ကာပူအစိုးရခေါင်းဆောင်ပြိး Kuala Lumpur Singapore Shanghai Beijing
Nanjing Tianjin South Vietnam တွေမှာ အောင်မြင်စွာ စက်မှုဇုံများကို
တည်ဆောက်နိုင်ပြီး၊ စက်မှုဇုံအလုပ်လာလုပ်တဲ့ နိုင်ငံခြားသားများအတွက်
ဗီယက်နမ်က Canary Project လို အိမ်မြေ၊ ဆိုင်ခန်း၊ ရင်းနှီးမြုတ်နှံမှုတွေ
လုပ်နေပါတယ်။

နိုင်ငံခြားကနေ ဗီယက်နမ်ကို လာရောက်အခြေချ၊ စီးပွားလုပ်ဖို့ဆိုတာ
နံပါတ်(၁) အနည်းဆုံး ၅နှစ်အတွင်း အမြက်ရဖို့ သေချာရပါတယ်။ ပထမ၃နှစ်အတွင်း
အမြက်ရတဲ့ လုပ်ငန်းများစွာလည်း ရှိပါတယ်။ အဲဒီလုပ်ငန်းများကိုတော့
ဗီယက်နမ် အစိုးရနဲ့သူဌေးများက လက်ဝါးအုပ်ထားပါပြီ။
နိုင်ငံခြားကုမ္ပဏီများကတော့ နည်းပညာပိုင်းကို ဦးစားပေး၊
လာရောက်ရင်းနှီးရပါတယ်။ ရင်းနှီးတဲ့အခါမှာလည် 4M & 1E ဆိုတဲ့ Manpower
(Human Resource), Material (raw material & spare parts), Management
(Method, Technology) နဲ့ နောက်ဆုံးအဆင့်က Money ဖြစ်ပါတယ်။ အဲဒီ "M"
လေးမျိုးနဲ့ "E" ဆိုတဲ့ Environment (ကာလ၊ဒေသ၊အခြေအနေ) တွေအပေါ်မူတည်ပြီး
ရင်းနှီးမြုတ်နှံရပါတယ်။

ဥပမာ .. Property Market ကိုပဲ ကြည့်ကြမယ်ဆိုရင်၊
ဗီယက်နမ်လူမျိုးတစ်ယောက် ပြည်ပကနေ၊ ဗီယက်နမ်ပြန်လာရင် 5Year PR ပေးပါတယ်။
နိုင်ငံသားနဲ့ အခွင့်အရေးအတူတူပဲ။ မဲပေးခွင့်ပဲ မရှိတာ။ အိမ်မြေ၊
ကုမ္ပဏီထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းများမှာ ဗီယက်နမ်နိုင်ငံသားနဲ့
အခွင့်အရေး အတူတူရပါတယ်။ စင်ကာပူပီအာ ဆိုရင် ကလေးကျောင်းစရိတ်၊
ဆေးကုသစရိတ် ဈေးကြီးတယ်။

ဗီယက်နမ်မှာတော့ ကျောင်းနေစရိတ်၊ ဆေးကုသစရိတ်များ အလွန်ဈေးချိုလို့
ဘယ်နိုင်ငံခြားသားကမှ အစိုးရကျောင်း၊ အစိုးရဆေးရုံကို မသွားကြပါဘူး။
အိမ်ဝယ်မယ်ဆိုရင် စင်ကာပူက ၄သိန်းကျော်တန် ကွန်ဒိုအဆင့် အိပ်ခန်း၂ခန်း
80 sqm အိမ်တစ်ခုကို အမေရိကန်ဒေါ်လာ ၄သောင်းလောက်ပဲပေးရတယ်။ မြိုနဲ့ 20km
လောက်ဝေးတယ်။ မြန်မာပြည်မှာ ကန်ဒေါ်လာ ၂သိန်းလောက် ပေးရတဲ့ အိမ်မျိုးကို
ချက်ခြင်း ဆောက်ပြီးသား၊ အသင့်တက်နေရုံပဲ၊ တခုပဲရှိပါတယ်။ မြန်မာရော၊
ဗီယက်နမ်ပါ လူတွေကို အကြွေးမပေး၊ အရစ်ကျမရောင်းပါဘူး။
ငွေအကြေပေးရှင်းပြီး ၀ယ်ရပါတယ်။ ခရစ်တစ်ကပ်စနစ် ဗီယက်နမ်မှာရှိပေမဲ့
လူထုက မသုံးကြပါ။ နိုင်ငံခြားသားများနဲ့ ဗီယက်နမ်ချမ်းသားသူများပဲ
ခရစ်တက်ကဒ် သုံးကြပါတယ်။ Installment Selling ဆိုတာမရှိသေးပါဘူ။
ဒါကြောင့် ဈေးချိုတဲ့ ဗီယက်နမ်ကို နိုင်ငံခြားကုမ္ပဏီအမြောက်အများ
လာရောက်လုပ်ကိုင်၊ ရင်းနှီးမြုတ်နှံကြပါတယ်။

ဗီယက်နမ်မှာ တိုက်ခန်းနေလူတန်းစား မရှိသလောက်ပါ။ လုံးချင်းအိမ်၊
အိမ်နဲ့မြေ၊ ၂ထပ်၊ ၃ထပ် စသဖြင့် တိုက်အိမ်ကြီးများ ဆောက်လုပ်နေထိုင်သလို၊
ဘက်ထရီမီးသုံးပြီး၊ လျှပ်စစ်ရောင်းစားသူထံက လျှပ်စစ်မီးဝယ်သုံးတဲ့
ရပ်ကွက်၊ မြို့ရွာများစွာရှိပါတယ်။ ဟိုချီမင်းမြို့လည်က အိမ်တစ်လုံး
20x80 feet ၂ထပ်အိမ်တစ်လုံးဆို ကန်ဒေါ်လာ ၂သောင်းတောင် မပေးရပါဘူး။
ကွန်ဒိုလို တိုက်ခန်းတခုကို ဒေါ်လာ၅သောင်းပေးဝယ်တာထက် ၂ဆလောက်လည်း
ဈေးချိုတယ်။ ပြိးတော့ မြို့လည်ခေါင်းဆိုတော့ စီးပွားလုပ်စားလည်းရပါတယ်။
ထုံးစံအတိုင်း မြို့အလည် နိုင်ငံခြားဘဏ်၊ ဟိုတယ်။ ကုမ္ပဏီအကြီးကြီးတွေ၊
ရေနံ၊ ငွေကြေးကုမ္ပဏီများအတွက် Business District မြေတွေကတော့ 1sq m
ဈေးနှုန်းဟာ စင်ကာပူဈေးနှုန်းနီးပါး မြင့်မားလှပါတယ်။

ဒါနဲ့ ဗီယက်နမ်တစ်ခုတည်း အိမ်မြေ၊ဈေးနှုန်း သက်သာလှတာမဟုတ်ပါဘူး။
အရှေ့တောင်အာရှနိုင်ငံများ ဥပမာ၊ မြန်မာအများစုနေထိုင်တဲ့
ထိုင်း၊မလေးရှား မြို့များဖြစ်တဲ့ ကွာလာလမ်ပူ၊ ဂျဟိုး၊ ပီနန်၊ ဘန်ကောက်၊
ချင်းမိုင် မြို့များမှာလည်း ဈေးနှုန်းချိုသာလှပါတယ်။ ဘန်ကောက်နဲ့
ကွာလာလမ်ပူမြို့လယ်ခေါင်မှာတောင် စင်ကာပူ အိမ်ခန်း၃လုံးအကျယ်၊
အိမ်တခုငှားရင် တလ ကန်ဒေါ်လာ၃၀၀ - ၅၀၀ လောက်ပဲဈေးရှိပါတယ်။ မြန်မာပြည်က
ပြုပြင်ပြောင်းလဲခါစဆိုတော့ ၀ိသမလောဘသမားများကြောင့် အိမ်ဈေးတွေ
ကြီးသွားရခြင်းပါ။

လုပ်အားခကတော့ မြန်မာပြည်ထက်စာရင် ပျှမ်းမျှလစာ မြင့်ပါတယ်။ သို့သော်
ရတဲ့ လစာငွေက မိသားစုတခု ကောင်းကောင်းနေနိုင်၊ စားနိုင်၊
ကျောင်းထားနိုင်ပါတယ်။ ကျူရှင်တွေလည်း မရှိ၊ ဟိုး ကျွန်တော်တို့ ၁၉၈၈
မတိုင်မီကလို လူလတ်တန်းစားများအများစု ဖြစ်အောင် ဗီယက်နမ်အစိုးရက
ဖန်တီးထားပါတယ်။ ဆိုင်ကယ်တစ်စီးကို ကန်ဒေါ်လာ ၂၀၀ ကနေ ၁၀၀၀ အတွင်း
အရောင်းအ၀ယ်ဖြစ်ပါတယ်။ ပျှမ်းမျှဆိုင်ကယ်ဈေးနှုန်းဖြစ်ပြီး၊
လူတိုင်းနီးပါး မြိုနေလူတွေ ဆိုင်ကယ်ပိုင်ဆိုင်၊ ခရီးသွားနိုင်ပါတယ်။
ဘတ်စကားစနစ်ကို သိပ်အားမပေးပဲ၊ ဆိုင်ကယ်စနစ်ကို သုံးပါတယ်။
ကောင်းချက်ကတော့ ကုန်ထုတ်လုပ်ငန်းတိုးတက်လာတယ်။ ဆိုးချက်ကတော့ လေထု
အရမ်းညစ်ညမ်းပါတယ်။ မျက်နှာဖုံးစွပ် သွားလာကြရတယ်။ အစိုးရအတွက်တော့
ဓါတ်ဆီရောင်းအမြက်ငွေ အများကြီးရပါတယ်။

မော်တော်ကားတစ်စီးကို ဒေါ်လာ ၄သောင်းကျော်ဆိုတော့
ကွန်ဒိုတိုက်ခန်းတစ်လုံးဈေးဖြစ်နေပါတယ်။ ကားသွင်းခွင့်ကို
အထူးတင်းကြပ်ထားပါတယ်။ လူချမ်းသာများသာ ကားဝယ်စီးနိုင်ပါတယ်။
ဓါတ်ဆီဈေးနှုန်းကလေည်း အမေရိကန်နိုင်ငံထက် ပိုဈေးကြီးနေပါတယ်။
ရေနံ၊ဓါတ်ငွေ ၂ခုပေါင်းရင် မြန်မာပြည်ထက် ၃ဆလောက်ပိုထွက်ပါတယ်။
အဲဒီဝင်ငွေကို တိုင်းပြည်တိုးတက်ရေး Infra Sturcture တွေမှာသုံးတဲ့အတွက်
ကတ္တရာလမ်းမကြီးများကို အပြည့်၊ လမ်းကြိုကြားအထိ ခင်းပေးထားပါတယ်။
ကားလမ်းကြမ်းလို့ ကား၊ ဆိုင်ကယ် ဘီးပွန်းပဲ့ရင်၊ ပြည်သူလူထု
ငွေပိုကုန်မယ်။ ပြည်သူတွေ ငွေပိုကုန်ရင် တိုင်းပြည်နစ်နာမယ် ..ဆိုတဲ့
စိတ်ထား၊ အစိုးရမှာရှိပါတယ်။

နိုင်ငံခြားမှရင်းနှီးမြုတ်နှံသူများ

နောက်ဆုံး အရာရာဈေးချိုနေတဲ့အပြင်၊ နိုင်ငံခြားသားများအတွက် ဖွင့်ထားတဲ့
စားသောက်ဆိုင်၊ ဘားကလပ်၊ ဂေါက်ကလပ်၊ ကုန်တိုက်များလည်း အသင့်ရှိနေပါတယ်။
နိုင်ငံခြားသားများ အတွက် လိုအပ်တာတွေ အကုန်ရနိုင်တယ်။ ဈေးသက်သာချင်ရင်
လိုကယ် ဗီယက်နမ်များလို နေထိုင်စားသောက်၊ နောက်ဆုံး ဗီယက်နမ်အမျိုးသမီး၊
အမျိုးသားနဲ့ အိမ်ထောင်ကျသွားရင် ချက်ချင်းလိုလို ဗီယက်နမ်ပီအာကို
ရနိုင်ပါတယ်။

ရင်းနှီးမြုတ်နှံသူများက မိမိလုပ်ငန်း ၅နှစ် အနည်းဆုံး အာမခံချက်ရဖို့
လိုပါတယ်။ ပြီးတော့ Return Money ဆိုတဲ့ ရင်းနှီးငွေရဲ့
ဘယ်နှစ်ရာနှုန်းပြန်ရမလဲကို ကြည့်ပါတယ်။ လာရောက်လုပ်ကိုရင်း ဗီယက်နမ်
Property များမှာ ရင်းနှီးဖို့အတွက် နည်းလမ်း၃မျိုး တွေ့ရပါတယ်။
ဒီနည်းလမ်းများဟာ မဟာ တရုပ်ပြည်ကြီးက အရင်ကျင့်သုံးခဲ့တာကို
ဗီယက်နမ်များက ကော်ပီလုပ် အသုံးချပါတယ်။ မြန်မာအစိုးရသစ် သမ္မတဦးသိန်းစိန်
အဖွဲ့လည်း ဗီယက်နမ်နဲ့တရုပ်များဆီက ကော်ပီလုပ်ထားပြီးပါပြီ။ လက်တွေ့
အသုံးချဖို့ပဲ လိုပါတော့တယ်။

ရင်းနှီးမြုတ်နှံမှု (၃)မျိုး

၁။ ဗီယက်နမ်းလူမျိုး (ဥပမာ USA Citizen, EU Citizen, Australia citizen
..etc) များကို ဗီယက်နမ်ပီအာ (အမြဲနေထိုင်ခွင့်၊ နိုင်ငံသားကဲ့သို့
အိမ်မြေ၀ယ်ခွင့်ပေးခြင်း)၊

၂။ ဗီယက်နမ်လူမျိုးနှင့်အိမ်ထောင်ပြုပြီး၊ ဗီယက်နမ်နိုင်ငံတွင်
ထာဝရနေထိုင်၊ ရင်းနှီးမြုတ်နှံစေခြင်း

၃။ ကုမ္ပဏီအနေဖြင့် FDI Foreign Direct Investment အဖြစ်
တရားဝင်လာရောက်ပြီး၊ ကုမ္ပဏီနာမည်ဖြင့် အိမ်မြေများကို
ဝယ်ယူရင်းနှီးခြင်း.. တို့ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာပြည်မှာ အိမ်ဈေးနှုန်း၊ အဆမတန်ကြီးနေခြင်းဟာ
ကျသွားဖို့ လမ်းမရှိတော့ပါ။ နောက်၂နှစ်ကြာရင်
မြန်မာပြည်၊ငွေကြေးဖောင်းပွနှုန်းဟာ ဗီယက်နမ်းလိုပဲ ၁၃ရာနှုန်းအထက်
ဖြစ်လာပါတော့မယ်။ ဒါကြောင့် အခု အမေရိကန်တစ်ဒေါ်လာဟာ အခု ကျပ် ၆၀၀
ဈေးပေါက်ပေမဲံ။ နောက်၂နှစ်ကြာရင် ကျပ် ၁၀၀၀လောက် ပြန်ဖြစ်လာပါလိမ့်မယ်။
အဲဒီအချိန်ဆိုရင် စီးပွားရေးသမားများ၊ နိုင်ငံခြားကုမ္ပဏီများလည်း
ပိုအဆင်ပြေလာပါလိမ့်မယ်။

မြန်မာပြည် ပြန်ပြီး စီးပွားလုပ်လိုသူများ၊ အောင်မြင်အဆင်ပြေပါစေ
ဆုတောင်းပါတယ်။ ဈေးကြီးလှသောမြန်မာပြည် ဆောင်းပါးများကို
စိတ်ဝင်စားသူများ ဆက်လက်ဖတ်နိုင်ပါတယ်။

ဇော်အောင်

2 comments:

  1. ရွေးကောက်ပွဲနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၊ အာဏာလွှဲပေးတဲ့အတွက် မတ်၂၀၁၆ အစိုးရသစ်ဖြစ်လာပါတယ်။
    ကံကောင်းပါစေ။

    ReplyDelete
  2. ရွေးကောက်ပွဲနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ၊ အာဏာလွှဲပေးတဲ့အတွက် မတ်၂၀၁၆ အစိုးရသစ်ဖြစ်လာပါတယ်။
    ကံကောင်းပါစေ။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ