၂သိန်းတန် GSM ဖုန်းဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်လျှင် ငါးဆယ်ကျပ်သာ ကျ


၂သိန်းတန်ဖုန်းဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုရာတွင် တစ်မိနစ်လျှင် ငါးဆယ်ကျပ်သာ ကျကြောင်း ၂ သိန်းတန် GSM ဖုန်းအသုံးပြုနေသူများထံမှသိရသည်။ ယခုကဲ့သို့ ၂ သိန်းတန်ဖုန်းဖြင့် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင် foreign call ကို ဖုန်းတွင်တစ်ပါတည်းပါဝင်ခြင်း ၊ တစ်မိနစ်လျှင်ငါးဆယ်သာဖြတ်ခြင်းတို့ကြောင့် နိုင်ငံခြားရောက်မြန်မာများနှင့်ဆက်သွယ်နေသော မိသားစုများမှာအဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။ "ကျွန်တော် ဒီနေ့ စင်ကာပူကသူငယ်ချင်းတစ်ယောက်နဲ့ မလေးရှားကသူငယ်ချင်းတစ်ယောက်ဆီကိုဖုန်းခေါ်ပြီးပြောတယ်ဗျ ။ တစ်မိနစ်ကိုငါးဆယ်ပဲကျတာတွေ့ရတယ်။ Service ပိုင်းတွေပြင်ဆင်နေချိန်မို့လားတော့မသိဘူးဗျ ။ ဘာပဲပြောပြော အခုလို ကိုယ်ပိုင်ဖုန်းကနေဈေးသက်သက်သာသာနဲ့ နိုင်ငံခြားကမိတ်ဆွေတွေကို ဖုန်းခေါ်ဆိုနိုင်တာ ကျေနပ်မိပါတယ်" ဟု မြင်းခြံမြို့ မှ ၂ သိန်းတန် GSM ဖုန်းအသုံးပြုသူတစ်ဦးက မြန်မာ Mobile Application Store သို့ပြောကြားသည်။

Ref :http://www.myanmarmobileapp.com/?p=10570

1 comment:

  1. မင်းသိပ်ပြီဝမ်းသာမနေနဲ့အုန်းကွမြန်မာ
    ပြည်မှာဖုန်းပြောဆိုခတာတောင်းတာ
    ဖုန်းလိုင်းပျက်ရင်ဘယ်သူပြောရမှန်း
    မသိဘူးဖြစ်နေတာမင်းမကြုံသေး
    လို့ပါကွာ။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ