GSM ဖုန်းအသုံးပြုသူများအတွက် တန်ဖိုးနည်း Touch Screen ဖုန်းများအား အထူးအစီအစဉ် ပြုလုပ်ရောင်းချပေးမည်

GSM ဖုန်းအသုံးပြုသူများအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် နည်းပညာမြင့်ဟန်းဆက်များအား အသုံးပြုနိုင်စေရန်အတွက် တန်ဖိုးနည်းနည်းပညာဖုန်းများအား အထူးအစီအစဉ် ပြုလုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖုန်းမှာ Vodafone 858 Smart အမျိုးအစားဖြစ်ပြီး Touch Screen ဖုန်းအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။

ဖုန်း၏ Screen အရွယ်အစားမှာ ၂.၈ လက်မရှိပြီး ဖုန်းတွင်းမှတ်ဥာဏ်စနစ်၊ အင်တာနက်စနစ်များ၊ ကင်မရာစနစ်များလည်း

ပါဝင်ကြောင်း သိရသည်။ Android OS စနစ်သုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး CPU မှာလည်း 528 MHz ARM 11 CPU ကို

အသုံးပြုပေးထားသော ဖုန်းဖြစ်ကြောင်းသိရသည်။ ဖုန်း၏ ပုံစံဒီဇိုင်းမှာလည်း လှပသည့်အပြင် အရွယ်အစားနှင့်

အသုံးပြုနိုင်မှုပုံစံများမှာလည်း ကောင်းမွန်ကြောင်းသိရသည်။ ဈေးနှုန်းအားဖြင့် ကျပ် ၇၀,၀၀၀ ၀န်းကျင်ဖြင့် ရောင်းချပေး

သွားမည်ဖြစ်ပြီး Micro SD Card 2GB နှင့်ဆော့ဖ်ဝဲ၀န်ဆောင်မှု ဆားဗစ်များကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း

သိရသည်။ အဆိုပါဖုန်းတွင် WiFi စနစ်ပါဝင်သောကြောင့် ၀ါယာလက်အင်တာနက်စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည့်အပြင်

GSM 3G အင်တာနက်စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းများအား My Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ

 ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်း ၀၉၄၃၀၂၀၄၃၀ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref : http://www.myanmarinternetjournal.com/mobile/mobile-news/4731-gsm-touch-screen-

1 comment:

  1. ၀န်ဆောင်မှုအပြည့်အ၀ပေးတဲ့ဆိုင်ဆိုတာ
    မြန်မာပြည်မှာမကြားဘူးသေးလို့ပါ
    ပြောပြပါအုန်းခင်ဗျာ

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ