မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း(ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် အဖွဲ့ဝင်များဖြစ်သော ဦးဇော်မင်း(ပြည်ထောင်စုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန)၊ ဦးလှထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထား၍ မည်သည့်အချိန်တွင် ပြန်လည်စတင်လုပ်ဆောင်ရမည်ကို မသိရှိရသောကြောင့် ထိုသို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီတို့ MOU ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် လုပ်ငန်း စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

1 comment:

  1. ကျေးဇူးပါ၊ယုံတော့မယုံကြည်ပါဘူးခင်ဗျာတို့က
    မြန်မာဝေါ၀ါသတစ်အားကြွယ်ဝတဲ့သူတွေ
    ဆိုတော့ယုံကြည်မှုမရှိတာမဆန်းပါဘူးခင်ဗျာ။
    ပြည်သူတွေကစောင့်ကြည့်နေမှာပါ။

    ReplyDelete

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ