မြန်မာတိုင်းရင်းသားတွေဒုက္ခရောက်ရင်
ရှေ့ကမားမားမတ်မတ်ရပ်ပြီးအကာအကွယ်ပေးနိုင်တာ သံဃာတော်တွေပဲရှိတယ်။
ဒါကြောင့် ဒီခေတ်မှာ သံဃာတော်တွေကိုသာ ယုံကြည်ပါလို့ပြောတာပါ
================================
ရှေ့ကမားမားမတ်မတ်ရပ်ပြီးအကာအကွယ်ပေးနိုင်တာ သံဃာတော်တွေပဲရှိတယ်။
ဒါကြောင့် ဒီခေတ်မှာ သံဃာတော်တွေကိုသာ ယုံကြည်ပါလို့ပြောတာပါ
================================
မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့် မြန်မာများအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိပြီး သီတဂူ အထောက်အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
"သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။ လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန်ကျစရိတ်က လေယာဉ်ခမပါ ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်" ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။
သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံး အခေါက်အဖြစ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
" အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ်။ သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။ " ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။
စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမှော်ဆရာလေး (ခ) နန်းညွန့်ဦး

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ