မြန်မာပြည်က သူတောင်းစား...လုံးဝ ခွက်မဆွဲပါ...

မလေးရှားမှာ မြန်မာတွေဒုက္ခရောက်နေလို့  မြန်မာအစိုးရအပါအ၀င် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အခမဲ့လေယျာဉ်တွေစီစဉ်ပေးသလို လမ်းစရိတ်တောင်ပေးနေတာကိုတွေ့ ရတယ်။ အရမ်းကောင်းတဲ့ လုပ်ရပ်ပါ။ မလေးရှားနိုင်ငံရဲ့ လ၀ကမှာ တုံးထုဖို့ ငွေပေးရတာကို နားလည်ပေးလို့ ရပေမဲ့၊ ရန်ကုန်လေဆိပ်က လ၀ကမှာ တုံးထုဖို့ အတွက် ငွေပေးရတာကတော့ အတော့်ကိုမိုက်ရိုင်းတဲ့လုပ်ရပ်တစ်ခုပါ။ အစိုးရက ဥပဒေနဲ့ လုပ်ထားတာမဟုတ်ပါဘူး။

ကျုပ်...မလေးရှားမှာ Over Stay ငါးနှစ်နေပြီး၊ 6P ရဲ့  ကျေးဇူးကြောင့် စာအုပ်ပြန်လုပ်ရတယ်။ သူဌေးရဲ့ ဂရုဏာကြောင့် ပါမစ်ကပ်ပြီး ပြည်တော်ကို အလည်ပြန်ခွင့်ရတယ်။
မလေး လေယဉ်ပေါ်တက်ဖို့ ၆-ခါလောက်စစ်တယ်။ မှန်နေရင် ဆိုင်ရာတုံးထုပေးတယ်။ ဘာစကားမပြောရဘူး။ပြည်တော်အဝင်မှာစတွေ့တာပဲ။

လေယဉ်တစ်စင်းလုံးပါလာတာရွှေတွေ။ နိုင်ငံခြားသားပါမှ ၁၀-ဦး။ အဲဒါကိုတွက်ကြည့်။
စာအုပ်ကို လက်ထဲကိုင်ထားပြီး သူကြီးသေနတ် မိုးပေါ်ထောင်တော့တာပဲ။
တောင်းတာလား။ အနုကြမ်းစီးတာလား။စာအုပ်သက်တမ်းတိုး ၅၀။ 6P ဆိုရင် ၁၀၀ တဲ့။
ကဲ..လေယျာဉ်တစ်စီးလုံးဆိုရင် ဘယ်လောက်ရမလဲ၊ တွက်သာကြည့်ဗျာ။

ပုခုံးပေါ်မှာ အပွင့်တပ်ပြီး အဝင်တုန်းထုနေတဲ့ ခွေးသူတောင်းစားတွေပေါ့ဗျာ။

ပေါ်တင်ပဲ။ စောက်ခွက်က ကျောက်ကျောရည် ပက်ပြီးတာင်းတာ။ ဒါကိုတွေ့ တော့
နိုင်ငံခြားသားတွေက ပြုံးစိပြုံးစိနဲ့ဗျာ။ ရှက်စရာကောင်းတာလွန်ရော။

ကျူပ်ကမပေးဘူးဆိုတော့ တုံးထုမပေးဘူး။
ဘေးမှာထိုင်နေတဲ့။သူပြောတော့ ထိုင်တယ်ပေါ့ဗျာ။အကုန်ရှင်းသွားမှဖြူးတော့တာပဲ။

အတော်မိုက်ရိုင်းတဲ့ကောင်တွေဗျာ။ အစိုးရကတော့ ကိုယ့်နိုင်ငံသားတွေနိုင်ငံခြားမှာ ဒုက္ခရောက်နေလို့ ကူညီပေးတာကို အခွင့်ကောင်းယူပြီး သူတောင်းစားထက်ဆိုးတဲ့ လေဆိပ်က လ၀ကတွေကို အစိုးရက အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။

ကိုဝင်းချမ်း (မလေးရှား)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ