မြန်မာနိုင်ငံသားများနှင့် ပတ်သတ်ပြီး ဆိုးရွားသော သတင်းပေါင်းစုံ ကြားနေ မြင်နေရသော်လည်း မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးကတော့ မည်ကဲ့သိုမျှ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ....ပိုက်ဆံကိုသာ နည်းလမ်းပေါင်းစုံနှင့် တောင်းခံနေသည်ကို ကြားသိနေရပါသည်။
အခွန်အခပေါင်းစုံ ပေးဆောင်ထားရသော်လည်း အမှန်တစ်ကယ် အခက်အခဲကြုံတွေ့လာလျှင် မည်ကဲ့သို့မှ ကာကွယ်မပေးနိုင်သည်ကို မြင် သိနေရသည်မှာ အလွန်ပင် ၀မ်းနည်းစရာ ကောင်းလွန်းလှပါသည်။
ထိုကဲ့သို့ မြန်မာ မစစ်သော...မြန်မာ မချစ်သော စစ်သံမှုးများ...သံရုံးတာဝန်ခံများနှင့် သံရုံးဝန်ထမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်တစ်ဦး ပြောင်းခန့်ပေးယုံမျှဖြင့် မည်ကဲ့သို့မှ ကာကွယ်ပေးနိုင်မည်ဟု ထင်မြင်ယူဆမပေးနိုင်ပါ...။
ပြည်တော်ပြန်မည့် မြန်မာနိုင်ငံသားများကိုပင် ပြည်တော်ပြန်ရေး လွယ်ကူအောင် မဆောင်ရွက်ပေးနိုင်တာကိုလည်း ၀မ်းနည်းစဖွယ် ကြားသိရပြန်ပါသည်။ ကိုယ့်ပြည်သူ ပြည်သားများကို ကိုယ်ကပင် ကာကွယ်မပေးနိုင်သော သံအမတ်ကြီးများ...သံရုံးတာဝန်ခံများ...စစ်သံမှူးများ...အမြန်ဆုံး ရာထူးတာဝန်မှ အနားယူသွားရေးကို မလေးရှားနိုင်ငံရောက် မြန်မာများမှ အလိုရှိနေသည်ကို သိရှိရပါကြောင်း....
ကြားသိနေရပါသောကြောင့်.....မလေးနိုင်ငံရောက် မြန်မာများ အမြန်ဆုံးကံကောင်းပါစေဟုသာ ဆုတောင်းနေရပါသည်..။
မလေးရှားနိုင်ငံရောက်...မြန်မာနိုင်ငံသားများ အားလုံး....ကံကောင်းကြပါစေ.....
ရန်နိုင်
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ