အင်းစိန်သံဃာ့ညီလာခံမှာ သံဃာတော်တို့ တညီတညွတ်တည်း ရပ်တည်


အင်းစိန်သံဃာ့ညီလာခံမှာ သံဃာတော်တို့ တညီတညွတ်တည်း ရပ်တည်

အရှင်ဥာဏိဿရက အမျိုး၊ ဘာသာ၊ သာသနာနှင့် ညီညွတ်ရေး တရားဟော


        ယမန်နေ့က ကျင်းပသည့် အင်းစိန်သံဃာ့ညီလာခံတွင် အဖျက်အမှောင့်များကို သတိဖြင့် ဆင်ခြင်သိရန်၊ အရှင်ဝီရသူနှင့်တကွ သံဃာတော်တို့က သီးခံကြရန်၊ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လုပ်ငန်းကို စနစ်တကျ ပြင်ဆင်တည်ဆောက်ကြရန်၊ ကမ္ဘာအပေါ်ကိုလည်း အမြင်ကျယ်ကျယ်ဖြင့် စောင့်ကြည့်ရန်၊ အားလုံးညီညွတ်ကြရန် စသည်ဖြင့် သြ၀ါဒမိန့်ကြားသွားသည်။
မြန်မာသံဃာတော်တို့သည် အချို့သောမီဒီယာများ၊ ပြင်ပအဖွဲ့အစည်းများနှင့် အချို့သောအင်အားစုတို့၏ ဝေဖန် ပြစ်တင်မှုများ၊ ကန့်ကွက်မှုများကို သံဃာ့ညီလာခံတွင် တစုတစည်းတည်း မကွဲမပြားဘဲ အတူတကွ ရင်ဆိုင်သွားသည်ကို တွေ့ရသည်။

မိုးမခရုပ်သံကောက်နုတ်ချက်၊ ဇွန် ၂၈၊ ၂၀၁၃ (MJ – Myanmar Jornal Facebook က ယူပါတယ်)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ