သို့ ဖုန်းဝင် လာပါသည်။ မှော်ဝင်မြို့ (www.mawcity.com) တွင်တင်ထားသော
Massage တစ်စောင် ၁၂၅ ကျပ် ကျရသော အကြောင်းရင်းကို ရှင်းပြလာပါသည်။
အကြောင်းရင်းမှာ Massage ပို့ရာ တွင် မြန်မာစာ လုံးသုံးစွဲရာတွင် အလုံးရေ
(၆၀)ကိုသာ လက်ခံထားကြောင်းနှင့် ပို့ပေးလိုက်သော Massage မှာ
စာလုံးရေးများပြားသည့် အတွက် ခွဲ၍ပေးပို့ရပြီး ကျသင့်ငွေမှာလည်း ၁၂၅ကျပ်
ကျသင့်သွားရပါကြောင်း ရှင်းလင်းပြောကြားလာပါသည်။
မြန်မာစာဖြင့်ပေးပို့ရာတွင် (…) ချရေးသည်ပဲဖြစ်စေ.. Spacebar
ရိုက်ရေးသည်ပဲဖြစ်စေ အားလုံး တွက်ချက်ယူ ပါကြောင်းကိုလည်း
ပြောကြားလာပါသည်။ ထို့ကြောင့် ယခု Post ကိုဖတ်ရှုနေသူ
မိတ်ဆွေများအနေဖြင့်Massageများပို့ရာတွင်စာလုံးရေ(၆၀)ပိုပါက
မြန်မာဖောင့်ဖြစ်စေ..အင်္ဂလိပ်ဖောင့် ဖြစ်စေ ခွဲပို့ခံရမည်ဖြစ်ပြီး
၂၅ကျပ်ထက်ပိုမိုကျသင့်မည် ဖြစ်ကြောင်းပြောကြားလိုပါတယ်..။
အဆိုပါအကြောင်းရင်းကိုဆက်သွယ်ပြောကြားလာသည့်MPTကိုလည်း
ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါသည်။
ပွင့်လင်းမြင်သာသောစနစ်တစ်ခုကို ရောက်လာပြီဖြစ်ကြောင်းနှင့်
မြန်မာ့ဆက်သွယ်ရေး ကလည်း အမှန်တစ်ကယ် အလုပ်လုပ်နေကြောင်းသိလာရပါသည်။
ထို့ပြင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်
သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ် ၈၃/၂၀၁၂ ဖြင့်
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန (Ministry of
Communications,Posts and Telegraphs) အမည်အား ၂၀၁၂ခုနှစ် ၊ နိုဝင်ဘာလ ၁၀
ရက် ၊စနေနေ့ မှစတင်ပြီး ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
(Ministry of Communications and Information Technology) ဟုပြောင်းလဲ
သတ်မှတ်ထားကြောင်း တင်ပြလိုက်ရပါသည်။
နန်းညွန့်ဦး
www.mawcity.com
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ