i Pad 4 ကို အောက်တိုဘာလ ၂၃ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါ တယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကနေ စတင် ဖြန့်ချိမယ်လို့ ဆိုထားပါတယ်။ ယင်းကြေညာမှုကြောင့် ယခင် ထုတ်နေတဲ့ The new iPad ကို အောက်တိုဘာ ၂၃ မှာ ထုတ်လုပ်မှု ရပ်တန့်ခဲ့ ပါတယ်။
iPad 4 ထွက်ရှိမှုနဲ့ အတူ သတင်းကောင်း တစ်ခုပါပါတယ်။ ဒါကတော့ i Pad 3 တုန်းကနဲ့ ဈေးနှုန်းအတူတူပဲ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒါကြောင့် i Pad 4 ဟာ ဈေးနှုန်းမပြောင်း လဲတဲ့ i Pad 3 ပြီးထွက်တဲ့ မျိုးဆက် ဖြစ်ပါ တယ်။ Introductory price မှာ အမေရိကန်ဒေါ်လာ ၄၉၉ ဖြစ်တယ်လို့ ဆိုပါတယ်။ GB များရင်များတဲ့ အလိုက်တော့ ဈေးနှန်းကြီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် စရောက်ရောက် ချိန် လေးသိန်းခွဲ၊ ငါးသိန်းဝန်း ကျင်တောင် အနည်းဆုံး ပေါက်ဈေး ရှိနိုင်ပါတယ်။ iPad 4 မှာ ပါဝင်မယ့် Specification အနည်းငယ်ကို Apple က ယခုလို ကြေညာထားပါတယ်။
Operating System
iOS 6.0 ကို အသုံးပြုမှာ ဖြစ်ပါတယ်။ iPhone 5 နဲ့အတူ အသစ်မိတ်ဆက်ထားတဲ့ OS ဖြစ်ပြီး တစ်နှစ်အတွင်းတော့ Up-to-date ဖြစ်နေအုံးမယ့် OS ဖြစ်ပါတယ်။
ဘက်ထရီ
Built-in rechargeable Li-Po ဘက်ထရီ ဖြစ်ပါတယ်။ 42.5 W·h (153 kJ) ပါဝါရှိပြီး ၁၀ နာရီအသုံးခံပါတယ်။ ဒါကြောင့် ပါဝါက ယခင် The new iPad နဲ့ သိပ်ကွာခြားမှု မရှိပါဘူး။
Processor
Apple quad-core A6X ကိုအသုံးပြုထားပါတယ်။ dual-core ARM Cortex-A9 ထက်စာရင် အများကြီး တိုးတက်လာတယ်လို့ ဆိုပါတယ်။
Display
၉.၇ လက်မ အရွယ် Display ဖြစ်ပြီး the new iPad တုန်းကနဲ့ အတူတူပဲ ဖြစ်ပါတယ်။ color IPS LCD display ဖြစ်ပြီး resolution 2,048 × 1,536 px ရှိပါတယ်။ the new iPad တုန်းကနဲ့လည်း အားလုံး တူနေပြီး iPad 4 မှာ ထူးခြားသွားတာက Fingerprint-resistant oleophobic coating သုတ်ထားတာ တစ်ခုပဲ ဖြစ်ပါတယ်။
ကင်မရာ
နောက်ကျော 5 megapixel ရှိပြီး iSight with Five Element Lens, Hybrid IR filter,Video stabilisation, Face detection, ƒ/2.4 aperture ဆိုပြီး app စုံစုံလင်လင် ပါရှိလာပါတယ်။ ရှေ့ ဘက်မှာတော့ HD ဗားရှင်း 1.2 megapixel ကင်မရာ ဖြစ်ပါတယ်။
Connectivity
Wi-Fi , Blutetooth 4.0 ရပါတယ်။ jailbreak လုပ် ဆော့ဖ်ဝဲသွင်း ဖုန်းပြောလိုသူများအတွက်လည်း ဆင်းကဒ်များ ထည့်သွင်းအသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါသေးတယ်။
GSM - LTE,- 700, 2,100, MHzUMTS / HSDPA, 850, 1,900, 2,100 MHz , GSM / EDGE,850, 900, 1,800, 1,900 MHz
CDMA- CDMA/EV-DO Rev. A- 800, 1,900 MHz, LTE-700 MHz -800, 1,900 MHz- UMTS / HSDPA/HSPA+/DC-HSDPA- 850, 900, 1,900, 2,100 MHz
အရွယ်အစားနှင့် အလေးချိန်
၂၄၁ မီလီမီတာ အရှည်၊ ၁၈၅.၇ မီလီမီတာ အကျယ်၊ ၉.၄ မီလီမီတာ အထူ ရှိပြီး ယခင် the new iPad ထက်ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပါဘူး။ ပိုပါးသါာမယ်လို့ ထင်ကြပေမယ့် ၉.၄ မီလီမီတာပဲ ဖြစ်ပါတယ်။ ဝိတ်က ပိုတောင်လေးသွားပါတယ်။ Wi-Fi ဗားရှင်းမှာ ၂ ဂရမ်ပိုသွားပြီး ၆၅၂ ဂရမ်လေးပါတယ်။ Wi Fi+ ဆယ်လူလာ ဗားရှင်းမှာလည်း ၂ ဂရမ်ပိုပြီး ၆၆၂ ဂရမ်လေးပါတယ်။
နိုင်ဝင်ဘာလ ၂ ရက်နေ့က စလို့ ကမ္ဘာတစ်ဝှမ်းဖြန့်ချိမယ်လို့ Apple က ကြေညာ ထားပါတယ်။ ဒါကြောင့် မြန်မာပြည်ဈေးကွက်ကိုလည်း မကြာမီ ရောက်ရှိတော့မယ့် Apple ထုတ် ကျောက်သင်ပုန်း ကွန်ပျူတာ ဖြစ်ပါတယ်။
----
Ref:apple
Aung Kham (TSJ team)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ