ဲဗြဟ္မာဦးခေါင်း (မိုးမခပေးစာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃)
မူလတန်းလွန်ကျောင်းရှိ ပညာရေးဝန်ထမ်းများသည် အချိန်ပိုကြေး ဟုဆိုကာ လစဉ်
ငါးထောင်ကျပ်မှ တစ်သောင်းကျပ်အထိ
တောင်းယူလျက်ရှိသည်။ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ဆောက်ထားသော
နိုင်ငံတော်ပိုင်အဆောက်အဦးဖြစ်သော ကျောင်းကို
အလွဲသုံးစားပြုလုပ်လျက်ရှိသည်။ ပြင်ပတွင်လဲ
ကျူရှင်များသင်ကြားလျက်ရှိသည်။

ထို့ပြင် စာမေးပွဲချခြင်း၊အမှန်တကယ်ရရှိသော အဆင့်ထက်ချခြင်း
စသည့်နည်းလမ်းများဖြင့် အချိန်ပိုနှင့်ကျူရှင်မတက်ရောက်နိုင်သော
ဆင်းရဲနွမ်းပါးသော ကျောင်းသားများနှင့်မိဘပြည်သူများကို
ပညာအမျိုးမျိုးပြပြီး နှိပ်စက်ကလူ ပြုလျက်ရှိသည်။

အထက်ပါ ပညာရေးဝန်ထမ်းများ၏အကျင့်ပျက်ခြစားမှူများကိုဖော်ထုတ်ရန်
နိုင်ငံ့ဝန်ထမ်းတဦးဖြစ်သူ ဦးလှမင်းသည် ရန်ကုန်တိုင်းဒေသ ကြီး
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမက (၃) မူလတန်းလွန်ကျောင်းမှ
ပညာရေးဝန်ထမ်းများ ကျောင်းပြင်ပ ကျောင်းချိန်ပြင်ပတွင်
ကျူရှင်သင်ကြားနေချိန် နိုဝင်ဘာလ ၁၂ ရက် ၂၀၁၂ ညနေ ၄ နာရီတွင် မှတ်တမ်း
ဓါတ်ပုံများရယူခဲ့သည်။ ထိုသို့ မှတ်တမ်းဓါတ်ပုံများရယူခြင်းကို
တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့်တိုင်ကြားခံခဲ့ရသည်။ ထိုသို့
တိုင်ကြားခြင်းကို ရဲတပ်ဖွဲ့သည် လုံလောက်သောစုံစမ်းမှုများမပြုဘဲ ဦးလှ
မင်းကို နိဝင်ဘာလ ၁၄ ရက် ၂၀၁၂ တွင် မတရား ဖမ်းဆီးချုပ်နှောင်ခဲ့သည်။

ပညာရေးဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှူများကို ဖော်ထုတ်ရန်ကြိုးစားမိသော
နိုင်ငံ့ဝန်ထမ်းတဦးဖြစ်သူ ဦးလှမင်းသည် နိုင်ငံတော် တာဝန်များကို
ထမ်းဆောင်နိုင်ခြင်းမရှိဘဲ တရားရင်ဆိုင်နေရပါသည်။

နိုင်ငံတော် သမ္မတ ထံတိုင်ကြားထားသော တိုင်စာကို ပူးတွဲဖော်ပြအပ်ပါသည်။
ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အနိုင်ကျင့်
စော်ကားခြင်းကိုခံနေရသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို
လူကြီးမင်းတို့မီဒီယာမှ လာရောက်အင်တာဗျူးမည်ဆိုပါက အတိုင်းမသိ
ဝမ်းမြောက်ကြမည်ဖြစ်ပါသည်။

လူကြီးမင်းတို့မီဒီယာမှ လာရောက်အင်တာဗျူးပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်

အကျင့်ပျက် ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏
အနိုင်ကျင့်စော်ကားခြင်းကိုခံနေရသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ
ကျောင်းသားမိဘများ၊

ဆက်သွယ်ရန် – ဖုန်း 09 49 341 690 (ဦးလှမင်း)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ