ဆုတ်ကိုင်ခြင်းနှင့် ဖွင့်ဟထားခြင်းသင်္ကေတ ဆောင်းပါးရှင် = မောင်မျက်လုံး

ရခိုင်အရေးကဒီအချိန်မှာသိပ်အရေးကြီးနေတဲ့ အနေအထားကို ရောက်နေပြီဆိုတာ
ကျွန်တော်တို့ မဲ့ ထားလို့မရနိုင်တော့ပါဘူး။
ဒီအထဲ ကျွန်တော်တို့တွေဟ
ာ သူများအကွက်ဆင် တဲ့ နေရာကိုလိုက်ပြီးရွှေ့နေကြတယ်လို့မြင်တယ်။ ကျွန်တော်
တို့မှာလည်း ကိုယ်ပိုင်ကစားကွက်တွေလိုလာပြီ။ ပုံသေ တွက်ချက်ထားခြင်း
နည်းလမ်းဟောင်းထဲက ကျွန်တော် တို့ ရုန်းထွက်ပြီး
ကျားကွက်သစ်ဆင်ဖို့လိုတယ်။
ဆုတ်ကိုင်ထားခြင်းနဲ့ ဖွင့်ဟထားခြင်းသီအိုရီတွေ ထဲ မှာ
ရွေးချယ်မှုကောင်းဖို့လိုအပ်ပါတယ်။ ရခိုင်အရေးဟာ
မြန်မာနိုင်ငံအရေးဖြစ်တယ်။ မြန်မာနိုင်ငံသားတိုင်းစဉ်းစား ရမယ်။
ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောလို့မရနိုင်ဘူး။ သတင်း ဂျာနယ်တွေထဲမှာ ဖတ်နေရ၊
တွေ့နေရတဲ့ မသိဆရာကြီး တွေအကြောင်းကို လက်ဆုတ်ကိုင်ထားမှာလား၊ လွတ်ချ
ထားပြီး လွတ်လပ်စွာတွေးမလားဆိုတာလည်း ထည့်စဉ်း စားရမယ်။
တာဝေးအပြေးသမားတစ်ယောက်ဟာ ရှေ့ကိုရောက် အောင်ပြေးမှာလား၊ ဒါမှ
မဟုတ်နောက်ဆုံးမှာကျန်ခဲ့သူကို နောက်ပြန်လှည့် လက်တွဲခေါ်မလား
သေချာစဉ်းစားဖို့ တော့လိုမယ်။ အရေးကြီးမှုတွေနဲ့ အရာရောက်မှုတွေထဲ မှာ
ဘယ်ဟာကို ဦးစားပေးဖို့လိုသလဲဆိုတာကို ထည့် တွက် ဖို့လိုပါတယ်။
အားလုံးက ၀ီစီမှုတ်ချင်လို့မရဘူး။ ဒိုင်လုပ်ချင်လို့မရ ဘူး။
ဘောလုံးကစားရင်တောင်မှ ဒိုင်လူကြီးလုပ်ချင်ရင် ကစားသမားရှိဖို့လိုတယ်။
ကစားသမားဘယ်သူဖြစ်သင့် သလဲ။ ဒိုင်လူကြီးဘယ်သူဖြစ်သင့်သလဲဆိုတာ မစဉ်းစား
လို့မရတော့တဲ့အနေအထားကို ရောက်နေပြီလို့ပြောချင် တယ်။
ဝါဒဖြန့်မှုမဟုတ်တဲ့ ၀ါဒဇွဲတွေကို ဆုတ်ကိုင်ထားမှု ထက် ခံစားချက်မပါတဲ့
တွေးခေါ်မှုတွေကိုလည်း လွပ်လပ် ပွင့်လင်းစွာ တွေးခေါ်၊
ဆွဲခေါ်သွားရမယ့်အချိန်လို့မြင် တယ်။
ကိုယ်သိတားလေးတွေကို စုပြီးသူများသိတာလေး တွေနဲ့ ပေါင်းစပ်ဖို့လိုမယ်။
ကိုယ်ဘဲသိတယ်၊တတ်တယ် ဆိုနေရင် ကိုယ်ကသူများဆီကနေ ဘာမှရမှာမဟုတ် တော့ဘူး။
သူများကိုပြန်ပေးနိုင်ရဲသလို ကိုယ်ကလည်း လက်ခံသင့်တာကို
သူများဆီကပြန်ယူရမယ်။ ကျွန်တော် တို့ ဒီအချိန်မှာ
လူတတ်ကြီးလုပ်နေမယ့်အစား အကောင်း
ဆုံးဖြစ်အောင်လုပ်နိုင်ဖို့တော့လိုလာပါပြီ။
ကျွန်တော်တို့မှာ မူရှိသလား၊လမ်းကြောင်းရှိသလား။ သူများခင်းတဲ့ လမ်းမှာ
ကျွန်တော်တို့လျှောက်နေကြမယ် ဆိုရင် ဘယ်လောက်နောက်ကျသွားမလဲ
စဉ်းစားဖို့လို မယ်။ ရေစီးနဲ့မျှောပြီးလိုက်တာထက် ရေဆန်ကိုလှော်ဖို့
လိုအပ်ရင်လည်း အာခံအန်တုပြီးလှော်ခတ်ရမယ်။
ဒါပေမယ့် ကမ်းမရောက်ခင် တက်မြှောက်နေမယ်ဆို ရင်
ကျွန်တော်တို့ကြိုးစားသမျှဟာ အလကားဖြစ်သွား မယ်။ အမြန်လို
လမ်းအိုကိုလိုက်ဆိုပေမယ့် ကျွန်တော်တို့ လမ်းဟောင်းထဲမှာ အမြဲ
တ၀ဲလည်လည်ဖြစ်နေလို့ မရ တော့ဘူး။ လမ်းသစ်လည်းရှာသင့်ရင် ရှာရမယ်။ အခြေအ
နေအရပ် ရပ်ကို ကျွန်တော်တို့ ထည့်တွက်စဉ်းစားရမယ်။
၂၀၁၅ ရွေးကောက်ပွဲ ရခိုင်မှာ ရှိဦးမှာလား။ မရှိနိုင် ဘူးလို့ လည်း
ဘယ်သူမှ အာမ မခံနိုင်သလို ရှိရမယ်လို့ လည်း ပြောဖို့ စောနေလိမ့်မယ်လို့
မြင်တယ်။ ထည့်တွက် စဉ်းစားရမယ့်အပိုင်းမှာ ဒါတွေလည်းပါရမယ်။
ကျွန်တော်တို့ ဒီအချိန်မှာ နိဗ္ဗာန်ရောက်ကြောင်းတရား တွေချည်းပဲ
အမြဲနာနေလို့ရပါ့မလား။ '' ဇောအဟုတ်လား ရာမှောက်တဲ့အခါ
တရားခွေကယ်နိုင်ပါ့မလား'' ဆိုတဲ့ က ဗျာထဲကအတိုင်း ကျွန်တော်တို့
နေရာတကာမှာတရားပြ နေရင်လည်း ပစ္စည်းဆိုတာက မျက်လုံးမပါ၊ တရားမရှိဘူး
ဆိုတာကို မေ့မပစ်ဖို့လိုပါတယ်။
ခေတ်ကာလ အချိန်အခြေအနေကို ထည့်တွက်ဖို့လို အပ်တယ်။ အမြဲတမ်း
ကိန်းသေသတ်မှတ်ထားဖို့ လိုအပ် တာထက် မီးစင်ကြည့်ကရတဲ့ ဇာတ်သမားတွေကိုလည်း
အတုယူဖို့လိုရင် ယူရမယ်။
ဆုတ်ကိုင်ထားခြင်း သင်္ကေတက သေနေတယ်။ ဖွင့် ဟထားခြင်းသင်္ကေတက သေချင်သေမယ်၊
ရှင်ချင် ရှင် မယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ကံကိုအပြစ်ပုံချပြီး ရေ
စီးထဲမျောနေမယ်ဆိုရင် ရေဆန်ကိုလှော်ဖို့ မေ့နေလိမ့် မယ်။ ဒါဆို
ကိုယ်မရောက်ချင်တဲ့နေရကို ရောက်သွားမှာ သေချာတယ်။
အခုထိကြည့်လေ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေဘက်က ကျားကွက်ရွှေ့တာ
ဘာရှိသလဲ။ စစ်တုရင် ကစားကွက်ပေါ်က ကစားကွက်တွေ နေရာလွဲနေသလို မြင်နေရတယ်။
တန်ပြန်တိုက်စစ်၊ ခံစစ်၊ နောက်ဆုတ်တဲ့ စစ်ဆင်ရေး ပုံစံတွေကို သုံးသင့်က
သုံးရမယ်။ အခုက စစ် တုရင် ကစားပွဲမှာ ကိုယ့်ဘက်ကချည်း သူများဆင်တဲ့
အကွက်ကို ဖြေဖို့ ကြိုးစားနေကြရတယ်လို့ ကျွန်တော်မြင် တယ်။
ဘင်္ဂလီတွေရဲ့ ကျားကွက်ရွှေ့မှုဟာ ပရိယာယ်များ နေတယ်။ ပညာပါတယ်။ ညင်သာတယ်။
ဒါဆိုတော့ အ ခြားတစ်ဘက်ကလည်း နည်းပရိယာယ်တွေ သုံးဖို့လိုမယ်။ နောက်ကွယ်က
ကြိုးကိုင်သူတွေကို ဘယ်လောက်ထိ ဖော်ထုတ်နိုင်ပြီလဲဆိုတာ ဖော်ထုတ်နေရမယ်။
လှစ်ပြနေ ရမယ်။ အပြောနဲ့ ပြီးသွားရင် ကျွန်တော်တို့ ဘက်ကနစ် နာတယ်။
အခုထိ ကြိုးကိုင်သူ တစ်ဦးတစ်ယောက်မှ မဖမ်းနိုင် သေးတာကို ကြည့်ရင်
ကိုင်တွယ်မှုသီအိုရီ တိမ်းစောင်းနေ တာကိုတွေ့ရမယ်။ မြောက်ဦးက အဖမ်းခံရတဲ့
ရခိုင်တစ် ချို့ကို အတင်းစစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ သ တင်း
တွေထွက်ပေါ်နေတယ်။ ကြိုးကိုင်သူဘယ်သူလဲ ဆို တာကို အမေးခံရတာ
ရခိုင်သားဖြစ်နေတယ် ဆိုတာကို ထည့်တွက် စဉ်းစားမိဖို့ လိုပါတယ်။
သမိုင်းကြောင်း တစ်လျှောက်ကို လေ့လာကြည့်ရင် ဘင်္ဂလီတွေဟာ အယင်ကလည်း
ကိုယ့်အိမ်ကိုမီရှို့ပြီး ထွက်ပြေးခဲ့ကြတာပါဘဲ။ ဒါပေမယ့် အခုအချိန်မှာ
ရခိုင် တွေကို တစ်ရွာပြီးတစ်ရွာလိုက်လံဖမ်းဆီးနေတာကို သိရ တယ်။ ဒါကြောင့်
ထောက်ပံ့တယ်၊ ပံ့ပိုးတယ်ဆိုတဲ့နေရာ မှာလည်း ဖမ်းဆီးခံမိသားစုတွေကိုလည်း
ထောက်ပံ့ပေးဖို့ လိုမယ်။ သူတို့ဟာ ဘာမှမလုပ်ဘဲ ရခိုင်တိုင်းရင်းသားတွေ
အတွက် ပေးဆပ်ရတာဖြစ်တယ်။ ဒါကိုကိုယ်လွတ်ရုံးဖို့ ကြိုးစားနေကြမယ်ဆိုရင်
စိတ်သဘောထားချင်း အများ ကြီး ကွဲလာလိမ့်မယ်။
ရခိုင်တွေရဲ့ ညီညွတ်မှုအားမရှိရင် ဒီအချိန်မှာ ခံရသူ တွေများသွားနိုင်တယ်။
ကြိုးကိုင်သူတွေကို ဖမ်းဆီးမယ့် အစား ဘာမှမဟုတ်တဲ့ ကိုယ့်ရွာကို
ကိုယ်ကာကွယ်ဖို့ လုပ် သူတွေဟာ အခုအချိန်မှာ ဖမ်းဆီးခြင်းကိုခံနေရပါ တယ်။
မြောက်ဦး၊မင်းပြား၊ ကျောက်ဖြူအစရှိတဲ့ မြို့တွေ က ပြည်သူတွေဟာ
ကျီးလန့်စာစားဘ၀နဲ့ ရင်ဆိုင်နေကြ ရတယ်ဆိုတာကို ကျွန်တော်တို့
မေ့ထားလို့မရပါဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ အကြောင်းအရာ တစ်ခု ကို လွတ်လပ်စွာဆုတ်ကိုင်
ဖို့လိုတယ်။ တင်းကြပ်စွာဆုတ် ကိုင်ထားဖို့ လိုမလိုဆုံးဖြတ်ရမယ်။
အမျိုးသားရေးလုပ်တာ ဟာ နိုင်ငံရေးလုပ်တာနဲ့ ကွာခြားပါတယ်။ နိုင်ငံတော်ကို
ပုန်ကန်ဖို့လုပ်နေတာက ဘင်္ဂလီတွေသာဖြစ်တယ်ဆိုတာ ကို ချပြရမယ်။
သူတို့လည်းသိတယ်။ ဒါပေမယ့် ချပြမှအ ဆင်ပြေမယ်ဆိုရင် ချပြနိုင်ရမယ်။
အခုဆို ရိုဟင်ဂျာပါလို့ အခိုင်အမာပြောပြီး စစ်ဆေး ချက်တွေကိုတောင်
လက်မှတ်မထိုးဘဲ နေကြတယ်ဆို တော့ နိုင်ငံတော်က သူတို့ကို
ဘာပြောမလဲဆိုတာသိပ်ကို အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်နေတယ်။
ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပြီးသား ထုတ်ပြန်ထား ပြီးသားဖြစ်တာတောင်
အခုလို တိုက်ရိုက်ကြီးပေါ်ပေါ် ထင်ထင် ငြင်းဆိုကန့်ကွက်လိုက်တာဟာ
အစိုးရကိုတော် လန်သူတွေဖြစ်နေတယ်။ ဒါကြောင့် အစိုးရရဲ့ကိုင်တွယ်မှု ကို
စောင့်ကြည့်ပြီး ကိုယ့်ဘက်က ဘာလုပ်ရမလဲဆိုတာ ကို ရခိုင်တိုင်းရင်းသားတွေ
ကြိုတွေးထားဖို့လိုပါမယ့်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ဆုတ်ကိုင်ထားခြင်းနဲ့ ဖွင့်ဟ
ထားခြင်း၊လွှတ်ချထားခြင်းသင်္ကေတ ရဲ့အဖြေကို ကျွန် တော်တို့
မကြာခင်လက်တွေ့ခံစားကြရမှာဖြစ်ပါကြောင်း
အလေးထားတင်ပြလိုက်ပါတယ်...........။

မောင်မျက်လုံး
(ဆောင်းပါးရှင်ပေးပို့ထားသည့်အတိုင်းပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ