ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာန
ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်မှ နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့သည်။
''အိမ်ရာစီမံကိန်းနှစ်ခုအတွက် မြှုပ်နှံရမဲ့ငွေကို လတ်တလောမှာ
ဋ္ဌာနရန်ပုံငွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်ဘဏ္ဍာနှစ်မှာ
ဘတ်ဂျက်တင်ပြသွားပါမယ်''ဟု ဦးမင်းထိန်က ဆိုပါသည်။ အဆိုပါ
အိမ်ရာနှစ်ခုမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်
အိမ်ရာစီမံကိန်းနှင့် ရတနာ အိမ်ရာစီမံကိန်းတို့ဖြစ်ကြောင်း သိရှိရပါသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ်စီမံကိန်းမှာ ၁၀၂ ဒသမ ၄ ဧကရှိပြီး
အဆိုပါ မြေကွက်ပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် အလုံးရေ ၄၃ လုံး၊
ခြောက်ခန်းတွဲ ကိုးထပ်တိုက် အလုံးရေ ၂၁ လုံးနှင့် လေးခန်းတွဲ ၁၂ ထပ်တိုက်
အလုံးရေ ၁၀ လုံး တည်ဆောက်သွားမည်ဖြစ်ကာ ဧရိယာ စတုရန်းပေ အကျယ်အ၀န်း
မတူညီသည့် တိုက်ခန်းပေါင်း ၄၇၁၀ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။
ရတနာအိမ်ရာစီမံကိန်းတွင် မြေ ဧက ၁၀၇ ဒသမ ၇ ဧက ပါဝင်ပြီး ရှစ်ခန်းတွဲ
ကိုးထပ်တိုက် ၄၆ လုံး၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် ၃၃ လုံးနှင့်
လေးခန်းတွဲ ၁၂ ထပ်တိုက် ၁၃ လုံး တည်ဆောက်သွားမည်ဖြစ်ကာ
အကျယ်အ၀န်းမတူညီသည့် တိုက်ခန်း ၅၇၁၈ ခန်း တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ အိမ်ရာနှစ်ခုအား အဆင့်မီ ဖွဲ့စည်းနိုင်ရန်အတွက် လူနေအိမ်ရာ ၄၀
ရာခိုင်နှုန်း၊ စိမ်းလန်းမြေ၊ ပန်းခြံ၊ အားကစားကွင်းနှင့် အပန်းဖြေစခန်း
သုံးရာခိုင်နှုန်း၊ လမ်း၊ ရေမြောင်းနှင့် အငူငအပ ဧရိယာ ၂၀ ရာခိုင်နှုန်း၊
ဟိုတယ်၊ စူပါမားကတ် စသည့် စီး ပွားရေးဇုန် ၁၀ ရာခိုင်နှုန်း၊ ကျောင်း၊
ဆေးခန်း၊ ဓမ္မာရုံ၊ ရပ်ကွက်ရုံးများ အတွက် ခုနစ်ရာခိုင်နှုန်း
အသုံးပြုသွားမည်ဖြစ်သည်။ တိုက်ခန်းဈေးနှုန်းအား ကုန်ကျငွေအပေါ် အခြေပြု၍
တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် တိုက်ခန်းများ၏ ဈေးနှုန်းအား
အခြေပြု တွက်ချက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
စီမံကိန်းကာလနှင့် တည်ဆောက်ခြင်းကာလ ၃ နှစ်သတ်မှတ်ထားပြီး ၁၀ နှစ်မှ နှစ်
၃၀ အထိ အရစ်ကျ ငွေချေစနစ်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကာ လစဉ်ဝင်ငွေ ၈၈၀၀၀
ရရှိနေသူ၏ လစာဝင်ငွေ ၃၀ ရာခိုင်နှုန်းအပေါ် အခြေပြုတွက်ချက်ထားသဖြင့်
တန်ဖိုးနည်း တိုက်ခန်းများအတွက် လစဉ် ကျပ် ၄၀၀၀၀ ၀န်းကျင်သာ
ပေးသွင်းရမည်ဟု သိရှိရသည်။
''တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုတော့ လူတွေက မေးမြန်းကြပါတယ်။
ဘယ်မှာဆောက်မှာလည်း၊ ဘယ်လောက်ဆောက်မှာလည်း၊ ဘယ်သူတွေကို
ဦးစားပေးရောင်းမလည်း ဆိုတာတွေ မေးကြပါတယ်။ ဒါတွေက ဖြေဖို့ခက်ပါတယ်။
ဝန်ကြီးဋ္ဌာနအနေနဲ့ မူဝါဒချမှတ်ပြီး ရောင်းချမှာဖြစ်သလို ဈေးကစားမယ့်သူ
လက်ထဲမရောက်အောင် စနစ်တကျ ထိန်းကွပ်ရောင်းချသွားမှာပါ'' ဟု
ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှုး ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ