အောက်မှာဖော်ပြထားတဲ့ သင်္ချာနဲ့ သက်ဆိုင်တဲ့ပုံတွေမှာ ဘယ်ပုံကသင့်ရဲ့
စရိုက်လက္ခဏာကိုပေါ်လွင်စေတယ်လို့ ထင်ပါသလဲ??
လူတစ်ယောက်စီမှာ အဲဒီလူနဲ
့သက်ဆိုင်တဲ့ပုံသဏ္ဍန်ကရှိပြီးသားပါတဲ့။ကိုယ်ဟာဘယ်ပုံနဲ့ တူတဲ့စရိုက်ရှိသလဲ
ရွေးကြည့်မလား၊ အောက်မှာပြထားတဲ့
ပုံငါးပုံထဲက တစ်ခုကိုရွေးပါ။ အရင်စလိုတော့မရွေးချယ်ပါနဲ
့၊စဉ်းစားပြီးမှရွေးစေချင်ပါတယ်။
စက်ဝိုင်း
စတုရန်း
ထောင့်မှန်စတုဂံ
တြိဂံ
မြွေလိမ်မြွေကောက်မျဉ်း
ရှင်းလင်းချက်ကိုကြည့်ပါ...။
စက်ဝိုင်း
ညီညာမှု၊ပေါင်းစည်းမှုများအတွက် ဒဏ္ဍာရီဆန်တဲ့သင်္ကေတတစ်ခုပါ။
စက်ဝိုင်းကိုရွေးချယ်တဲ့လူဟာ လူမှုရေးကိစ္စတွေကိုစိတ်ဝင်စားတယ်။ သင်္ကေတ
ငါးခုထဲမှာ အကောင်းဆုံးစိတ်ဓါတ်ရှိတဲ့သူတွေပါ။
စုပေါင်းအလုပ်တွေ၊ မိသားစုကိစ္စတွေမှာမပါမဖြစ်မို့  "ကော်" လို
့တောင်တင်စားရမလိုပါတဲ့။ သူတို့ ဟာ ပြောဖို့ ထက်
နားထောင်တတ်သူသက်သက်ဖြစ်တယ်။ သနားတတ်တယ်၊ ကိုယ်ချင်းစာစိတ်ရှိတယ်၊
လူတွေကိုဆွဲဆောင်နိုင်တယ်။ သူငယ်ချင်းတွေကြားမှာ ထင်ရှားတယ်။
လူတစ်ယောက်ကိုကြည့်လိုက်ရင် ဒီလူဟာ ဟန်ဆောင်နေတာလား၊ လိမ်နေတာလား
သိလွယ်တယ်၊ လူတွေကိုအကူညီပေးချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်၊
စီးပွားရေးကိစ္စတွေကို လူတွေအရေးလောက်စိတ်မ၀င်စားဘူး။ လူတွေအဆင်ပြေနေရင်
ပျော်နေတတ်တယ်၊ အဲတော့သူများပြသနာဖြစ်ရင် ၀င်ပါတတ်တယ်၊ ဖြေရှင်းပေးဖို
့ပါ။ နောက်တစ်ချက်က သူတို့ ဟာ ဦးနှောက်ရဲ့ညာဘက်ခြမ်းကို
အသုံးပြုပြီးစဥ်းစားတတ်သူတွေ၊ အဲတော့ တိုက်ရိုက်အာရုံသိမှု၊
ပုံရိပ်တွေကိုအသုံးပြုပြီးစဉ်းစားတတ်တယ်။
ဒီအတွက်အတွေးအခေါ်သိပ်မကောင်းဘူး၊ ခံစားချက်၊ ခန်
့မှန်းချက်ကိုဦးစားပေးတယ်၊ တြိဂံ၊ စတုရန်းလူတွေ
နဲ့  ပူးပေါင်းရင်တော့၊ ကိစ္စတွေ အောင်မြင်မှာပါ။
စတုရန်း
စတုရန်းလူများက ကြိုးစားတဲ့လူတွေပါ။ အလုပ်တစ်ခုကိုစမိရင် ခေါင်းမာမာနဲ့ 
ဆုံးခန်းတိုင်အောင်လုပ်တတ်ကြတယ်၊
စိတ်ရှည်သည်းခံမှုကလဲအောင်မြင်မှုရစေတဲ့အရာပါ။ အထင်ရှားဆုံးလက္ခဏာကတော့
အသေးစိတ်လေ့လာဆန်းစစ်တတ်ခြင်းပါ။ အရာရာကိုလဲ အစီစဉ်ကျနတာကို နှစ်သက်တယ်၊
ဘ၀ကိုအသေချာ plan ချပြီးတိုးတက်မှုရစေတယ်၊
အိုးနင်းခွက်နင်းအနေထားမျိုးကိုလက်မခံနိုင်ပါဘူး။
အထိုင်ကျပြီးသားအခြေနေကို ပြောင်းလဲဖို့ မကြိုက်ဘူး။
ဒါပေမဲ့တစ်ခုမကောင်းတာက အရာရာကို အသေးစိတ်လေ့လာ ဆန်းစစ်ပြီးမှ
ဆုံးဖြတ်ချက်ချတဲ့အတွက် အလုပ်လုပ်ကိုင်ရာမှာ နှောင့်နှေးစေတယ်။
အောင်မြင်ဖို့ ရာနှုန်းပြည့်မသေချာရင် နောက်ဆုတ်မယ်၊
မပိုင်ရင်ခြင်တောင်မရိုက်ဘူးဆိုတဲ့လူမျိုးပါ။ စူးစမ်းစိတ်၊
သိလိုစိတ်များတတ်ပြီး ကိုယ်သိထားတာတွေကိုလဲ အများလိုအပ်တဲ့အချိန်မှာ
ပြန်ပြောနိုင်ကြတယ်၊ ပြန်အသုံးချနိုင်ကြတယ်။
သူ့ ရဲ့စဉ်းစားတတ်လွန်းတာ၊ စိတ်ခံစားမှုနဲပါးတာ၊ အေးစက်မှုစတာတွေက
လူတွေနဲ့ ဆက်ဆံရာမှာ နဲနဲတော့ခက်ခဲစေမှာပါ။
ထောင့်မှန်စတုဂံ
အပြောင်းအလဲ၊ ရွှေ့ ပြောင်းမှုဆိုတဲ့သင်္ကေတပါ။
လူတစ်ယောက်ရဲ့အချိန်အပိုင်းခြားတစ်ခုကိုပဲကိုယ်စားပြုတယ်၊
ဆိုလိုတာကအဲဒီလူအတွက်အပြောင်းလဲရှိနေတဲ့အချိန်ပါ။ ဘ၀ကိုကျေနပ်မှုမရှိဘဲ
ပိုပြီးတိုးတက်ရာ တိုးတက်ကြောင်း တောင့်တနေတဲ့ လူတွေပါ။ ဘ၀အသစ်၊
အလုပ်အသစ်ကို လိုလားနေတယ်။ စိတ်ရှုပ်ထွေးမှုတွေ၊
မသေချာမှုတွေကြီးစိုးနေတဲ့ အချိန်ပါ။ တစ်သမတ်တည်းမရှိဘဲ လူတွေကလဲ သူ
့အပြုမူနဲ့ ပတ်သက်ပြီး
မှန်းဆလို့ မရပါဘူး။ နေ့ စဉ်နဲ့ အမျှ ပြောင်းလဲနေတယ်၊ တစ်နေ
့တည်းမှာတောင်မှ ခုနေတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေတတ်တဲ့လူတွေပါ။
ဘယ်အရာကိုမှလဲ စွဲစွဲလန်းလန်းမမှတ်မိတတ်ကြဘူး။ စိတ်မြန်တယ်၊
အဲတော့လူတွေကလဲသူ့ ကိုရှောင်ချင်ကြတယ်။ ဒါပေမဲ့ ထောင့်မှန်စတုဂံလူများဟာ
အခြားလူတွေနဲ့ မပတ်သက်ရရင်လဲ မနေတတ်ကြပြန်ဘူး။ ကောင်းကွက်လေးတွေကတော့
စပ်စုတတ်တယ်၊ ရှာဖွေစူးစမ်းချင်တယ်၊ အရာရာကိုစိတ်ဝင်စားတယ်၊ ရဲရင့်တယ်၊
မလုပ်ဖူးတဲ့အရာတွေကို လုပ်ကြည့်ချင်တယ်၊ အသစ်ကိုလက်ခံလွယ်တယ်။
တစ်ချိန်တည်းမှာပဲ လှည့်ဖြားခံရဖို့ လွယ်ကူတဲ့ အယုံလွယ်သူ၊
အပြစ်ကင်းစင်သူတွေဖြစ်နေတတ်ကြပြန်တယ်။
တြိဂံ
ခေါင်းဆောင်မှုဆိုတာကိုပြသတဲ့သင်္ကေတ၊
အောင်မြင်နိုင်တဲ့ခရီးပန်းတိုင်ရှိပြီးသားဆိုတဲ့အဓိပ္ပာယ်ပါ။
သြဇာအာဏာ၊ စွမ်းဆောင်ရည်စတဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်ဝတယ်။
သင်ယူတတ်မြောက်လွယ်တယ်၊ မြင့်မားတဲ့ဘ၀ကိုလိုချင်တယ်၊
အကောင်းဆုံးတွေကိုရတတ်တယ်။ စတုရန်းတို့ ထောင့်မှန်စတုဂံတို့ လိုပဲ
မျဥ်းဖြောင့်တွေပါဝင်တဲ့အတွက် အခြေနေတစ်ခုကို သေချာအောင်
သုံးသပ်တတ်သူတွေဖြစ်ပြီး ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကိုအသုံးပြုပြီး
စဉ်းစားတတ်သူတွေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်။
ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်တယ်၊ အလုပ်တစ်ခုလုပ်မယ်ဆို
ဒါလုပ်လိုက်ရင်ငါဘာရနိုင်မလဲဆိုတာ အရင်စဉ်းစားတယ်၊
ဆုံးဖြတ်ချက်ချပြီးရင်တော့ ဘာဖြစ်ဖြစ်လုပ်မယ်ဆိုတဲ့လူစားမျိုး။ အမြဲတမ်း
မှန်ကန်သူဖြစ်ချင်တယ်၊ ဒါပေမဲ့ မှားရင်လဲ အမှားကိုဝန်မခံချင်ဘူး။
ပြသနာတစ်ခုမှာ တကယ့်အချက်ချာကိုဖြေရှင်းပေးတတ်တယ်၊
ကိုယ့်ပြသနာတင်မဟုတ်ဘူး၊ သူများကိစ္စကိုပါ ၀င်ဖြေရှင်းပေးချင်တယ်။
မကောင်းတာကတော့ တစ်ကိုယ်ကောင်းစိတ်ပါပဲ။ အောင်မြင်ဖို
့ဆိုဘာကိုမှမကြည့်တတ်ဘူး၊ ငါးပွက်ရာငါးစာချတတ်တဲ့လူစားမျိုးဖြစ်နိုင်တယ်။
သင့်တင့်မျှတမှုမရှိဘူး၊ အရာရာကိုလိုချင်တယ်၊လူတွေက သူ့ ကိုဝိုင်းပြီး
ဂရုစိုက်နေတာကိုသဘောကျတယ်၊ ဒါတွေမရှိရင်ဘ၀ဟာအဓိပ္ပာယ်မရှိဘူးလို
့မြင်တတ်သူတွေပါ။
မြွေလိမ်မြွေကောက်မျဉ်း
တီထွင်ဖန်တီးနိုင်စွမ်းကိုဖော်ပြတယ်။ သူဟာသင်္ကေတ ငါးခုထဲမှာ အထူးခြားဆုံး
ပုံသဏ္ဍာန်ရှိတယ်။ အပိတ်ပုံသဏ္ဍန်မဟုတ်ဘူး။ အများနဲ
့မတူတဲ့အတွေးကိုတွေးတတ်တယ်၊ သူဟာလဲ
ဦးနှောက်ညာဘက်ခြမ်းကိုအသုံးပြုစဉ်းစားတတ်သူပါ။ ဒီတော့စက်ဝိုင်းလိုပဲ
တိုက်ရိုက်ခံစားမှု၊ ပုံရိပ်တွေကိုအခြေခံပြီးဦးနှောက်က စဉ်းစားတယ်။
အစကနေအဆုံး အစီစဉ်တကျ မတွေးခေါ်တတ်ဘူး။ အလှအပ အနုပညာကိုခံစားတတ်တယ်။
လုံးဝကွဲပြားတာတွေကိုစုစည်းတဲ့ပညာမှာတော်တယ်။ သူတို့ ကိုတိကျတဲ့အရာတွေနဲ
့ဘောင်ခတ်တာကို မကြိုက်ဘူး၊ ကိုယ့်အလုပ်မှာ သူများအကူညီမပါဘဲလုပ်ချင်တယ်၊
လက်ရှိအခြေနေထက် အနာဂတ်ကိုပိုစိတ်ဝင်စားတယ်။ ထူးခြားတဲ့ idea
တစ်ခုရလာရင်လဲ အများကိုပြောပြတတ်တယ်။ ဒါပေမဲ့ သူတို
့ဟာရင်းနှီးခင်မင်တတ်တယ်၊ စိတ်ခံစားမှုကို မဖုံးကွယ်တတ်ဘူး၊
ထူးခြားတဲ့ဟန်ပန်ရှိတယ်။ အရာအားလုံးကို အသေးစိတ်ဆက်စပ်မစဉ်းစားတတ်ပေမဲ့
ကိစ္စတစ်ခုကို ပြီးမြောက်အောင်တော့ မရမနေ ဇွဲရှိတတ်သူတွေပါ။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ