EMG သတင်းထောက်၏ ကင်မရာ Memory Card သိမ်းဆည်းခံရ

ကျောက်ဖြူမြို့မှ သတင်းထောက်တစ်ဦး၏ ကင်မရာ memory ကဒ်အား
ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ ယနေ့ ၂၅ ရက်နေ့ ၊နေ့လည် ၁
နာရီခန့်အချိန်တွင် သိမ်းဆည်းသွားခဲ့ကြောင်း မျက်မြင်သက်သေများကပြော
ဆိုပါသည်။
ကျောက်ဖြူမြို့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုများနှင့်ပတ်သက်ပြီး EMG
မှသတင်းထောက်သည် အချိန်နှင့် တစ်ပြေးညီ သတင်းများကို
ဂျာနယ်တိုက်သို့အရောက်ပို့ပေးခဲ့ကြောင်းလည်းသိရသည်။ ဂျာနယ်တိုက်မှ တရား
ဝင်ခန့်ထားသော သတင်းထောက်တစ်ဦး၏ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင်ခြင်း၊
နှောက်ယှက်ခြင်းများသည် ဂျာနယ် လွတ်လပ်ခွင့်များအား ပိတ်ပင်တားဆီးနေသည်ဟု
တွေးမြင်ခံစားမိပါသည်။
ယင်းသို့ လုပ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ဂျာနယ်လစ်များ
ပေါ်ထွက်လာရေးကို တားဆီးပိတ်ပင်နေ သကဲ့သို့ သက်ရောက်စေသည့်ပြင် အခြားသော
သတင်းသမားများအားလည်း ခြိမ်းခြောက်ခြင်းများဖြစ်နေ ကြောင်း
သိရှိရပါသဖြင့် RSV အနေဖြင့် ထိုလုပ်ရပ်အား ကန့်ကွက်ပါကြောင်း
တင်ပြအပ်ပါသည်။
ထိုသတင်းထောက်သည် EMG မှကျောက်ဖြူတာဝန်ခံသတင်းထောက် ဦးရဲမင်းနိုင်
ဖြစ်ပြီး ကင်မရာ memory ကဒ်အား သိမ်းဆည်းသွားသူမှာ
ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးကြောင်းလည်း ကဒ်သိမ်းယူသွားစဉ်
မြင်တွေ့လိုက်ရသူများက
ပြောပါသည်။
မီဒီယာသမားများအား ထိုသို့ ပြုလုပ်ခြင်းသည် ရခိုင်ပြည်နယ်အတွင်းမှ
အခြားသော မီဒီယာသမားများအ တွက် လည်းစိုးရိမ်စရာဖြစ်လာနိုင်ကြောင်းလည်း
သုံးသပ်မိပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ