မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား (၂) -ခိုင်လင်း (မေဃ၀တီ)

သစ္စာဖောက်မှု ' စံ '

သစ္စာဖောက်မီဒီယာတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုဘဲ မြန်မာနိုင်ငံအတွက်
အဆိပ်အတောက် တွေဖြစ်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။

ဆိုတော့ မြန်မာတွေမရှိတဲ့ အနောက်တိုင်းမီဒီယာတွေကို ခြွင်းချက်အဖြစ်
နားလည်ပေးလို့ရတယ်။ ဥပမာ CNN သတင်းဌာနက ရရှိခဲ့တဲ့ သတင်းရင်းမြစ်ဟာ
မြန်မာသတင်းဌာနက ဖြစ်နိုင်သလို လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းတွေဆီကလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီတွေဆီကလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအခါ သတင်းရင်းမြစ်ရဲ့ မရိုးသားမှုအပေါ်မှာ CNN လည်း သတင်းမှားကို
တင်ဆက်ပြီးသားဖြစ်သွားနိုင်တယ်။ ဒီအပေါ်မှာ တစုံတရာ
နားလည်မှုပေးနိုင်ပါတယ်။ အဲဒီသတင်းအမှားတွေကို တိုင်းချစ်ပြည်ချစ်တွေရဲ့
တင်ပြမှုတွေကြောင့် CNN ဟာ ဖြစ်စဉ်အမှန်ကို လက်ခံခဲ့ပါတယ်။ ဆိုတော့
တိုင်းပြည်သစ္စာဖောက်တွေထဲမှာ ကျနော်တို့ မမြင်နိုင်တဲ့ သတင်း
ရင်းမြစ်တွေလည်းပါပါတယ်။

နားလည်မှုမပေးနိုင်တာ ခွင့်မလွှတ်နိုင်တာက ပြည်ပအခြေစိုက်
မီဒီယာအချို့ကိုပါ။ အဲဒီ မီဒီယာတွေမှာ တာဝန်ယူ လုပ်ဆောင်နေတဲ့ သတင်းထောက်
အပါအ၀င် ပုဂ္ဂိုလ်တွေဟာ မြန်မာတွေဖြစ်လို့ ဖြစ်ပါတယ်။ ဒါ ကြောင့်
အဲဒီပုဂ္ဂိုလ်တွေကို တိုင်းပြည်သစ္စာဖောက်တွေအဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်။

အယူအဆခြင်းမတူမှုအပေါ်မှာ (သို့ မဟုတ်) ခံစားချက်အပေါ်မှာ
ပြောဆိုနေခြင်းမဟုတ်ဘူးဆိုတာကိုတော့ ပြောလိုတယ်။
တိုင်းပြည်အပေါ်သစ္စာဖောက်မှု ' စံ ' ဟာ ရိုးရှင်းပါတယ်။
တိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွားကို ထိခိုက်အောင်
နစ်နာအောင်လုပ်ခြင်းဟာ သစ္စာဖောက်မှုရဲ့ ' စံ ' ဖြစ်ပါတယ်။ တနည်းအားဖြင့်
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာခြင်းဟာ တိုင်းပြည်ရဲ့
သစ္စာဖောက်မှု ' စံ ' ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့
အချုပ်အခြာအာဏာကို သွယ်ဝိုက်လို့ ဖြစ်စေ တိုက်ရိုက်ဖြစ်စေ
ထိပါးလာခြင်းအပေါ်မှာ သစ္စာဖောက်ခြင်း သစ္စာစောင့်သိခြင်းကို
တိုင်းတာရမှာဖြစ်တယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ကို
တောင်းဆိုတိုက်ပွဲဝင်ခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ
တိုင်းရင်းသားဖြစ်ရေးမှသည် တိုင်းပြည်ဖဲ့ထုတ်ရေးကို နှစ်ပေါင်းများစွာ
မျိုးဆက်များစွာ လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေရှိတယ်။ သူတို
့ရဲ့လုပ်ဆောင်ချက်တွေကို အားပေးအားမြှောက်ပြုရင်း ဘေးတီးပေးတဲ့
မီဒီယာတွေဟာလည်း အလိုတူ အလိုပါလုပ်ဆောင်မှုတွေရှိတယ်။

ဆိုတော့ အဲဒီမီဒီယာတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်တွေဖြစ်ပြီး
တိုင်းပြည်ရဲ့ သစ္စာဖောက် လောက်ကောင်တွေအဖြစ်
မီးမောင်းထိုးပြခဲ့တာဖြစ်တယ်။ ဒီလိုဘဲ ဟန်ညောင်ဝေလို ပုဂ္ဂိုလ်တွေဟာလည်း
တိုင်းပြည်ရဲ့ အန္တရာယ်ကောင်တွေအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ အဲဒီလို
ပုဂ္ဂိုလ်တွေ ရှိသေးရင်လည်း (ကျန်နေသေးရင်လည်း)
တိုင်းပြည်သစ္စာဖောက်တွေအဖြစ် သတ်မှတ်ကာ ပြတ်ပြတ်သားသား ဆန့်ကျင်ရ
ပါလိမ့်မယ်။

အမျိုးသားအကျိုးစီးပွားအပေါ်မှာ ရပ်တည်မှုဟာ နိုင်ငံတော်အပေါ်မှာ ရပ်တည်
မှုဖြစ်တယ်။ ဒီ ' စံ ' ဟာ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှု ' စံ '
လည်းဖြစ်တယ်။ ထပ်ပြောမယ် အမျိုးသားအကျိုးစီးပွားနဲ့ 
နိုင်ငံတော်အချုပ်အခြာအာဏာကို သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ
ထိပါးလာခြင်း ' စံ ' နဲ့  ဘယ်သူ့ ကို မဆို ဘယ်အဖွဲ့ အစည်းကိုမဆို
ဘယ်မီဒီယာကို မဆို "တိုင်းပြည်သစ္စာဖောက်" အဖြစ် သတ်မှတ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော်အချုပ်အခြာအာဏာဆိုတာ လက်ရှိသမ္မတ ဦးသိန်းစိန်ရဲ့
အာဏာကို ညွှန်းဆိုခြင်း မဟုတ်ဘူးဆိုတာ တခါတည်းပြောထားခဲ့မယ် ။

အမျိုးသားအကျိုးစီးပွားအပေါ်မှာ ညီညွတ်ရေး

အမျိုးသားအကျိုးစီးပွား တနည်းအားဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို
ထိပါးလာရင် အဲဒီအတွက် တိုက်ပွဲဝင်ရမယ်ဆိုရင် ကျနော့်လက်ဟာ
ဘယ်သူနဲ့ဘဲဖြစ်ဖြစ် လက်ခြင်းချိတ်ဆက်ပြီး တိုက်ပွဲဝင်ဖို့ အသင့် ဘဲလို့ 
စကားဝိုင်းတခုမှာ ပြောဖြစ်ခဲ့တယ်။ ကျနော့်မိတ်ဆွေတဦးကတော့ ပြောပါတယ်။
တပ်မတော်ဆင်တဲ့ ကွင်ထဲကို ၀င်သွားပြီလို့ မှတ်ချက်ပေးပါတယ်။

ဆိုတော့ ကျနော်ဒီနေရာမှာ ပြောချင်တာက ဆင်ထားတဲ့ ကွင်ဆိုတဲ့ မရေရာတဲ့
စကားတွေကို ယုံကြည်ဖို့ထက် လက်ရှိ တိုင်းပြည်ရဲ့ ကျရောက်နေတဲ့ အန္တရာယ်ကို
ကာကွယ်ဖို့ က လက်တွေ့ကျနေပါတယ်။ ဆင်ထားတဲ့ကွင်လားလို့ သံသယတွေနဲ
့စဉ်းစားနေချိန်မှာ အချုပ်အခြာအာဏာက
ကျဆုံးသွားပြီဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကို ဆက်တွေးရမှာဖြစ်တယ်။

ကျနော်တို့ရဲ့တိုက်ပွဲဝင်မှုဟာ နိုင်ငံရေးတည်ဆောက်မှုသဏ္ဍာန်အပေါ်မှာ
တိုက်ပွဲဝင်နေခြင်းဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးထဲမှာ မပါဝင်ရေး၊
ပြည်ထောင်စုတည်ဆောက်ရေးစနစ် စသဖြင့် အပေါ်မှာ တိုက်ပွဲ
ဝင်နေခြင်းဖြစ်ပေမယ့် တပ်မတော်ဆိုတာ နိုင်ငံရေးထဲမှာ မပါဝင်ဘဲ
တိုင်းပြည်လုံခြုံရေးအတွက် တပ်မတော် ဆိုတာ ရှိကို ရှိနေရမယ်ဆိုတာ
လုံးဝယုံကြည်ထားတယ်။ ဆိုတော့ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွား
တနည်းအားဖြင့် အချုပ်အခြာအာဏာကို ကာကွယ်ရေးမှာတော့ တပ်မတော်နဲ
့လက်တွဲဆောင်ရွက်ရေးဆိုတာ တိုင်းပြည်အပေါ်တကယ် သစ္စာစောင့်သိရင် လုပ်ကို
လုပ်ရမယ့်အလုပ်ပါ။

ဒီနေရမှာ ကိုကိုကြီးရဲ့ရပ်တည်မှုက ရိုးတယ် ရှင်းတယ် ပြတ်တယ်။
ကိုကိုကြီးရဲ့ ရပ်တည်မှုဟာ အမျိုးသားအကျိုးစီးပွားနဲ
့အမျိုးသားလုံခြုံရေး အပေါ်မှာ ရပ်တယ်။ ကိုကိုကြီးရဲ့ ရပ်တည်မှုဟာ
သစ္စာဖောက်မီဒီယာအချို့ကို စိန်ခေါ်ပြခဲ့တယ်။ တဘက်မှာလည်း နှာစေးနေတဲ့
နိုင်ငံရေးခေါင်းဆောင်အချို့ကို ပုပ်နှိုးခဲ့တယ်။ ဒါပေမယ့်လို့ 
ပြည်ပမီဒီယာအချို့က ကိုကိုကြီးသတင်းကို ဖော်ပြတဲ့နေရာမှာ ပါးပါးလေးသာ
ဖော်ပြခဲ့တယ်။ သူပြောတဲ့ တိုင်းပြည် အချုပ်အခြာအာဏာကို ထိပါးလာရင်
ဒီမိုကရေစီအင်အားစု တပ်မတော်အင်အားစုနဲ့ပါ
လက်တွဲတိုက်ပွဲဝင်သွားမယ်ဆိုတဲ့စကားကို ချန်လှပ်ခဲ့တာတွေ တွေ့ ရတယ်။

ဆိုလိုတာက နိုင်ငံရေးအယူအဆတွေ ဘယ်လောက်ဘဲကွဲပြား ကွဲပြား အစိုးရနဲ
့ဘယ်လောက်ဘဲ အတိုက်ခံဖြစ်နေဖြစ်နေ အမျိုးသားအကျိုးစီးပွားအပေါ်မှာ
ညီညွတ်ကြရမှာဖြစ်တယ်။ ဘယ်နိုင်ငံဘဲဖြစ်ဖြစ် မတူကွဲပြားတဲ့ အင်အားစုတွေဟာ
အမျိုးသား အကျိုးစီးပွားအပေါ်မှာ တညီတညွတ်တည်း ရှိကြတာချည်းဖြစ်တယ်။

ဆိုတော့ ဒီလို အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို
ထိပါးလာတဲ့ အခင်းအကျင်းမျိုးမှာ လက်ပိုက်ကြည့်နေခြင်း ဘေးတီးပေးခြင်း
စတဲ့လုပ်ရပ်တွေနဲ့  အဲဒီအပေါ်မှာ ရပ်ကြတဲ့ အုပ်စုတွေ ကွဲပြားသွားခြင်းဟာ
တိုင်းပြည်အတွက် ကောင်းတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
တိုင်းပြည်ရဲ့ရန်သူကို ကွဲကွဲပြားပြား သိလိုက်ရ လို့ ဖြစ်တယ်။

ဆိုတော့ ယခင် စစ်အစိုးရလက်ထက်မှာရော ခုအစိုးရလက်ထက်မှာပါ နိုင်ငံရေးအရ
မတူညီမှု အပေါ်မှာ တိုက်ပွဲဝင်နေပေမယ့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ 
တိုင်းပြည်ဖဲ့ထုတ်ရေးလုပ်ဆောင်ချက် အပေါ်မှာ ပြတ်ပြတ်သားသားရပ်တည်ခဲ့ပြီး
အဲဒီအပေါ်မှာ ညီညွတ်ခဲ့ခြင်းဟာ နိုင်ငံတော်အတွက် မဟာ အင်အားဖြစ်တယ်လို
့ပြောချင်တယ်။

တပ်မတော်ဆိုတာ နိုင်ငံတနိုင်ငံအတွက် ရှိကို ရှိရမယ်။ နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားအပေါ် ထိခိုက်လာရင်
နိုင်ငံရေးအယူအဆတွေကို ခေတ္တဘေးဖယ်ပြီး တပ်မတော်နဲ့
တသားတည်းပူးပေါင်းဆောင်ရွက်ရပါလိမ့်မယ်။

ထပ်ပြောမယ် အမျိုးသားအကျိုးစီး ပွားအပေါ်မှာဘဲ ရပ်မယ်။
အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ ညီညွတ်စွာနဲ့တိုင်းပြည်ရဲ့
အန္တရာယ်တွေကို ကာကွယ်ရပါလိမ့်မယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတို့ ရဲ့ပန်းတိုင်ပြောင်းသင့်

ဒီနေ့ ခေတ်မှာ ရွှေ့ပြောင်းနေထိုင်မှုတွေအရ အခြားတိုင်းပြည်တပြည်မှာ
အဲဒီတိုင်းပြည်ရဲ့ သစ္စာကို ခံယူရင်း နိုင်ငံသားတွေဖြစ်လာခဲ့ကြပါတယ်။ဥပမာ
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတွေ၊ သူတို့ရဲ့မျိုးဆက်တွေကလည်း
အမေရိကန်မှာ မွေးလာပေမယ့် မြန်မာတိုင်းရင်းသားရယ်လို့ ဖြစ်မလာသလို
မြန်မာတိုင်းရင်းသားဖြစ်ရေး တောင်းဆိုလာရင်လည်း တိုင်းရင်းသားဖြစ်မလာဘဲ
နိုင်ငံထဲက မောင်းထုတ်ခံရတဲ့အဖြစ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အဲဒီလိုဘဲ
အခြားတိုင်းပြည်တွေကို လှမ်းကြည့်ရင်လည်း ဒီလိုဘဲတွေ့ ရမှာပါ။

ဆိုတော့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ကို
တောင်းဆိုတိုက်ပွဲရမယ့် အနေအထားကို ချန်ထားခဲ့ပါတယ်။ ဒီနေရာမှာ
ဆက်စပ်ပြီးပြောချင်တာက ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကို ဘယ်လိုရှင်းမလဲ
ဆိုတာပါဘဲ။ တချို့ က ထောက်ပြကြတယ်၊ ခင်ဗျားတို့ မဖြစ်မနေ
ရင်ဆိုင်ဖြေရှင်းရမယ်။ ခင်ဗျားတို့  ဒီလူတွေကို အားလုံးမောင်းထုတ်ပစ်မလား
ဒါမှမဟုတ် အကုန်သတ်ပစ်မလား။ အဲဒီလိုလုပ်လို့ ခင်ဗျားတို့ ရနိုင်မယ်
ထင်သလားဆိုတဲ့ မေးခွန်းတွေ မေးရင်း တိုင်းရင်းသားအဖြစ် လက်ခံပေးရမလို
ပြောဆိုတာတွေတွေ့ ရတယ်။

အဖြေကတော့ ရှင်းတယ်။ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့ 
မြန်မာတိုင်းရင်းသားဖြစ်ရေး ဇွတ်အတင်းတိုးဝင်နေခြင်းကို
ချက်ခြင်းရပ်လိုက်ပါလို့ဘဲပြောချင်တယ်။ တိုင်းပြည်အချုပ်အခြာအာဏာကို
ထိပါးတဲ့လုပ်ရပ်တိုင်းဟာ တနည်းတဖုံကျဆုံးစေမှာဖြစ်တယ်။ ဆိုတော့
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအနေနဲ့  နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်ကိုသာ
တောင်းဆိုတိုက်ပွဲဝင်သင့်တယ်လို့ ဘဲပြောချင်တယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ပန်းတိုင်

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ပန်းတိုင်ဟာ
မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေးမှသည် တိုင်းပြည်ဖဲ့ ထုတ်ရေးဖြစ်တယ်။
ဒီနေရာမှာ ဆရာကျော်ဝင်းရဲ့ဆောင်းပါးကို ကိုးကားချင်တယ်။ ဒီမိုကရေစီကနုနု
မုန်တိုင်းက ထန်ထန် (ဘေးမှ ရပ်ကြည့်မနေနိုင်တော့သည့် လူတစ်ယောက်ဧ။်
အထူးစိုးရိမ် သောက) ဆောင်းပါးထဲက တခုကို ထုတ်ပြချင်ပါတယ်။

ဆရာ့ဆောင်းပါးမှာ " စစ်ပြီးခေတ်အရှုပ်အထွေးများအောက်တွင် ပြဿနာမှာ
အကြမ်းဖက်နိုင်ငံရေး သဘောဆောင်လာပြီး မူဂျာဟစ်အမည်ဖြင့်
လျို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ထွက်လာခဲ့သည်။ လွတ်လပ်ရေးခေတ်ဦး
ရန်ကုန်အစိုးရကာလ၊ ၁၉၄၉ – ၅၀ မှာဆိုလျှင် ဘူးသီးတောင်နှင့်
ရသေ့တောင်တို့မှာ မူဂျာဟစ်သူပုန်များလက်အောက်တွင် ကျရောက်ခဲ့ရသည်။


မူဂျာဟစ်တို့၏ ရည်မှန်းချက်မှာ၊
သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည်။ (Hugh Tinker: The Union
of Burma- page 34) ထိုသည်၏နောက်ပိုင်း (၁၉၅၂ – ၅၂ နှင့် ၅၄)
မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နှင်းပြီးမှ သာ
တစ်စုံတရာတည်ငြိမ်ခြေကို ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ သို့တစေ
ပြဿနာကိုအပြီးအပြတ် ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏
အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့်
ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ် ထူးခြားချက်ကား
ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က မီးလောင်ရာ
လေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။ အမှန်စင်စစ်၊ ယနေ့ ရခိုင် အရေးမှာ
အဆိုပါမီဒီယာအချို့ စွပ်စွဲပြောဆိုနေကြသလို လူနည်းစုဘာသာဝင်များ၏
အရေးမဟုတ်။ လူနည်းစု တိုင်းရင်းသားများ၏အရေး ပို၍ပင်မဟုတ်" ဟု
အတိတ်အကြောင်းနဲ့ ယခုအဖြစ်အပျက်ကို ယှဉ်ပြီး သုံးသပ် ထားပါတယ်။

ဆိုတော့ ဆရာ့ဆောင်းပါးမှာ မပါဝင်သေးတဲ့ တိုင်းပြည်ဖဲ့ထုတ်ရေး
အထောက်အထားတွေလည်း ရှိသေးတယ်။ နောက်တချက်ပြောချင်တာက ကနေ့ 
ရခိုင်ပြည်အဖြစ်အပျက်မှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ
အကြမ်းဖက်အယ်လ်ကိုင်ဒါးနဲ့  ပတ်သက်နေတဲ့ အထောက်အထားအချို့၊ ဒီအရေးအခင်း
မဖြစ်ခင် အိန္ဒိယ ပညာရှင်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ
အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့  ထောက်ပြခဲ့ဖူး သလို
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လွှတ်တော်မှာ
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့ကို Jamaat-e-Islam က
လက်နက်များ တပ်ဆင်ပေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး
ဝန်ကြီးကိုယ်တိုင် ပြောခဲ့တာတွေရှိတယ်။

ဘင်္ဂလီ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့
Jamaat-e-Islam က ရိုဟင်ဂျာတွေကို လက်နက်တွေ တပ်ဆင်ပေးနေပြီး
မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ
ဖြစ်ပွားအောင် လှုံ့ဆော်နေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး
ဝန်ကြီး Mrs, Dipu Moni က ဆက်ပြောပါတယ်။ ဒါကြောင့် လှုံ့ ဆော်သူဟာ
မြန်မာအစိုးရကိုယ်တိုင်ဖြစ်တယ်ဆိုတဲ့ အခြေအမြစ်မရှိထောက်ပြမှုကို
ငြင်းပယ်ရပါလိမ့်မယ်။

တဆက်တည်းပြောချင်တာက ဘယ်အရာမဆို အချက်အလက်အပေါ်အခြေခံပြီး ပြောမှ
ယုတ္တိရှိတဲ့စကားဖြစ်လာမှာပါ။ ဒီနေ့ ကမ္ဘာကြီးဟာ အချက်အလက်တွေအပေါ်
အခြေခံပြီး ပြောကြ ဆုံးဖြတ်ချ ကောက်ချက်ချမှ အမှန်တရားလို
့လက်ခံယုံကြည်တဲ့ကမ္ဘာဆိုတာ မမေ့ဖို့ ပြောချင်တယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ အကြမ်းဖက်သမားတွေလို့ တံဆိပ်တပ်လာရသလို
တိုင်းပြည်ဖဲ့ထုတ်ဖို့ ကြိုးစားနေတဲ့အုပ်စုတွေ ဖြစ်တယ်ဆိုတာ
အချက်အလက်တွေအပေါ် အခြေခံပြီး ပြောနေခြင်းဖြစ်တယ်။ ဒါကြောင့်
လွတ်လပ်ရေးအကြိုကာလကပင် ကနေ့ အချိန်ထိ တစိုက်မတ်မတ် မျိုးဆက်တဆက်ပြီး
တဆက် တိုင်းပြည်ဖဲ့ထုတ်ရေးကို လုပ်ဆောင်လာခဲ့တဲ့ ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီတွေကို နိုင်ငံတော်အနေနဲ့  ရှင်းလင်းပြတ်သားတဲ့အဖြေကို
တိကျစွာပေးမယ့်အချိန် ရောက်နေပါပြီ။

7 Day News သတင်းမှာတော့ AZG အဖွဲ့ က ဘင်္ဂလီလူမျိုး ဦးကျော်လှအောင်အား
အယ်လ်ကိုင်ဒါများနဲ့ ဆက်သွယ်ထားတဲ့စာရွက်စာတမ်းများနှင့်အတူ ဇွန်လ (၁၂)
ရက် ဖမ်းဆီးမိထားပြီး စစ်ဆေးမှုများပြုလုပ်နေ ကြောင်း စစ်တွေအမှတ် (၁)
ရဲစခန်းက အတည်ပြုခဲ့သတင်းနဲ့ ဇွန်လ (၁၆) ရက်နေ့ မှာ
တနိုင်ငံလုံးလှုပ်ရှားရေး စာရွက်စာတမ်းများကို ဘင်္ဂလီ
ဒေါက်တာထွန်းအောင်သမီးဆီက ဖမ်းမိခဲ့တဲ့သတင်းတွေဟာ ဘာသာရေး အဓိကရုဏ်းမှသည်
တိုင်းပြည်ဖဲ့ထုတ်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်ဆိုတာထင်ရှားပါတယ်။

ဒါကြောင့် ဘာသာရေးအဓိကရုဏ်းဖန်တီးလိုတဲ့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကို
မြန်မာမွတ်ဆလင်တွေ အနေနဲ့လည်း ကိုမြအေးဆန့်ကျင်သလို ပြတ်သားစွာ
ဆန့်ကျင်ဖို့ အချိန်တန်ပြီ။

ဆရာကျော်ဝင်း စကားနဲ့ ထပ်ပြောရရင် ယနေ့ ရခိုင်အရေးမှာ
အဆိုပါမီဒီယာအချို့စွပ်စွဲပြောဆိုနေကြသလို လူနည်းစု ဘာသာဝင်များ၏
အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏အရေးပို၍ပင်မဟုတ်လို့သာ
ပြောချင်ပါတယ်။

ဆရာ့စကားကို ဘာသာပြန်ရရင် လူနည်းစု အစ္စလာမ်ဘာသာဝင်များကို
ဖိနှိပ်ခြင်းမဟုတ် သလို ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ
မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်တဲ့အတွက်
လူနည်းစုတိုင်းရင်းသားအရေးပိုလို့ တောင်မဟုတ်လို့ ဘာသာပြန်ရပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့အနောက်တံခါး တကယ်ကျိုးပြီလား

ကျနော်ဒီဆောင်းပါးရေးနေစဉ်မှာ ဆောင်းပါးခေါင်းစဉ်မတပ်ဘဲ
ခေါင်းစဉ်ငယ်လေးတွေတပ်ရင်း ရေးနေခဲ့ပါ တယ်။ ဆောင်းပါးရေးနေရင်း
ငါးမိနစ်ခန့်  အနားယူနေချိန်မှာ ကျနော့်အမျိုးသမီးက
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို နားထောင်နေစဉ်မှာ
အမှတ်မထင်ကြားလိုက်ပါတယ်။

"မြန်မာနိုင်ငံရဲ့ အနောက်တံခါး ကျိုးသွားပြီ" ဆိုတဲ့အသံပါ။ ဒီအသံဟာ
ကျနော်ရင်ကို လှုပ်ခါစေခဲ့တယ်။ ကျနော့်သွေးတွေကို ဆူဝေစေခဲ့တယ်။ ဆိုတော့
ဦးလှမြင့်ပြောတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါး
ကျိုးသွားပြီဆိုတဲ့စကားကို ကျနော့် ဆောင်းပါးခေါင်းစဉ်အဖြစ်သုံးစွဲရင်း
မေးခွန်းတခုမေးခဲ့ပါတယ်။ "မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုး
ပျက်သွားပြီလား?" ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကို ကျနော်အပါအ၀င်
မြန်မာတနိုင်ငံလုံးကို မေးလိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဒီမေးခွန်းရဲ့အဖြေကို ကျနော်အရင် ဖြေရရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့
အနောက်တံခါး လုံးဝ မကျိုးသေးပါဘူး။ ပြင်းပြင်းထန်ထန်
တံခါးလာခေါက်ခံရခြင်းသာဖြစ်တယ်လို့သာ ဖြေချင်ပါတယ်။

ကျနော်တို့ အားလုံး သတိထားရပါလိမ့်မယ်။ ဒေါက်တာအေးမောင်ကတော့ "ကျနော်တို
့ရဲ့ သဘောထားကတော့ ကျနော်တို့ ရဲ့ ပိုင်နက်နယ်မြေကို တလက်မှ
အဆုံးအရှုံးအခံဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့
ကျနော်တို့ ရဲ့မြေ၊ ကျနော်တို့ ရဲ့လေ၊ ကျနော်တို့ ရဲ့ရေကို တလက်မမှ
မပေးဘူး၊ ကျနော်တို့  ကာကွယ်သွားမှာပါ၊ စစ်ရေးအရ ဖြေရှင်းရမယ့်
အနေအထားကို မနေ့ညကတည်းကရောက်တယ်၊ နိုင်ငံတော်ရဲ့ ၀င်ပေါက်
အနောက်ဘက်တံခါးကို ကျနော်တို့  ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ
အသေခံပြီး ဖြစ်ဖြစ် အငတ်ခံပြီးဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်"
လို့ဖြေပါတယ်။

(၈၈)ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း ဖြေခဲ့ပါတယ်။ အင်အားကြီးတဲ့
နိုင်ငံတွေကိုတောင် စိန်ခေါ်ပြခဲ့ပါတယ်။ ကိုမြအေးကလည်း "အစ္စလာမ်ဘာသာနဲ့
သက်ဆိုင်တဲ့အရေးလို ဖန်တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက
အစ္စလာမ်တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး
လုပ်နေတဲ့ အစွန်းရောက်တဲ့သူများ ရှိပါတယ်။ ကျွန်တော်တို့
လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။
ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုက ရခိုင်လူမျိုးတွေကို
ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့
ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ
နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့်
လူမျိုးတွေအနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း
နားလည်ထားတယ်။" လို့ ဖြေပါတယ်။

ဆိုတော့ ရှင်းပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်တံခါး
တကယ်မကျိုးသေးဘူးဆိုတာကို ကျနော်တို့ ရဲရဲကြီး ပြောရဲသလို ရဲရဲကြီး
ကာကွယ်ရပါလိမ့်မယ်။ သေချာတာ တခုကတော့ ကျနော်တို့နိုင်ငံရဲ့
အနောက်တံခါးကိုတော့ ပြင်းပြင်းထန်ထန် တံခါးလာခေါက်ခံခဲ့ရတယ် ဆိုတာကိုတော့
ဝန်ခံဖို့ လိုလိမ့်မယ်။

ဆောင်းပါးရဲ့အဆုံးကိုတော့ သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်စကားနဲ
့အဆုံးသတ်ချင်ပါတယ်။

တနည်းအားဖြင့် ကျနော့်ရဲ့မေးခွန်းကို နှစ်ပေါင်းများစွာကတည်းက
ဆရာဖြေသွားခဲ့တဲ့အဖြေလေးပါ။ "ရခိုင်သားတို့သည် အိန္ဒိယတိုင်းတို့ နယ်စပ်မှ
ဝင်ရောက်လွှမ်းမိုးမည့်ဘေးကို ကာကွယ်ခဲ့သည်။ ရခိုင်သားတို့ကသာ
အိန္ဒိယတိုင်းသားတို့  ၀င်ရောက်လာခြင်းကို တားဆီးဟန်
့တားခြင်းမပြုနိုင်ပါလျှင် ယနေ့ရခိုင်ဒေသကို ပါကစ္စတန်ဧ။် လက်အောက်ခံ
နယ်မြေ အဖြစ်ဖြင့် မြင်ရမည်ဖြစ်လေသည်။ ရခိုင်သားတို့သည် နယ်စပ်ဒေသမှ
တိုင်းတပါးသားများ ၀င်ရောက်၍ လွှမ်းမိုးမည့် ဘေးကို ရာစုပေါင်းများစွာ
ကာကွယ်ခဲ့ကြရာတွင် အိန္ဒိယသားတို့ နှင့် ကွဲပြားသော
စိတ်ဓါတ်နှင့်လူမှုအဖွဲ့အစည်းတို့ကို လက်နက်သဖွယ် စွဲမြဲကိုင်ထားကြလေသည်။
ရခိုင်သားတို့ဧ။် ဘာသာစကား၊ စာပေ၊ အ၀တ် အစား အမူအကျင့်နှင့်
အရေးအကြီးဆုံးဖြစ်သည့် ကိုးကွယ်ရာ ဘာသာရေးတို့သည်
မြန်မာတိုင်းရင်းသားလူမျိုး တမျိုးအဖြစ်နှင့် အမြဲတစေ
ရပ်တည်နိုင်အောင်ပြုပေးသော အချက်များဖြစ်ကြလေသည်" ။ ။

ခိုင်လင်း (မေဃ၀တီ)
ဇွန် (၁၉) ၂၀၁၂ ည ၁၁း ၃၆
မှတ်ချက် – Facebook ကနေ ကူးယူဖော်ပြပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ