ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတဦးသိန်းစိန်က အမိန့်များ ထုတ်ပြန်၍ သြဂုတ်လ ၂၇ ရက်နေ့က စတင်ပြောင်းလဲ တာဝန်ပေးအပ်လိုက်သည်။ ယခု ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်းသည် ၂၀၁၁ ခုနှစ် မတ်လတွင် စတင်တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက် အကြီးမားဆုံး အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အဆက်မပြတ် ဆောင်ရွက်လာမှုကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို နိုင်ငံတကာက ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြ သလို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်လည်း စိတ်ဝင်စားလာကြသည်။ ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ကိုးဦးဖြစ်ပြီး ဒုတိယ၀န်ကြီး ၁၅ ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့သည်။ ''၀န်ကြီးဌာနတွေမှာ reform plan တွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ခုကိစ္စကတော့ လူမှန်၊ နေရာမှန်ပေါ့နော်။ သွားမယ့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အဲဒါတွေကို အလေးပေးပြီး ဖော်ဆောင် သွားမယ့် အခင်းအကျင်းကို စတာပေါ့။ အလေးပေး ဆောင်ရွက်ချင်တဲ့နေရာမှာ ထားသင့်တဲ့ လူမှန်၊ နေရာမှန် ပြောင်းရွှေ့တာဝန်ပေးတာ ပေါ့နော်။ အဲဒါက reform ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ပါ''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ဦးစိုးသိန်းအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအောင်မင်းအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးလှထွန်းအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးတင်နိုင်သိန်းအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအောင်ကြည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးကျော်ဆန်းအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးအုန်းမြင့်အား သမ၀ါယမ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအေးမြင့်အား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ စက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင့်ဆန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း ပြောင်းလဲ တာဝန်ပေးခဲ့သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကြား ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဦးအောင်ကြည်မှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရသည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် မိမိရွေးချယ်ထားသည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာ ၀န်ပေးသည့်အခါတိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ သိရသည်။ ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သူများမှာ ရဲချုပ်ကျော်ကျော်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဦးပိုက်ထွေး(ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးသန်းဆွေ(ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးအောင်သိမ်း (သမ္မတရုံးဝန်ကြီးဌာန)၊ ဒေါက်တာ လင်းအောင် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးဆက်အောင်(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်ခင်စန်းရီ(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဒေါ်စုစုလှိုင်(လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးသောင်းတင် (ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန)၊ ဦးထင်အောင် (စွမ်းအင်ဝန်ကြီးဌာန)၊ ဗိုလ်မှူးချုပ်ဝင်းမြင့် (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန)၊ ဦးအေး မြင့်မောင်(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်သက်သက်ဇင် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးသောင်းထိုက် (အားကစားဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး(ကျန်းမာရေးဝန်ကြီးဌာန)တို့ ဖြစ်ကြသည်။ ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သူများထဲတွင် အမျိုးသမီးလေးဦးပါဝင်ပြီး ပညာရှင်အချို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းနှင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းကြောင့် လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး လစ်လပ်လျက်ရှိသော ၀န်ကြီးဌာနများမှာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ဖြစ်သည်။ |
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတဦးသိန်းစိန် ပြောင်းလဲတာဝန်ပေး
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ