သတင်းမီဒီယာ၊ ဂျာနယ်များမှ ဂျာနယ်လစ် ၅၀၀ ခန့်က လက်မှတ်ရေးထိုး၍ တောင်းဆိုထားသော အချက် ၇ ချက်နှင့် ပတ်သက်၍ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများက မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ယက်၊ မြန်မာစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ ထုတ်ဝေခွင့် အပိတ်ခံခဲ့ရသော ဂျာနယ်တိုက်များမှ တာဝန်ရှိသူများနှင့် သြဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
''ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံရခြင်း အဓိကကတော့ သတင်းလွတ်လပ်ခွင့်ကော်မတီက တောင်းဆိုချက် ၇ ချက်နဲ့ မီဒီယာသမား အယောက် ၅၀၀ ကျော် လက်မှတ်ရေးထိုးထားတဲ့စာ ရောက်လာလို့ ခေါ်ယူတွေ့ဆုံတာပါ။ ဒီလူတွေဟာ တကယ်လက်မှတ်ရေးထိုးတာ ဟုတ် မဟုတ်ကို မေးတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အကြံဥာဏ်တောင်းပါတယ်။ ကျွန်တော်တို့က သတင်းထောက်တွေ သတင်းလိုက်ရာမှာ အခက်အခဲဖြစ်စေတဲ့ ၆၂ ခုနှစ် ဥပဒေလိုမျိုးတွေ၊ အီလက်ထရောနစ် ဥပဒေလိုမျိုးတွေကို ဖျက်သိမ်းပေးဖို့ အကြံဥာဏ်ပေးခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် သတင်းလွတ်လပ်ခွင့်ကော်မတီမှ ကိုဇော်သက်ထွေးက ပြောပါသည်။
ထုတ်ဝေခွင့်အပိတ်ခံခဲ့ရသည့် ဂျာနယ်များဖြစ်သော The Voice weekly နှင့် Envoy ၊ လျှပ်တစ်ပြတ်ဂျာနယ်များမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ မီဒီယာလောက၏ လက်ရှိအခြေအနေများ၊ အခက်အခဲများကို မေးမြန်းခြင်းနှင့် လက်ရှိတောင်းဆိုချက် ၇ ချက်အပေါ် ထပ်မံဖြည့်စွက်လိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်း၊ နိုင်ငံသာားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ တောင်သူလယ်သမားမျာနှင့် ပြည်တွင်းပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ကြည်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းနောင်နှင့် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
Link:http://www.weeklyeleven.com/index.php?option=com_content&view=article&id=15230:2012-08-30-08-49-29&catid=42:2009-11-10-07-36-59&Itemid=112
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ