ယခင်စစ်အစိုးရလက်ထက် စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ဦးခင်ညွန့်သည် မကြာမီလပိုင်းအတွင်း ကာလရှည် ပဉ္ဖင်းခံရဟန်းဝတ်ရန်အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
"ဒီလိုအစီစဉ်ဖြစ်တာက ဦးခင်ညွန့်ရဲ့ အစ်ကိုဖြစ်သူက တိုက်တွန်းတဲ့အတွက် အခုတစ်ခေါက်ထပ်ပြီး ပဉ္ဖင်းခံမှာဖြစ်ပါတယ်။ ဒါနဲ့ဆို သူဝတ်တာ နှစ်ကြိမ်ရှိပြီ။
ပထမဦးဆုံးတကြိမ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွတ်လာပြီးလအနည်းငယ်အတွင်း မှာပဲ ဝတ်တာ ပါ"ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၎င်းသည် ယခင် စစ်အစိုးရလက်ထက်၌ စစ်ထောက်လှမ်းရေးအကြီးအကဲ့တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူအမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကြခံခဲ့ရပြီး အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲ၌ ပါဝင် လာသူတစ်ဦးဖြစ်သည်။
"ဦးခင်ညွန့် ပြန်လွတ်လာတဲ့အချိန်က ဝန်ကြီးအချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ လာတွေ့ပြီး အားပေးခဲ့တယ်။
ပြီးတော့ သူ့ကို နိုင်ငံရေး လောကထဲ ပြန်ဝင်အောင် တိုက်တွန်းကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူက အချိန်မတန်သေးဘူးဆိုပြီး ပြောခဲ့တယ်"ဟု ၎င်းအားထောက်ခံသူ ဗိုလ်မှုးကြီဟောင်းတစ်ဦးက ပြောသည်။
ယင်းသို့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်လွတ်မြောက်လာသည့်အချိန်၌ အရပ်သားအစိုးရသစ်၏ ဝန်ကြီးအချို့ နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်အချို့မှ တွေ့ဆုံအားပေးမှုများ ပြလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင်၎င်းပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင်တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌဦးကိုကိုထွေးကဦးခင်ညွန့်အသုံး ပြုရန်ကားသစ် တစ်စီးပေးအပ်ခဲ့ခြင်းကြောင့်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး)၏ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
sweet Yangonchronicle
ဦးခင်ညွန့် ကာလရှည် ပဉ္ဖင်း ထပ်ဝတ်မည်
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ