စိတ်အပန်းပြေကစားနိုင်မယ့် Game Application တွေလည်းရှိပါတယ်။
ဒီလိုအသုံးဝင်တဲ့ Application တွေနဲ့ ဂိမ်းတွေများစွာထဲက ယခုတပတ်မှာတော့
အပန်းပြေဆော့ကစားနိုင်မယ့် Game Application နဲ့
သုံးစွဲသူတွေအသုံးဝင်စေနိုင်မယ့် Application အချို့
အခမဲ့ဒေါင်းလုပ်လုပ်ယူပုံကို ရွေးချယ်တင်ပြလိုက်ပါတယ်။
Valentine Tower
http://www.1mobile.com/valentine-tower-191320.html
ချစ်သူများနေ့မှာ စုံတွဲတွေအပြိုင်ကစားနိုင်မယ့် ဂိမ်းတစ်ခုဖြစ်တဲ့
Valentine Tower ဆိုတဲ့ Game Application ဖြစ်ပါတယ်။ Valentine Tower
Game ဟာ ကြိုးနဲ့ချပေးတဲ့အတုံးတွေကို အစီအရီဖြစ်အောင်
စီပေးရတဲ့ဂိမ်းဖြစ်ပါတယ်။ အတုံးလေးတွေကို တစ်ဆင့်ချင်းစီပေးရမှာဖြစ်ပြီး
ညီညီညာညာစီနိုင်တယ်ဆိုရင် အမှတ်ပိုရနိုင်မှာဖြစ်ပါတယ်။
ဒီဂိမ်းကိုရယူကစားလိုတယ်ဆိုရင် www.
1mobile.com ၀က်ဘ်ဆိုက်ကိုသွားရမှာဖြစ်ပါတယ်။ 1Mobile
ဝက်ဘ်ဆိုက်ကိုရောက်ရင် Downloads ဆိုတဲ့စာမျက်နှာကို သွားရမှာဖြစ်ပါတယ်။
Downloads စာမျက်နှာကိုရောက်ရင် Action ဆိုတဲ့ Category
အောက်ကိုသွားရမှာဖြစ်ပြီး၊ Action ဆိုတဲ့ Category အောက်မှာမှ Valentine
Tower ဆိုတဲ့ဂိမ်းကိုဒေါင်းလုပ်လုပ်ယူပြီး ကစားနိုင်မှာဖြစ်ပါတယ်။
ဒီဂိမ်းကိုကစားဖို့အတွက် Android Version 1.6
နှင့်အထက်ရှိရန်လိုအပ်မှာဖြစ်ပါတယ်။
IM+
http://www.1mobile.com/im-96802.html
IM+ Application ကတော့ Universial Chat အမျိုးအစားတစ်ခုဖြစ်ပါတယ်။
IM+Application မှာ Facebook Chat, AIM, AOL, MSN, Windows Live
Messenger, Google Talk, MySpace, Skype Chat, ICQ Chat အစရှိတာတွေကို ဒီ
Application ပေါ်ကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့ Chat Account
တွေကို Multiple အသုံးပြုနိုင်မှာဖြစ်ပြီး၊ အသုံးပြုရတာလည်းလွယ်ကူပါတယ်။
Chat အတွင်းမှာလည်း Emotion များကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
IM+Application ကိုအသုံးပြုလိုတယ်ဆိုရင် www.1mobile.com ၀က်ဘ်ဆိုက်ရဲ့
ပင်မစာမျက်နှာကနေတစ်ဆင့် Downloads ဆိုတဲ့စာမျက်နှာကိုသွားရမှာဖြစ်ပါတယ်။
Downloads ဆိုတဲ့ စာမျက်နှာကိုရောက်ရင် Communication ဆိုတဲ့ Category
ဆိုတဲ့ Category အောက်မှာမှ IM+ Application ကို
ဒေါင်းလုပ်လုပ်ယူနိုင်မှာဖြစ်ပါတယ်။ IM+Application
ကိုအသုံးပြုဖို့အတွက်ကတော့ Android Version 2.1 နှင့်အထက်
ရှိရန်လိုအပ်မှာဖြစ်ပြီး၊ ဒေါင်းလုပ်လုပ်ယူမယ့် ဖိုင်အရွယ်အစားကတော့ 3.21
MB ရှိမှာဖြစ်ပါတယ်။
--
Nann Nyunt Oo

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ