ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ဆိုင်ကယ်မောင်းသမား တစ်ဦးကို
အောက်ပိုက်သည် ရွာသားများက ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် အသက်ဘေးမှ
သီသီလေး လွှတ်မြောက်ကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သတင်း ရရှိသည်။
ဆေးရုံတင်ခဲ့ရသူ ဆိုင်ကယ်မောင်းသမားမှာ ကိုစံရွှေ (အသက် ၃၁ နှစ်)
ဖြစ်ပြီး ကျောက်တော် ပိုက်သည်ရွာမှ ဖြစ်ကြောင်း သိရသည်။
" ကိုစံရွှေက ဘုရားပေါင်းဆိုတဲ့ ရွာကို လူပို့ပြီး အပြန် ယမန်နေ့ ညနေ (၆)
နာရီမှာ အောက်ပိုက်သည် ကုလားရွာကို ဖြတ်သွားစဉ်မှာ လူ ခုနှစ်ယောက်လောက်က
သူဆိုင်ကယ်ကို တားပြီး လေးဂွတွေ၊ ဂျင်ဂလိတွေနဲ့ တိုက်ခိုက်ပါတယ်။
ကိုစံရွေကို ပထမ တစ်ယောက်က လေးဂွနဲ့ ပစ်တယ်။ ၀မ်းဗိုက်ကိုထိသွားတော့
ဆိုင်ကယ်နဲ့ အတူ လဲကျသွားတယ်။ နောက်တုတ်တွေနဲ့ လာပြီးရိုက်တယ်။ အဲဒီကနေ
ဆိုင်ကယ်ကို ထားပြီး ထွက်ပြေးတော့ ဂျင်ဂလိနဲ့ ထပ်ပစ်တော့ ခြေထောက်မှာ
လျှပ်ပြီး ဒဏ်ရာ ရသွားတယ်။ နောက်ကနေ နေပြီး လူပေါင်း ၂၀ ခန့်က တုတ်တွေ
ဓါးတွေကိုင်ပြီး လိုက်လာတဲ့ အချိန်မှာ ဘုရားပေါင်းဘက်က ထော်လာဂျီ
တစ်စီးထွက်လာတဲ့ အတွက် သူအသက်ဘေးက လွှတ်မြောက် သွားခဲ့ပါတယ်။
တိုက်ခိုက်တဲ့ ကုလားတွေလည်း ပြန်ပြီးရွာထဲကို ပြေးဝင်သွားကြပါတယ်" ဟု
ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက
ပြောသည်။
ကိုစံရွှေမှာ ထိုသို့ အတိုက်ခိုက်ခံရသဖြင့် ဘုရားပေါင်းကျေးရွာသို့
ပြန်လည် ရောက်ရှိသွားပြီး ဘုရားပေါင်းက လူများ၏ အကူအညီဖြင့် ကျောက်တော်
မြို့နယ် ပြည်သူ့ ဆေးးရုံကို တင်ပို့ခဲ့ရသည်ဟု ဆိုသည်။
" သူ့ခြေထောက်ကို လျှပ်ပြီးထိသွားတဲ့ အတွက် ခြေထောက်မှာ ဒဏ်ရာ
တစ်ခုရပါတယ်။ နောက်က ဗိုက်ကို တုတ်နဲ့ အရိုက်ခံရတဲ့ အတွက် ဗိုက်က
အောင့်တယ်လို့ ပြောပါတယ်။ စိုးရိမ်ရတဲ့ အနေအထားမှာတော့ မရှိဘူး။ အခုတော့
ရဲစခန်းမှာ အမူဖွင့်ထားပါတယ်။ ဆိုင်ကယ်တော့ ပြန်ရပါတယ်" ဟု ဦးစောငြိမ်းက
ဆက်ပြောသည်။
ရဲစခန်းတွင် အမူဖွင့်ထားသော်လည်း ရဲစခန်းမှ ဇူလိုင်လ (၁၆) ရက်နေ့
ညနေပိုင်း အထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မူ မရှိသေးကြောင်း သူက
ဆိုသည်။
ကျောက်တော်တွင် ရခိုင်အမျိုးသားများ အနေဖြင့် အေးအေးဆေးဆေး
နေထိုင်လိုသော်လည်း အနီးအနားရှိ ဘင်္ဂလီရွာသားက တစ်ခုပြီး တစ်ခု ပြဿနာ
ရှာနေသဖြင့် နောင်တွင် ပြဿနာ ပေါ်ပေါက်နိုင်ကြောင်း ဦးစောငြိမ်းက
ပြောသည်။
" ဇူလိုင်လ ၇ ရက်၊ ၈ ရက်နေ့တွေမှာ ကျောက်တော်ကို မီးရှို့ဖို့ လုပ်ပါတယ်။
၉ ရက်နေ့ကလည်း ပြည်တော်သာ ဈေးချေကို မီးရှို့ဖို့ လုပ်တဲ့ အတွက်
ဖမ်းဆီးခဲ့ရပါတယ်။ ကျွန်တော်တို့က ရန်မစပါဘူး။ သူတို့ကသာ တစ်ခုပြီး တစ်ခု
ပြဿနာရှာနေတဲ့ အတွက် ဒီမှာ ပြဿနာက မအေးဘဲ ဖြစ်နေပါတယ်။ နောက်ဆိုရင်
သည်းမခံနိုင်ရင် ပြဿနာက တက်နိုင်ပါတယ်" ဟု ပြောသည်။
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ