ထောက်ပံ့ကူညီမှုတွေနဲ့ ချေးငွေတွေ ရရှိလာ တဲ့အခါ
အကျင့်ပျက်ခြစားမှုတွေကြောင့် အိတ်ပေါက်နဲ့ ဖားကောက် သလိုဖြစ်မှာ
စိုးရိမ်ရတဲ့အကြောင်း အခုတလော အဆက်မပြတ်ရေးသား ဖြစ်တယ်။ နှစ်ပေါင်း
ငါးဆယ်လုံးလုံး ဒီမို ကရေစီ ဆိတ်သုဉ်းပြီး တစ်သွေး တစ်သံတစ်မိန့်
အာဏာရှင်စနစ်မျိုး အောက်မှာ နေခဲ့ကြရလေတော့၊ တရားဥပဒေစိုးမိုးရေးဆိုတာ
အလွန့် အလွန်ကို အားနည်းခဲ့တယ်။ နေရာ တိုင်းမှာ ရုံးတစ်လုံး ဓားတစ်စင်း
ဆိုသလို၊ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာရရှိ ထားသူရဲ့ ပါးစပ်ကထွက်တဲ့ စကား
တစ်ခွန်းကို မျက်စိမှိတ် လိုက်နာ ကြရတယ်။ ဥပဒေတို့၊ လုပ်ထုံးလုပ်
နည်းတို့ ဝန်ထမ်းစည်းကမ်းတို့ဆို တာ ဘယ်သူမှ ဂရုမစိုက်တော့ ဘူး။
ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ချင် ရင်လည်းပါးစပ်နဲ့တင် ဖြုတ်လိုက် တာပဲ။
ဒီတော့ ဝန်ထမ်းတိုင်းက ဥပဒေစည်းကမ်းထက်၊ အထက်က လုပ်ပိုင်ခွင့်ရှိ
သူရဲ့စကားကိုသာ လေးစားပြီး ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်ကြရတော့တယ်။
လုပ်ဖော်ကိုင်ဖက်လို့ မမြင်
ကြာလာတဲ့အခါ ကျတော့ ရပ် ကွက်ဆယ်အိမ်ခေါင်းကတောင် သူ့ ကိုယ်သူ
အာဏာပိုင်တစ်ဦးလို့ အထင်ရောက်ပြီး ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်
ရည်သောက်တိုင်း ဘယ်တော့မှ ပိုက်ဆံမပေးတော့ဘူး။ မကြာခဏ လည်း
အပေါင်းအသင်းတွေခေါ်လာ တတ်သေးတယ်။ ရုံးတွေမှာ အထက် အရာရှိက အောက် လက်ငယ်
သားကို စိတ်ဆိုးပြီးလက်သီးနဲ့ ထိုး တယ်ဆိုတာမျိုးတွေလည်း မကြာ
ခဏကြားနေရတယ်။ ဒါက ရုံးတစ် ရုံးပိုင်ရင် ဓားတစ်စင်းပိုင်တဲ့ အာဏာ
ပိုင်ဖြစ်ပြီလို့ ယူဆနေတဲ့သဘော ဖြစ်တယ်။ ဝန်ထမ်းအချင်းချင်းလုပ်
ဖော်ကိုင်ဖက်တွေပါလားလို့ မမြင် တတ်ကြဘူး။ တစ်ဖက်သားကို ကိုယ်ထိလက်ရောက်
ထိုးကြိတ်ရိုက် နှက် တာဟာ၊ ပြစ်မှုကျူးလွန်ရာ ရောက်တယ်ဆိုတာလည်း ဂရုမစိုက်
ဘူး။ လူကြီးဖြစ်ရင် ဥပဒေကို လိုက်နာဖို့မလိုဘူးလို့ သဘောထားနေကြတယ်။
မြို့နယ်စီးပွားရေး အခင်းအကျင်း
ဥပဒေတွေ လုပ်ထုံးလုပ်နည်း တွေကို ဂရုမစိုက်ရာကနေပြီး လူမှု
ရေးအကျင့်ပျက်မှုတွေသာမက စီးပွားရေးအကျင့်ပျက်မှုတွေပါ ဖြစ် လာတယ်။
အချောင်ရှာတဲ့ စီးပွား ရေးသမားတွေနဲ့ပေါင်းပြီး ကိုယ်ကျိုး ရှာမှုတွေ
အတင့်ရဲစွာနဲ့လုပ်ကိုင် လာတယ်။ မြို့နယ်တစ်ခုမှာ လုပ်ပိုင်
ခွင့်ရှိသူတစ်ယောက် အကျင့်ပျက် ခြစားပြီဆိုရင် မြို့နယ်ရဲ့ စီးပွားရေး
တစ်ခုလုံးပါ ပျက်စီးသွားနိုင်တယ်။ မြန်မာနိုင်ငံက ဘယ်မြို့နယ် မဆို
ဆန်ကုန်သည်တို့စပါးပွဲစားတို့ ဆယ့် လေးငါးဦးရှိမြဲဖြစ်တယ်။သူတို့ တစ်ဦး
စီမှာလည်း စပါးပေး၊ ပဲပေး၊ ငွေပေး ငွေယူရှိကြတဲ့ တောင်သူဆယ့်လေး
ငါးဦးရှိစမြဲပဲ။ ဒါက နယ်မြို့တိုင်းရဲ့ စီးပွားရေးအခင်းအကျင်း ဖြစ်တယ်။
တောင်သူတွေ ဆူဖြိုးမှ
အဲဒီလိုနေရာမျိုးမှာ အစဉ် အလာ ကုန်သည်ပွဲစား မဟုတ်တဲ့ "မိုးကျရွှေကိုယ်"
တစ်ယောက် ရောက်လာပြီး မြို့နယ်လုပ်ပိုင်ခွင့် ရှိသူကို မျက်နှာချိုသွေး၊
လိုချင်တာ ပေး၊ တည့်အောင်ပေါင်း လုပ်တယ်။ ပြီးတော့
ဆန်စပါးရောင်းဝယ်ခွင့်ကို သူတစ်ဦးတည်းလုပ်ခွင့်ရအောင် လုပ်တယ်။ အဲဒီတော့
မိရိုးဖလာ လုပ်ကိုင်လာတဲ့ ကုန်သည် ပွဲစား တွေလုပ်ကွက်ပျောက်ရုံမက
သူတို့နဲ့ အစဉ်အဆက်ပေါင်းဖက်လုပ်ကိုင် ကြတဲ့ တောင်သူတွေပါ အခက်
ကြုံကြရတယ်။ တောင်သူတွေဆူ ဖြိုးမှ မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်နိုင်
တာဖြစ်တယ်။ တောင်သူတွေ စီးပွားပျက်ရင် မြို့နယ်လည်း စီးပွား ပျက်တာပါ။
မြို့နယ်တွေမဖွံ့ ဖြိုးဘဲနဲ့ နိုင်ငံဘယ်လိုလုပ်ပြီး ဖွံ့ဖြိုးနိုင်မှာလဲ။
လိုင်းကြေးတောင်းတာ
အကျင့်ပျက်ခြစားမှုနဲ့ မိုးကျ ရွှေကိုယ် စီးပွားရေးသမားများဟာ အင်မတန်
အန္တရာယ်ကြီးတယ်။ ဒါ ကြောင့် ဆက်တိုက်သတိပေးရေး သားနေရတာဖြစ်တယ်။ လူတွေက
အကျင့်ပျက်ခြစားမှုလို့ပြောလိုက် ရင် ရုံးစာရေးတွေက လက်ဖက်ရည်ဖိုး ပေးမှ
အလုပ်လုပ်တာ၊ နယ်ထိန်းရဲ က ချဲဒိုင်ဆီက"လိုင်းကြေး"တောင်းတာ၊
မော်တော်ပီကယ် က အပြစ် ရှာပြီးပိုက်ဆံတောင်းတာ စတဲ့ ကိစ္စ မျိုးတွေလောက်ပဲ
ပြောဆိုတတ် ကြတယ်။ ဒါတွေလည်းအကျင့်ပျက် တာ လာဘ်ပေးလာဘ်ယူလုပ်တာ
မှန်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံး ပျက်စီးသွား
အောင် အန္တရာယ်ပေးတဲ့အဆင့် တော့မဟုတ်ဘူး။ အဓိကအန္တရာယ် ပေးတာက
စောစောကပြောခဲ့တဲ့ ဥပဒေကို လျစ်လျူရှုပြီး ကိုယ်ကျိုး ရှာတဲ့
လုပ်ပိုင်ခွင့်ရှိသူမျိုးနဲ့ မိုးကျရွှေ ကိုယ်စီးပွားရေးသမားတွေသာ ဖြစ်
တယ်။
တစ်နပ်စား မကြံ
မိုးကျရွှေကိုယ် စီးပွားရေး သမားဆိုတာက ဘာစီးပွားရေး သမားရဲ့
ကျင့်ဝတ်ကိုမှ စောင့်ထိန်းတာ မဟုတ်ဘူး။ သူကောင်းစားဖို့ ဆိုရင် ဘယ်သူသေသေ
ငတေမာ ပြီးရော လုပ်တဲ့သူတွေဖြစ်တယ်။ စီးပွားရေးသမားစစ်စစ်မှန်ရင် စီးပွား
ရေးသမားကျင့်ဝတ်ကို စောင့်စည်း တယ်။ အမြတ်ရပြီးရောမလုပ်ဘူး။
သင့်တင့်မျှတတဲ့ အမြတ်ကိုပဲယူ တယ်။ မမှန်မကန် လိမ်ညာလှည့် ဖြားတာမျိုး
မလုပ်ဘူး။ သမ္မာအာဇီဝ ဖြစ်ဖို့ သိပ်အလေးထားတယ်။ တစ်နပ်စား ဘယ်တော့မှ
မကြံဘူး။ တစ်သက်တာ လုပ်စားနိုင်ဖို့ပဲ ရည် ရွယ်တယ်။ မိုးကျရွှေကိုယ်
စီးပွား ရေးသမားကတော့ လသာတုန်း ဗိုင်းငင်ရမယ်ဆိုတဲ့ စကားအတိုင်း
ရတုန်းရခိုက် ရသမျှ အကုန်ယူမယ် ဆိုတဲ့စိတ်နဲ့ ရတာအကုန်ယူလေ့ရှိ တယ်။
အဖတ်တင်မှာ မဟုတ်
အကျင့်ပျက်ခြစားတဲ့ လုပ်ပိုင် ခွင့်ရှိသူနဲ့ မိုးကျရွှေကိုယ် စီးပွားရေး
သမားများကို ဖယ်ရှားရှင်းလင်းခြင်း မပြုနိုင်ရင် ပြင်ပက ဘာတွေဘယ်
လောက်ပဲဝင်လာဝင်လာ တစ်ခုမှ အဖတ်တင်မှာ မဟုတ်တာသေချာ တယ်။ ဒါကြောင့်
အိတ်ပေါက်နဲ့ ဖားကောက်သလို မဖြစ်ဖို့ ခဏခဏ သတိပေးရေးသားနေတာ ဖြစ်ပါ တယ်။
လူထုစိန်ဝင်း ၃၁.၁.၂ဝ၁၂
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ