ဗမာပြည်သည် တို့ပြည်

ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြင့်ပါ
ဗမာစကားကို လေးစားပါ။

အဆိုပါ ကဗျာလေးသည် ၁၉၃၀ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော
ကုလား-ဗမာ အဓိကရုဏ်းကို အကြောင်းပြုပြီး မျိုးချစ်စိတ် ထက်သန်လွန်းသော
မြန်မာလူငယ်အချို့က ဗိုလ်တထောင် အားကစားကွင်း တွင် မြန်မာလူငယ်များ၏
အစည်းအဝေးတစ်ခုကို အကြောင်းပြုပြီး ပေါ်ပေါက်လာသော ကြွေးကြော်သံ
ကဗျာလေးတစ်ပုဒ် ဖြစ်ပါသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးပင်
မဖွဲ့စည်းရသေးပါ။
တို့ဗမာအစည်းအရုံးဖွဲ့ပြီး မကြာခင်မှာပင် အစည်းအရုံး၏အလံ
ပေါ်ပေါက်လာပါသည်။ အရောင်မှာ ၀ါ စိမ်း နီ သုံးရောက်ခြယ်အလံတွင် အလယ်၌
တူတံစဉ် ပါသည်။ အ၀ါရောင်သည် ဘာသာ သာသနာ နှင့် ပညာတိုးပွားအောင်
ဖော်ဆောင်၍ အစိမ်းရောင်သည် ဆန်ရေစပါး ပေါကြွယ်ဝစေရမည်ဟု အဓိပ္ပာယ် ဆောင်ကာ
အနီရောင်သည် ရဲရင့်ခြင်းကို ရည်ညွှန်းပါသည်။
ယနေ့ခေတ်တွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် အဆိုပါ
အလံပင်ဖြစ်ပြီး အလယ်၌ ယခင်က တူတံစဉ် နေရာတွင် ယခု ကြယ်ဖြူကြီးတစ်လုံး
သာကွာခြားမှုရှိပါသည်။ လေ့လာသူများ ဗဟုသုတများစေလိုသော သဘောဖြင့်
တင်ပြပေးလိုက်ပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ