တပ်မတော်နေ့ဆိုတာ အဝေးအနီးမှာရှိတဲ့ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး
သိကြမယ်ဆိုတာ မြေကြီးလက်ခက်မလွှဲပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့
မျိုးဆက်များက လာရောက် ဂါရ၀ပြုခဲ့ကြတာ နှစ်စဉ်နှစ်တိုင်းလိုလိုပါပဲ။
ဒီနှစ်မှာတော့ ပိုမိုပွင်လင်းလာပါတယ်..။ အများပြည်သူများကိုပါ ၀င်ရောက်
ဂါရ၀ပြုခွင့်ပေးခဲ့ပါတယ်။ နိုင်ငံတော်အကြီး အကဲများ၏
အမြင်ကြယ်လာမှုတစ်ခုပါပဲ..။ သွားရောက်ဂါရ၀ပြုသူများမှာ
အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များဝတ်ဆင်ထားသော ၀တ်စားဆင်ယင်မှု
တစ်ခုပါပဲ..။ အများစု(တော်တော်များများ)သည် ထက်အောက် အနက်ရောင်
ဝတ်စုံ..တချို့ကတော့ အပေါ်ဖြူ အောက်အနက်ရောင်များ ၀တ်ဆင်လာကြသည်ကို
တွေ့မြင်လာရခြင်းပါပဲ..။ ပြောချင်တာလေးပါ….။ ၀မ်းနည်းခြင်း
အထိမ်းအမှတ်ကို အနက်ရောင်ဝတ်စားဆင်ယင်ပြီး ပြလေ့ရှိတာ
အနောက်တိုင်းအယူအဆတစ်ခုပါ။ အရှေ့တိုင်း မြန်မာပြည် မှာတော့
အဲ့ဒီအယူအဆနဲ့ဝတ်စားဆင်ယင်ပုံက ဖြစ်တည်လာတာ မကြာသေးဘူးလို့ထင်ပါတယ်..။
ယဉ်ကျေးမှုများ ကူးလူးဆက်သွယ်တာကိုနားလည်ပေမယ့် နိုင်ငံတော်အဆင့်မှာ
မြင်နေရတာတော့ တမျိုးကြီး ခံစားရပါတယ်။ မြန်မာ မဆန်ဘူးလားလို့ပါ။
စာရေးသူပဲမှားယွင်းနေတာလားလို့ပါ..။
နောက်တစ်ခု စိတ်မကာင်းစရာ တွေ့ရတာက ဦးအောင်ဆန်း၏သားသမီးများ
ဂါရ၀ပြုတာကို MRTV4 မှ Live လွှင့်စဉ်ကာလ မှာ ဦးအောင်ဆန်းဦးက
ကိုယ်တိုင်မလာရောက်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်
လာရောက်ဂါရ၀ပြုခြင်းတို့ကို တွေ့မြင်ရ ပေမယ့် သတင်းဓါတ်ပုံကို
နိုင်ငံတော်သတင်းစာများဖြစ်သော၂၀.၇.၂၀၁၂ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ
ပါမလာခြင်းတို့ပါပဲ။ အခြားသော အာဇာနည်မိသားစုဝင်များ
လာရောက်ဂါရ၀ပြုတာကိုတော့ တွေ့မြင်ရပါတယ်။ သတင်းဓါတ်ပုံအဖြစ် မြင်တွေ့
ရပါတယ်။ သဘောကြီးတာ ချစ်စရာ..အထင်ကြီးစရာကောင်းတဲ့ အပြုအမူတစ်ခုပါ။
နိုင်ငံကြီးသားအရမ်းဆန်ပါတယ်။
တည်ဆောင်ဆဲကျွန်တော်တို့နိုင်ငံမှာ သဘောထားကြီးကြီးထားတာ
ပိုကောင်းမယ်ထင်ပါတယ်။ တစ်ကြိမ်ဆိုရင် မမြင်သာ ပါဘူး။ နှစ်ကြိမ်ဆိုတော့
မြင်သာပါတယ်။ အရင်တစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုတက်ယူစဉ်ကာလက
နိုင်ငံတကာသတင်းများ ၊ နိုင်ငံတွင်းမှ ၊ ဂျာနယ်များ ၊
အင်တာနက်ပေါ်မှမြန်မာပိုင် Website များမှာ "ဒါ ဒို့မြန်မာ" လို့
ဂုဏ်ယူကျေနပ်ကြပေမယ့် နိုင်ငံပိုင်သတင်းစာကြီးနှစ်စောင်မှာ
စာတစ်ကြောင်းလေးပင် ဖော်ပြခဲ့တာ မတွေ့ခဲ့ရပါဘူး။ ဘာကြောင့်ရယ်လို့
အဓိပ္ပါယ်မသတ်မှတ်ချင်တာ အမှန်ရယ်ပါ။
ဂျာနယ်လစ်လောကမှာ နှုတ်ဖျားက စကားလုံးတစ်သောင်းလောက်ပြောပေမယ့်
စာတစ်စုလောက်တော့ အရာမ၀င်ပါဘူး။ အဲ့လိုပါပဲ စာစုတစ်စုသည်
သတင်းဓါတ်ပုံတစ်ပုံလောက် လုပ်မပြနိုင်ပါဘူး။ ပထမအကြိမ်မှာ
လုံးဝမဖော်ပြခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာ စာတစ်ကြောင်းဖော်ပြခဲ့ပါတယ်။
တတိယအကြိမ်မှာတော့ သဘောထားကြီးကြီးလာမယ်လို့မျှော်လင့်မိပါတယ်။
တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး အမြင် နှစ်မျိုးရှိနေတာကို
တွေ့မြင်နေကြရပါတယ်။ တစ်မျိုးကတော့ လွှတ်တော်ထဲရောက်သွားတာ
ဘာမှမထူးခြားဘူးဆိုတဲ့ အမြင်တစ်မျိုးပါ။ ထူးခြားစရာ
လောလောဆယ်မရှိနိုင်သေးဘူး လို့ စာရေးသူမြင်မိပါတယ်။ ဒီမိုကရေစီကို
မိမိနိုင်ငံနှင့်လျော်ညီစွာ ကျင့်သုံးနေရခြင်းနှင့် ဒီမိုကရေစီကို
နိုင်ငံသားများနားလည် လက်ခံ ကျင့်သုံးနိုင်ခြင်းများကြားမှာ
အခက်အခဲပေါင်းများစွာ ရှိနေပါသေးတယ်။ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိတာ
လူ့အခွင့် အရေး ၊ဒီမိုကရေစီလို့ ဆိုနိုင်သလို ကိုယ့်ကံကြမ္မာ
ကိုယ်ဖန်တီးရတာလည်း ဒီမိုကရေစီဆိုတာ မမေ့အပ်ပါဘူး။
ရေသာခို အချောင်လိုက်လို့မရနိုင်ပါဘူး။ အားကိုးရှာလို့မရနိုင်ပါဘူး။
သူတပါးဆီက မျှော်ကိုးနေလို့မရပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်ထဲရောက်သွားတာ နိုင်ငံတော်သမ္မတကြီးမဟုတ်ပါဘူး။ ကော့မှူးမြို့နယ်
ကိုယ်စားပြု အမတ်တစ်ယောက်ပါ။ ဒါကြောင့်
အများကြီးမျှော်လင့်နေလို့မဖြစ်နိုင်ပါဘူး။
ကိုယ်တိုင်ပါဝင်ဆောင်ရွက်ထားစရာတွေလည်း အများကြီးရှိနိုင်ပါတယ်။
ကျန်တာကိုတော့ စာရှုသူပဲ စဉ်းစားစေလိုပါတယ်။ နောက်တစ်ခုကတော့
ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံအကျိုးကို ဘာမှထိထိရောက်ရောက်
လုပ်ပေးသေးတာမရှိသေးဘူး။ အားလုံးက ဗိုလ်ချုပ်သမီးဆိုပြီး မြှောက်စား
ထားတာ အထင်ကြီးထားတာ ဆိုတဲ့ အကြောင်းရင်းတစ်ခုပါပဲ လို့ ကြားထားရသော
အသံများနှင့် ပတ်သတ်ပြီးပြောချင် တာပါ။ လွတ်လပ်စွာဝေဖန်တာ
အမြင်မတူနိုင်တာကိုတော့ လုံးဝ နားလည်ပါတယ်။
မြန်မာပြည်ကို ရောက်လာကတည်းက အနားယူနေရတာ အချိန်တွေအများကြီး
ကုန်ဆုံးသွားပါတယ်။ အမှန်တော့ နားချင် လို့နားနေတာမဟုတ်ပါဘူး။
နိုင်ငံတော့်အဆင့်ရှိ အရာရှိမင်းများ၏ သဘောထားကြီးမှုကြောင့်
နားနေရခြင်းပါ။ သဘောထား ကြီးကြီး ထားလိုက်လို့ အလုပ်တွေလုပ်ခွင့်ရထားတာ
မကြာသေးပါဘူး။ လုပ်ခွင့်ရတဲ့အခါမှာတော့ ထိထိ ရောက်ရောက်
လုပ်ပြပါလိမ့်မယ်။ လုပ်ပြမယ်လို့လည်း
ထင်မြင်မိပါတယ်။ကော့မှုးကိုယ်စားလှယ်အဖြစ်လွှတ်တော်ထဲ ရောက်လာတော့
နိုင်ငံတကာက ဖြေလျော့သင့်တာတွေ ဖြေလျောပေးခဲ့ပါတယ်။သမ္မတကြီးရဲ့
အမြင်ကျယ်မှုနဲ့ သဘောထားကြီးမှုကိုလည်း ချန်ထားလို့ မရနိုင်ပါဘူး။
နိုဗယ်ဆုသွားရောက်ယူတော့လည်း မြန်မာနိုင်ငံကို
လာကြပါ..ရင်းနှီးမြုပ်နှံ့ကြပါလို့ နိုင်ငံတကာမှာ သူတောင်းစားမကြီးသဖွယ်
ပြောခဲ့ပါတယ်။ ဒါပေမယ့် ရင်နှီးမြုပ်နှံမှုဥပဒေကတော့ အားရစရာမရှိသေးပါဘူး။
ရလာတဲ့ နိုဗယ်ဆုကြေးများကိုလည်း မြန်မာပြည်အကျိုးပြုလုပ်ငန်းများမှာ
အသုံးချပါမယ်လို့ နိုင်ငံတကာရှေ့မှာ ကတိပေးခဲ့ ပါတယ်။ရသမျှဆုကြေးကို
အကုန်လုံးပေးအပ်လှူဒါန်းတာမျိုး သိပ်မတွေ့ဖူးသေးပါဘူး။အရမ်းဝမ်းသာရပါတယ်။
ဘုရားကို ရွှေမချဘဲ လူငယ်တွေရဲ့စိတ်ကို ရွှေချပေးလိုက်ရင်
နိုင်ငံအတွက်အများကြီးကောင်းလာနိုင်စရာရှိပါတယ်။ အဲ့အတွက်ကြောင့်
ကျေးဇူးတင်သာဓုများ အကြိမ်ကြိမ် ရွတ်ဆိုရင်း တက်စွမ်းနိုင်သလောက်
လုပ်ဆောင်သွားဖို့ လူငယ် လူရွယ်တွေကို ပြောချင် ပါတယ်။ကိုယ်တိုင်လည်း
ပါဝင်ဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ အရည်အချင်းရော အရေအတွက်ရော
အားလုံး လိုအပ် ပါတယ်။
နောက်ဆုံး ကျွန်တော်ပြောချင်တာကတော့ နေရာမယူပါနဲ့။ နေရာပေးပါ။ နေရာရလာပါလိမ့်မယ်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ